ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝမှု

အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ကလေးတွေကို ငယ်ရွယ်စဉ်ကနေ ကြီးလာတဲ့အချိန်ထိ အကျိုးသက်ရောက်မှု များစွာ ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုံလင်စွာ စားသောက်မယ်၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံကို မိဘတွေက သေချာလေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကလေးတွေအတွက် သာယာပျော်ရွှင်ပြီး ကျန်းမာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရစေမှာ အသေအချာပါပဲ။ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကလေးတွေဟာ အာဟာရဖြစ်စေတဲ့ အစားအစာထက် အချိုများတဲ့ အစားအစာတွေ၊ အဆီအဆိမ့်များတဲ့ အသင့်စား အစားအစာတွေကို ပိုမိုစားလာကြပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့ အာဟာရဓါတ်တွေ မရရှိတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှု နည်းလာကြတဲ့အခါမှာ အဝလွန်လာတယ်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အလုံအလောက် မရတဲ့အပြင် ကလေးတွေမှာ လေးလံထိုင်းမှိုင်းပြီး စာတွေကို ကောင်းကောင်းမလိုက်နိုင်တော့ပါဘူး။ […]


ကလေးငယ်အာဟာရ

ကလေးက အစားစစားဖို့ အသင့်ဖြစ်ပြီလား

ကလေးက နို့စို့အရွယ်ပဲရှိသေးတယ်။ တစ်ခုခုစားရင် ကလေးကရောကြိုက်မလားဆိုပြီးတွေးမိတယ်၊ကျွေးချင်တယ်ဟုတ်။ ဒါက ကလေးကိုချစ်တဲ့မေမေ၊ တီတီလေးနဲ့ဖွားဖွားတို့မှာဖြစ်တတ်တဲ့ ခံစားချက်ပေါ့။ ကလေးကငယ်သေးရင် မခွံ့လိုက်ဖို့ပြောပါရစေ။ ကလေးတစ်ယောက်ကမွေးကင်းစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ ၆ လနောက်ပိုင်းမှာတော့ မိခင်နို့အပြင်ဖြည့်စွက်စာတွေကိုပါကျွေးလို့ရပါပြီ။ ကလေးတိုင်းကိုတသမတ်တည်းတော့ မှတ်ထားလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုပုံစံချင်းက မတူဘူးလေ။ ဒီတော့ ၆ လကျော်ရင်ဖြည့်စွက်စာကျွေးလို့ရပြီဆိုပေမယ့် ကလေးကို အစာကျွေးလို့ရပြီလားဆိုတာသေချာသိချင်မိတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။ ကလေးမှာ ဒီလိုတိုးတက်မှုလေးတွေရှိရင် အစာစစားဖို့ အသင့်ဖြစ်ပါပြီ ကလေးတွေကို အစောဆုံးအနေနဲ့ဆိုရင်တောင် အသက် ၆ လပြည့်ပြီးမှကျွေးပေးရပါမယ်နော်။ ဒီထက်စောပြီး မကျွေးသင့်ပါဘူး။ရေတာင် မတိုက်သင့်ပါဘူး။ တကယ်လို့ကလေးမှာ အခုလိုတိုးတက်မှုလေးတွေတွေ့ရပြီဆိုရင်တော့ ကလေးကို မိခင်နို့အပြင်ဖြည့်စွက်စာတွေပါကျွေးလို့ရပြီဆိုတာသေချာပါပြီ။ ကလေးကခေါင်းမတ်လာနိုင်ပြီ - ကလေးက လူကြီးအကူအညီမလိုဘဲ သူ့ခေါင်းကို ဟန်ချက်ညီညီထိန်းနိုင်ပြီဆိုရင် ကလေးက အစားအသောက်စစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရပါမယ်။ မတ်မတ်ထိုင်နိုင်ပြီ - ကလေးကခုံပေါ်မှာဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာဖြစ်ဖြစ် သူ့ကိုယ်သူထိန်းနိုင်ပြီး […]


