ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေရဲ့ တီထွင်ကြံဆဉာဏ်ကို ထိခိုက်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူ (၅)မျိုး

ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေချင်တာ၊ တီထွင်ကြံဆတတ်စေချင်တာ၊ အနာဂတ်ဘဝခရီးလမ်းမှာ အောင်မြင်မှုသရဖူဆောင်းနိုင်တဲ့ လူတော်ဖြစ်စေချင်တာ သဘာဝပါပဲ။ ကလေးတွေကို ထိန်းကျောင်းပေးတဲ့ နေရာမှာ မေတ္တာတစ်ခုတည်းနဲ့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ကလေးတွေအပေါ်မှာ ကိုယ်လုပ်မိလိုက်တဲ့ အပြုအမူလေးတွေက ကလေးတွေရဲ့ ဦးနှောက်အာရုံထဲမှာ စွဲထင်သွားတတ်ပြီး သူတို့ရဲ့ ကြီးပြင်းလာတဲ့ ပုံစံ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ ကလေးကို လူတော်တစ်ယောက်အနေနဲ့ ကြီးပြင်းလာစေဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ အောက်ပါ အချက်လေးတွေကို ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်နော်။ ၁။ အိမ်ထဲမှာ ပိတ်လှောင်ထားတာ။ မိဘအများစုမှာ ကြုံတွေ့ရတတ်တဲ့ စိုးရိမ်မှုပြဿနာက ကိုယ့်ရဲ့ ကလေး အပြင်ထွက်ဆော့လိုက်လို့ တစ်ခုခု ထိမိ၊ ခိုက်မိတာတွေ ဖြစ်သွားမလား၊ တခြားကလေးတွေနဲ့ ဆော့ကစားမိလို့ ရောဂါတွေ ကူးလာမလား အစရှိတဲ့ စိုးရိမ်မှုတွေကြောင့် ကိုယ့်ရဲ့ ကလေးကို […]


ကလေးငယ်အာဟာရ

ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေဖို့ ဒါတွေကိုလုပ်ပေးပါ

ကလေးတွေရဲ့ အစာခြေစနစ်က အစားအစာတွေကို ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေအဖြစ်ပြောင်းလဲပေးပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့ အရေးပါတဲ့ စနစ်တစ်ခုပေါ့။ကောင်းမွန်တဲ့ အစာခြေစနစ်က ကျန်းမာဖို့အတွက်အရေးပါတဲ့အချက်တစ်ချက်ပါ။ အစာခြေစနစ်က ရှုပ်ထွေးတဲ့စနစ်တစ်ရပ်ပါ။ ပါးစပ်ကနေစပြီး အစာတွေကိုချေဖျက်ရင်းနောက်ဆုံး စအိုရောက်မှဆုံးသွားတဲ့စနစ်၊ ခန္ဓါကိုယ်တွင်းစနစ်တွေထဲမှာ အရှည်လျားဆုံးပေါ့။ ရှည်လျားသလောက် အလုပ်လည်းများတယ်နော်။ အစာခြေစနစ်ရဲ့ လုပ်ငန်းတာဝန်က အစာခြေရတယ်ဆိုတာထက်ပိုပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းကလည်း အစာခြေစနစ်အပေါ်မှာတည်မှီနေတာပါ။ အကျိုးပြုဘက်တီရီးယားအများစု ကွန်းခိုနေတာကလည်း အစာခြေစနစ်ထဲမှာပါ။ ဒီလောက်ဆိုရင် ဘာကြောင့် အစာခြေစနစ်ကို ကျန်းမာအောင်ထားဖို့လိုတယ်လို့ပြောလဲဆိုတာသိလောက်မယ်ထင်ပါတယ်။ အစာခြေစနစ်ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းများ အစာခြေစနစ်ထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အစိတ်အပိုင်းတွေက - ပါးစပ် အစာရေမြို အစာအိမ် အူသိမ် အူမကြီး အသည်း သည်းခြေအိတ် ပန်ကရိယ အစာဟောင်းအိမ် စအို တို့ပါ။ ရင်သွေးအစာခြေစနစ်ကျန်းမာဖို့ဆိုရင် ဒီလောက်အရေးပါတဲ့ အစာခြေစနစ်က ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကလေးငယ်တွေအတွက်ဆိုပိုလို့တောင်အရေးပါမှာပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့နဲ့နို့မှုန့်က ဒီလိုကွာခြားပါတယ်

