ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သစ်သီးဝလံတွေဟာ ဟင်းသီးဟင်းရွက်တွေထက်စာရင် အရသာပိုရှိတာကြောင့် ကလေးတော်တော်များများက သဘောကျတတ်ကြပါတယ်။ ကလေးများနဲ့ သစ်သီးဝလံ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြားပါဝင်ပြီး ကလေးတွေကို ကျန်းမာစေတယ်။ ကိုယ်ခံအားေကာင်းစေတယ်။ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အသီးအနှံတွေကို ပုံမှန်စားတဲ့ အလေ့အကျင့်လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေအနေနဲ့ ဘယ်အသီးအနှံတွေကို စားပေးသင့်လဲ။ ဘယ်ရီသီးများ - စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကြီးထွားဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တဲ့အကြောင်းအရာများ။ ။

ကိုယ့်ကလေးက တစ်ခြားကလေးတွေနဲ့ ယှဉ်ရင် ပိုပြီးညှက်နေတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြမှာပါ။ အထူးသဖြင့် ကျောင်းတက်တဲ့အချိန်မှာဆို ပိုပြီးသိသာပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်ကလေးက ဘာကြောင့် တစ်ခြားကလေးတွေထက် ညှက်နေရတာလဲဆိုတာ သိချင်ကြမယ်လို့ထင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အသက်အလိုက် ကြီးထွားမှု စံနှုန်းတွေက ဘာတွေလဲ။ ။ အသက် ၁၀ နှစ်အောက် ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို ပျှမ်းမျှ အနေနဲ့ ပြောရမယ်ဆိုရင် အသက် အလေးချိန် အရပ်အမြင့် ၁ နှစ် နဲ့ ၁ နှစ်အောက် ၄၀ပေါင် ၄ပေကျော် ၁၀ နှစ် >၇၀ ပေါင် ၅ပေအောက် သင့်ကလေးရဲ့ ကြီးထွားမှုနှုန်းကို ခုပြောပြထားတွေနဲ့ အကြမ်းအားဖြင့် ယှဉ်ကြည့်လို့ရပါတယ်။ ပုံမှန်ဆို ကလေးတစ်ယောက်ရဲ့ကြီးထွားမှုက တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်ကလေးကြီးထွားမှုကို နှောင့်ယှက်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးမယ့် ကစားနည်း(၅) ခု

ကလေးတစ်ယောက်ကြီးပြင်းအရွယ်ရောက်လာဖို့က နတ်ရေကန်ထဲချသလို ချက်ချင်းတော့ဖြစ်မလာနိုင်တာလူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီကြားထဲ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မိဘရဲ့ဂရုစိုက်မှုကအရေးကြီးပါတယ်။ ကလေးဆိုတာ ဖယောင်းရုပ်လေးလိုပဲ မိဘပုံသွင်းသလိုပြောင်းလဲကြီးပြင်းလာမှာပဲ။ သိတတ်စအရွယ် လို့သတ်မှတ်ကြတဲ့ လမ်းလျှောက်တတ်စ အချိန်ဟာ သင်ယူလေ့လာမှုအတွက် အကောင်းဆုံးအရွယ်မို့ သိပ်အရေးကြီးပါတယ်။ သူတို့လေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေထဲမှာ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကအခရာကျတာကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့တန်းတူပဲ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်းဂရုစိုက်ရပါမယ်။ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ရင် ကျန်တဲ့အပိုင်းတွေအတွက်လည်း ဖွံ့ဖြိုးဖို့ပိုလွယ်လာပါလိမ့်မယ်။ သင်ယူလေ့လာမှုပိုင်းမှာ ကလေးက နားလည်လွယ်နေပြီကိုး။ ကဲ ဒါဆို ကလေးကို ဉာဏ်ရည်ဖွံ့ဖြိုးမှုပိုကောင်းအောင် လုပ်ပေးလို့ရတဲ့ ကစားနည်းလေးတွေပေးကစားရင် ပိုမကောင်းဘူးလား။ အဲဒီထဲက အလွယ်ကူဆုံး (၅) ခုကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။ သိပြီးသားဖြစ်နေရင်တောင် ဒီကစားနည်းက ဒီလိုလေးအကျိုးရှိပါလားဆိုတာမေမေတို့ မှတ်ထားလို့ရတာပေါ့။ (၁) သီချင်းအတူဆိုမယ် ကလေးနဲ့အတူ သီချင်းတွေဆိုပါ။ သူနှစ်သက်တဲ့သီချင်း သို့မဟုတ် ဝေါဟာရစကားလုံးများများပါတဲ့ သီချင်းကို အိမ်မှာ၊ ကားထဲမှာ မကြာခဏ ဖွင့်ပေးထားပြီး လိုက်ဆိုပါ။ […]


မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

သင့်ကလေးကို အမြဲနိုးကြားတက်ကြွနေအောင် ဘယ်လိုကူညီပေးမလဲ

နည်းပညာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ အားကစားလိုက်စားတဲ့ ကလေးတွေဟာ နည်းသထက်နည်းလာပါတယ်။ ကလေးတွေဟာ အရင်ကလို အပြင်ထွက် ဆော့ကစားတာမျိုး မလုပ်တော့ပဲ အိမ်ထဲမှာပဲ နေပြီး တီဗီကြည့်လာကြတာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးများလာကြတာ၊ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေကို လုပ်နေရလို့ အပြင်ထွက်ပြီး ကစားဖို့တောင် အချိန်မရှိတော့တဲ့အထိ ဖြစ်လာကြပါတယ်။ ကြာလာတဲ့အခါ ကလေးပီပီ တက်တက်ကြွကြွမရှိပဲ ပျင်းရိထိုင်းမှိုင်းလာပါတယ်။ ဒီတော့ ကလေးတွေကို အမြဲနိုးကြားတက်ကြွနေဖို့ အားကစားလုပ်ခိုင်းဖို့၊လေ့ကျင့်ခန်းပုံမှန် လုပ်ဖို့ မိဘတွေဘက်က တွန်းအားပေးဖို့ လိုအပ်လာပါတယ်။ အားကစားလုပ်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ အားကစားလိုက်စားတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် အမောခံနိုင်တယ်။ သက်လုံကောင်းစေတယ်။ ကိုယ်ခံအားကောင်းစေလို့ ခန္ဓါကိုယ်ထဲ ဝင်လာတဲ့ ရောဂါတွေကို ခုခံနိုင်တယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာတယ်၊ တန်ဖိုးထားတတ်လာတယ်။ အရိုးအဆစ်တွေနဲ့ ကြွက်သား ပိုမိုသန်မာစေလို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ

ကလေးတွေကို ကျွေးတဲ့ အစားအသောက်တွေမှာ အကောင်းဆုံးအာဟာရများ ပါရမယ်ဆိုတာ မိဘတိုင်းသိပြီးသားဖြစ်မှာပါ။ ၂ နှစ်ကျော်တဲ့ ကလေးတစ်ယောက်က လူကြီးတွေစားသလို လိုက်စားနိုင်တယ်ဆိုပေမယ့် ကလေးနဲ့ လူကြီး လိုအပ်တဲ့အာဟာရတွေကမတူပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကလေးအတွက် သက်သက်စီစဉ်ပေးဖို့ အရေးကြီးပါတယ်။ အာဟာရ အာဟာရဆိုပြီး ကြားဖူးနေကြဖြစ်ပေမယ့် ပြည့်ဝမျှတတဲ့အာဟာရ ရအောင် အစားအသောက်ကိုတွေ ဘယ်လို ပြင်ဆင်ကျွေးရမလဲဆိုတာ မေမေတို့ မသိဖြစ်နေတတ်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ပက်သက်ပြီး ခေါင်းခဲနေတဲ့ မေမေတို့အတွက် ခုပြောပြမယ့် အကြောင်းအရာတွေက အထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်။ ဘာကြောင့် အကောင်းဆုံးအာဟာရများ ကို ကလေးတွေ ရဖို့လိုအပ်တာလဲ။  အစားအသောက်ဆိုတာ ကလေးတွေ ကြီးထွားဖို့၊ မှတ်ဉာဏ်ရင့်သန်စေဖို့၊ သင်ယူနိုင်စွမ်းမြင့်တက်စေဖို့ အတွက် အဓိကကျတဲ့ အခန်းကနေပါဝင်နေပါတယ်။ မျှတတဲ့ အာဟာရ ရဖို့အတွက် အစာအုပ်စုကြီး၃ ခုက ပင်မ ကျောရိုးကြီးပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့အချက်များ

