ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအာဟာရချို့တဲ့ခြင်း

အသားမကြိုက်တဲ့ကလေးကို အာဟာရဓာတ်လုံလောက်အောင် ဘာတွေကျွေးရမလဲ

အိမ်က သမီးလေးကလေ အသားဆိုမစားဘူး။ အသီးအရွက်လေးနဲ့မှ ထမင်းကျွေးလို့ရတယ် ဆိုတာမျိုး တချို့မေမေတွေဆီက ကြားရတတ်ပါတယ်။ တကယ်လည်းဟုတ်တယ်။ တချို့ကလေးတွေက ထမင်းစစားကတည်းက အသီးအရွက်ပဲကြိုက်တာ၊ အသားတွေ၊ ငါးတွေ လုံးဝမကြိုက်၊ထွေးထုတ်တတ်တယ်။ ဒါပေမယ့် အဲလိုဘာမှကျွေးမရတဲ့အခါ တချို့မိဘတွေက ဒီအတိုင်းထားလိုက်တယ်၊နောက်တော့ စားလာမှာပေါ့ ဆိုပြီးလေ။ သူစားတာလေးလိုက်ကျွေးပြီး ဒီအတိုင်းစောင့်နေတဲ့နည်းက မှန်ရဲ့လား မေမေတို့ပြောကြည့်ပါဦး။ အသားမကြိုက်တဲ့ကလေးကို အသားပါအောင်၊ အသားဓာတ်ရအောင် အတင်းထည့်ကျွေးတာမျိုး မလုပ်ဘဲနဲ့ အသားဓာတ်ရအောင် လုပ်ပေးလို့ရတဲ့နည်းတွေရှိပါတယ်နော်။ ဖွံ့ဖြိုးဖို့အရှိန်ယူဆဲအရွယ် ကလေးတွေအတွက် အာဟာရဓာတ်မျိုးစုံကို အလုံအလောက်ရနိုင်ဖို့ စီစဉ်ပေးသင့်တာမို့ ကလေးစားတာလေးကျွေးပြီး အလွယ်လမ်းမှာငြိမ်မနေပါနဲ့။ ခုနေခါ ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရမှာ မိဘရဲ့ဂရုစိုက်မှုက ကြီးပြင်းလာတဲ့အခါ ရလဒ်အနေနဲ့ သက်ရောက်စေမှာဖြစ်လို့ပါ။ သက်သတ်လွတ်စားတယ်ပဲထားဦး၊ သေချာဂရုစိုက်စီစဉ်ပေးရင် အသားဓာတ်ရနိုင်တဲ့အပြင် တခြားမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကိုပါ အပြည့်အဝရရှိနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းနဲ့ သံဓာတ်က မပါမဖြစ်ဆိုတော့ ကလေးအာဟာရပြင်ဆင်တဲ့အခါ သတိထားသင့်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မွေးရာပါဆီးချိုရှိတဲ့ကလေးတွေအတွက် စားသောက်ပုံအာဟာရ

ဆီးချိုေရာဂါကို ကြိုတင်ကာကွယ်ခွင့်မရနိုင်တဲ့ကံကြမ္မာနဲ့မွေးဖွားလာတဲ့ကလေးအတွက် မိဘတွေ စိတ်မကောင်းဖြစ်ကြမှာပါ။ ဒါပေမယ့် ဆင်ခြင်ထိန်းညှိနေထိုင်သွားမယ်ဆိုရင် သက်ရှည်ကျန်းမာစွာနေထိုင်သွားနိုင်လိမ့်မယ်ဆိုတာလေး သတိရပါ။ အမျိုးအစား ၁ ဆီးချိုေသွးချိုဆိုတာ ကလေးတွေရဲ့ခန္ဓါကိုယ်က အင်ဆူလင်မထုတ်ပေးနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့သွေးတွင်းသကြားဓါတ်၊ စားသောက်ပုံနဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ပေးဖို့၊ လိုအပ်လာရင် အင်ဆူလင်ထိုးပေးဖို့လိုပါတယ်။ တခြားကလေးတွေလိုပဲ ဆီးချိုရှိတဲ့ကလေးတွေဟာလည်း ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရဓါတ်ကြွယ်ဝတဲ့အစားအသောက်တွေလိုအပ်ပါတယ်။ တစ်နေ့တာမှာ ပရိုတင်းဓါတ်၊ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလုံလောက်အောင်ရရှိသင့်ပါတယ်။ အာဟာရပြည့်အောင် ဘယ်လိုကျွေးရမလဲ ဆီးချိုမရှိတဲ့ကလေးတစ်ယောက်ကို အစားအသောက်စီစဉ်ပေးရတာကတောင် မေမေတို့အတွက် အတော်ခေါင်းစားရတဲ့ကိစ္စပါ။ သူတို့က စားချင်တဲ့အခါစားတယ်၊နောက်တစ်ခါ ဒီအစားအစာပဲထပ်ကျွေးတဲ့အခါ မစားတော့တာမျိုး အကြိုက်တွေ၊အစားစားချင်စိတ်တွေကပြောင်းလဲတတ်တဲ့ အရွယ်ပါ။ ဆီးချိုရောဂါရှိနေရင်တော့ ပိုဂရုစိုက်ရမယ်၊နောက်ဆက်တွဲပြဿနာတွေကိုလည်းထည့်တွက်ရမယ်။ ဒါပေမယ့် သွေးတွင်းသကြားဓါတ်ကိုထိန်းဖို့ရယ် အာဟာရပြည့်ဖို့ရယ်က ဟန်ချက်ညီဖို့နည်းနည်းခက်နိုင်ပါတယ်။ ကလေးကို လိုအပ်တဲ့ အာဟာရဓါတ်တွေလည်းရအောင် ဆီးချိုလည်းထိန်းနိုင်အောင် ဒီအချက်လေးတွေ အကြံပေးပါရစေ။ ကလေးဆိုတော့ရေထက် အချိုရည်ကိုပိုတောင့်တနေတယ်ဆိုရင် အရည်ရွှမ်းတဲ့ အသီးကျွေးပါ ဒါမှမဟုတ် အသီးဖျော်ရည်(သကြားမပါ) ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