မိခင်တိုင်းအတွက် ရင်သွေးနဲ့ပတ်သက်ပြီး အကြီးမားဆုံး ဆုံးဖြတ်ချက်ချရတဲ့အချိန်တစ်ချိန်က ကလေးကို မိခင်နို့ပဲတိုက်မှာလား ဒါမှမဟုတ် ကလေးကို နို့ဘူးတိုက်မှာလားဆိုတာပါ။ မိခင်တိုင်းက ကိုယ့်ရင်သွေးကို ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ မေမေတွေအတွက်ကတော့ ရင်သွေးလေးကို တစ်ချိန်လုံး မိခင်နို့ပဲတိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ နို့ဘူးအကူအညီခေါ်ရပြီပေါ့။ မိမိရင်သွေးကို နို့ဘူးတိုက်ဖို့စဉ်းစားနေတဲ့မေမေတို့ရေ ဘာလုပ်မယ်လို့ မဆုံးဖြတ်ခင်မှာ ဒီဆောင်းပါးလေးအရင်ဖတ်ကြည့်နော်။ မိခင်နို့ ကလေးအတွက် ခန္ဓာကိုယ်ကနေ အသင့်တော်ဆုံးဖြစ်မယ့် ပုံစံတစ်ရပ်နဲ့ ဖန်တီးထားတဲ့ အာဟာရရင်းမြစ်တစ်ခုပေါ့။ ကလေးအတွက်လိုအပ်တဲ့အာဟာရတွေပါဝင်နေတဲ့ အစားအစာတစ်ရပ်ပါ။ မိခင်နို့ထဲမှာ ကလေးကိုပြင်ပကရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ အများအပြားပါဝင်နေတာပါ။ ကမ္ဘာဦးစကတည်းက တိုက်ကျွေးလာတဲ သံသယ ဖြစ်ဖွယ်မရှိတဲ့ ကလေးတွေအတွက် အသင့်တော်ဆုံးအာဟာရပါ။ မိခင်နို့ကနေရရှိမယ့် အကျိုးကျေးဇူးတွေ မိခင်နို့တိုက်ကျွေးမှုက ကလေးငယ်မှာ - နားပိုးဝင်ကူးစက်တာ အသက်ရှုလမ်းကြောင်းပိုးဝင်ကူးစက်တာ ဆီးလမ်းကြောင်းပိုးဝင်တာ ပြင်ပကရောဂါပိုးတွေ ကူးစက်ဝင်ရောက်တာ ဝမ်းလျှောတာ အစာခြေစနစ်ပြဿနာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကျန်းမာရေးနဲ့မညီတဲ့ သရေစာ ဘယ်လိုရှောင်ရှားစေမလဲ

