ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအစာခြေစနစ်ပြဿနာများ

အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဒီလိုဆက်စပ်နေပါတယ်။ ။

လူ့ကိုယ်ခန္ဓါဆိုတာ ကားနဲ့တူပါတယ်။ မှန်ကန်တဲ့လောင်စာဆီထည့်မှ အင်ဂျင်တွေကောင်းကောင်းအလုပ်လုပ်နိုင်ပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်မှာဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓါလည်း ဒီလိုပါပဲ။ ကိုယ်ခန္ဓါအတွက် မှန်ကန်အကျိုးရှိတဲ့ အရာတွေကို ရွေးစားပေးမှ အားအင်ြပည့်ဝပြီး ရောဂါဘယတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ဒါတွေကို ကြည့်လိုက်တာနဲ့တင် အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဆက်သွယ်မှုရှိနေတယ်ဆိုတာ တွေ့ရမှာပါ။ ။ အစာခြေစနစ်က ဘယ်လို တာဝန်တွေကို ယူရတာလဲ။ ။ အစာခြေစနစ်ကြီးမှာ ပါးစပ်ပေါက်ကနေ စအိုဝအထိတောက်လျှောက်ပါပါတယ်။ လူတို့သက်တမ်းတစ်လျှောက် မရေမတွက်နိုင်အောင်စားတဲ့ အစားအစာတွေကို ဒီစနစ်ကပဲတာဝန်ယူ ခြေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးနေရတာပါ။ မှန်ကန်တဲ့ အစားအသောက်တွေစားမှလည်း လိုအပ်တဲ့အာဟာရတွေကို ရဖို့အတွက် အစာခြေစနစ်က တာဝန်ယူပေးနိုင်မှာပါ။ ခုခံအားစနစ်ရဲ့တာဝန်တွေကရောဘာတွေလဲ။ ။ ခုခံအားစနစ်ကိုတော့ ကိုယ်တွင်းစစ်တပ်ကြီးလို့ပြောလို့ရပါတယ်။ အပြင်ကရောဂါပိုးတွေ ဝင်မလာနိုင်အောင်၊ ဝင်လာခဲ့ရင်လည်း ပြန်ထွက်သွားအောင် တိုက်ထုတ်ပေးရတဲ့ စနစ်ကြီးပါ။ အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဘယ်လိုဆက်စပ်နေတာလဲ။ ။ သောင်းကျန်းသူ ဘက်တီးရီးယားတွေ အများဆုံးရှိတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ

သန္ဓေသားဘဝကနေ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကလေးတွေ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ အစာအာဟာရတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိနိုင်မှ ကလေးတွေ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာမယ်၊ အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းမယ်၊ သက်လုံကောင်းမယ်၊ ကူးစက်ရောဂါ ဝင်ရောက်နိုင်ခြေ နည်းမှာဖြစ်ပါတယ်။ အစာအာဟာရနှင့် ကလေးဦးနှောက်ဉာဏ်ရည် မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင် ပရိုတင်းဓါတ်(အသားဓါတ်) ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။ မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့ အာဟာရြဖစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ

အစားအစာတွေက ခန္ဓာကိုယ်ကို ခွန်အားထောက်ပံ့ပေးတာထက် ပိုတယ်ဆိုတာ အမှန်ပါပဲ။ ဖျားတဲ့နာတဲ့အခါ ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရထားတဲ့အခါ အစားအစာကို မှန်ကန်အောင်စားသောက်ပေးမယ်ဆိုရင် ဖျားနာမှုကို သက်သာစေသလို အနာတွေကိုလည်း ကျက်စေနိုင်ပါတယ်။ အချို့သောအစားအစာတွေက အားဖြစ်စေတယ်ဆိုတာထက်ပိုစေပြီး အအေးမိဖျားနာတာတွေကိုပါ တိုက်ထုတ်ပေးနိုင်တာပါ။ ဒါကြောင့် အဖျားတာတို စေအောင် ကလေးကို ဘယ်လိုကျွေးမွေးရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဖျားနာနေတဲ့ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ ကြက်စွပ်ပြုတ် ဒီအစားအစာက အဖျားသက်သာစေနိုင်တယ်လို့ လူတော်တော်များများလက်ခံထားတဲ့ အစားအစာတစ်ခုပေါ့။ ကြက်စွပ်ပြုတ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်နေတာကြောင့် ဖျားနာနေတဲ့ ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစာကြေလွယ်တဲ့ အစားအစာတစ်မျိုးပေါ့။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်မှာပါ။ အုန်းရည် နေထိုင်မကောင်းတဲ့အခါ ချွေးထွက်တာကြောင့်ဖြစ်ဖြစ်၊ အော့အန်တာကြောင့်ဖြစ်ဖြစ် ရေဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်က မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် မြန်မြန်ကျန်းမာဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေလည်းခံတွင်းသန့်ရှင်းဖို့လိုပါတယ်