ကလေးကို အိုင်းစတိုင်းလောက် ဉာဏ်ရည်မြင့်အောင် မမွေးမြူနိုင်တာ သင့်အပြစ်မဟုတ်ဘူး၊ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အရာတွေ ကျွေးမိနေတာမသိရင်တော့ သင့်အပြစ်ပဲ။ ဘာလို့ဆို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်တဲ့အချက်တွေထဲမှာ အစာအာဟာရက ထိပ်ဆုံးကပါဝင်လို့ပါပဲ။ ဘာတွေက ထိခိုက်စေတာလဲ အချိုများတဲ့ သောက်စရာတွေ အချိုများတဲ့ သောက်စရာတွေက အဝလွန်ခြင်းကိုဖြစ်စေတဲ့အပြင် အမျိုးအစား ၂ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်းဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။ အချိုများများစားရင် ဦးနှောက်ရောင်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်းကျဆင်းခြင်းတွေဖြစ်စေနိုင်တယ်လို့ သုတေသနလေ့လာမှုတွေက တွေ့ရှိထားပါတယ်။ ရေခဲမုန့် ကလေးတွေအတွက် အကြိုက်ဆုံးစားစရာထဲမှာ ရေခဲမုန့်လည်းပါဝင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ဝိတ်တက်တာနဲ့ ချောင်းဆိုးတာလောက်ပဲဖြစ်စေမယ်လို့ မထင်လိုက်ပါနဲ့။ တစ်ခါတလေက ဘာမှမဖြစ်ပေမယ့် အမြဲစားနေရင် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေခဲမုန့်တစ်ခွက်မှာပါဝင်တဲ့ ပြည့်ဝဆီ ၁၀ ဂရမ်က သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး သကြား ၂၈ ဂရမ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန်ချက်မညီဖြစ်စေနိုင်ပါတယ်။ ကြက်အူချောင်း၊ ဟော့ဒေါ့ ပြုပြင်စီမံထားတဲ့အစားအစာတွေမှာ အငန်ဓာတ်၊ အဆီတွေနဲ့ သကြားပါဝင်မှုများပါတယ်။ […]


