ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးရဲ့သွား ကျန်းမာကြံ့ခိုင်စေမယ့် အာဟာရ (၆) မျိုး

သွားပုံမှန်တိုက်ပေးရုံနဲ့ ကလေးတွေရဲ့သွားကျန်းမာရေးအတွက်ပြီးပြည့်စုံပြီလို့ မထင်လိုက်ပါနဲ့။ ဖွံ့ဖြိုးနေဆဲ ခန္ဓာကိုယ်လေးတွေအတွက်က အာဟာရညီညွတ်မျှတတဲ့ အစားအသောက်တွေလည်း အဓိကလိုအပ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေနဲ့ အမူအကျင့်ကောင်းလေးတွေပေါင်းစပ်လိုက်တဲ့အခါ သွားအတွက်တင်မကဘဲ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ကလေးရဲ့သွားတွေ ကျိုးပဲ့၊ သွားပိုးစားနေလည်း ငယ်သွားတွေပဲ၊ သွားအသစ်ပြန်ပေါက်လာလိမ့်မယ် ဆိုပြီး မတွေးလိုက်ပါနဲ့။ ငယ်သွားလေးတွေကို ဂရုမစိုက်ဘဲ ပစ်မထားပါနဲ့။ သွားဖုံးရောဂါဖြစ်လာခဲ့ရင်နောက်ပိုင်း သွားကျန်းမာရေးမှာလည်း ထိခိုက်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရှိလာတတ်ပါတယ်။ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအသောက်များ ကလေးရဲ့စားသောက်ပုံအာဟာရမှာ ဒီအစားအစာတွေကို ထည့်သွင်းပေးသင့်ပါတယ် - ပန်းသီး ပန်းသီးက သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ ပန်းသီးနဲ့ အမျှင်ဓာတ်များတဲ့ တခြားကြွပ်ရွတဲ့သစ်သီးတွေက သွားမှာကပ်ငြိနေတဲ့ သွားချေးတွေကို ပွတ်တိုက်ဖယ်ရှားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိနိုင်တဲ့အပြင် ကျန်းမာရေးနဲ့ညီတဲ့ သရေစာလည်းဖြစ်ပါတယ်။ ဥ အမျိုးမျိုး ကြက်ဥ၊ဘဲဥတွေမှာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ ဗီတာမင် D တို့ကို ရရှိနိုင်တဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။ အရိုးနဲ့သွား ကျန်းမာရေးအတွက် […]


ကလေးငယ်အာဟာရ

အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

အရွယ်ရောက်လာလေလေ အာဟာရလိုအပ်ချက်ပိုများလာလေလေပါ။ အသက် ၆ လအထိက မိခင်နို့ရည်တစ်မျိုးတည်းနဲ့လုံလောက်တယ်ဆိုပေမယ့် ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့အပြင် ဖြည့်စွက်အာဟာရတွေပါ တွဲဖက်ကျွေးဖို့ လိုအပ်လာပါပြီ။ ဒီလိုတဖြည်းဖြည်းချင်း အသက်ရလာလေလေ လိုအပ်တဲ့အာဟာရပြည့်မီအောင်ဖြည့်တင်းရင်းနဲ့ ကလေးကို အစားအစာတွေကို စမ်းကျွေးလာရပါတယ်။ ဒီလိုကျွေးတဲ့အခါမှာလည်း ကလေးက ငယ်လွန်းသေးတာကြောင့် လူကြီးတွေစားတဲ့အတိုင်းကျွေးလို့ မဖြစ်သေးပြန်ပါဘူး။ ဒီနေရာမှာ မေးစရာရှိလာတာတစ်ခုက ကဲ ဒီတော့ အစားစစားတတ်စ ကလေးကို ဘယ်လိုများပြင်ဆင်ကျွေးမွေးရမလဲပေါ့။ ပြောပြမယ်လေ ...... ကလေးကို ဘယ်အချိန်မှာ အစားစကျွေးမလဲ ကလေးက ၆ လကျော်လာပြီဆိုရင် ကလေးကို အစားစကျွေးလို့ရပါပြီ။ ကလေးကိုဖြည်းဖြည်းချင်း နည်းနည်းချင်းစကျွေးဖို့တော့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ ကလေးရဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ဗီတာမင် သတ္တုဓာတ်တွေ ပြည့်ပြည့်စုံစုံပါဝင်အောင် ဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။နောက်တစ်ချက်ကတော့ ကလေးကို စကျွေးမယ့်အစားအစာတွေက အစာကြေလွယ်မယ့်ခပ်ပျော့ပျော့အစားအစာတွေဖြစ်ဖို့လိုအပ်မှာပါ။ ကလေးကိုစကျွေးစမှာ ဇွန်းတစ်ဝက်စာလောက်လေးကနေစပါ။ပြီးမှ တဖြည်းဖြည်းချင်းတိုးကျွေးသွားပေါ့။ ကလေးက အစားစစားချိန်မှာ မျိုချဖို့အခက်အခဲရှိနေမှာပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနှင့် နို့အာဟာရတိုက်ကျွေးခြင်း

