ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတို့ ပီကေ စားလို့ရလား .........

ပီကေလေး ဝါးချင်လို့ ဘူးလေး ဖွင့်တုန်း ရှိသေးတယ်။ ဘေးနားကို ရောက်လာတဲ့ ဘေဘီလေးက လေးလေး သားသားလည်း စားမယ်လို့ ပြောရင် ဘေဘီလေးတို့ ပီကေ စားလို့ရလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက မကျွေးရဘူးဆိုတာ သိနေတာကြောင့် ကလေးတွေ စားလို့မရဘူး လူကြီးတွေပဲ စားလို့ရတာလို့ ပြောလိုက်ပေမယ့် ဘေဘီလေးက ဘယ်တော့မှ စားလို့ရမှာလဲလို့ မေးတဲ့အခါ ဘာဖြေလို့ ဖြေရမှန်း မသိဘူး ဖြစ်နေတဲ့ လေးလေးတွေ တီတီတွေ ရှိလား..... ဒါဆိုရင်တော့ ဘေဘီလေးရဲ့ အဖြေကို ဖြေနိုင်ဖို့အတွက် လေးလေးတို့ တီတီတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ ဘေဘီလေးတို့ ပီကေ စားလို့ရလား ......... ဘေဘီလေးတို့ ပီကေစားလို့ရလား ဆိုတော့ No  ပါ။ ပီကေဆိုတာက ဘေဘီလေးနဲ့ မသင့်တော်တဲ့ စားစရာ တစ်မျိုးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေ့ကလေးက ဘာလို့ နို့မစို့ တာလဲ။

မွေးစကလေးတွေအတွက် မေမေနို့ရည်က အာဟာရအပြည့်ဆုံးနဲ့ အလိုအပ်ဆုံးပါ။ ကလေးအသက် ၆လလောက်အထိ မိခင်နို့က အရေးပါတာကြောင့် မိခင်နို့ကို ကောင်းကောင်းမစို့ဘူးဆိုရင် မေမေတွေ သိပ်စိတ်ပူကြပါတယ်။ ဒီနေရာမှာ ၂ပိုင်း ရှိပါတယ်။ ကလေးက မွေးစတည်းက နို့မစို့ တာလား ဒါမှမဟုတ် အရင်က ကောင်းကောင်းစို့နေပါလျက်နဲ့ ခုမှ မစို့တော့တာလား။ နှစ်ခုလုံးအတွက် ဖြေရှင်းစရာနည်းလမ်း ရှိပါတယ်။ မွေးစကလေး နို့မစို့ ရတဲ့ အကြောင်းရင်း နို့မစို့တတ်တာ ဟုတ်ပါတယ်။ မွေးစကလေးတွေက နို့ကောင်းကောင်း မစို့တတ်ပါဘူး။ နို့ကို ဘယ်လိုငုံရမှာလဲ။ ဘယ်လိုစို့ရမှာလဲဆိုတာ သူတို့ အကျင့်မရသေးပါဘူး။ ကလေးပါးစပ်ထဲကို နို့ရောက်နေပေမယ့် နို့စို့လို့ မရတာမျိုးတွေ ရှိပါတယ်။ စို့နေရဲ့သားနဲ့ နည်းလမ်းမမှန်လို့ နို့ထွက်မလာဘူးဆိုရင် ကလေးက ဆက်စို့မှာ မဟုတ်တော့ပါဘူး။ ဒိလိုနဲ့ ဆာလေလေ၊ ငိုလေလေ၊ နို့စို့မရလေလေ၊ ပိုသောင်းကျန်းလေ၊ နို့တိုက်ရခက်လေလေ […]