သိတတ်ကာစအရွယ် ကလေးတွေအတွက်တော့ အရာရာအသစ်အဆန်းတွေချည်းပဲမို့ ဟိုမုန့်စားချင်၊ဒီမုန့်စားချင်၊ လူကြီးစားသမျှ လိုက်စားချင်တတ်ကြတာပဲ။ အရောင်နဲ့ဒီဇိုင်းအသွင်အပြင် လှရမယ်၊ အရသာချိုမယ်၊မွှေးမယ်ဆို ဘာဖြစ်ဖြစ် လာထား။ ဝယ်ကျွေးဖို့ ပူဆာတော့တာ။ ဒီအရွယ်မှာ သူတို့ကိုယ်တိုင်ပြေးမဝယ်နိုင်သေးတော့ သရေစာမုန့်တွေက ကလေးအတွက် ကျန်းမာရေးနဲ့ညီဖို့က ဝယ်ကျွေးတဲ့ မိဘတာဝန်ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့မုန့်တွေ၊စားစရာတွေချည်း ဝယ်ပေးလို့ကတော့ဆေးလိုက်ကုလို့ကိုဆုံးမှာမဟုတ်ဘူးလေ။ဈေးကွက်မှာက အမှတ်တံဆိပ်အစုံ၊ အရည်အသွေးစုံ၊ အမျိုးအစားစုံတွေပေါများလွန်းပါတယ်။ အခုမှဖွံ့ဖြိုးကာစ ခန္ဓာကိုယ်လေးတွေကို အဆိပ်အတောက်ဖြစ်စေမယ့် အစားအစာတွေတော့ စိတ်ကြိုက်စားခွင့်မပေးထားသင့်ပါဘူး။ သရေစာ ဆိုတာ မကောင်းတဲ့အမူအကျင့်တော့မဟုတ်ပါဘူး။ ရွေးချယ်လိုက်တဲ့ သရေစာက ကျန်းမာရေးအတွက်သင့်တော်ပြီးဘေးကင်းနေဖို့ပဲလိုတာပါ။ ဘာလို့ဆို တစ်ခါတည်းနဲ့ပမာဏအများကြီးမစားနိုင်သေးတဲ့ ကလေးတစ်ယောက်အတွက် သရေစာကနေ အာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်လို့ပါပဲ။ မုန့်တွေပဲစားချင်နေပြီး ထမင်းချိန်ကျ လုံးဝငြင်းဆန်နေတတ်တဲ့ကလေးတွေဆို ဖြည့်စွက်အာဟာရပိုတောင်လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် ထမင်းထက် သရေစာမုန့်ကိုတစွတ်စွတ်စားဖို့ ပိုခုံမင်တတ်တဲ့ ကလေးတွေအတွက် အာဟာရေပးမယ့်သရေစာတွေ စီစဉ်ပေးနိုင်ဖို့အရေးကြီးပါတယ်။ ဒါနဲ့ ဘယ်သရေစာတွေက ကလေးအတွက်မကောင်းတာလဲဆိုတာ အရင်ပြောကြည့်ရအောင်။ […]


ကလေးငယ်အာဟာရ

ကလေးအတွက် အကောင်းဆုံးနို့မှုန့်ရွေးချယ်မယ်

ဆရာဝန်တွေကတော့မေမေတွေကို ရင်သွေးကိုမိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးလို့ပြောမှာပါပဲ။ မိခင်အနေနဲ့ကလည်း ကလေးကို တစ်ချိန်လုံးနို့ချိုတိုက်ကျွေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအချိန်မှာ မိခင်တွေအနေနဲ့ရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်။ ဒါကတော့ ကလေးအတွက်အကောင်းဆုံးနို့မှုန့်ရွေးချယ်တာပါ။ နို့မှုန့်ရွေးချယ်တဲ့အခါ မဖြစ်မနေသိထားဖို့လိုမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့နို့မှုန့်မှာ မိခင်နို့မှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေနဲ့ ကယ်လ်လိုရီေတွအားလုံးပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ပါ။ ကလေးအတွက် အကောင်းဆုံးဖြစ်မယ့် နို့မှုန့်ရွေးချယ်ဖို့စဉ်းစားနေတဲ့မေမေတို့ကို ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။ နို့မှုန့်အမျိုးအစားတွေက ဘာတွေလဲ နို့မှုန့်တွေက အဓိကအားဖြင့်တော့ ၄ မျိုးရှိနေပါတယ်။ ဒါတွေကတော့ နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့နို့မှုန့် hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် တို့ပဲဖြစ်ပါတယ်။ နွားနို့ကိုအခြေခံပြီး ထုတ်ထားတဲ့နို့မှုန့် - ကလေးနို့မှုန့်တော်တော်များများက နွားနို့ကနေရတဲ့ ပရိုတင်းပေါ်မှာ အခြေခံပြီးထုတ်ထားတာပါ။ ကလေးတွေဖွံ့ဖြိုးကြီးထွားဖို့အတွက်လိုအပ်တဲ့ အာဟာရဓါတ်ေတွများစွာပါဝင်နေပါတယ်။ ဒါပေမယ့် အချို့ကလေးငယ်တွေက နွားနို့နဲ့ ဓါတ်မတည့်တာမျိုးရှိတတ်ပါတယ်။ ဆိတ်နို့ကိုအခြေခံပြီး ထုတ်ထားတဲ့နို့မှုန့် - ဆိတ်နို့ကနေထုတ်ထားတဲ့နို့မှုန့်မှာ […]


