ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ......

သီချင်းဆိုတာက ဘာသာစကား မတူရင်တောင် နားထောင်လို့ ရသလို သံစဉ်လေးနဲ့ အညီ လိုက်ညည်းလို့ ရပါတယ်။ သီချင်းဆိုခြင်း ကို လူကြီးတွေမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘေဘီလေးတွေလည်း သီချင်းဆို ကြပါတယ်။ ဘေဘီလေး စကားစပြောတတ်ပြီး ၂ နှစ်လောက် ရလာတဲ့ ကလေးလေးတွေက သီချင်းတွေ စဆိုတတ်ကြပါတယ်။ ဒီလို သီချင်းလေးတွေ ဆိုတဲ့အခါ ကလေးကို ဟန့်တာမျိုး ဆူတာမျိုး မလုပ်ပါနဲ့။ ပေးဆိုလိုက်ပါ။ ဘေဘီလေးတွေကို စိတ်တိုင်းကျ သီချင်းဆိုပေးတာက ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ...... သီချင်း နဲ့ ဘေဘီလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုက တော်တော်လေး နီးနီးကပ်ကပ် ဆက်စပ်နေတာပါ။ ဘေဘီလေးတွေကို စိတ်တိုင်းကျ သီချင်းပေးဆိုလိုက်တာက ဘေဘီလေးကို အခုလို ဖွံ့ဖြိုးမှုတွေ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သာကူကျွေး လို့ရလား ......

နေ့လယ်နေ့ခင်း အချိုတည်းဖို့ဆိုပြီး သာကူကို ကန်စွန်းဥလေး ထည့်ပြီး ထန်းလျက်လေးနဲ့ ကျိုထားတာကို စားမယ်ဆိုပြီး ထိုင်လိုက်တုန်း ဘေဘီလေးက တီတီ ဘာကြီးလဲ..... သားသားလည်း စားမယ်ဆိုလို့ ကျွေးလည်း ကျွေးချင်တယ်။ တည့်ရော တည့်ရဲ့လား။ စားလို့ ရပါ့မလားဆိုပြီး တွေးနေမိပြီလား။ ဒါဆိုရင်တော့ ဘေဘီလေးကို သာကူကျွေး လို့ရလား ...... ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဦးနော်။ သာကူက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား.... သာကူဆိုတာက ပီလောပီနံကနေ ထုတ်ထားတာပါ။ သဘာဝ အရင်းအမြစ်ကနေ ထုတ်ထားတဲ့ စားစရာ တစ်ခုပါ။ သာကူမှာပါတဲ့ ကစီဓာတ် နဲ့ အာဟာရဓာတ်တွေက သန့်စင်တဲ့ အာဟာရ အရင်းအမြစ်ပါ။ ဒီအာဟာရ အရင်းအမြစ်က ကလေးတွေအတွက် အရေးပါပါတယ်။ သာကူမှာ ပါတဲ့ အာဟာရဓာတ်က ဘေဘီလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် သွားတိုက်ဆေး ရွေးချယ်ကြမယ်

သွားတွေ ကောင်းမှ အာဟာရ ပြည့်ဝစွာ စားနိုင်မှာပါ။ ဒါကြောင့် တစ်နေ့ကို သွား နှစ်ကြိမ် တိုက်တဲ့အကျင့်ကို ငယ်ငယ်ကလေးကတည်းက လေ့ကျင့်ပေးထားဖို့ လိုပါမယ်။ ဒါမှလည်း ဘေဘီလေးကို သွားနဲ့သွားဖုံးရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဘေဘီလေးကို ငယ်ကတည်းက သွားတိုက်တာ မပျင်းစေဖို့ဆိုရင် ဘေဘီလေးကို သူတို့လေးတွေနဲ့ သင့်တော်ပြီး သူ့စိတ်ကြိုက်ဖြစ်စေမယ့် သွားတိုက်ဆေး၊ သွားပွတ်တံ စတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးအတွက် သွားတိုက်ဆေး ဘယ်လိုရွေးရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးကို ဘယ်အချိန်မှာ သွားစတိုက်ပေးမလဲ....... ဘေဘီလေးကို ခံတွင်းသန့်ရှင်းပေးတာက မွေးကတည်းက လုပ်ပေးရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး တစ်မျိုးပါ။ မွေးစမှာ အနှီး ဒါမှမဟုတ် ပိုးသတ်ထားတဲ့ အဝတ်စကို ရေနွေးလေး ဆွတ်ပြီး  လက်ချောင်းလေးမှာ ပတ်လို့ ဘေဘီလေးရဲ့ သွားဖုံး၊ လျှာ စတာတွေကို ညင်ညင်သာသာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား.......