မိခင်နို့တိုက်ကျွေးခြင်း

အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

အမြွာလေး မွေးထားတဲ့ မေမေတို့အတွက် ပျော်ရွှင်မှု နှစ်ဆ ဖြစ်သလို အလုပ်ရှုပ်တာကလည်း နှစ်ဆပါပဲ။ အထူးသဖြင့် ကလေးနို့တိုက်တဲ့ အချိန်မှာ။ ကလေးတွေကို ခွဲတိုက်ရမလား။ အတူတူတိုက်ရမလား။ နို့ထွက်ပါ့မလားဆိုတာတွေက မေမေတို့ အစိုးရိမ်ဆုံး ကိစ္စတွေ ဖြစ်မှာပါ။ အမြွာလေး တွေကို တူတူတိုက်မလား။ ခွဲတိုက်ကြမလား။ ဒါကတော့ မေမေ့အေပါ်ပဲ မူတည်ပါတယ်။ ခွဲတိုက်လို့လည်း ရသလို၊ အတူတူတိုက်လို့လည်း ရပါတယ်။ အရေးကြီးတာက ကလေးတစ်ယောက်ချင်းစီကို ခွဲမြင်ပေးဖို့ပါပဲ။ ကလေးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အကျင့်တူချင်မှ တူမှာပါ။ ဥပမာ အကြီးလေးက အစားကြီးပြီး နို့ခဏခဏဆာတာမျိုး၊ အငယ်လေးက နို့သိပ်မစို့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခုပဲ ကလေးတွေကို နို့တိုက်လိုက်ပေမယ့် အကြီးလေးက ထပ်ဆာလို့ တပ်တောင်းရင် သူ့ကို သက်သက်ထပ်တိုက်ရမှာပါ။ အမြွာဆိုတိုင်း အကုန်တူတူဖြစ်နေဖို့ မလိုပါဘူး။ တူတူတိုက်မယ်ဆိုရင် တူတူတစ်ပြိုင်နက်တိုက်မယ်ဆိုရင် အောက်ပါအနေအထားတွေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေ ရှေ့မှာ မလုပ်သင့်တဲ့ မိဘတွေရဲ့ အပြုအမူများ

ကလေးတွေ က မိဘတွေရဲ့ အကြီးဆုံး fanပါ။ ကောင်းကောင်း ကြည့်တတ်ပြီဆိုတည်းက မိဘတွေကို လိုက်ကြည့်ပြီး ဘာတွေလုပ်နေရကြလဲ၊ ဘာတွေပြောနေကြလဲဆိုတာကို အမြဲတမ်း သင်ယူနေတာပါ။ ဒါ့ပြင် အရိပ်အကဲလည်း ကြည့်တတ်ကြပါတယ်။ တစ်ခုခုလုပ်ပြီးရင် မိဘတွေ ကြိုက်လား၊ မကြိုက်လားဆိုတာကို အမြဲအကဲခတ်နေကြပါတယ်။ ဒါကြောင့် မိဘတွေကလည်း ငါတို့လုပ်နေတာကို ကလေးက ဘာမှမသိဘူးဆိုပြီး ကလေးရှေ့မရှောင် မလုပ်မိစေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးအတုယူမှားနိုင်တဲ့ အောက်က အပြုအမူတွေကို မလုပ်မိပါစေနဲ့။ ကလေးတွေ ရှေ့မှာ မလုပ်သင့်တဲ့ မိဘတွေရဲ့ အပြုအမူများ ရန်ဖြစ်တာ အထူးသဖြင့် ကလေးရှေ့မှာ မိဘချင်း ကိုယ်ထိလက်ရောက် ရန်ဖြစ်တာကို မလုပ်သင့်ပါဘူး။ ကိုရီးယားတွေ ကြည့်ရင် မြင်ဖူးမှာပါ။ သူတို့ ရန်ဖြစ်ခါနီးရင် ကလေးကို တစ်နေရာ ရှောင်ခိုင်းထားပါတယ်။ ကလေးရှေ့မှာ မိဘချင်း ရန်ဖြစ်တာက ကလေးကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ပါးစပ် ဖြစ်နေတဲ့ မေမေတွေ ကလေးနို့ ဘယ်လိုတိုက်ကြမလဲ။

အမျိုးသမီးတွေအနေနဲ့ ရင်သားနဲ့ နို့သီးခေါင်းကို လုံးဝဂရုမစိုက်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ရင်တော့ ဂရုစိုက်ရပါမယ်။ ရင်သားနဲ့ နို့သီးခေါင်းတွေ ကောင်းကောင်းဖွံ့ဖြိုးပြီး ပုံမှန်အတိုင်း ရှိနေမှ ကလေးလေး မွေးလာတဲ့အခါ နို့ကောင်းကောင်း တိုက်နိုင်မှာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေ ရင်သားနဲ့ ပတ်သက်ပြီး ကြုံရတဲ့ပြဿနာက နို့ပါးစပ် ဖြစ်တာပါ။ နို့ပါးစပ်ဆိုတာ နို့သီးခေါင်းက အထဲကို ချိုင့်ဝင်နေတဲ့အတွက် ကလေးနို့စို့တဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် နို့ပါးစပ် ဖြစ်တာလဲ။ အမျိုးသမီးတွေရဲ့ ၁၀ရာခိုင်နှုန်းလောက်က နို့ပါးစပ်ရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ အရင်က အပြင်ထွက်ပြီးသား နို့သီးခေါင်းက အတွင်းကို ပြန်ချိုင့်ဝင်သွားတယ်ဆိုရင်တော့ ရင်သားမှာ ရောဂါတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပုံမှန်မဟုတ်ပါ။ နောက် အတွင်းကို ချိုင့်နေတာ မဟုတ်ဘဲ အပြားလိုက်ဖြစ်နေတဲ့ နို့သီးခေါင်းတွေလည်း ရှိတတ်ပါတယ်။ နို့ပါးစပ်ဖြစ်တဲ့အခါ ဘာဖြစ်နိုင်သလဲ။ နို့ပါးစပ်ဖြစ်တဲ့အခါ အဓိက ဖြစ်တဲ့ပြဿနာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ မသိပ်ဘဲ ကလေးအိပ်ပျော် စေဖို့