သွားတွေပါက်မှ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရမှာလား။ ကလေးဆိုတာ နို့ပဲသောက်တာ ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ မလိုဘူးလို့များတွေးနေလား။ မဟုတ်သေးဘူလေး။ဘေဘီပေါက်စလေးတွေကိုမွေးလာကတည်းကစပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ သွားပေါက်လာတဲ့အခါမှ သွားပိုးစားတာေတွဖြစ်တာပဲဆိုပြီး သွားနဲ့ခံတွင်းကိုစောင်ေ့ရှာက်ပေးဖို့လိုတာမဟုတ်ပါဘူး။ဘေဘီလေးတွေကိုနေ့စဉ် သွားဖုံး၊လျှာနဲ့ ခံတွင်းတွေကို သန့်စင်ပေးမှပေါက်လာမယ့် သွားတွေခိုင်ခန့်ပြီး ခံတွင်းကျန်းမာရေးကောင်းမှာပါ။ ဘေဘီလေးတွေကို ခံတွင်းသန့်ရှင်းရေးလုပ်ဆောင်ပေးမယ်ဆိုရင် မွေးစကနေ ၆ လအထိ ဘေဘီလေးတွေက သွားမပေါက်သေးလို့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေသုံးဖို့တော့ မလိုအပ်သေးပါဘူး။ ဒီတော့ ဘယ်လိုသန့်ရှင်းပေးရမှာလဲလို့တွေးနေလား။ အရင်ဆုံး ကလေးကို လက်ထဲမှာပွေ့ချီလိုက်ပါ ပြီးရင်နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးမှာ အဝတ်စသန့်သန့်လေး ဒါမှမဟုတ် ကလေးအနှီးစသန့်သန့်လေးကို ပတ်လိုက်ပါ ပြီးရင်ရေနွေးခပ်နွေးနွေးလေးထဲကို စိမ်ပေးပါ။ရေကအရမ်းမပူဖို့ သတိထားပါ ပြီးရင်တော့ ကလေးရဲ့လျှာ၊ သွားဖုံးတွေနဲ့ ပါးစောင်တွေကို သုတ်ပေးပါ ဒီလိုလုပ်ပေးတာက ကလေးရဲ့လျှာကို သန့်စင်စေပြီး နို့သောက်ရတာအဆင်ပြေစေမှာပါ။ ကလေးမွေးစကနေ ၆ လအရွယ်ရောက်တဲ့အထိ ဒီနည်းကအဆင်အပြေဆုံးပါ။ ၆လကနေ ၁ နှစ်အထိ ဒီအရွယ်မှာတော့ဘေဘီလေးကမေမေ့နို့အပြင်ဖြည့်စွက်စာတွေစစားနေပါပြီ။ သွားငုတ်တုတ် လူငုတ်တုတ်အရွယ်ပေါ့။ သူတို့ရဲ့ ပထမဆုံးထွက်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့အန်လို့ စိတ်ပူနေပြီလား