ကလေးငယ်အာဟာရ

ကလေးနို့ဘူး ဘယ်လိုဖျော်မလဲ

အာဟာရနို့မှုန့်တွေဟာ ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ဆည်းပေးဖို့ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိခင်နို့မသောက်သုံးရတဲ့ကလေးတွေ ဒါမှမဟုတ် မိခင်နို့အဓိကတိုက်ကျွေးပေမယ့် အလုပ်များတဲ့အချိန် နို့ဘူးနဲ့ထားခဲ့ရတဲ့ ကလေးတွေအတွက် အထူးသဖြင့် တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် နို့မှုန့်ကို ရေနဲ့ဖျော်၊ နို့ဘူးထဲထည့်ပြီး ကလေးကို တိုက်လိုက်ရုံနဲ့ ရပြီလား။ မဟုတ်ပါဘူးနော်။ နုနယ်တဲ့ကလေးတွေအတွက်က အသေးစိတ်ဂရုမစိုက်ဘဲဆိုရင် အာဟာရအပြည့်အဝမရနိုင်တဲ့အပြင် မလိုလားအပ်တဲ့ရောဂါပိုးတွေကိုပါ အပိုဆုအဖြစ် ရသွားနိုင်ပါတယ်။ နို့ဘူးဖျော်ဖို့၊ နို့ဘူးတိုက်ဖို့နဲ့ပတ်သက်ပြီး ကလေးကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်တွေကို ဒီမှာဖော်ပြပေးချင်ပါတယ်။ နို့ဘူးဖျော်နည်းအဆင့်ဆင့်လည်း ပါတာပေါ့လေ။ အခုမှ သားဦး သမီးဦးမွေးဖွားထားတဲ့မေမေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ အဆင့် (၁)။ ။နို့ဘူးဖျော်ဖို့ရေနွေးအရင်တည်ပါ (ဆူထားပြီးသားရေနွေးအဟောင်းတွေ မသုံးပါနဲ့)။ အဆင့် (၂)။ ။ဆူပြီးရင်ရေနွေးကို မိနစ် ၃၀လောက်ပဲ ခပ်နွေးနွေးအနေအထားထိ အအေးခံပါ။ အဆင့် (၃)။ ။ဘာမှ မလုပ်ခင်လက်ကို စင်အောင်ဆေးပါ။ အဆင့် (၄)။ ။နို့ဘူး၊ နို့သီးခေါင်း၊ အဖုံး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးထွားဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား

ကလေးထွားဖို့ ဖွံ့ဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား ။ အားဆေးတွေတိုက်ကျွေးနေမှ ကလေးက ဉာဏ်ရည်ထက်မြက်ပြီး ဖွံ့ဖြိုးလာမှာလား။ ဒီပြဿနာရဲ့ အဖြေလေးကို ပြောပြချင်ပါတယ်။ မိဘဆိုတာမျိုးက ကလေးကို လေးလံထိုင်းမှိုင်းနေတာ၊ အမြဲလိုလိုဖျားနာနေတာထက် ထင်တိုင်းကြဲပြေးလွှားဆော့နေတာကို ပိုသဘောကျတယ်ဟုတ်။ ကလေးကို ကြီးထွားစေချင် ကျန်းမာချင်တာက မိခင်တိုင်းရဲ့ ဆန္ဒပါ။ ကလေးက မစားဘူးလို့ ငြင်းနေမှာထက် ဘာလာလာစားတာကို ပိုသဘောကျမှာပေါ့နော်။ မတည့်တာတွေကလွဲလို့ပေါ့။ ကလေးက အစားတွေကို စားဖို့ငြင်းဆန်နေတဲ့အခါ မေမေတို့ပြေးမြင်တာက ကလေးအစားစားချင်စိတ်ရှိလာအောင် တိုက်လို့ရတဲ့ အားဆေးဆိုတာမျိုးတွေကိုပေါ့။ အားဆေးတိုက်ဖို့ စဉ်းစားနေတယ်ဆိုလည်း ဒီဆောင်းပါးလေးကို အရင်ဆုံးအောင်ဖတ်ပြီးမှာ ဆုံးဖြတ်ဖို့ပြောပါရစေနော်။ ကလေးကို အားဆေးမဖြစ်မနေတိုက်ရမှာလား ကလေးကို မိခင်နို့တိုက်တဲ့အရွယ်မှာကတည်းက အားဆေးတိုက်ကြတာရှိပါတယ်။  အသက်၆လအထိ နို့စို့တဲ့အရွယ်မှာ မိခင်နို့ကလွဲပြီး ဘာမှတိုက်စရာ မလိုပါဘူး။ မိခင်ကအာဟာရတွေပြည့်ဝအောင် စားသုံးပေးမယ်ဆိုရင် ကလေးက ပုံမှန်ကြီးထွားမှုဖြစ်စဉ်တွေအတိုင်း ကြီးထွားလာမှာပါ။ ပတ်ဝန်းကျင်က ဒီဆေးလေးတိုက်တာ ကလေးက ဘယ်လိုအစားတွေ စားတယ် […]