ကလေးမေမေတွေ မကြာခဏ မေးတတ်တဲ့ ပြဿနာတွေထဲမှာ ကလေးကို တစ်နေ့ဘယ်နှကြိမ် နို့တိုက်သင့်လဲ၊ တစ်ခါတိုက်ရင် ဘယ်လောက်ပမာဏ တိုက်သင့်လဲ၊ ကလေးက နို့ဆာပြီဆိုရင် ဘယ်လိုပြုမူတတ်လဲ အစရှိတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်။ ကလေးကို တစ်နေ့ ဘယ်နှကြိမ် နို့အာဟာရတိုက်ကျွေးသင့်လဲ။ ကလေးမွေးပြီး ပထမလမှာ ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေအတွက် မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတာကြောင့် ဗိုက်အဆာမြန်တယ်။ အဲ့တော့ မေမေတွေအနေနဲ့ မိခင်နို့ကို ပိုပြီး တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မကြာခဏနို့တိုက်ရတဲ့ မေမေတွေမှာ နို့ထွက်အားလည်း ပိုကောင်းလာပါတယ်။ မိခင်နို့တစ်မျိုးတည်းကိုသာ သောက်သုံးတဲ့ ကလေးတွေ အသက် ၁လ ကနေ ၂လ အရွယ်မှာ တစ်နေ့ကို ၇ကြိမ်ကနေ ၉ကြိမ်ထိ နို့တိုက်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲကနေ ၃နာရီခြား […]


ကလေးငယ်ပထမနှစ်

Sunken fontanelle (ငယ်ထိပ်ချိုင့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်ငယ်ထိပ်ချိုင့်ခြင်းဆိုတာဘာလဲ။ ကလေးတွေဟာ Fontanelles များစွာဖြင့် မွေးဖွားလာပါတယ်။ ယင်းတို့ကို ငယ်ထိပ်လို့အခေါ်များကြပါတယ်။ မွေးလမ်းကြောင်းကို ဦးခေါင်းဖြတ်တဲ့အချိန်မှာ ကျုံ့နိုင်ဆန့်နိုင်စေဖို့ ထိုငယ်ထိပ်တို့က အရေးပါပါတယ်။ ထိုစွမ်းရည်ကပဲ ကလေး၁နှစ်သားလောက်မှာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ကို ကြီးထွားစေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ငယ်ထိပ်တို့ကို ဦးခေါင်းထပ်ပိုင်း၊ နောက်ပိုင်းနဲ့ ဘေးဘက်ပိုင်းတို့မှာ တွေ့ရှိနိုင်ပါတယ်။ ကလေးဦးခေါင်းခွံပေါ်မှာရှိတဲ့ ငယ်ထိပ်အရည်အတွက် သူတို့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်နေပါတယ်။ ဦးခေါင်းနောက်ဘက်ရှိ ငယ်ထပ်က ၁လသား၊၂လသားလောက်မှာ ပျောက်ကွယ်သွားပါတယ်။ ထိုအရာကို သင်ခံစားနိုင်မှာမဟုတ်သလို၊ မြင်နိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းထပ်ဘက်ရှိ ငယ်ထိပ်ကတော့ အသက်၇လနဲ့ ၁၉လကြားလောက်ထိ မပိတ်ဘဲရှိနေတတ်ပါတယ်။ ကလေးရဲ့ငယ်ထိပ်ဟာ အတော်အသင့်တင်းပြီး ကွေးသွားကာ အတွင်းသို့အနည်းငယ်ချိုင့်နေရပါမယ်။ အတွင်းကို အရမ်းချိုင့်နေတဲ့ ငယ်ထပ်ကို Sunken Fontanel လို့ခေါ်ပါတယ်။ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သော်လည်း များသောအားဖြင့် ကုသရ လွယ်ကူပါတယ်။ ငယ်ထိပ်ချိုင့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုကျွေးတဲ့ အစာအာဟာရထဲမှာ ဒါတွေမဖြစ်မနေပါသင့်ပါတယ်