ကိုယ့်ရင်သွေးကျန်းမာပျော်ရွှင်နေဖို့က မိခင်တိုင်းတောင့်တမိတဲ့ဆုပါ။ မိခင်ဆိုတာမျိုးက ကိုယ့်သားသမီးတွေ ဆော့ရင်းမောသွားလို့ဖြစ်ဖြစ် အိပ်ချင်လို့ဖြစ်ဖြစ် အိပ်ပျော်သွားတာလေးကို ကြည့်ရင်းနဲ့တောင် ငါ့သားလေး သနားပါတယ်။ ငါ့သမီးလေးသနားပါတယ်လို့ တွေးမိတတ်သူတွေမဟုတ်လား။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်သွေးကို သနားစိတ်ဖြစ်နေမိတတ်တဲ့ မေမေတို့အနေနဲ့ ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင် ဘယ်လောက်တောင်စိုးရိမ်လိုက်မလဲနော်။ ကလေးကဆာလို့ နို့တိုက်လိုက်တယ်။ နို့သောက်ပြီး မကြာဘူး ကလေးကပြန်အန်တယ်။ ဘာဖြစ်မှန်းလဲမသိဘူး။ ဘာလုပ်ပေးရမှန်းလဲမသိဘူးဆိုတဲ့ မေမေတို့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကလေးတွေ နို့အန်တာက ပုံမှန်ပဲလား ကလေးကမွေးစမှာ အစာခြေစနစ်ကစလို့ အခြားကိုယ်တွင်းစနစ်တွေက ဖွံ့ဖြိုးဆဲအချိန်မို့ သောက်လိုက်တဲ့နို့တိုင်းကို ချေဖျက်နိုင်ဖို့ မလွယ်တာကြောင့် ပြန်အန်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက နည်းနည်းလောက်ပဲပြန်အန်ရင်တော့ သိပ်စိုးရိမ်စရာမရှိဘူးလို့ဆိုရပါမယ်။ အများကြီးပြန်အန်တဲ့အခါမှာတော့ ကလေးအနေနဲ့ လန့်ပြီး ငိုတာမျိုး နှာခေါင်းထဲမှာ မွှန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကလေးကို ခပ်မတ်မတ်လေးထားပေးပါနော်။ ဒါမှ အန်တဲ့နို့တွေ အသက်ရှူလမ်းကြောင်းထဲမဝင်မှာပါ။ ကလေးက ကားမူးတဲ့အခါ၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ

လူဆိုတာက အမြဲကျန်းမာနေမယ့်သူတွေတော့ မဟုတ်ပါဘူး။ အခန့်မသင့်တာကြောင့်လည်း ဖျားနာနိုင်တယ်ဆိုပေမယ့် ဒါကိုလက်ခံဖို့တော့ ခက်တယ်နော်။ ကိုယ်တိုင်ဖျားလိုက်လို့ ဘာမှမဖြစ်ဘူး ကိုယ်ချစ်ရတဲ့သူတစ်ဦးဦးများဖျားရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ကိုယ်တိုင်သာ ဖြစ်လိုက်ချင်တော့တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖူးလား။ ချစ်ရတဲ့ မိသားစုဝင်တစ်ဦးဦး ဖျားနာတဲ့အခါ ဘယ်လိုလုပ်လို့လုပ်ပေးရမှန်းမသိ ဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးထဲကနေ သတင်းကောင်းပါး ပါရစေနော်။ သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ .... ကလေးက ဖျားနေပြီဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ကိုယ်ချစ်ခင်ရတဲ့သူ တစ်ဦးဦးဖျားနာတဲ့အခါ အရင်ဆုံးဂရုစိုက်ရမှာက ကိုယ်တိုင်ကျန်းမာနေအောင်နေဖို့ပါ။ နည်းနည်းများ ထူးဆန်းသွားလား။ နေမကောင်းတဲ့သူကို ပြုစုဖို့မပြောဘဲ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါ ပြောလိုက်လို့။ နေမကောင်းတဲ့သူကို ပြုစုပေးမယ်ဆိုရင် ကိုယ်တိုင်ကျန်းမာနေမှ ဖြစ်မှာလေ။ ဒါမှနေရေးထိုင်ရေး၊ စားရေးသောက်ရေးက စလို့ ဆေးတိုက်တာ၊ ဆေးခန်းပို့တာအထိ အသေးစိတ်ဂရုစိုက်ပေးနိုင်မှာပါ။ နေမကောင်းတဲ့သူကို သက်သောင့်သက်သာဖြစ်အောင်ထားပေးပါ အေးဆေးပြီး သက်သောင့်သက်သာအနားယူနိုင်အောင် လုပ်ပေးပါ။ အိပ်ရာသီးသန့်ခွဲထားပေးတာက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် နို့မှုန့်ရွေးချယ်တဲ့အခါ စစ်ဆေးရမယ့် ဘေးကင်းစိတ်ချရမှုစံနှုန်း