ကလေးငယ်အာဟာရ

ကလေးအတွက် အစားအစာ ပြင်ဆင်တဲ့အခါ ထည့်စဉ်းစားဖို့လိုတဲ့အချက် (၉) ချက်

ကလေးကို ဟိုဟာမတည့်ဘူး မစားနဲ့နော်၊ ဒါမစားနဲ့၊ မေမေဘာပြောထားလဲ၊ချောင်းဆိုးလိမ့်မယ်၊ နေမကောင်းဖြစ်လိမ့်မယ်ဆိုပြီး မိဘတွေရဲ့ပြောသံ မကြာခဏကြားရပါတယ်။ ကလေးဆိုတာ တားလေ ပိုလုပ်ချင်လေ သဘာဝကို ပိုင်ဆိုင်သူတွေမို့ ဒီလိုမျိုးဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်ထင်ပါသလဲ။ သူများစားတာ လိုက်စားချင်မယ်၊ ကျန်းမာရေးအတွက်ကောင်းတာမကောင်းတာသူမသိဘဲ ကြိုက်တဲ့အစားအသောက်ကို ကြိုက်သလို ခိုးစားမယ်၊ (မိဘမသိအောင်) မိသားစုဆွေမျိုးတွေကိုဝယ်ကျွေးခိုင်းမယ် စတာတွေဖြစ်လာနိုင်ပါတယ်။ တကယ်တော့ ကလေးကိုကျွေးမယ့် အစားအသောက်ကိုမိဘက ပုံသေသတ်မှတ်ပြီး အတင်းကျွေးတာထက် အာဟာရပြည့်ကျန်းမာတဲ့အစားအစာတွေပြင်ဆင်ပေးထားတဲ့အထဲကမှ ကလေးကိုရွေးချယ်ခွင့်ပေးတာပိုကောင်းပါတယ်။ ကလေးတွေရဲ့သဘာဝကိုက လူကြီးတွေလို ကိုယ်တိုင်ရွေးချယ်ခွင့်ရတာ၊ အရာရာကိုယ်တိုင်လုပ်ခွင့်ရတာ၊ ချုပ်ကိုင်မှုကလွတ်ကင်းတယ်လို့ခံစားရတာကို အရမ်းတောင့်တကြပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီပြီး ဖွံ့ဖြိုးကြီးထွားမှုကိုအထောက်အကူပြုမယ့်အစားသောက်တွေဖြစ်အောင် ပြင်ဆင်ပေးပြီးပေးရွေးလိုက်ပါ။ ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာဖို့ ဘယ်အရာကိုမှအတင်းအကြပ်မလုပ်ဘဲ ကလေးကိုယ်တိုင်ကျေနပ်လက်ခံလာအောင် ပရိယာယ်သုံးပြီးစိတ်ရှည်ရှည်နဲ့ဆွဲဆောင်ရတာ မိဘတွေရဲ့ပညာပါပဲ။ ဒီအချက်တွေကို မဖြစ်မနေ ထည့်စဉ်းစားပါ (၁) ဒါအကုန်စားရမယ် ဆိုတာမျိုး မပြောပါနဲ့ ကလေးက ဗိုက်ပြည့်နေပြီဆိုရင် အတင်းဆက်မစားခိုင်းပါနဲ့။ မိဘတော်တော်များများက ဒီလောက်တော့ကုန်ရမယ်၊ဒီလောက်တော့ကုန်အောင်စားပါ နဲ့ […]


