ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးက သရက်သီး စားလို့ရလား..........

ချိုချိုမွှေးမွှေး သရက်သီးလေးကို မြန်မာလူမျိုး အတော်များများ နှစ်ခြိုက်ကြပါတယ်။ သရက်သီးတွေကလည်း အမျိုးအစား အစုံပါပဲ။ ဒီသရက်သီး ချိုချိုမွှေးမွှေးလေး စားနေတုန်း တီတီ သားသားလည်း စားမယ်ဆိုလို့ ဘေဘီလေးရဲ့ မေမေ့ကို သားသားကို သရက်သီးမှည့် ကျွေးလို့ရလားလို့ လှမ်းမေးရတဲ့ အခိုက်အတန့်လေးများ ရှိဖူးလား....... ဘေဘီလေးက စားချင်လို့ ခွံ့လို့ ပြောတာကိုလည်း မငြင်းရက်ဘူး။ တည့်ပါ့မလားဆိုပြီးလည်း စိုးရိမ်နေတဲ့ တူ၊တူမလေးတွေကို ချစ်ရတဲ့ ဦးဦးတီတီတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ သရက်သီးမှည့်က ဘေဘီလေးတွေနဲ့ တည့်ရဲ့လား....... ဘေဘီလေးက သရက်သီး စားလို့ရလား.......... ဆိုတော့ အဖြေက ရပါတယ်။ ဒီလိုပြောရတာက ဒီအချက်လေးတွေကြောင့်ပါ။ သရက်သီးမှည့်က ဘေဘီလေးတွေနဲ့ တည့်တဲ့ အစားအစာတစ်ခုပါ။ အရသာကလည်း အကြိုက်တွေ့စရာ ဖြစ်သလို အာဟာရကလည်း တော်တော်လေး ပြည့်ဝပါတယ်။ သရက်သီးမှည့်မှာ ဘေဘီလေးရဲ့  ကြီးထွားမှုကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေး ခေါင်းဆောင့်မိ ခဲ့ရင် အရေးပေါ်ပြုစုနည်း

ကလေးသေးသေးလေးတွေ လေးဖက်သွားပြီဆိုတာနဲ့ ဟိုအစွန်းနဲ့ တိုက်၊ ဒီအစွန်းနဲ့တိုက်၊ ကြီးလာပြန်တော့လည်း ပြေးရင်း လွှားရင်း ချော်လဲလိုက်နဲ့ ခေါင်းမဆောင့်မိတဲ့ ကလေးဆိုတာ မရှိပါဘူး။ ကလေးတိုင်းက တစ်မျိုးမဟုတ် တစ်မျိုးတော့ ခေါင်းဆောင့်မိ တတ်ကြပါတယ်။ ဒီအခါမှာ မေမေတို့က ခေါင်းဆောင့်တာက ဥုံဖွလေးလုပ်ပြီး ပွတ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ဦးနှောက်ထိခိုက်သွားလား၊ ဆေးရုံသွားဖို့ လိုမလား၊ အိမ်မှာ အရေးပေါ်ကုသမှု ဘယ်လိုပေးမလဲဆိုတာ သိထားဖို့ လိုပါတယ်။ ခေါင်းဆောင့်မိ တဲ့အခါ အရေးပေါ် ပြုစုနည်း ကလေး ခေါင်းဆောင့်မိ ပြီဆိုရင် မေမေပါ ပြာမသွားပါနဲ့။ စိတ်အေးအေးထားပြီး အောက်ကအချက်တွေကို လုပ်ပေးပါ။ ကလေးကို စိတ်အေးအေးထားဖို့ ပြောပြီး ချော့မြှူပေးပါ။ ပြီးရင် ဆောင့်မိတဲ့ နေရာကို စစ်ဆေးပါ။ -အညိုအမည်းစွဲတာ -ဖုထွက်လာတာ -ခေါင်းပေါက် ဒါမှမဟုတ် အနည်းငယ် ကွဲသွားတာ -တစ်ခါလောက် အန်တာ -ကလေးကြီးတွေဆို ခေါင်းကိုက်တာ စတာတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