ကလေးတစ်ယောက်ကျန်းမာဖို့ တာဝန်အရှိဆုံးသူက ဘယ်သူများဖြစ်မလဲ။မေမေလေ။ ဒါကကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ အများဆုံးကြားရတဲ့ စကားတစ်ခွန်းနော်။ ကလေးကကောင်းတာလုပ်ရင်သာ မေမေတော်လို့လို့မပြောတာ၊ တစ်ခုခုအဆိုးဘက်ရောက်မယ်၊ပြုစုထိန်းသိမ်းရမယ်ဆိုတဲ့အချိန်မျိုးမှာ အများဆုံးပြောတတ်ကြတာက ဒါက အမေလုပ်သူကသေချာမကိုင်တွယ်မစီမံတတ်လို့ဆိုတာချည်းပါပဲ။ ဒီတော့ ကလေးဖွံ့ဖြိုးမှုနှေးတာကိုယ်ကြောင့်လို့အပြော မခံရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ သားရှင်မိတို့ရေ။ ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန် နဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်တာလောက်ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးကြီးထွားဖို့အတွက် မပါမဖြစ်ပါသင့်တဲ့ အာဟာရဓါတ်တွေ ကလေးကြီးထွားဖို့အတွက်ကနေ့စဉ်ကျွေးမွေးတဲ့အစားအသောက်ထဲမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အကောင်းဆုံးနို့မှုန့် ရွေးချယ်နည်းလမ်းညွှန်

မိဘတိုင်းရဲ့ ဆန္ဒက သူတို့ရဲ့ ကလေးကို အကောင်းဆုံးဆိုတဲ့အရာတွေပေးချင်တာပါ။ ဒီခံစားချက်က မိဘတွေပဲပိုနားလည်မယ်ထင်ပါတယ်။ ကလေးနေရထိုင်ရသက်သာဖို့၊ စားရသောက်ရအဆင်ပြေစေဖို့က အမြဲဖြစ်စေချင်တဲ့ဆန္ဒလေနော်။ ဒီတော့မွေးလာချိန်ကနေစလို့ အရွယ်ရောက်တဲ့အထိ အကောင်းဆုံးသောအရာတွေပဲပေးချင်တဲ့မေမေဖေဖေတို့အတွက် ကလေးကို နို့မှုန့်အကောင်းဆုံးဘယ်လိုရွေးချယ်ပေးမလဲပြောပြမယ်နော်။ အရင်ဆုံးနို့မှုန့်အမျိုးအစားတွေပြောပြပေးမယ်နော်။ နို့မှုန့်အမျိုးအစားတွေက ဘာတွေလဲ နို့မှုန့်တွေက အဓိကအားဖြင့်တော့ ၄ မျိုးရှိနေပါတယ်။ ဒါတွေကတော့ နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့နို့မှုန့် hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့် ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် တို့ပဲဖြစ်ပါတယ်။ ကလေးကိုနို့မှုန့်မတိုက်ခင်မှာ အသင့်တော်ဆုံးဖြစ်မယ့်အရာကိုရွေးချယ်ဖို့ကတော့မေ့ထားလို့မဖြစ်တဲ့အချက်ပါနော်။ အကောင်းဆုံးနို့မှုန့်ဖြစ်ဖို့ ဘာတွေ သတိထားရမလဲ ကလေးက လူကြီးတွေလို စားချင်တာကို ဘာစားချင်တယ်လို့ မပြောပြနိုင်သေးသလို အစားအစာတွေကို မစားသုံးတတ်သေးပါဘူး။ ဒီတော့ သူတို့အတွက် အဓိကအားထားစရာကမေမေ့ နို့ရည်ပါ။ပြီးတော့နောက်တစ်ခုက နို့မှုန့် နဲ့ဖြည့်စွက်စာပါ။ ဒါတွေကလည်းမေမေဖေဖေစီမံပေးတဲ့အတိုင်း စားကြရတာလေ။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံးဖြစ်မှာကိုရွေးရမှာက ကိုယ်တွေ မိဘတွေရဲ့တာဝန်ပေါ့။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အလုပ်များတဲ့မေမေတွေရဲ့ ကလေးအာဟာရအတွက် ရွေးချယ်မှု