ကလေးငယ်အာဟာရ

မုယောစပါးအာဟာရအချိုရည်တွေက ကလေးအတွက် ဘာအန္တရာယ်ရှိနိုင်သလဲ

မုယောစပါးအာဟာရအချိုရည်တွေက ခွန်အားပြည့်တယ်လို့တော်တော်များများကလက်ခံထားကြပြီး ကလေးရော၊ လူကြီးပါသောက်သုံးနေကြပါတယ်။ ခွန်အားပြည့်တာလည်းဖြစ်နိုင်ပေမယ့် ခန္ဓါကိုယ်အတွက်လိုအပ်သမျှအာဟာရဓါတ်ေတွတော့ဖြည့်ဆည်းပေးဖို့မလုံလောက်နိုင်ပါဘူး။သူ့မှာပါဝင်မှုများတာက ဗီတာမင် ဘီအုပ်စုဝင်တွေဖြစ်ပြီး ကယ်လိုရီနဲ့ အချိုဓါတ်ပမာဏတွေလည်းများပါတယ်။ ရံဖန်ရံခါဆိုပြဿနာမရှိပေမယ့် ကလေးတွေကိုပုံမှန်တိုက်ကျွေးမယ်ဆိုရင်တော့ ထည့်စဉ်းစားသင့်တဲ့အန္တရာယ်က နှစ်ချက်ရှိပါတယ်။ (၁) အချိုစားသုံးမှုများတဲ့ အန္တရာယ် ကလေးတွေမှာအချိုစားသုံးမှုများတဲ့ဘေးထွက်ဆိုးကျိုးက ချောင်းဆိုးရင်ကျပ်ြဖစ်လာနိုင်တယ်၊ ကိုယ်ခံအားနည်းလာနိုင်တယ်။ ကလေးကအချိုစားသုံးမှုလွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲက ဘက်တီးရီးယားထိန်းညှိမှုကို မညီမမျှဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုထိခိုက်စေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးမှာ အအေးမိဝေဒနာမကြာခဏဖြစ်လာတတ်တာမျိုးပါ။ ကိုယ်အလေးချိန်များလာမယ်။ ကလေးတွေကိုတိုက်ကျွေးတဲ့ သောက်စရာတွေ၊မုန့်တွေ၊ပြုပြင်စီမံထားတဲ့စားစရာတွေမှာပါတဲ့ သကြားဓါတ်များရင် အစားအစာရဲ့ကယ်လိုရီပမာဏကိုတိုးစေတတ်တာကြောင့် ကလေးကို ကျန်းမာရေးအတွက်မကောင်းတဲ့ ကိုယ်အလေးချိန်တိုးခြင်းကိုဖြစ်လာစေနိုင်ပါတယ်။ သွားပိုးစားမယ်။ အချိုက ကလေးရဲ့သွားမျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားေပါက်ဖွားစေဖို့အားပေးပါတယ်။ ကြာလာတဲ့အခါ အဲဒီဘက်တီးရီးယားတွေများလာပြီး သွားပိုးပေါက်တွေဖြစ်စေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါစိတ်ပူရတယ်။ အချိုဓါတ်စားတာများရင်သွေးတွင်းသကြားဓါတ်ပမာဏသိသိသာသာမြင့်တက်စေနိုင်ပါတယ်။ အဲဒီလိုမြင့်တက်တာက ပုံမှန်လိုလိုဖြစ်နေရင်(အချိုများတာအမြဲစားမိရင်) ကလေးမှာ ဆီးချိုဖြစ်နိုင်တဲ့အန္တရာယ်ပိုများလာနိုင်ပါတယ်။ (၂) ဓါတ်မတည့်မှုအန္တရာယ် မုယောစပါးအခြေခံတဲ့ထုတ်ကုန်တွေဟာ အညှောက်ဖောက်ခြင်းလုပ်ငန်းစဉ်အဆင့်ကိုကျော်ဖြတ်ပြီးထုတ်လုပ်ရတာဖြစ်ပါတယ်။ မုယာစပါးမှာရှိတဲ့ ကစီဓါတ်ကိုသကြားဓါတ်အဖြစ်ပြောင်းလဲနိုင်ဖို့ အင်ဇိုင်းတွေထုတ်ပေးတဲ့အတွက် အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေရှိလာနိုင်ပါတယ်။ ကလေးဆိုတာ ဓါတ်မတည့်မှုဖြစ်လွယ်ပြီး ထိခိုက်လွယ်တဲ့အရွယ်မို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးစားချင်စိတ်ရှိလာအောင် ဘာတွေလုပ်ပေးရမလဲ