သင်္ဘောသီးမှာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သင်္ဘောသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတော့  ဘေဘီလေး ကျန်းမာအောင် ကျွေးလို့ရမလား ဆိုတာက မေမေတိုင်း သိချင်နေမယ့် မေးခွန်း ဖြစ်မယ်ထင်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဖြေပေးသွားပါမယ်။ သင်္ဘောသီးမှာ ဘာတွေပါလဲ……. သင်္ဘောသီးမှာ အဆီ နဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင် C ကြွယ်ဝသလို ဘေဘီလေးတို့အတွက် မရှိမဖြစ် လိုအပ်မယ့် ဗီတာမင် A၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B အုပ်စုနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ ရလား……. သင်္ဘောသီးက ဘေဘီလေးကို ကျွေးသင့်တဲ့ သစ်သီး တစ်မျိုးပါ။ ဒါပေမယ့် ဘေဘီလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ငှက်ပျောသီး ကျွေးပေးပါ

ငှက်ပျောသီး ဆိုတာက ဘေဘီလေးတွေ ပထမဆုံး စစားဖူးတဲ့ အသီး တစ်မျိုးပါ။ ငှက်ပျောသီးက အရသာရှိသလို အာဟာရဓာတ်လည်း ကြွယ်ဝပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ဘယ်အချိန်မှာ ငှက်ပျောသီး စကျွေးရမလဲ ဆိုတာနဲ့ ငှက်ပျောသီးက ဘေဘီလေးအတွက် ဘယ်လောက် အကျိုးကျေးဇူးများလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးကို ဘယ်အချိန်မှာ ငှက်ပျောသီး စကျွေးမလဲ....... ဘေဘီလေးကို အသက် ၆ လပြည့်ပြီး solid food စပြီးကျွေးလို့ ရပြီဆိုတာနဲ့ ငှက်ပျောသီးကို စကျွေးလို့ ရပါပြီ။ စကျွေးတဲ့အခါ ငှက်ပျောသီးကို သေချာလေး ညက်နေအောင် ချေဖို့ လိုပါမယ်။ ချေထားတဲ့ ငှက်ပျောသီးကိုလည်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ပဲ ကျွေးရပါမယ်။ လတ်ဆတ်တဲ့ ငှက်ပျောသီးကို သေချာလေး ရွေးမိဖို့တော့ လိုပါမယ်။ ငှက်ပျောသီး ကပေးတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အသံဝင်ခဲ့ရင်

အသံဝင်တာက လူကြီးတွေပဲ ဖြစ်တတ်တယ်လို့ အများက ထင်ထားကြပါတယ်။ တကယ်ကတော့ အသံဝင်တာက ဘေဘီလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ တီတီတာတာ ပြောတတ်စအရွယ် ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးတွေက လူကြီးတွေလို စကားများများ မပြောတာကြောင့် အသံဝင်တာကို သိဖို့ ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ သိသာတဲ့ အခြေအနေ တစ်ရပ်ကို ပြောပြရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ အသံမှာ အနည်းငယ် ပြောင်းလဲမှုလေးတွေ ရှိနေတာမျိုးပါ။ ဘေဘီလေး အသံဝင်ခဲ့ရင် ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ပေးရမလဲ ဆိုတာနဲ့ ဘေဘီလေးကို အသံဝင်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘာတွေကများ ဘေဘီလေးကို အသံဝင်စေတာလဲ……….. ဘေဘီလေးရဲ့ အသံက ပုံမှန် မဟုတ်ဘဲ အက်တက်တက်ဖြစ်နေတယ်ဆိုရင် သေချာတာက ဘေဘီလေး အသံဝင် နေတာပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက ဂေါ်လီလုံး မျိုချမိတဲ့အခါ