ကလေးကို ထမင်းစကျွေးနေပြီဆိုရင် လိုအပ်တဲ့အာဟာရဓါတ်တွေအကုန်ပါဝင်စေဖို့ အမြဲအာရုံစိုက်နေရတာ မိခင်တွေပါ။ ကြီးထွားဖွံ့ဖြိုးကာစအရွယ်မှာ အာဟာရဓါတ်အလုံအလောက်မရရင် မဖြစ်လို့ လိုအပ်ချက်မရှိအောင် ကလေးရဲ့အစားအသောက်ကနေ ဖြည့်ဆည်းရပါတယ်။ အချိန်ရတဲ့ မေမေတွေက ကလေးအတွက် အာဟာရပြည့်မယ့် ဟိုမုန့်လေးကိုယ်တိုင်လုပ်ကျွေးလိုက်၊ ဒီစားစရာလေးလုပ်ပေးလိုက်နဲ့ အသေးစိတ်လုပ်ပေးနိုင်ပေမယ့် အလုပ်များတဲ့ မိခင်တွေအတွက်တော့ ကလေးကိုအပြင်က ကောင်းနိုးရာရာလေးတွေဝယ်ကျွေးတာများပါလိမ့်မယ်။ ဘယ်လောက်နာမည်ကြီးတဲ့ အစားအစာဖြစ်ပါစေ၊ ဒီအရွယ် ကလေးအတွက် အာဟာရထက် အဆီတွေ၊ ကိုလက်စထရောတွေ၊ အချိုများတာတွေလိုမျိုး ဆိုးကျိုးပေးမယ့်အရာတွေ ပါဝင်မှုများနေနိုင်ပါတယ်။ ဒါဆို ဘာလုပ်ရမလဲ။ ကိုယ်လည်းအချိန်မပေးနိုင်၊ ကလေးအာဟာရနဲ့ ပတ်သက်ပြီးလည်း သိပ်မသိတဲ့အနေအထားမှာ စိတ်ပူလာတဲ့ မိဘတွေရဲ့ခံစားချက်က ဆိုးပါတယ်။ ဒါပေမယ့် ရိုးရိုးကလေးနို့မှုန့်မဟုတ်ဘဲ ကလေးကြီးထွားဖွံ့ဖြိုးမှုအထောက်အကူပြုမယ့်နို့မှုန့်တွေ ရှိတာကြောင့် ပူစရာမလိုတော့ပါဘူး။ ဒီလိုနို့မှုန့်တွေက အစားစစားကာစအရွယ် ကလေးတွေမှာလိုအပ်မယ့် အာဟာရဓါတ်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြင် အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ LcFOS ၊ ဦးနှောက်နဲ့အမြင်အာရုံကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာ (၇)မျိုး။

ကိုယ့်ကလေးကို သူများတွေထက်၊ ပိုထွားစေချင်တာ ၊ ဉာဏ်ပိုကောင်း အာဟာရပိုပြည့်စေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းက ဆန္ဒပါ။ ကလေးအသက်၂ နှစ်ကျော် လူကြီးစားတဲ့ အစာကျွေးလို့ရတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ ကိုယ့်ကလေး အာဟာရပြည့်ပါစေဆိုတဲ့ စိတ်နဲ့ မေမေတို့ စကျွေးပါပြီ။ ကလေးက အစားမက်တဲ့သူဖြစ်လို့ကတော့ ပွဲပြီးပြီပေါ့။ ကလေးစားရင် ပြီးရောဆိုပြီး ကလေးနဲ့ တည့်တာ မတည့်တာ မစဉ်းစားတော့ဘဲ ရှိသမျှ အကုန်ကျွေးပါတော့တယ်။ ခက်တာက လူကြီးစားတဲ့ အစားအသောက်တိုင်းက ကလေးနဲ့ မတည့်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်စေတနာကြောင့် ကလေးကို ဝေဒနာတွေ မပေးမိစေဖို့ ကလေးအတွက် မကောင်းတဲ့ အစားအသောက် ၇ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့အစားအစာ။ ။ ၁။ ပျားရည် သိမ်းထားတာ ကြာတဲ့ ပျားရည်မှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတစ်လေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျန်းမာရေးအစ သန့်ရှင်းတဲ့အစားအသောက်က။ ။