ကလေးတစ်ယောက်က ငယ်တဲ့ အရွယ်မှာဆို အစားထက် အဆော့ကိုသာပိုမက်ကြလို့ မေမေတို့ အနေနဲ့ ထမင်းကျွေးတိုင်း အမြဲခေါင်းခဲရပါတယ်။ စားတယ်ဆိုရင်တောင် ထမင်း၊ အသီးအရွက်တို့ထက် သရေစာကို ကြိုက်တဲ့ ကလေးက ပိုများပါတယ်။ ကလေးတစ်ယောက် အာဟာရမျှတအောင်စားဖြစ်ဖို့ဆိုတာ မေမေတို့နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် ထမင်းကျွေးတိုင်း ကလေးတွေ စားချင်အောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ခေါင်းခဲနေတဲ့ မေမေတို့အတွက် ဒီလိုမျိုးလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ထမင်းကျွေးချိန် သတ်သတ်မှတ်မှတ်ထားပါ။ ။ ကလေးတစ်ယောက်ဟာ တစ်နေ့ကို ထမင်း၃ နပ်၊ သရေစာ ၂ နပ်စားရမယ့် အပြင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အစားကို အချိန်မှန်စားဖို့ ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အစာအိမ်ရဲ့ သဘာဝကိုက ဒီနေ့ဒီအချိန်စားထားရင် နောက်နေ့ဒီအချိန်ပြန်ရောက်တာနဲ့ ဗိုက်ဆာတတ်တာမျိုးပါ။ ဒါကြောင့် အချိန်မှန်မှန်စားပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဒီနည်းလမ်းတွေကိုကျင့်သုံးပါ

ကိုယ့်ရင်နှစ်သည်းချာ ရတနာလေးတွေ ကိုယ့်မျက်စိအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းကဆန္ဒပါ။ ကိုယ်ဝန်စဆောင်တည်းက ဗိုက်ထဲကလေးအတွက် ဆုတောင်းလိုက်ရတာ အမော။ မွေးပြီးတော့လည်း ကိုယ့်ကလေးတွေကို ညဏ်ရည်ပိုင်းမှာရော ကိုယ်ခန္ဓါကြီးထွားမှု အပိုင်းမှာရော သူများတွေထက် မသာရင်တောင် တန်းတူတော့ ဖြစ်စေချင်ကြတာချည်းပဲလေ။ ဒါတွေက ကလေးပေါ်မှာပဲ မူတည်နေတဲ့ အရာတွေ မဟုတ်ပါဘူး။ မိဘတွေဘက်လည်း သေချာ ဂရုစိုက် ပြင်ဆင်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ ဘယ်လိုမျိုး မိဘတွေ ဘက်က ဂရုစိုက်မှုတွေ လုပ်ပေးရမှာလဲ။ ။ မွေးပြီး ၆ လလောက်အထိကိုတော့ မိခင်နို့တစ်မျိုးတည်းပဲတိုက်ပြီး ၆လကျော်ရင်တော့ ဖြည့်စွက်စာတွေ ကျွေးရတယ်ဆိုတာ အာလုံးသိပြီးဖြစ်မှာပါ။ အရေးကြီးဆုံးအချိန်က ၂ နှစ်ကျော်တဲ့ အချိန်ပါ။ ၂ နှစ်ကျော်ဆိုရင် ကလေးက စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရရော ဖွံ့ဖြိုးနေတဲ့ အချိန်လို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် ဘယ်လိုဖျော်ရည်တွေက သင့်တော်မလဲ

ကလေးတွေ ကျန်းမာပြီး ကြီးထွားလာနိုင်ဖို့အတွက် နေ့စဉ် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ စုံလင်စွာ ရရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာတွေကို စုံလင်စွာ စားသောက်ဖို့ လိုသလို ကိုယ့်ကလေးနဲ့ သင့်လျော်မယ့် ဖျော်ရည်တွေကိုလည်း ဖြည့်စွက်စာအနေနဲ့ တိုက်ကျွေးလို့ ရပါသေးတယ်။ ကလေးတွေကို ဘယ်အချိန်မှာ ဖျော်ရည်စတိုက်လို့ ရပြီလဲ။ ကလေးတွေကို အသက် ၆လ အရွယ် အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးသင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကလေးတွေကို ကောင်းစွာ ကြီးထွားစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ အသက် ၆လ နောက်ပိုင်းမှာ မိခင်နို့အပြင် ဖြည့်စွက်စာ၊ ရေ၊ အာဟာရဖြည့်နို့တွေ၊ တိရစ္ဆာန်ကရတဲ့ နို့တွေ တိုက်လို့ ကျွေးလို့ရပါပြီ။ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာစေတဲ့ အစားအစာထက် အသင့်စားသုံးနိုင်တဲ့ Junk Food […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း