ဘေဘီလေးတွေ အများဆုံး လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုက ဘာဖြစ်မယ် ထင်လဲ…….. ဘေဘီလေးတွေ အများဆုံး လုပ်တတ်တဲ့ အလေ့အထလေး တစ်ခုက စူးစမ်းတာပါ။ အရာရာတိုင်းက သူတို့လေးတွေအတွက် အသစ်အဆန်း ဖြစ်နေတော့လည်း စူးစမ်းတာက အပြစ်ရယ်လို့ မဆိုသာပါဘူး။ ဒီလို စူးစမ်းတဲ့အခါ သူတို့လေးတွေ အများဆုံး သုံးကြတာက သူတို့ရဲ့ လက်ချောင်းလေးတွေနဲ့ ပါးစပ်ကိုပါ။ ဘေဘီတို့ရဲ့ စူးစမ်းမှု လုပ်ငန်းစဉ်က အသစ်အဆန်း တစ်ခုတွေ့ပြီဆိုရင် အရင်ဆုံး လက်နဲ့ ကောက်ကိုင်မယ် ပြီးရင် နောက်တဆင့် ပါးစပ်ထဲ ထည့်မယ်၊ ဝါးမယ်။ ဝါးရင်း အခန့်မသင့်ရင် မျိုချမိတယ်။ ဒီလိုကနေ ဘေဘီလေးတွေ ကြယ်သီး၊ အရုပ်ပိစိလေးတွေနဲ့ ဓာတ်ခဲ၊ ဂေါ်လီ စတာတွေကို မျိုချမိကြပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ဂေါ်လီလုံး မျိုချမိတဲ့အခါ ဘယ်လို ဂရုစိုက်မှုတွေ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

၆ မျိုးစပ် ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးကို မေ့မထားပါနဲ့။

နုနယ်လှတဲ့ ကလေးငယ်တွေကို အန္တရာယ်ပြုဖို့ စောင့်နေတဲ့ ရောဂါတွေ အများကြီးပါ။ မိဘတစ်ယောက်အနေနဲ့ ဘေဘီ​လေးကို ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ဆိုရင် အာဟာရတွေ ပြည့်ဝလုံလောက်အောင် ကျွေးမွေးစောင့်ရှောက်မှုနဲ့အတူ ဒီရောဂါအန္တရာယ်တွေကနေ ဘေဘီလေးကို သေချာ ကာကွယ်ပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။ ဘေဘီလေးတွေကို ငယ်စဉ်ကတည်းက ရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ဆိုရင် မဖြစ်မနေ လုပ်ရမှာက အသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးဖို့ပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း အချို့သော ကုသဆေး မရှိသေးတဲ့ရောဂါမျိုးတွေအတွက်ကတော့ ကာကွယ်ဆေး ထိုးနှံပေးထားခြင်းကသာ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ရောဂါ ၆ မျိုး အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ ၆ မျိုးစပ် ကာကွယ်ဆေးထိုးနှံတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေးတွေကို ဘာကြောင့် ထိုးနှံပေးဖို့ လိုအပ်သလဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။ ၆ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးတွေ ကာကွယ်ဆေး ရဖို့ နှောင့်ယှက်နေတဲ့ အရာများ