ကလေးငယ်အာဟာရ

ကလေးကို ဒီနည်းလေးတွေသုံးပြီး အစားအစာအသစ်တွေမိတ်ဆက်ပေးပါ

ကလေးတစ်ယောက်အနေနဲ့မွေးစကနေ ၆ လကအထိကနို့သောက်တယ်၊ပြီးရင် တစ်ဆင့်တက်ပြီ အစားစစားမယ်။ ဒါက ကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးမှြုဖစ်စဉ်မှာတော်တော်လေးအရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ နို့စို့ချိန်က ဘာမှကို မသိသေးတဲ့အရွယ် ပါးစပ်ထဲနို့သီးခေါင်းရောက်ရင် နို့စစို့တာပေါ့။ ဗိုက်ဝရင် ဆက်မစို့ဘူး၊ နှာခေါင်းပိတ်နေရင် နို့မစို့ဘူး။ ဒီလောက်ပါပဲ။ အရွယ်လေးရ အသိဉာဏ်ကတိုးလာတော့ အစားအစာတွေ။ ကို အရသာခံတတ်လာပြီ ဘာကြိုက်တယ်။ မကြိုက်ဘူးရွေးတတ်လာပြီ။ ဒီအချိန်မှာ အစားအစာပြင်ဆင်ပေးရတာခက်လာပြီဖြစ်ပြီး စိတ်ရှည်ရှည်ထားရတဲ့အချိန်ကိုလည်းရောက်လာပါပြီ။ ကလေးက အစားအစာတွေ စစားချိန်ဆိုတော့သေချာအရသာကိုမသိသေးပါဘူး။ မိဘတွေအနေနဲ့ စိတ်ရှည်ရှည်လေးကျွေးပေးမှ ကလေးက အစားမရွေးတမ်းစားတတ်တဲ့ ချစ်စရာကလေးတစ်ယောက်အဖြစ် ကျန်းကျန်းမာမာကြီးပြင်းလာမှာပါ။ ကလေးကို အစားစကျွေးမယ့် မိဘတွေအတွက်အသုံးတည့်မယ့်နည်းလမ်းအချို့ ကလေးကအစားစစားပြီဆိုရင် အစားရဲ့အရသာသိအောင်အပြင် ဘယ်လိုမျိုးဝါးစားရမယ်ဆိုတာကိုပါပြောပြသင်ပေးရမှာပါ။ ဒီလိုမိတ်ဆက်ပေးတဲ့အခါ အဆင်ပြေပြေလေးဖြစ်စေမယ့် နည်းလမ်းလေးအချို့ကိုပြောပြပေးပါရစေ။ ကလေးကို အစားအသစ်တစ်ခုခုနဲ့မိတ်ဆက်တဲ့အခါ သူကြိုက်တတ်တာလေးနဲ့ရောကျွးပါ - ကလေးက မစားဖူးတဲ့အစားကိုစားခါနီးမှာ မစားချင်သလိုလုပ်နေနိုင်ပါတယ် ဒီလိုပြဿနာကကင်းဝေးချင်ရင်တော့ ကလေးကို သူကြိုက်တတ်တဲ့စားစရာလေးနဲ့ ကိုယ်ကျွေးချင်တဲ့ စားစရာလေးကို တွဲဖက်ကျွေးပေးပါနော်။ အတင်းဖိအားမပေးပါနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့လေ့လာသင်ယူမှုစွမ်းရည်ကို ဘယ်လိုပျိုးထောင်မလဲ

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သားသမီးတွေအတွက် အမြဲစိတ်ပူပန်နေရတာ၊ ပြုစုစောင့်ရှောက်နေရတာ သဘာဝပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း သန္ဓေသားနဲ့ မိခင်ကျန်းမာစေဖို့ အစာအာဟာရကို သေချာရွေးချယ်စားသောက်ရတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။ ကလေးမွေးပြီးတဲ့နောက်မှာလည်း ကလေးအတွက် အစာအာဟာရ၊ နောင်ရေး၊ ပညာရေး အစရှိသဖြင့် မိဘတွေမှာ မျှော်လင့်ချက်တွေ ကြီးမားရပြန်ပါတယ်။ ကလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရစေဖို့ မိဘတွေအနေနဲ့ ပျိုးထောင်ပေးလို့ ရမယ့် နည်းလမ်းတွေ ရှိသလို အစာအာဟာရကိုလည်း သေချာချက်ပြုတ်ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေကို သင်ယူလိုစိတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမလဲ။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ စာဖတ်တဲ့ အလေ့အကျင့်ကို မွေးပေးပါ။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ ဆောင်ပုဒ်ကို […]