ခုခေတ်မှာ ကလေးတိုင်းနီးပါးရဲ့ လက်ထဲမှာ ဖုန်းသုံး လိုက်၊ ဂိမ်းလေးဆော့လိုက်၊ ကာတွန်းကားလေး ကြည့်လိုက်နဲ့ ငြိမ်နေကြတာကို တွေ့ရမှာပါ။ မိဘတွေကလည်း ငြိမ်ရင်ပြီးရောဆိုပြီး လွှတ်ထားတတ်ပါတယ်။ ဒီလို အီလက်ထရောနစ်ပစ္စည်းတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ သုံးတာက ကလေးမှာ ကောင်းကျိုးထက် ဆိုးကျိုးပိုများစေပါတယ်။ ဒါကြောင့် ကလေးတွေအတွက် Screen Timeကို ကန့်သတ်ရမယ်ဆိုတာ ဖြစ်လာပါပြီ။ Screen Timeဆိုတာ ဖုန်းအပါအဝင် တီဗွီကြည့်တာ၊ တက်ဘလက်သုံးတာ၊ ဂိမ်းဆော့တာ စတာတွေ အကုန်ပါပါတယ်။ ဒါတွေ အားလုံးကို ကလေးကို ကြည့်ချင်သလို ကြည့်ဆိုပြီး ဆိုပြီး လွှတ်မထားဘဲ အချိန်တစ်ခု ကန့်သတ်ရမှာပါ။ ကလေးတွေကို ဖုန်းသုံး တာ ဘာကြောင့် ကန့်သတ်ထားတာလဲ။ ၁နှစ်၊ ၂နှစ် စသဖြင့် မူကြိုတက်တဲ့အရွယ်လေးတွေက အရာရာကို စူးစမ်းတဲ့ အရွယ်ပါ။ ဒီလို စူးစမ်းပြီး သင်ယူနေတဲ့အရွယ်မှာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေး ခေါင်းဆောင့် မိတိုင်း စိုးရိမ်စရာလား။

ကလေး သဘာဝကတော့ လမ်းလျှောက်တတ်စကနေ စလို့ ကျောင်းနေရွယ်ရောက်လည်း ပြေးရင်း လွှားရင်း ချော်လဲတာ၊ ခိုက်မိတာ ရှိတာပါပဲ။ ကလေးငယ်ငယ် လေးဖက်ထောက် အရွယ်ဆိုရင်တောင်မှ သွားရင်း လာရင်း စားပွဲစောင်းနဲ့ တိုက်မိတာ၊ ခိုက်မိတာ ရှိနိုင်ပါတယ်။ တခြားနေရာဆို သိပ်မစိုးရိမ်ပေမယ့် ခေါင်းထိတယ်ဆို မေမေတို့ သိပ်စိုးရိမ်ကြပါတယ်။ အပြင်ကနေ ကြည့်လို့ ဘာမှမရှိရင်တောင် အထဲမှာများ သွေးယိုနေမလား၊ သွေးခဲနေမလားဆိုပြီး စိတ်ပူရပါတယ်။ ကလေးတွေ ခေါင်းဆောင့် မိတိုင်း ဆေးရုံသွားစရာ လိုမလား၊ ဘယ်လိုအခြေအနေမျိုးဆိုရင်တော့ သွားသင့်တယ်ဆိုတာကို ပြောပြပေးပါ့မယ်။ ကလေးတွေ ခေါင်းဆောင့် မိတဲ့အခါ ကလေးတွေမှာ သာမန်စားပွဲစွန်းနဲ့ ဆောင့်မိတာကစလို့ ချော်လဲပြီး သံမံတလင်းနဲ့ ခေါင်းနဲ့ရိုက်တာအဆုံး ဦးခေါင်းထိခိုက်ဒဏ်ရာထဲမှာ ပါပါတယ်။ ထိခိုက်ဒဏ်ရာတွေကို ဒီလို ခွဲခြားနိုင်ပါတယ်။ သာမန်ဒဏ်ရာ ဖြစ်ပြီးပြီးချင်းမှာ ကလေးက ရုတ်တရက် ကြောင်သွားပေမယ့် […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကာကွယ်ဆေး တွေ နောက်ကျခဲ့ရင်

ကလေးကာကွယ်ဆေး တွေကို အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရင် ထိုးလို့ရလား၊ နောက်မှ ပြန်ထိုးတာက အဆင်ပြေပါ့မလားဆိုပြီး မေမေတို့ သိချင်ကြမှာပါ။ ကလေးကာကွယ်ဆေးတွေက နောက်ကျလို့ရပါတယ်။ လုံးဝမထိုးတာထက်စာရင် နောက်ကျမှ ထိုးတာက ပိုပြီး ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးထိုးလို့ရတဲ့ အသက်ဆိုတာလည်း ရှိပါတယ်။ ဒီအသက်ကျော်ရင်တော့ ထိုးလည်း သိပ်မထူးဘူးဆိုတာမျိုးပေါ့။ ဒီအကြောင်းတွေကို ရှင်းပြပေးချင်ပါတယ်။ ကလေးကာကွယ်ဆေး တွေကို ဘယ်အရွယ်ထိ နောက်ကျလို့ရလဲ။ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေနဲ့ ချိန်ထိုးပြီး ပြောပြပါ့မယ်။ ဘီစီဂျီ (BCG) ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင် တီဘီကို ကာကွယ်ပေးပါတယ်။ ပုံမှန်ဆို မွေးစမှာ ထိုးရင်ထိုး၊ မထိုးမိရင် ကလေး ၂လမှာ တခြားကာကွယ်ဆေးတွေနဲ့ ထိုးပေးလို့ရပါတယ်။ အနောက်ကျဆုံး ထိုးရမယ့် အချိန်- ကလေး အသက် ၁နှစ်ထိ ထိုးလို့ရပါတယ်။ ၁နှစ်ကျော်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အသည်းရောင်အသားဝါ (ဘီ) ဘီပိုးကြောင့်ဖြစ်တဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ......