စိတ်ချ လုံခြုံရတဲ့ အစားအသောက်တစ်ခုဆိုတာ အချက် ၂ ချက်နဲ့ ပြည့်စုံရပါမယ်။ အာဟာရလည်း ပြည့်ဝရမယ်၊ ရောဂါပိုးတွေကနေလည်း ကင်းဝေးရပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ဝတဲ့ အစားအသောက်တွေကို ဖန်တီးပြီး ကိုယ့်ကလေးကို ကျန်းမာအောင်လုပ်ဖို့က မေမေတို့ တတ်အပ်တဲ့ ပညာတွေပါ။ ကျန်းမာစေချင်လို့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးကာမှ ရောဂါပိုးတွေ ကလေးကိုယ်ထဲထည့်ပေးမိသလို မဖြစ်စေဖို့ ခုအကြံပေးထားတဲ့ အချက် ၅ ချက်ကို မေမေတို့ သိထားဖို့လိုတယ်နော်။ ။ အစားအသောက်တွေ ဘာကြောင့်သန့်ရှင်းဖို့ အရေးကြီးတာလဲ။ ။ အစားအသောက်တွေဆိုတာ အပြင်ကပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုပါ။ ရောဂါပိုးတွေက အဲ့ဒီ လမ်းကြောင်းကနေ အများဆုံးဝင်နေတာပါ။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေ သန့်ရှင်းနေဖို့ဆိုတာ အိမ်ရှင်မတွေဖြစ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသမီးပျိုးထောင်နည်းမှန်ကန်စေဖို့ ဒါလေးတွေမမေ့ပါနဲ့

သားသမီးရတနာရလာပြီးတဲ့အခါ အရင်ကလို စိတ်ကူးနဲ့ပျော်နေရုံနဲ့မပြီးတော့ပါဘူး။ မိဘရဲ့တာဝန်ဝတ္တရားတွေထဲမှာကျွေးမွေးစောင့်ရှောက်တာ၊ ချစ်ခင်ကြင်နာပေးတာအပြင် ဘက်ပေါင်းစုံက ဟာကွက်မရှိအောင် ဂရုစိုက်ပျိုးထောင်ပေးဖို့ ပါဝင်ပါတယ်။ ဘာမဆို လိုလေသေးမရှိအောင် လုပ်ပေးတယ်ထား၊ ကိုယ်ပျိုးထောင်တဲ့နည်းလမ်းလွဲနေရင် ကလေးရဲ့တိုးတက်မှု၊ဖွံ့ဖြိုးမှုတွေမှာ ဖြစ်သင့်သလောက်ဖြစ်မလာတော့ပါဘူး။ အလိုလိုက်တိုင်းမကောင်းသလို စည်းကမ်းတင်းကျပ်တိုင်းလည်း မကောင်းတဲ့အတွက် ကလေးတွေကို ကြီးပြင်းလာတဲ့အထိစောင့်ရှောက်ပျိုးထောင်ရာမှာ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ကျန်းမာထက်မြက်တဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်ဖို့ ငယ်စဉ်တည်းက ဂရုစိုက်သင့်တဲ့အချက်လေးတွေ ဖေဖေမေမေတို့ မေ့နေမှာစိုးလို့ သတိပေးလိုက်ပါတယ်နော်။ ကလေးကိုနေ့တိုင်း ကစားချိန်အလုံအလောက်ပေးပါ ကစားချိန်ပေးတယ်ဆိုတာ တီဗီဖွင့်ထားပေးတာ၊ ဂိမ်းပေးကစားထားတာ မဟုတ်ဘူးနော်။ အိမ်ထဲမှာ သို့မဟုတ်ခြံထဲမှာ အန္တရာယ်ကင်းအောင်ကာကွယ်ထားတဲ့ ပတ်ဝန်းကျင်ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ်ပေးကစားတာကို ဆိုလိုပါတယ်။ ထိခိုက်စေမယ့်အရာတွေဖယ်ထားတာအပြင် ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ပေါ့။ ကလေးပီပီပြေးလွှားဆော့ကစားနေတာ၊ ကစားစရာတွေနဲ့ဆော့နေတာက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကိုမွေးမြူသလိုဖြစ်စေပါလိမ့်မယ်။ ကလေးကို တစ်ချိန်လုံး ချီပွေ့ထားတာ၊ အငြိမ်ကစားခိုင်းတာ၊ ထိမိမှာချော်လဲမှာစိုးလို့ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပေးတာတွေက သန်မာမှု၊ ဖွံ့ဖြိုးမှု၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း