ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အိမ်ကအမြွှာ သားသားမီးမီးတွေအတွက် အစားအသောက်တွေ ဘယ်လိုပြင်ဆင်မလဲ။ ။

သားသမီးအမြွှာဆိုတာ ကံထူးမှ ရတတ်တာမျိုးပါ။ လူတိုင်းမရနိုင်ကြပါဘူး။ ကလေးထိန်းပေးမယ့်သူရှိရင်တော့ အမြွှာလေးတွေ မွေးတာ ပြဿနာ မဟုတ်ပေမယ့် ကိုယ့်တစ်ယောက်တည်းသာရှိရင်တော့ အမြွှာကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ မိခင်တိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ အထူးသဖြင့် အစားအသောက် ပြင်ဆင်တဲ့ အပိုင်းမှာဆို အမြွှာနှစ်ယောက်အတွက် မေမေတို့ ပိုအားစိုက်ရတတ်ပါတယ်။ ကလေးဆိုတာ ထမင်းကျွေးရတာခက်ပါတယ်။ တစ်ယောက်ကို ထမင်းကျွေးဖို့အတွက်တောင် ခေါင်းစားနေတာ အမြွှာဆိုဘယ်လိုလုပ်မလဲလို့ စိုးရိမ်နေကြတဲ့မေမေတို့တွေဒီဆောင်းပါးလေးကို ဖတ်သင့်ပါတယ်။ ။ ကလေးနှစ်ယောက်လုံး တစ်ပြိုင်တည်း အစားစားအောင် လေ့ကျင့်ပေးထားပါ။ နှစ်ယောက်လုံးထမင်းစားချိန် တစ်ချိန်တည်းဖြစ်ပါမှ မေမေတို့ နှစ်ခါ အလုပ်မရှုပ်တော့မှာဖြစ်ပါတယ်။ အစားအသောက်တွေများများဆောင်ထားပါ။ ကလေးနှစ်ယောက်က တစ်ပြိုင်တည်းလည်း ဗိုက်ဆာတတ်တဲ့အတွက် အစားအသောက်တွေကို များများကြိုပြင်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက်က စားနှုန်းလည်း မတူတဲ့အတွက် အပိုဆောင်ထားတာကသာ အကောင်းဆုံးဖြစ်မှာပါ။ ကလေးဆိုတာ အဖော်ရှိရင် ပိုပျော်တတ်တာမျိုးပါ။ အမြွှာတွေကိုကြည့်ကြည့်ပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ သရေစာစားလွန်းရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေချင်တာ သဘာဝပါပဲ။ ဒီလို ကျန်းမာကြံ့ခိုင်ခြင်းအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိဖို့ လိုအပ်သလို မှန်ကန်ပြီး အာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံ ရှိဖို့လည်း လိုအပ်ပါတယ်။ မိဘတွေ စိုးရိမ်နေတတ်တဲ့ ပြဿနာတွေထဲမှာ ကိုယ့်ကလေးတွေ မုန့်ပဲသရေစာ စားလွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း တစ်ခုအပါအဝင်ပါပဲ။ မုန့်ပဲသရေစာတွေမှာ ဆီ၊ ဆား၊ သကြား ပါဝင်မှုများပြီး ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မရှိသလောက် နည်းပါးတာကြောင့် လျှော့စားတာတော့ အကောင်းဆုံးပါပဲ။ ကလေးတွေနဲ့ မုန့်ပဲသရေစာ ကလေးတွေဟာ အာဟာရဖြစ်စေတဲ့ အစားအစာတွေထက် မုန့်ပဲသရေစာကို ပိုသဘောကျနှစ်သက်ကြတာ သဘာဝပါပဲ။ အဆီများတဲ့ အကြော်အလှော်တွေ၊ သကြားပါဝင်မှုများတဲ့ ကိတ်မုန့်၊ သကြားလုံး၊ ပူတင်း၊ ရေခဲမုန့်တွေအပြင် ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ ရတဲ့ အာလူးကြော်၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရနဲ့ ပက်သက်လို့မေမေတို့ အမေးများတဲ့ မေးခွန်းတွေ။ ။

ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ မေမေတိုင်း တစ်ဘက်ကမ်းခတ်တော်နေကြတာ မဟုတ်ပါဘူး။ သူတို့ မသဲကွဲတဲ့အချက်တွေ မရှင်းတဲ့အချက်တွေ အများကြီးရှိပါသေးတယ်။ ဒီဆောင်းပါေးလးထဲမှာ မေမေတို့ အမေးများတဲ့ မေးခွန်းတွေအတွက် အဖြေလေးတွေ ဖြေပေးထားပါတယ်။ Q .ကလေးကို ဘယ်အရွယ်မှာ ရေစတိုက်လို့ရသလဲ။ ။ ကလေးအသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းတိုက်ရမှာဖြစ်တဲ့ အတွက် ရေတိုက်လို့မရပါဘူး။ ကလေးအသက် ၆လကျော် ဖြည့်စွက်စာစားတဲ့ အချိန်ရောက်မှသာ ရေတိုက်လို့ရမှာပါ။ Q .ကလေး ဝမ်းမှန်အောင် ဘာတွေကျွေးရမလဲ။ ။ ဖြည့်စွက်စာ စားချိန်ဆို ကလေးတွေအသီးအရွက်ထက် အသားပိုစားကြပါတယ်။ ဒါကြောင့် အမျှင်ဓါတ်ေတွမရတော့ဘဲ ကလေးတွေဝမ်းချုပ်ကြတာဖြစ်ပါတယ်။ ကလေးဝမ်းမှန်စေဖို့အတွက်ဆို အသီးအရွက်များများကျွေးပါ။ အသီးဖျော်ရည်လုပ်တိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ ဝမ်းသွားချင်ရင် ချုပ်မထားသင့်ကြောင်း ပြောပြပါ။ ကလေးက မိခင်နို့်သောက်နေတဲ့သူဆိုရင်တော့ မေမေတို့ အသီးအရွက်များများ စားပေးပါ။ Q .ကလေးထွားဖို့ အားဆေးတိုက်ဖို့လိုလား ။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကိုယ့်ကလေး ဖျားနာမှုကင်းဝေးအောင် အစားအသောက်တွေကို ဒီလိုပြင်ဆင်ပေးပါ။ ။

မိဘဖြစ်သူတိုင်း ခံစားဖူးတဲ့ ကြောက်စရာ အိပ်မက်ဆိုးကြီး တစ်ခုရှိပါတယ်။ ဒါက ကိုယ်သေချာ ဂရုစိုက်နေရက်သားနဲ့ ကိုယ့်ကလေး နေမကောင်းဖြစ်သွားတာပါ။ ကလေးဆိုတာကလည်း နေမကောင်းဖြစ်ရင် ဘယ်နားက ဘယ်လိုနာတာ ဘယ်လိုခံစားရတာဆိုတာကို သဲသဲကွဲကွဲ မပြောနိုင်တဲ့အတွက် မိဘတွေ ပိုစိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ကလေးကို ပန်းလေးတစ်ပွင့်လိုပဲ လန်းနေတာကို မြင်ချင်ကြတာ မိဘတိုင်းပါ။ ဒါကြောင့် မိဘတိုင်းရဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်တဲ့ ကလေးဖျားနာတာတွေကနေကင်းဝေးဖို့ မိဘတွေဘက်က ဘယ်လို ပြုစုပေးရမလဲဆိုတာပြောပြပေးချင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ် ။ ။ ကိုယ်ခံအားစနစ်တစ်ရပ်ကောင်းကောင်းဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေလိုအပ်ပါတယ်။ ။ အာဟာရပြည့်ဝအောင်စားသုံးဖို့ ကောင်းကောင်းအိပ်စက်ဖို့ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်အနေအထားတို့ လိုအပ်ပါတယ်။ ကလေးဖျားနာမှုကင်းစေဖို့ အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။ ကလေးတစ်ယောက် ကျန်းမာဖွံ့ဖြိုးဖို့အတွက်၊ ခုခံအားကောင်းစေဖို့အတွက်ဆို ကလေးတွေနေ့စဉ်စားတဲ့ အစားအသောက်တွေကသာ အဓိကပါ။ ဒါကြောင့် ကိုယ့်ကလေးအမြဲကျန်းမာနေအောင် မေမေတို့ဘယ်လိုအစားအသောက်တွေကို […]


ကလေးအာဟာရချို့တဲ့ခြင်း

ကိုယ့်ကလေး သွေးအားမနည်းစေဖို့အစားအသောက်တွေကို မေမေတို့ ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။