ကလေးငယ်ပထမနှစ်

အသက်အရွယ်အလိုက်ကလေးတစ်ယောက်ဖွံ့ဖြိုးမှုတွေနဲ့ မိဘတွေဘက်က သင်ပေးသင့်သည်များ ။

ကလေးဆိုတာကလည်း မွေးဖွားပြီးအပြင်ရောက်လာတာနဲ့ ငယ်တဲ့ အရွယ်မှာပဲ အမြဲတမ်း တန့်မနေပါဘူး။ သူ့အသက် အပိုင်းအခြားအလိုက် ဖွံဖြိုးလာမယ်။ ပတ်ဝန်းကျင်ကို စူးစမ်းမယ်။ လေ့လာသင်ယူမယ်။ ကြီးထွားဖွံ့ဖြိုးမှု စံနှုန်းတွေက ကလေးတိုင်းမှာ ပုံသေဖြစ်မနေတဲ့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဖွံဖြိုးမှုတွေက မတူကြပါဘူး။ တချို့ဆို ငယ်ငယ်လေးထဲက စကားတွေ အရမ်းတတ်နေတာ ဖြစ်နိုင်သလို စကားပြောနောက်ကျနေတဲ့ ကလေးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် သူများကလေးက အကုန်တတ်နေပြီး ကိုယ့်ကလေး ဘာမှ မလုပ်နိုင်သေးဘူးဆိုရင် ကိုယ့်ကလေးက ဖွံ့ဖြိုးမှုများနောက်ကျနေတာလားလို့ စိုးရိမ်နေကြတဲ့ မိဘတွေ အတွက် ဒီဆောင်းပါးကို ရည်ရွယ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကလေးတစ်ယောက် မွေးစကနေ အသက် ၃ နှစ်အထိ သူ့အသက်လိုက် ဖွံ့ဖြိုးမှုတွေက ဘာတွေလဲ။ မိဘတွေက ဘာတွေ ပံ့ပိုးပြီး ဘယ်လိုသင်ပေးရမလဲဆိုတာ အဓိကထားပြောပေးမှာပါ။ ကလေးတစ်ယောက် အသက်အလိုက်ဖွံ့ဖြိုးမှု […]