ကလေးတွေကို ညဘက်ဆို လက်တစ်ညောင်းချီပြီး သိပ်နေရပြီလား။ အိပ်ရာပေါ်ချလိုက်တာနဲ့ ငိုနေလို့ တစ်ညလုံး ကလေးချီပြီး အိပ်နေရပြီလား။ ညညဆို ထထငိုနေလို့၊ မနက်ကိုယ်အိပ်တော့မယ်ဆို သူနိုးလာလို့  မေမေတို့ အိပ်ရေးပျက်နေပြီလား။ ဒါဆိုရင်တော့ မေမေတို့ ကလေးအိပ်ပျော် စေဖို့ Sleep training လုပ်ပေးလို့ ရပါတယ်။ ကလေးအိပ်ပျော် စေဖို့ Sleep training ပေးတယ်ဆိုတာ Sleep training ဆိုတာ ကလေးကို သူ့ဟာသူ အိပ်တတ်အောင် သင်ပေးတာပါ။ ဆိုလိုတာက သူအိပ်ဖို့ တစ်ယောက်ယောက်က ချော့သိပ်နေရတာမျိုး မလိုအောင် လေ့ကျင့်ပေးတာပါ။ ညဦးပိုင်းမှာ အိပ်ပျော်စေဖို့ ဖြစ်ဖြစ်၊ ညတစ်ရေးနိုးလာရင် ဖြစ်ဖြစ် သူ့အလိုလို ပြန်အိပ်ပျော်အောင် သင်ပေးတာပဲ ဖြစ်ပါတယ်။ ဒါက ကလေးတွေမှာ ဖြစ်လာရမယ့် ဖွံ့ဖြိုးမှုတစ်ခုပါ။ အရွယ်ရောက်လာတာနဲ့အမျှ သူအိပ်ပျော်ဖို့ တစ်ယောက်ယောက်ကို မှီခိုနေရတာက […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ရေခဲ စားလို့ရလား.......

ရေခဲ က နာကျင်မှု တော်တော်လေး သက်သာစေနိုင်တဲ့အရာပါ။ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို သွားနာတာနဲ့ သွားဖုံးရောင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးက သွားပေါက်ချိန်မှာ သွားဖုံးနာတာကို သက်သာစေဖို့ ရေခဲပေးကိုက်ထားတာက နည်းလမ်းကောင်း တစ်ရပ်လို့ ထင်စရာရှိပါတယ်။ ဒီယူဆချက်က တကယ်ပဲ မှန်လား။ ဘေဘီလေးက ရေခဲစားလို့ရလား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးက ရေခဲ စားလို့ရလား....... ရေခဲက နာကျင်မှုတွေကို သက်သာစေပေမယ့် ဘေဘီလေး သွားပေါက်ခါနီး သွားဖုံးနာတာကို သက်သာစေဖို့အတွက်တော့ ရေခဲပေးကိုက်တာက နည်းလမ်းကောင်း မဟုတ်သလို ပူပြင်းတဲ့နေ့တွေမှာ ဘေဘီလေးကို အပူသက်သာအောင်ဆိုပြီး ရေခဲကျွေးတာကလည်း နည်းလမ်းကောင်း မဟုတ်ပါဘူး။ ဘေဘီလေးကို ရေခဲမကျွေးပါနဲ့လို့ ဆိုရတာက ဘေဘီလေးကို ရေခဲကျွေးတာက မတူညီတဲ့ ခံစားချက်ကို ရစေသလို အာရုံသိမှုတွေကို ပိုမို သိရှိစေနိုင်တယ်ဆိုပေမယ့် အခုလို ဆိုးကျိုးလေးတွေ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေခဲမုန့် ကျွေးမလို့လား......