ကလေးတွေကို အားပြည့်ကျန်းမာအောင်၊ ဉာဏ်ရည်ထက်မြက်အောင် အထောက်အကူပေးနိုင်တဲ့ အာဟာရနို့မှုန့်တွေ၊အစာအာဟာရ မျိုးစုံကို ကြိုးစားတိုက်ကျွေးကြပါတယ်။ကောင်းတယ်ဆိုလို့တော့ ဝယ်တိုက်တာပဲ။ ဒါပေမယ့် ဘေးအန္တရာယ်ကင်းရေးဆိုတဲ့ အရေးကြီးဆုံးအချက်တစ်ချက်ကိုမေ့ထားလို့မဖြစ်ပါဘူး။ မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ အတွက်တင်မကဘဲ မိခင်နို့သောက်သုံးနေတဲ့ကလေးတွေအတွက်ပါ အာဟာရနို့မှုန့်တွေက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုအတွက်ထောက်ပံ့ပေးနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးပြုမယ့် အာဟာရနို့မှုန့်ကိုရွေးချယ်ရာမှာ အစားအစာဘေးကင်းမှုကို အဓိကဂရုစိုက်မှဖြစ်မှာပါ။ တချို့နို့မှုန့်တွေမှာ ပါတတ်တဲ့ အန္တရာယ်ရှိပါဝင်ပစ္စည်းတွေကို သတိထားပါ PERCHLORATE နွားနို့ကို အခြေခံပြီးထုတ်လုပ်ထားတဲ့နို့မှုန့်မှာperchlorate ပါဝင်မှုမြင့်မားတတ်ပါတယ်။ ဒီဓါတုပစ္စည်းက သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ MELAMINE Melamine ဓါတ်ကကျောက်ကပ်နဲ့သည်းခြေကျောက်တည်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းနဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်ကတောင်Melamine ပါတဲ့နို့မှုန့်ကြောင့် ကလေးဦးရေ ၃ သိန်းလောက် ကျောက်ကပ်ပြဿနာနဲ့ဆေးရုံတင်ခဲ့ရပြီး ၆ ဦးသေဆုံးခဲ့ရပါသေးတယ်။ မျိုးဗီဇပြုပြင်ထားတဲ့ ပါဝင်ပစ္စည်း မျိုးဗီဇပြုပြင်ထားတဲ့GMO အစားအစာေတွက ကင်ဆာ၊ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းနဲ့မွေးရာပါချို့ယွင်းချက်နဲ့ကလေးမွေးဖွားခြင်း စတာတွေနဲ့ဆက်နွှယ်နေတယ်လို့ ပြောဆိုမှုတွေရှိသလို ဘာမှ အန္တရာယ်မရှိဘူးလို့ ပြောဆိုမှုတွေလည်းရှိပါတယ်။ ဒါပေမယ့် လေ့လာချက်က နည်းပါးသေးလို့ အဆုံးသတ် ကောက်ချက်ချဖို့ ဒီတော့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

သကြားပါဝင်မှုများတဲ့ အစားအစာ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အမြဲ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ဆီ၊ ဆား၊ သကြား ကို တတ်နိုင်သလောက် လျှော့စားဖို့ လူကြီးမိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။ သကြားဓါတ်ဟာ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် အဝလွန်တာ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့် အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ အဝလွန်လာမယ်။ အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓါတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ထွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးဖျားနာမှု ကင်းဝေးစေဖို့