ကလေးငယ်ပထမနှစ်

ကလေးက ဘယ်အရွယ်မှာ စတင်ပြီး အနံ့တွေကို ခွဲတတ်နေပြီလဲ

ကလေးတွေရဲ့ အနံ့ခံအာရုံဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အနံ့ခံတာနဲ့ အရသာခံတဲ့ အာရုံ ၂မျိုးက ဆက်နွယ်နေတဲ့အတွက် ကလေးက ဘယ်အစားအစာတွေကို စားချင်စိတ် ဖြစ်ပေါ်စေမလဲဆိုတဲ့ ကိစ္စမှာပါ သက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် အနံ့ခံအာရုံဟာ ကိုယ့်ကလေးရဲ့ စိတ်ကို တက်ကြွလန်းဆန်းစေတယ်၊ ကိုယ့်ရဲ့ မိသားစုနဲ့လည်း ရင်းနှီးပြီး သံယောဇဉ်တွယ်စေဖို့ အထောက်အကူပေးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားက အနံ့ကို စခွဲတတ်နေပြီဆိုတာ ဟုတ်လား။ မှန်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ပထမ ၃လအတွင်းမှာ ကလေးရဲ့ နှာခေါင်းဟာ စတင်ဖြစ်ပေါ်လာပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါမှာ နှာခေါင်းပေါက် ၂ပေါက် ထွက်လာမယ်။ ကိုယ်ဝန် ၁၀ ပတ်မြောက်မှာ ကလေးတွေရဲ့ အနံ့ခံအာရုံဟာ စတင်ဖွံ့ဖြိုးနေပါပြီ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်နို့ရည်နဲ့ အနံ့ချင်းဆင်တူပြီး အဝါဖျော့ရောင်ရှိတဲ့ ရေမြွှာရည် (amniotic fluid) […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အစားအစာရွေးချယ်တဲ့အခါ ဘာတွေစဉ်းစားသင့်သလဲ

အစားကြေးများတတ်တဲ့ကလေးတွေကို ဘယ်လိုအစားအသောက်စီစဉ်ပေးရမလဲပဲခေါင်းစားတတ်ကြပါတယ်။ ဟိုဟိုဒီဒီအကုန်စားတတ်တဲ့ ကလေးတွေဆို သိပ်မတွေးဘဲ အကုန်ကျွေးတတ်ကြတယ်မလား။ တချို့လူကြီးတွေပြောတာ ကလေးဆိုတာ အစုံစားမှ ကျန်းမာမှာဆိုတဲ့စကားက ပါသေးတယ်။ အခုမှဖွံ့ဖြိုးကာစအရွယ်မှာ အစုံရရှိသင့်တာက အာဟာရဓါတ်ေတွပါ၊ အမျိုးအစားစုံတဲ့ စားစရာတွေ မဟုတ်ပါဘူး။ အစားအစာတွေထဲမှာ ကျန်းမာရေးအတွက် ကောင်းတာ မကောင်းတာ၊ အာဟာရဖြစ်တာ မဖြစ်တာ၊ဘေးဖြစ်နိုင်တဲ့အရာတွေ ပါတာမပါတာ အမျိုးမျိုးရှိနိုင်တယ်။ ဒီအချိန်မှာ ကလေးရဲ့ဗိုက်ထဲကို ဝင်မယ့်အစားအသောက်တွေအားလုံးက အာဟာရပြည့်ပြီး ဘေးဥပါဒ်ကင်းတာတွေချည်း ဖြစ်နေဖို့က မိဘတွေမှာ တာဝန်ရှိပါတယ်။ ကိုယ့်ကလေးစားနေတဲ့အရာတွေထဲမှာ စားသင့်တာနဲ့ မစားသင့်တာ ဘယ်နမျိုးပါနေသလဲ သိချင်ရင် ဆက်ပြီးဖတ်ကြည့်ပါဦး။ ကလေးအာဟာရမှာ ပါဝင်သင့်တဲ့ အစားအစာများ ငှက်ပျောသီး ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ဓါတ်ေတွအပြည့်အဝပါဝင်တဲ့အတွက် ခွန်အားဖြစ်စေပြီး အမျှင်ဓါတ်က အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ ကလေးကို ကျွေးမယ့် ငှက်ပျောသီးက မှည့်နေဖို့တော့လိုပါတယ်။ ကန်စွန်းဥ ကန်စွန်းဥမှာ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ အမျှင်ဓါတ်နဲ့ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းဟာ […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ကလေး ဝမ်းမှန်စေဖို့အတွက် ဒါတွေ လုပ်ပေးပါ။ ။