ရေခဲမုန့် ဆိုတာက ကလေးရော လူကြီးတွေပါ ကြိုက်တဲ့ အစားအစာပါ။ ချိုချိုလေးနဲ့ ဆိမ့်ဆိမ့်လေး ရောထားပြီး စားလိုက်ရင် မွမွလေးနဲ့ အေးနေတဲ့ ရေခဲမုန့်က ဘေဘီလေးတွေ ပိုကြိုက်မယ်ဆိုတာ အသေအချာပါ။ ဒီလို တွေးမိတာနဲ့အတူ ခေါင်းထဲကို ဝင်လာတာက ဒီလို စားကောင်းတဲ့ ရေခဲမုန့်လေးကို ဘေဘီလေးကို ကျွေးလို့ ရမလား ဆိုတာပါ။ ဒီ မေးခွန်းလေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ရေခဲမုန့် ကျွေးမလို့လား...... ဘေဘီလေးကို အသက် ၆ လပြည့်တဲ့အခါ မေမေ့နို့ အပြင် solid foods တော်တော်များများကို မိတ်ဆက်ပေးရပါတယ်။ ဒါမှလည်း ဘေဘီလေးက လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိမှာပါ။ ဒီလို စပြီး မိတ်ဆက်တဲ့အခါ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ဖျားနေချိန်မှာ မေမေက ဘာတွေ စားပေးသင့်လဲ ........

ဘေဘီလေးတွေ ဖျားနာမှုက မေမေတိုင်းအတွက် စိတ်ဖိစီးစေတဲ့အချက်ပါ။ မေမေတွေက ဘေဘီလေးကို ပြုစုရလို့ ဂရုစိုက်ရလို့ ပင်ပန်းတယ် မခံစားရပေမယ့် ဘေဘီလေး ဖျားနာချိန်မှာတော့ စိတ်ရောကိုယ်ပါ ပင်ပန်းကြပါတယ်။ ဘေဘီလေးက စကားလည်း မပြောတတ်သလို နေထိုင်မကောင်းတာကို ပြသတတ်တဲ့ အပြုအမူဆိုလို့လည်း ငိုတာပဲ ရှိတာပါ။ နောက်တစ်ခုက ဘေဘီလေးက အစားမစားတတ်သေးတာမို့ နေထိုင်မကောင်းချိန်မှာ ဘယ်လိုတွေများ ဂရုစိုက်ပေးရမလဲဆိုပြီး စိတ်ဖိစီးနေပြီလား........ မေမေတို့ရေ။ ဒါဆိုရင်တော့ နို့စို့အရွယ် ဘေဘီလေး ဖျားနာနေချိန်မှာ ဘေဘီလေး ကျန်းမာလာစေဖို့ မေမေတို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နို့စို့အရွယ် ဘေဘီလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေများလဲ......... နို့စို့အရွယ် ဘေဘီလေးတွေမှာ လေပြွန်ရောင်တာ အဖျား ချောင်းဆိုးတာ ဝမ်းလျှောတာ အအေးမိတာ တုပ်ကွေး လည်ချောင်းနာတာတွေကို ခံစားရနိုင်ပါတယ်။ ဘေဘီလေး ဖျားနေချိန်မှာ မေမေက […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးတွေကို ချီးကျူး ရင် ရောင့်တက်လာမှာလား

မြန်မာနိုင်ငံမှာ ကလေးကို ချီးကျူး တဲ့ အလေ့အထဆိုတာ မရှိသလောက်ပါပဲ။ အပြစ်တွေ့ရင်သာ ဆူခံရတာ၊ ကောင်းတာလုပ်ရင် ချီးကျူးခံရတာ ရှားပါတယ်။ အကြောင်းပြချက်က ရောင့်တက်လာလိမ့်မယ်ဆိုတာကြောင့်ပါ။ ချီးကျူးခံရတဲ့ ကလေးက ရောင့်တက်တတ်သလား။ ကလေးတွေကို ဘာကြောင့် ချီးကျူး ဖို့ လိုအပ်တာလဲ။ ကလေးတွေကို ချီးကျူး တဲ့အခါ ကလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပါတယ်။ ဒီယုံကြည်မှုဆိုတာက ကလေးဘဝတိုးတက်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ကလေးဆိုတာ စူးစမ်းတတ်တဲ့ အရွယ်ဖြစ်လို့ အမှားရော အမှန်ရော လုပ်မိနိုင်ပါတယ်။ ချီးကျူးပေးတာက သူလုပ်လိုက်တာ အမှန်ဆိုတာ ပြောပြရာ ရောက်ပါတယ်။ တစ်ခုခု လုပ်လို့ ကျရှုံးခဲ့ရင်တောင် နည်းမှန်မှန်နဲ့ ချီးကျူးမယ်ဆိုရင် နောက်တစ်ခါ ထပ်လုပ်ဖို့ အင်အားရစေပါတယ်။ လုပ်နိုင်တဲ့အခါ ကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ဒီလိုနဲ့ပဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း