ကလေးအာဟာရချို့တဲ့ခြင်း

ဗီတာမင်မပြည့်ဝတဲ့ ကလေးတွေရဲ့ ကျန်းမာရေးပြဿနာ

ကိုယ်ခန္ဓါ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာရေးပါ ကောင်းစေဖို့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အလုံအလောက်ရရှိဖို့ လိုအပ်ပါတယ်။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓါကြီးထွားဖို့၊ ကျန်းမာရေးကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ဗီတာမင်နဲ့ အာဟာရဓါတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကလေးတွေဟာ နေထိုင်စားသောက်မှု ပုံစံမမှန်တဲ့အတွက် နေ့စဉ် လုံလောက်တဲ့ အစာအာဟာရတွေ မရရှိကြပါဘူး။ ဒီလိုကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်တာ၊ ကျန်းမာရေးချူချာတာ၊ အလွယ်တကူ ဖျားနိုင်တာ၊ ကိုယ်ခံအားနည်းတာအပြင် တခြားဘေးဒုက္ခတွေပါ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်အကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေဆိုတာ။ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ရောဂါဘယ ကင်းရှင်းဖို့အတွက် တစ်နေ့တာ လိုအပ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ငါးကြီးဆီကို ကလေးဘယ်အရွယ်မှာစတိုက်ရမလဲ၊ ဘယ်နှစ်လုံးတိုက်ရမလဲ မသိတဲ့ မေမေတို့အတွက်။ ။

ထမင်းစားပွဲမှာ ကြက်သားဟင်းနဲ့ ငါးဟင်းနှစ်မျိုး ချထားမယ်ဆို ကလေးတွေဘာကို ရွေးစားမယ်လို့ ထင်ပါသလဲ။ ကလေး ၇၅ ရာခိုင်နှုန်းလောက်က ကြက်သားဟင်းကိုပဲ ရွေးကြမှာ အသေအချာပါ။ ဘာလို့လဲဆိုတော့ ငါးက အရိုးများတာက တစ်ကြောင်း၊ ညှီတတ်တာကတစ်ကြောင်းနဲ့ စားလို့မကြိုက်ကြတဲ့ အပြင် ငါးကို ချက်ပြုတ်ဖို့ ကိုင်တွယ်ရတာလည်း အလုပ်ရှုပ်တော့ အိမ်ကသိပ်မချက်တာနဲ့ ကလေးတော်တော်များများက ငါးတွေသိပ်မစားဖြစ်ကြပါဘူး။ တကယ်တော့ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆော်လ်မွန်ငါးတို့ ၊ ဆာဒင်းငါးတို့မှာ လူတို့အတွက် သိပ်ကို အကျိုးပြုတဲ့ Omega 3နဲ့Omega 6 fatty acids တွေ အများကြီးပါပါတာကြောင့် ငါးဆိုတာ စားသင့်တဲ့အရာပါ။ ။ အကျိုးပြု Omega 3နဲ့Omega 6 fatty acids လို့ဘာကြောင့်ခေါ်တာလဲ။ ။ Omega 3နဲ့Omega 6 […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာနွားနို့စတိုက်ကြမလဲ

မနက်ခင်းအေးအေးလေးမှာ နွားနို့ပူပူလေးတစ်ခွက်ကိုသောက်လိုက်ရတာတော်တော်လေးအရသာရှိတယ်နော်။ နွားနို့လို့ပြောလိုက်ရင်ကို သူ့ရဲ့ ချိုစိမ့်စိမ့်အရသာလေးကိုခံစားမိလာပါတယ်။ ဒါကတော့မေမေတွေက ငယ်စဉ်ကတည်းက တိုက်လာခဲ့လို့လေ။ အာဟာရပြည့်တဲ့ အစားအစာကို အရသာရှိရှိလေးစားတတ်အောင် အလေ့အကျင့်လုပ်ပေးခဲ့တာကိုး။ နွားနို့ကသောက်လို့ကောင်းတာသိပေမယ့် ကိုယ်တိုင်မေမေဖြစ်လာတော့ ဘယ်အချိန်မှာ ကလေးကိုနွားနို့တိုက်ရမလဲဆိုတာကိုသေချာမသိပြန်ဘူးနော်။ ဒီပြဿနာလေးကို အခုဆောင်းပါလေးကနေဖြေရှင်းပေးပါရစေ။ ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်မလဲ ကလေးကမွေးစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ မိခင်နို့မနိုင်မှဘဲ တတ်သိနားလည်သူတွေနဲ့တိုင်ပင်ပြီး နို့မှုန့်တိုက်ပေးရမှာပါ။ ကလေးက ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့ နဲ့ နွားနို့၊ဆိတ်နို့တို့ကို အချိုးကျလေးတိုက်လို့ရပါပြီ။ ကလေးကို မိခင်နို့ ၂ ဆ နွားနို့ ၁ ဆလောက်ရောပြီး စတိုက်ကြည့်ပေါ့။ ဒီလိုကနေမှ ကလေးက နွားနို့ကို ခံတွင်းတွေ့မယ်ဆိုရင် ကလေးကို တစ်နေ့ကို နွားနို့ ၂ ခွက်ကနေ ၃ခွက်လောက်အထိတိုက်ပေးလို့ရပါတယ်။ နို့ဗူးအစား နွားနို့ကို အစားထိုးတိုက်ပေးလို့လည်းရပါတယ်။ နွားနို့က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