ဝမ်းချုပ်တယ်ဆိုတာ လူတိုင်း ဖြစ်ဖူးကြတဲ့ကိစ္စတစ်ခုဖြစ်ပြီး ကသိကအောက် တော်တော်ဖြစ်စရာကောင်းတဲ့ အရာတစ်ခုပါ။ လူကြီးတွေမှာတင် ဝမ်းချုပ်တတ်တာ မဟုတ်ပါဘူး။ အသီးအရွက်ဆို စားဖို့ကြေးများကြတဲ့ ကလေးတွေမှာဆို ဝမ်းချုပ်တာပိုတောင်ဖြစ်တတ်ပါသေးတယ်။ ကလေးဆိုတော့ကျန်းမာရေး အသိပညာတွေ အများကြီး မရှိသေးတဲ့အတွက် သူတို့ဝမ်းချုပ်တာကိုဖြေရှင်းပေးဖို့၊ သူတို့ ဝမ်းမှန်မှန်သွားဖို့ဆိုတာ မေမေတို့မှာ တာဝန်အပြည့်ရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် ကလေးတွေ ဝမ်းမှန်စေဖို့ မေမေတို့ဘက်က လုပ်ပေးရမှာတွေကို ခုဆောင်းပါးလေးထဲမှာ ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ ။ ကလေးကို ရေများများသောက်ဖို့အားပေးပါ။ ။ ရေဆိုတာ ဝမ်းတွင်းထဲမှာရှိတဲ့ အပူအပုပ်တွေကို သန့်စင်ပေးတဲ့အတွက် ဝမ်းပျော့ပျော့ သွားဖို့အတွက်ဆို အူမကြီးကနေ ရေကို များများစုပ်ယူဖို့လိုပါတယ်။ ဒါကြောင့် ဝမ်းမှန်စေဖို့အတွက်ဆို ရေများများသောက်ဖို့လိုအပ်ပါတယ်။ ကလေးတွေကို ငယ်ငယ်လေးထဲက မနက်အိပ်ရာနိုးတာနဲ့ ရေအပြည့်တစ်ခွက်သောက်ဖို့ လေ့ကျင့်ပေးထားပါ။ ကလေးဆိုတာအရုပ်လေးတွေ ကြိုက်တဲ့ အတွက် ရေသောက်ချင်အောင် အရုပ်ပါတဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ။ ။

မီးဖွား ပြီးတဲ့ အမျိုးသမီးတိုင်း ကိုယ့် ရင်သွေးလေးကို နို့ချိုတိုက်ကျွေးတယ် ဆိုတာ သဘာဝတရားကြီးက ဖန်တီး ပေးထားတဲ့ ဖြစ်စဉ်တစ်ခု ပါ ။ ကလေးနို့တိုက်နေတဲ့မေမေတိုင်း ကလေး မွေးပြီးတာနဲ့ နို့တိုက်လိုက်ရုံပဲဆိုပြီး ထင်သလောက်တော့ မလွယ်ကူပါဘူး ။ ကလေး တစ်ယောက်ရဲ့ ကျန်းမာ ဖွံ့ဖြိုးမှုက မေမေတို့အပေါ်မှာ အများကြီး မူတည်နေတဲ့ အတွက် နို့တိုက် နေတဲ့အချိန် မေမေတို့ သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကို ခု ဆောင်းပါးလေးထဲမှာ ပြောပြပေး ချင်ပါတယ် ။ ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိထားသင့်တဲ့ ဆောင်ရန် အချက်များ ။ ။ နို့ဦးရည် ဆိုတာ ကလေး အတွက် အကျိုးရှိစေမယ့် အာဟာရတွေ ချည်းပဲ  ပါတာကြောင့်  မွေးမွေးပြီးချင်း  ကလေးကို နို့ဦးရည်  တိုက်ဖြစ်အောင် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ဆောင်းရာသီမှာ ကိုယ့်ကလေး ကျန်းမာပျော်ရွှင်နေစေဖို့

ကိုယ့်ရဲ့ ကလေးကို ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုဆိုရင် ဒီဇင်ဘာဆောင်းလထဲ ဝင်လာပြီ၊ အထူးသဖြင့် ညဘက်တွေမှာ ပိုပြီးအေးလာပြီဆိုတော့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို စိုးရိမ်နေကြတဲ့ မေမေ ဖေဖေတွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ ဝေမျှပေးမယ်နော်။ ၁။ အဝတ်အစားကို ဂရုစိုက်ပါ။ အေးချမ်းတဲ့ ဆောင်းရာသီမှာ ကိုယ့်သားသား၊ မီးမီးတွေ အအေးမိနှာစေးမဖြစ်ရလေအောင် နဂိုအဝတ်အစားကို တစ်ထပ်ပိုပြီး ဝတ်ဆင်ပေးပါ။ အပြင်ထွက်တဲ့အချိန်မှာရော ညအိပ်တဲ့အချိန်မှာပါ လုံလုံခြုံခြုံနဲ့ နွေးနွေးထွေးထွေး ဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုပါတယ်။ တအားကျပ်ထုတ်မနေပဲ လေဝင်လေထွက် ကောင်းရုံလောက်သာ အဝတ်အစားတွေကို ပြင်ဆင်ပေးရင် ရပါတယ်။ ၂။ လက်ကို မကြာခဏဆေးကြောပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အအေးမိတုပ်ကွေးရောဂါဟာ ကလေးတွေ မတော်တဆ လက်ကို ပါးစပ်ထဲ ထည့်မိရင် ကူးစက်နိုင်ပါတယ်။ အပြင်သွားပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း