အစားအစာတွေထဲ အနံ့ရော အရသာပါပြောင်းလဲထူးခြားတာမျိုးမဖြစ်စေဘဲ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နေနိုင်တယ်ဆိုတာကို သိပါရဲ့လား။ အနံ့ပြောင်းနေရင်ဖြစ်ဖြစ် အရသာပြောင်းနေရင်ဖြစ်ဖြစ် မစားသင့်ဘူးဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ အစားအစာက ခန္ဓာကိုယ်အတွက် မဖြစ်မနေမှီဝဲအားထားရတဲ့အရာပါ။ ဒီတော့ အစားအစာဘေးကင်းမှ ကျန်းမာဖွံ့ဖြိုးမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီလိုအရေးကြီးတဲ့ အစာအာဟာရကိုဘေးကင်းအောင်ပြင်ဆင်ဖို့က မဖြစ်မနေသတိထားသင့်တဲ့အချက်ပါ။ ဒီတော့ သားသားမီးမီးလေးတွေကို အစားအသောက်ပြင်ဆင် ကျွေးမွေးမယ့် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ကျန်းမာဖွံ့ဖြိုးမှုမထိခိုက်စေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ အစားအစာတွေကို ဘေးကင်းကင်းနဲ့ အာဟာရပြည့်ဝစေဖို့ ပြင်ဆင်မယ် အစားအစာတွေ မသန့်ရှင်းတာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခြေခံအကျဆုံးဖြစ်တဲ့ သန့်ရှင်းရေးကို ဂရုစိုက်တာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကစလို့ ပြင်ဆင်အသုံးပြုတဲ့ ပစ္စည်းတွေအဆုံး အကုန်လုံးကို သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက်ရပါမယ်။ အစားအသောက်ပြင်ဆင် မယ့်သူတွေ လိုက်နာရမယ့် အခြေခံအချက်များ သားသားမီးမီးလေးတွေ အပါအဝင် တစ်မိသားစုကျန်းမာပြီး အာဟာရပြည့်တဲ့အစားအစာတွေ စားသုံးခွင့်ရစေဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးရဲ့စူးစမ်းချင်စိတ်ကို ဘယ်လိုအားပေးမလဲ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုတာ လူကြီးတွေအတွက်မှ မဟုတ်ပါဘူး။ ကလေးတွေလည်း ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ကြောက်ရွံ့စိတ်၊စိုးရိမ်စိတ်ဆိုတာ အတွေ့အကြုံသစ်တွေ၊ စိန်ခေါ်မှုတွေနဲ့ကြုံရင်ဖြစ်လာနေကျ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒီစိတ်က ကလေးတွေရဲ့စူးစမ်းလေ့လာမှုနဲ့ ဖွံ့ဖြိုးမှုအတွက်က အဟန့်အတားတစ်ခုပါပဲ။ ဒါ့ကြောင့် ယုံကြည်မှုရှိရှိစူးစမ်းလေ့လာနိုင်ဖို့ဖန်တီးပေးတာက မိဘတွေအနေနဲ့ကလေးအတွက်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။ ဥပမာ အစားအစာအသစ်တွေ စားတတ်လာဖို့၊အမူအကျင့်အသစ်တွေမွေးမြူပေးဖို့ စတဲ့လေ့လာစူးစမ်းမှုတွေမှာ လုပ်ရဲကိုင်ရဲရှေ့တိုးနိုင်ဖို့ မိဘကပံ့ပိုးပေးသင့်ပါတယ်။ အရာရာတိုင်းကို စူးစမ်းလေ့လာချင်နေတဲ့ ကလေးအတွက် - သေးသေးလေးက စတင်ပါ ကလေးတွေကို လူကြီးတွေသိသလောက်အဆင့်အထိ တန်းတူမသင်ပြပါနဲ့။ ကလေးမို့ ကလေးလို တစ်ဆင့်ချင်း သင်ပေးပါ။ သိပ်မလောပါနဲ့။ ကလေးရဲ့နားလည်နိုင်စွမ်းကို မူတည်ပြီး စိတ်ရှည်ရှည်နဲ့ သင်ပြပေးပါ။ အသစ်အဆန်းလေ့လာချင်လာအောင်လုပ်ဖို့ အချိန်ပေးပြင်ဆင်ပါ သူတို့စိတ်ဝင်စားတဲ့အရာတွေကိုသေချာဂရုစိုက်မှတ်သားပြီး သူတို့စိတ်ဝင်စားလောက်မယ့်ကစားနည်းတွေကိုပြင်ဆင်ပါ၊ အသစ်အဆန်းတွေလုပ်ကြည့်ဖို့အားပေးပါ။ ဥပမာ ကလေးကို ဝလုံးရေးခိုင်းမယ်ဆိုပါစို့၊ သူချစ်တတ်တဲ့တိရစ္ဆာန်လေးပုံကို ဝလုံးနဲ့ဆွဲပြဖို့ စီစဉ်လိုက်ပေါ့။ ဒါဆို စာရေးကြည့်ဖို့ သူစိတ်ဝင်စားလာနိုင်တယ်။ ဒီလိုမျိုးဉာဏ်ကစားပြင်ဆင်ပြီး ကလေးကိုဆွဲဆောင်ပါ။ အတူတူလုပ်ကြည့်ပါ ဒါလေး ဒီလိုလုပ်ကြည့်ပါလားဆိုတာထက် အတူတူလုပ်ကြည့်မယ်၊ဒီမှာကြည့်၊ ဒီလိုလေးလုပ် ဆိုတာမျိုးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး မိသားစုအပေါ် ပိုပြီး သံယောဇဉ်တွယ်လာအောင် ဘယ်လိုအရာတွေ အတူလုပ်ပေးသင့်လဲ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုဝင်တွေလည်း တဖြည်းဖြည်း အလုပ်များလာပြီး စိမ်းလာတတ်ကြပါတယ်။ လူကြီးတွေက ကိုယ့်အလုပ်ကိစ္စနဲ့ ကိုယ် ရှုပ်နေတဲ့အချိန်မှာ ကလေးကို ဂရုမစိုက်မိပဲ ပစ်ထားသလို ဖြစ်တတ်ပါတယ်။ ကြာလာလို့ ကိုယ့်ကလေးကများ မိသားစုတွေအပေါ် စိမ်းသွားမလား၊ ချစ်ခြင်းမေတ္တာတွေ လျော့သွားမလားဆိုပြီး စိုးရိမ်နေရင်တော့ ဒီလိုအရာလေးတွေ အတူတကွ လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ၁။ မိသားစုအတွက် အချိန်ပေးပါ။ အလုပ်ကိစ္စတွေ၊ နေ့စဉ် ရုံးတာဝန်တွေကြောင့် မိသားစုအပေါ် ဂရုမစိုက်မိနိုင်တော့တဲ့အထိ အလုပ်များနေပြီဆိုရင် ကိုယ့်ရဲ့ အားလပ်ချိန်ကို သေချာသတ်မှတ်ထားသင့်ပါပြီ။ ကိုယ့်ရဲ့ အားလပ်ချိန်ကို ကိုယ့်ရဲ့ မိသားစုနဲ့ အတူကုန်ဆုံးခြင်းက မိသားစုကြား ရင်းနှီးချစ်ခင်မှုကို တိုးတက်စေနိုင်သလို ကိုယ်ဟာ သူတို့အပေါ်မှာ အလေးအနက်ထားတယ်ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာအလုပ်ချိန်ကနေ မိသားစုအတွက် အချိန်ကို သီးသန့်ဖယ်ထားပေးပါ။ ၂။ လေ့ကျင့်ခန်း အတူလုပ်ပါ။ နေသာတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အသီးအရွက်ဆို ကြေးများကြတဲ့ ကလေးတို့အတွက် မေမေတို့ ဒီလိုကြိုတင်ပြင်ဆင်သင့်ပါတယ်။ ။