သွေးအားနည်းရောဂါဆိုတာ ဘာလဲ။ ။ သာမန်ထက် သွေးနီ်ဥအရေအတွက် နည်းနေတာ ဒါမှမဟုတ် သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဘင် နဂိုရှိသင့်တာထက်နည်းနေရင် သွေးအားနည်းနေပြီလို့ ဆိုပါတယ်။ သွေးအားနည်း ရောဂါက ဘာတွေကြောင့်ဖြစ်နိုင်တာလဲ။ ။ သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းကြောင့် သွေးအားနည်းတာ Thalassemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ နဲ့ အဖြစ်အများဆုံးကတော့ သံဓါတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါတို့ဖြစ်ပါတယ်။ ။ ခုပြောပြချင်တာကတော့ ကလေးတွေမှာ အတွေ့ရအများဆုံးဖြစ်တဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်းပဲဖြစ်ပါတယ်။ သံဓါတ်က ကလေးအတွက် ဘာကြောင့်အရေးပါတာလဲ ။ ။ သံဓါတ်က ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ အဆုတ်ထဲကအောက်ဆီဂျင်ကို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေဆီကို ပို့ဖို့ နဲ့ ကြွက်သားတွေကအောက်ဆီဂျင်သိုလှောင်ပြီးအသုံးချနိုင်ဖို့လည်း သံဓါတ်ကကူညီပေးပါတယ်။ သံဓါတ်အားနည်းတယ်ဆိုတာ အနည်းငယ်လောက်ကနေသွေးအားနည်းရောဂါအထိပြင်းထန်မှုအဆင့်ဆင့်ရှိပါတယ်။ ဒါကိုသေချာဂရုမစိုက်ရင် ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအားလုံးကို ထိခိုက်နိုင်ပါတယ်။ အများအားဖြင့် - လမစေ့၊ပေါင်မပြည့်ဘဲမွေးဖွားတဲ့ ကလေးတွေ အသက်တစ်နှစ်မပြည့်ခင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား

အသီးအရွက်တွေကိုရေသန့်သန့်လေးဆေးပြီး အစိမ်းလိုက် ဂျိုးဂျိုးဂျွက်ဂျွက်ဝါးစားရတာ မိုက်တယ်နော်။ ကိုယ်စားလို့အရသာရှိတိုင်း ကိုယ်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးကိုကျွေးချင်မိတယ်ဟုတ်။ ကလေးက ငယ်သေးတော့ကျွေးလို့ရပါ့မလားလို့ စိတ်ပူနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေဖေဖေတို့အတွက်ပါ။ ကလေးက ၂ နှစ်လောက်ကျော်လာပြီဆိုရင် လူကြီးတွေစားသမျှကို စားဖို့ စိတ်ဝင်စားစပြုလာပြီလေ။ ကိုကိုမမတွေရှိတဲ့ ကလေးတွေဆို အကြီးတွေစားသမျှကိုလိုက်စားချင်ပြီလေ။ ဒီလိုအချိန်မျာ ကလေးကိုကျွေးမှာလား ၊ မကျွေးဘူးလား ဘယ်လိုဆုံးဖြတ်မလဲ။ကျွေးလို့ရတာဆိုရင်တော့ကျွေးလိုက်တာအကောင်းဆုံးပါ။ ကလေးအတွက် အရသာအသစ်အဆန်းကိုမြည်းစမ်းခွင့်ရစေမှာဖြစ်သလို ကလေးကို ကျန်းမာတဲ့ အစားအသောက်အလေ့အထပျိုးထောင်ခွင့်ရစေမှာပါ။ အသက် နှစ်နှစ်လောက်ရောက်လာပြီဆိုတော့ ကလေးက သွားတွေလည်း စုံလို့ စားချင်၊ဝါးချင်နေပြီလေ။ ကလေးတစ်ယောက်နေ့စဉ်စားသင့်တဲ့ ဟင်းသီးဟင်းရွက်ပမာဏ ကလေးကို ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကျွးတာတော့ ဟုတ်ပါပြီ။ ဘယ်လောက်အတိုင်းအချင့်နဲ့ကျွေးရမလဲလို့များသိချင်နေလား။ ကလေးရဲ့ အသက်အရွယ်အလိုက် စားသုံးရမယ့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးပမာဏက ကွာခြားပါတယ်နော်။ ကလေးက ၂ နှစ် ကနေ ၃ နှစ် ဆိုရင်- ဟင်းသီးဟင်းရွက် လက်ဖက်ရည်ပန်းကန်ပြားနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