မိဘတိုင်းမမက်ချင်တဲ့ အိပ်မက်ဆိုးကြီးတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးဖျားတာနာတာပါပဲ။ လူတိုင်းက ဖျားနာမှုနဲ့ မကင်းတာကို နားလည်ပေမယ့် ကလေးဖျားရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ရောလေ။ ကလေးဖျားနေတာထက် ကလေးက ကျန်းကျန်းမာမာနဲ့ သောင်းကျန်းနေတာကိုပဲ မြင်ချင်တယ်ဟုတ်။ သူ့အစားကိုယ်တိုင် ဝင်ဖျားလိုက်ချင်တဲ့စိတ် မေမေဖေဖေတိုင်း ဖြစ်ဖူးမှာပါ။ ဒီပြဿနာကနေ ကင်းဝေးစေမယ့် နည်းလေးတွေ ဒီဆောင်းပါးထဲမှာ ပြောပြပေးထားတယ်နော်။ ကလေးဖျားနာမှု ကင်းဝေးစေဖို့ နည်းလမ်းကောင်းအချို့ ကလေးဖျားနာမှု ကင်းဝေးစေဖို့ ကလေးကို လူထူတဲ့နေရာတွေခေါ်မသွားပါနဲ့ ကလေးမွေးချိန်ကစလို့ နှစ်လကျော်ကျော်လောက်ကို အပြင်သေချာမသွားရလို့ သွားချင်နေမှာ ဆိုပေမယ့် ကလေးဆိုတာမျိုးက လူကြီးတွေလောက် ကိုယ်ခံအားမကောင်းကြပါဘူး။ ဒါကြောင့် ကလေးကို အပြင်သိပ်ခေါ်မသွားပါနဲ့။ အထူးသဖြင့် လူထူတဲ့ နေရာတွေကိုပါ။ ကလေးကိုအပြင်မဖြစ်မနေခေါ်သွားမှဖြစ်မယ်ဆိုရင်လည်း အပေါ်ကနေထပ်ခြုံပေးသွားဖို့ ခြုံထည် ခပ်ပါးပါးလေး တစ်ထည် ခြုံသွားပေးပါ။ရောဂါပိုးတွေကို အပြည့်အဝ မဟုတ်ပေမယ့် အထိုက်အလျောက်တော့ ကာကွယ်ပြီးသားဖြစ်မှာပါ။ သွားလေရာကိုရေမလိုလက်သန့်ဆေး ဒါမှမဟုတ် wet tissueတွေယူသွားပေးပါ ရောဂါပိုးတွေကပြင်ပလေထုထဲမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်

အစာမာတွေ စတင်စားဖူးကာစ ကလေးတွေဟာ လူကြီးတွေ ပါးစပ်လှုပ်တာနဲ့ ပါးစပ်လေးလိုက်ဟပေးတတ်ကြပါတယ်။ သူတို့အာဟာရဖြစ်တဲ့ နို့နဲ့ထမင်းတွေက လွဲရင် ကျန်တာ အရသာပိုရှိမယ်ဆိုတာ သိနေတာကိုး။ လူကြီးတွေ ဘာလေးပဲစားစား အကုန်လိုက်စားချင်၊ မြည်းကြည့်ချင်ကြတယ်။ ဒီလိုအချိန်မှာ ကလေးကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ အကုန်ကျွေးမယ်၊ အရာရာအလိုလိုက်မယ်၊ ကိုယ်တိုင်လည်း စားချင်ရာစားပြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ငယ်ကတည်းက ကျန်းမာရေးအခြေမခိုင်တဲ့ ချူချာသူလေးတွေအဖြစ် ကြီးပြင်းလာရတော့မှာပေါ့။ တချို့အစားအစာတွေက လူကြီးတွေနဲ့တောင် ကျန်းမာရေးနဲ့မညီတာ၊ ကလေးတွေနဲ့ဘယ်သင့်တော်ပါ့မလဲ။ အရင်ဆုံး ကလေးတွေကို စည်းကမ်းတကျ စားသောက်တတ်အောင် အကျင့်လုပ်ပေးရပါမယ်။ ကလေးဆိုတာ ပါးစပ်ထဲထည့်လို့ရတာမှန်သမျှ လိုက်စားကြည့်မယ် (စားစရာမဟုတ်လည်းကောက်ထည့်တတ်တယ်)၊ အရသာသိပ်မခံတတ်ဘဲ ကိုက်စားပစ်မယ်၊ မျိုချပစ်မယ်(သွားပေါက်ကာစဆိုတော့ ဝါးဖို့ထက် တကိုက်ကိုက်ပြီးမျိုချလိုက်ဖို့ ပိုစိတ်လောပါတယ်)၊ ကိုယ်စားရမယ့် ထမင်းအာဟာရကျတော့ သိပ်မစားချင်တော့ဘူး။ အရသာသစ်တွေကို မက်မောပြီး လူကြီးတွေစားသမျှကို ထိုင်မျှော်နေပါတော့တယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့ အစားအစာ လူကြီးတွေစားနေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း