ကလေးတွေ အသက်၂ နှစ်ကျော်ပြီဆိုတာနဲ့ အစားအသောက်တွေကို အာဟာရ မျှတအောင် ကျွေးဖို့ဆိုတာမေမေတို့ တတ်ထားသင့်တဲ့ ပညာတစ်ခုပါ။ အသီးအရွက်ဆိုကြေးများတတ်တဲ့ ကိုယ့်ကလေး မစားစားချင်အောင် ပြင်ဆင်ဖို့ဆိုတာ အရမ်းအရေးကြီးတဲ့အရာပါ။ ဒီတော့ ကလေးတွေ အသက်၂ နှစ်ကျော်လာပြီဆိုတာနဲ့ အသီးအရွက်ဆို ကြေးမထူရအောင် မေမေတို့ အနေနဲ့ ဒီလိုမျိုးလေးတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ၁။ ငယ်စဉ်ကတည်းက အသီးအနှံတွေ အကြောင်း သင်ပေးပါ။ ။ အသီးအနှံတွေပါတဲ့ ဓာတ်ပုံတွေကို ထမင်းစားခန်းထဲ ချိတ်ထားပြီး ထမင်းကျွေးတိုင်း ကလေးကို အသီးတွေနဲ့ စတင်မိတ်ဆက်ပေးပါ။ အသီးတွေ အကြောင်း ကလေးနဲ့ အမေးအဖြေလုပ်တမ်း ကစားပါ။ဒါကဘာသီးလေးလဲလို့မေးပြီး ကလေးက ပြန်ဖြေနိုင်ရင် တော်လိုက်တာဆိုပြီး ချီးကျူးပေးပါ။ ၂။ ပုံတွေ ဆွဲခိုင်းပါ။ ကလေးတွေဆိုတာ ပုံဆွဲတာကို အင်မတန်မှ ကြိုက်နှစ်သက်သူတွေပါ။ ဒါကြောင့် ကိုယ့်ကလေး အသက် ၂ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေး ဟင်းသီးဟင်းရွက်တွေ စားချင်စိတ်ရှိလာအောင် ဘယ်လိုလုပ်ပေးရမလဲ။

အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ဆိုတာ ကျန်းမာရေးအတွက် ကောင်းမှန်းလူတိုင်းသိကြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့သူတွေကများနေတော့ ခက်သား။ လူကြီးတွေတောင်မှ မကြိုက်ကြတာ ကလေးတွေဆို ပိုဆိုးတာပေါ့။ ထမင်းကိုတောင်မှ မနည်းချော့ကျွေးနေရတဲ့ ကလေးတွေ အသီးအရွက် စားဖို့ဆိုတာ မေမေတို့အတွက်တော့ စိန်ခေါ်မှုကြီးတစ်ရပ်ပါပဲ။ အာဟာရ အုပ်စုကြီး ၃ ခုကလည်း မျှတအောင် အစားအသောက်တွေပြင်ဆင်ပေးရမယ်ဆိုတော့ မေမေတို့ အနေနဲ့ ကိုယ့်ရဲ့ ကလေးတွေကို အသီးအရွက်ကျွေးမှကို ရမှာပါ။ ဒါကြောင့် အစားအသောက်ကြေးများတဲ့ ကလေးတွေ အသီးအရွက်ဆိုစားချင်စိတ်ရှိလာအောင် မေမေတို့အနေနဲ့ ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ကလေးတွေက ဟင်းသီးဟင်းရွက်တွေ စားဖို့ လိုအပ်တာလဲ။ ။ ကလေးတွေ အနေနဲ့ ကိုယ်ခန္ဓာကြီးထွားစေတဲ့ အစာအစားတွေ၊ အင်အားဖြစ်စေတဲ့ အစားအစာတွေပဲ စားရင်မရဘူးလားလို့ မေးစရာရှိပါတယ်။ ကလေးတစ်ယောက်က ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေတဲ့ အစာအုပ်စုကို အဓိက ထားစားရမှာ မှန်ပေမယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း