ကိုယ့်ရင်သွေးကိုကောင်းကောင်းမွန်မွန်ကြီးပြင်းစေချင်တယ်ဟုတ်။ မမွေးခင် မျက်နှာမမြင်ခင်ကတည်းက ကျန်းမာဖို့နေတိုင်းဆုတောင်းခဲ့မှာပါ။ ဒီလောက်ထိအာရုံစိုက်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွားလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးမကြီးထွားဘူးဆိုရင်မေမေတွေဘယ်လောက်တောင်စိတ်ညစ်လိုက်မလဲနော်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်နော်။ ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ် ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖို့လိုအပ်ပါတယ်။ တကယ်လို့ကလေးက ရွယ်တူကလေးတွေလောက် ကြီးထွားဖွံ့ဖြိုးတာမျိုး မရှိဘူးဆိုရင် အာဟာရလိုအပ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ တတ်သိနားလည်တဲ့သူတွေနဲ့ သွားရောက်ပြသဖို့လိုအပ်မှာပါ။ မွေးစကနေ ၁ နှစ်အတွင်း ကလေးတွေကမွေးစကနေ ၁ နှစ်အရွယ်မှာ သာမန်အားဖြင့်က အရပ်အမြင့်က ၂၅ စင်တီမီတာ ရှိရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့

"ကလေးက ထွားလာလိုက်တာနော်၊ သွက်လက်နေတာပဲ"ဆိုတဲ့စကားနဲ့ "ကလေးက ကြည့်ရတာ အားနည်းနေသလိုပဲ၊ ချော်လဲမယ်နော်" ဆိုတဲ့စကား မေမေတို့ ဘယ်ဟာပိုကြားချင်မလဲ။နေမကောင်းတော့ မဖြစ်ပေမယ့် ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ ကြံ့ခိုင်မှုရှိဖို့လည်း လိုပါတယ်နော်။ အားရှိအောင်လို့ဆိုပြီး စားသမျှအကုန်ကျွေးတာမျိုးကလည်း အာဟာရတန်ဖိုးသေချာမချင့်ချိန်ခဲ့ရင် ကလေးမှာအဝလွန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါဆို ကလေးကို လူလည်း ကျန်းမာ၊ အရိုးအဆစ်တွေလည်း ကြံ့ခိုင်သန်စွမ်းဖို့ ဘာတွေသိထားဖို့လိုအပ်လဲ အကြံပေးမယ်နော်။ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့ လိုမှာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့ လိုမှာလေးတွေကတော့ အရိုးအဆစ်တွေအတွက် ဘာတွေက ထောက်ကူအားဖြည့်ပေးသလဲ အရိုး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒေါက်တိုင်တစ်ခုလို အဓိကထောက်ကူပေးဖို့ ပါဝင်အားဖြည့်ပေးနေတဲ့ အာဟာရဓါတ်တွေအများကြီးရှိပါတယ်။ ကယ်လ်စီယမ်က ရှေ့ဆုံးက ဦးဆောင်နေပြီး ဗီတာမင် D၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K တို့ကလည်း အရေးကြီးတဲ့နေရာက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း