နွေပူပူ နေ့လယ်ခင်းမှာ ဖရဲသီးစိတ် အေးအေးချိုချိုလေး စားရတာက တော်တော်လေးကို ရင်အေးစေတဲ့အရာပါ။ ဒီလို စားတဲ့အခါ အပူမခံနိုင်တဲ့ ဘေဘီလေးရော စားချင်မလား။ ကျွေးချင်မိတယ်ဆိုတဲ့ ဆန္ဒဖြစ်မိတယ်ဟုတ် မေမေ၊ ဘွားဘွား၊ တီတီတို့ရေ..... ဒီလို ဆန္ဒဖြစ်တာနဲ့အတူ တွေးမိနိုင်တာ တစ်ခုက ဘေဘီလေးကို ဖရဲသီး ကျွေးလို့ရရဲ့လား ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ဆိုတာပါ။ ဒီမေးခွန်းလေးရဲ့ အဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ...... ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင် ဘေဘီလေးကို ဖရဲသီး စကျွေးလို့ ရပါပြီ။ ဘေဘီလေးက ၈ လကနေ ၁၀ လလောက်ရောက်ပြီဆိုရင်တော့ ဖရဲသီးကို ပုံမှန် အစားအသောက် တစ်ခုအနေနဲ့ ကျွေးလို့ရပါပြီ။ ဖရဲသီးက ရေဓာတ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေအတွက် သွားပွတ်တံ ဒီလိုရွေးပါ

ဘေဘီလေးကို ငယ်စဉ်ကတည်းက ခံတွင်းသန့်ရှင်းတတ်အောင် လေ့ကျင့်ပေးတာက ဖေဖေမေမေတိုင်း လုပ်ပေးရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ သွားနဲ့ ခံတွင်း သန့်ရှင်းတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပါတဲ့ ကိစ္စပဲကိုး။ ဒီလိုမျိုး ဘေဘီလေးကို ခံတွင်းသန့်ရှင်းရေး လုပ်တတ်အောင် သင်ပေးဖို့ဆိုရင် အရေးကြီးတဲ့ကိစ္စလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို သူတို့လေးတွေနဲ့ အဆင်ပြေဆုံးဖြစ်မယ့် သွားပွတ်တံ ရွေးချယ်ပေးတာပါ။ သွားပွတ်တံလေးက အဆင်ပြေမှလည်း ဘေဘီလေးက ခံတွင်းသန့်ရှင်းရေးအတွက် သွားတိုက်ဖို့ စိတ်အားထက်သန်တော့မပေါ့။ ဒီတော့ ဘေဘီလေးတွေအတွက် သွားပွတ်တံ ဘယ်လိုရွေးချယ်မယ် စိတ်ကူးလဲ..... ဘေဘီလေးတွေအတွက် သွားပွတ်တံ ဒီလိုရွေးချယ်မယ် ဘေဘီလေးအတွက် သွားပွတ်တံ ရွေးချယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို စဉ်းစားဖို့ လိုပါမယ်။ ဘေဘီလေးနဲ့ သင့်တော်ရဲ့လား..... ဘေဘီလေးတွေက ငယ်သေးတာကြောင့် သွားပွတ်တံလေးတွေကလည်း ခပ်သေးသေးမှ ဖြစ်မှာပါ။ ဒီလို ခပ်သေးသေးလေးထဲမှာမှ ဘေဘီလေးရဲ့ ပါးစပ်နဲ့ သင့်တော်မယ့် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မေမေတိုင်း ဆောင်ထားသင့်တဲ့ ကလေး အိမ်သုံးဆေးဝါး များ