ကာကွယ်ဆေးတွေက ကလေးအတွက် လိုအပ်တယ်။ ထိုးသင့်တယ်ဆိုတာကို ဆေးပညာရှင်တွေက တိုက်တွန်းထားပြီးသားပါ။ မေမေတွေကလည်း ကျန်းမာရေးအသိရေချိန် မြင့်လာတာနဲ့အမျှ ဒါကို လက်ခံပြီး ထိုးပေးလာကြပါတယ်။ ထိုးတာမှ  အစိုးရက ထိုးပေးတဲ့ ကာကွယ်ဆေးတွေအပြင် ပိုပြီး စိတ်ချရအောင် တခြားရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေကို ပြင်ပကနေ ရှာပြီး ဝယ်ထိုးလာကြပါပြီ။ ဒါဟာ သတင်းကောင်းတစ်ခုပါပဲ။ ဒါနဲ့ တစ်ဆက်တည်းမှာပဲ တစ်ဖက်မှာတော့ ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီး မေမေတို့ စိုးရိမ်နေတာလေးတွေ ရှိပါတယ်။ စိုးရိမ်တဲ့ထဲမှာ နှစ်ပိုင်းပါပါတယ်။ ကောလာဟလတွေကြောင့်ရယ်၊ ကိုယ်တိုင်ကြုံဖူးတာရယ်ပါ။ ဒါကြောင့်ပဲ မိဘတွေက ကိုယ့်ကလေးကို နောက်တစ်ခါ ကာကွယ်ဆေး ထိုးပေးဖို့ ဒါမှမဟုတ် ကာကွယ်ဆေး စထိုးဖို့ တွန့်ဆုတ်နေကြတာတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ရှင်းပြပေးလိုပါတယ်။ ကာကွယ်ဆေးထိုးတာကို နှောင့်နှေးစေတဲ့ ကောလာဟလများ ဝက်သက်ကာကွယ်ဆေး ထိုးရင် […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးပါနဲ့။

ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးပါနဲ့။ ကလေးကို ခြင်ကိုက်မခံနဲ့ဆိုတဲ့ စကားကို ခဏခဏ ကြားဖူးနေမှာပါ။ ကလေးကို အိပ်နေရင် ခြင်ထောင်နဲ့ သိပ်နော်။ ပုခက်ကိုလည်း မပြတ်တမ်း လွှဲနေ ကလေး ခြင်ကိုက်မခံရစေနဲ့ဆိုတာက မေမေဖေဖေတို့အနေနဲ့ ဖိုးဖိုးဖွားဖွားတွေဆီကနေ မပြတ်တမ်း ကြားနေရမယ့် စကားတွေပါ။ ဖိုးဖိုးဖွားဖွားဆီကတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဆေးခန်း သွားပြတဲ့အခါမှာလည်း ကလေးမှာ ခြင်ဖုလေးတွေ တွေ့တဲ့အခါမျိုးဖြစ်ဖြစ် သတိပေးတဲ့အနေနဲ့ ဖြစ်ဖြစ် ကလေးကို ခြင်မကိုက်အောင် သေချာ ဂရုစိုက်နော်။ နေ့ခင်းနေ့လယ် အိပ်ရင်တောင် ခြင်ထောင်နဲ့ပဲ သိပ်နော်ဆိုတဲ့ ဆရာဝန်တွေရဲ့ အမှာစကားကိုပါ နားရည်ဝနေအောင် ကြားဖူးနေမှာပါ။ ဒါက တကယ်ကို လိုအပ်လို့ ပြောနေတာပါ။ ခြင်ကိုက်တာက အရေပြားပေါ်မှာတင်ဖြစ်တဲ့ အဖုအပိမ့်လေးဆိုတာထက် ပိုပါတယ်။ ခြင်ကိုက်တာက အရေပြားပေါ်က အနီရောင် အဖုအပိမ့်လေးနဲ့တင် ပြီးမသွားပါဘူး။ ခြင်ကိုက်ခံရတာများ ဘာဆန်းနေလို့လည်း အရေပြားပေါ်မှာ အနီရောင်အဖုလေးလောက်ဖြစ်တာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း