လူကြီးတွေက နေမကောင်းဖြစ်ရင် ကြိတ်မှိတ်နေလို့ရပေမယ့် ကလေးဆိုရင်တော့ ပြစုပေးရမှာပါ။ သူ့အရွယ်လေးနဲ့ မလိုက် ဝေဒနာ ခံစားနေတာကို မေမေတို့လည်း ကြည့်မနေနိုင်ပါဘူး။ ဒါကြောင့် ညရေးညတာဖြစ်ဖြစ်၊ ဆေးရုံဆေးခန်း သွားဖို့ မလွယ်ရင်ဖြစ်ဖြစ် မေမေတို့ ကလေး တွေ အလွယ်သုံးနိုင်မယ့် အိမ်သုံးဆေးဝါး လေးတွေကို ပြောပြပေးချင်ပါတယ်။ မေမေတိုင်း ဆောင်ထားသင့်တဲ့ ကလေး အိမ်သုံးဆေးဝါး များ ပါရာစီတမော ကလေးဖျားနာခဲ့ရင် ပါရာစီတမောကို တိုက်ပေးနိုင်ပါတယ်။ အရည်၊ အခဲ စသဖြင့် မျိုးစုံရှိပါတယ်။ တိုက်မယ်ဆို အညွှန်းကို အရင်ဖတ်ပါ။ ကလေးရဲ့ ကိုယ်အလေးချိန်၊ အသက် စတာတွေနဲ့ တွက်ပြီး ပေးရတာ ဖြစ်သလို ဆေးတံဆိပ် တစ်မျိုးနဲ့ တစ်မျိုး ပြင်းအား မတူပါဘူး။ ဥပမာ တစ်မီလီမီတာမှာ ပါရာစီတမော ဘယ်လောက်မီလီဂရမ်ဆိုတာကို သေချာရှာဖတ်ဖို့ လိုပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

လေထုညစ်ညမ်းမှု က ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ…………

ဘေဘီလေးတွေက လူကြီးတွေထက် လေထုညစ်ညမ်းမှု ကို ပိုမိုခံစားရပါတယ်။ အကြောင်းကတော့ ဘေဘီလေးတွေရဲ့ အဆုတ်က ဖွံ့ဖြိုးဆဲဖြစ်သလို တက်ကြွလှုပ်ရှားနေတဲ့အရွယ်မှာ လူကြီးတွေထက် အသက်ရှူတဲ့ အကြိမ်ရေ များနေတာကြောင့်ပါ။ ဘေဘီလေးတွေရဲ့ အဆုတ်ကလည်း သူတို့လေးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ လက်မောင်း နဲ့ ခြေထောက်တွေလိုမျိုး မွေးဖွားပြီးနောက်ပိုင်းမှ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ဘေဘီလေးတွေရဲ့ အဆုတ်ထဲက လေအိတ်လေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဘေဘီလေးကို မွေးဖွားပြီးမှ ဖွံ့ဖြိုးတာပါ။ အဆုတ်ထဲက လေအိတ်လေးတွေက ဘေဘီလေး အရွယ်ရောက်လာတာနဲ့ အမျှ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ကိုယ်ခံအားကလည်း အရွယ်ရောက်လာတာနဲ့ အမျှ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတာပါ။ ဒါကြောင့်ပဲ ဘေဘီလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ခံစားရနိုင်ခြေ များသလို လေထုညစ်ညမ်းမှုကြောင့်လည်း ထိခိုက်နိုင်ခြေများတာပါ။ နောက်တစ်ချက်က ဘေဘီလေးတွေက လေထုညစ်ညမ်းမှုကို ကာကွယ်ရကောင်းမှန်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။

ဟိုးရှေးရှေးတုန်းကဆိုပြီး အစချီတဲ့ ပုံပြင် တွေကို မငြီးငွေ့တမ်း နားထောင်တတ်ကြသူတွေက ဘေဘီလေးတွေပါ။ စကား မပီကလာ ပီကလာ ပြောတတ်တဲ့အချိန်မှာ အိပ်ရာဝင်ခါနီး ဘွားဘွား ပုံပြောပြ၊ တီတီ ပုံပြောပြ၊ မေမေ ပုံပြောပြဆိုပြီး ပြောတတ်ကြတဲ့အကျင့် ဘေဘီလေး အများစုမှာ ရှိပါတယ်။ တစ်ခါတလေ သူကပဲ အရေးတကြီး ပြောစရာရှိသလို စကားပြောကြမယ်လေလို့ပြောရင်း နေရာတောင် သေချာရွေးပြီး ဘွားဘွား လာထိုင်၊ တီတီ လာထိုင်ဆိုပြီး ပုံပြောပြလို့ ရုပ်တည်ကြီးနဲ့ ပြောတတ်တဲ့ ဘေဘီလေးတွေတောင် ရှိပါတယ်။ ဒီလိုမျိုး ဘေဘီလေးက ပုံပြောပြဖို့ ပြောလာတဲ့အခါ ပုံပြင်ကောင်းကောင်းလေးကို အသံနေ အသံထား မှန်မှန်လေး ဟန်ပန် ပြည့်ပြည့်လေးနဲ့ ပြောပြပေးဖို့ အကြံပြုပါရစေ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း