ကလေးတစ်ယောက် ဘဝထဲရောက်လာရင် သူကျန်းမာပျော်ရွှင်နေစေဖို့အတွက်က အရေးကြီးဆုံးကိစ္စဖြစ်လာပါပြီ။ ကိုယ်တိုင်ဆုံးဖြတ်တာထက် သူများပြောသမျှတွေကိုလည်းကောင်းနိုးနိုးလုပ်ဆောင်ပေးမိတယ်လေ။ ဖိုးဖိုးဖွားဖွားတွေ၊ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေပြောသမျှကို ကလေးအတွက်ကောင်းမယ်ဆိုရင်လိုက်လုပ်မိတတ်ကြပါတယ်။ အတွေ့အကြုံမရှိတော့ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုယူရတယ်ဆိုတဲ့သဘောပေါ့။ ဒီလိုအတွေ့အကြုံတွေထဲမှာ အကြံဉာဏ်ပေးသူကိုယ်တိုင်က အသိမှားထားတာလေးတွေရှိနေတတ်ပါတယ်။ ကလေးအာဟာရနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးအချို့ အလွဲ (၁) - ကလေးက မိခင်နို့နဲ့ဓါတ်မတည့်ဖြစ်နိုင်တယ် ကလေးတွေက မိခင်နို့နဲ့ဓါတ်မတည့်ဘူးဆိုတာမရှိပါဘူး။ ကလေးက အစားပုတ်လေးဆိုရင်တော့မေမေ့ဆီကနို့တွေကို အငမ်းမရစို့တာကြောင့် နို့ပြန်အန်တာမျိုး၊ အရမ်းဆာနေတာကြောင့် နို့တွေကိုအများကြီးသောက်မိရာကနေ အန်တာမျိုးဖြစ်နိုင်ပါတယ်။ မိခင်နို့နဲ့ ဓါတ်မတည့်တာကြောင့် အန်တာမျိုးတော့မဟုတ်ပါဘူး။ အလွဲ (၂) - နို့စို့ကလေးတွေရေသောက်ဖို့လိုတယ် ကလေးတွေအတွက် မိခင်နို့တိုက်ရုံနဲ့ လိုအပ်တဲ့ရေဓါတ်ရော အာဟာရဓါတ်တွေပါပြည့်စုံနေပါပြီ။ ကလေးကိုရေသီးသန့်ထပ်တိုက်ပေးဖို့ မလိုပါဘူး။ ကလေးငယ်တွေဟာမွေးစကနေ အသက် ၆ လအထိ မိခင်နို့မှာပါတဲ့ အရည်ဓါတ်နဲ့ပြည့်စုံလုံလောက်နေပါပြီ။ တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို နို့အပြင် အခြားသောက်စရာတွေကို စတိုက်ရမှာပါ။ အလွဲ (၃) - ကလေးကို […]


ကလေးအစာခြေစနစ်ပြဿနာများ

အစာခြေစနစ် အားနည်းတဲ့ ကလေးကို ဒီလိုပြင်ဆင်ပေးပါ

စားကောင်းတာလေး စားမိတိုင်း သားသမီးတွေက မိဘတွေကို သတိရခဲကြပေမယ့် မိဘတွေကတော့ စားကောင်းတာလေးစားမိတိုင်း သားသမီးတွေကိုကျွေးချင်တဲ့စိတ်အပြည့်ပါနော်။ မိဘမေတ္တာဆိုတာမျိုးပေါ့။ ကလေးက ဘာမှသေချာမစားနိုင်ခင်ကတည်းက ကလေးအရွယ်ရောက်လာရင်တော့ ဘာကျွေးမယ်၊ ဘယ်လိုလေးပြင်ပေးမယ်၊ လို့တွေးမိကြတယ်ဟုတ်။ ဒီခံစားချက်ကမေမေဖေဖေတိုင်းရှိကြမယ်ထင်ပါတယ်နော်။ ဒီနေရာမှာ သတိထားရမှာတစ်ခုက ကလေးရဲ့အစာခြေစနစ်က ဘယ်လိုအနေအထားမျိုးရှိလဲဆိုတာပါ။ ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးသလို ကလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ အစာခြေစနစ်ချင်းလည်း မတူနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ကလေးက အစာခြေစနစ် အားနည်းနေမယ်ဆိုရင်တော့မေမေဖေဖေတို့အနေနဲ့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါ ပိုပြီး သတိထားဖို့လိုအပ်မှာပါ။ ဒီလက္ခဏာလေးတွေရှိနေရင် ကလေးရဲ့အစာခြေစနစ် မှာပြဿနာရှိနေတာပါ ကလေးက - မကြာခဏဆိုသလို အန်နေမယ် တစ်ခါတလေ ဖျားမယ် ဝမ်းသွားမယ် ဝမ်းချုပ်မယ် အကြောင်းအရင်းမရှိဘဲ ငိုနေမယ် ဆိုရင်တော့ ကလေးရဲ့ အစာခြေစနစ်မှာပြဿနာရှိနေပါပြီ။ အစာခြေစနစ်ပြဿနာရှိတဲ့ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ ကိုယ့်ကလေးက သူများကလေးတွေနဲ့မတူဘဲ အစာခြေစနစ်မှာပြဿနာရှိနေပြီဆိုရင် အစားအစာပြင်ဆင်ပေးတဲ့အခါ ပုံမှန်ထက်ပိုဂရုစိုက်ပေးရပါမယ်။ အစာခပ်ပျော့ပျော့လေးပြင်ဆင်ပေးပါ - ကလေးကို Cereal လိုမျိုးခပ်ပျော့ပျော့အစားအစာလေးတွေပြင်ဆင်ပေးပါ။ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးသန်မထအောင် ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ

ဗိုက်အောင့်တယ်ဆိုတဲ့ စကားသံက ကလေးတွေဆီက အများဆုံးကြားရတဲ့စကားသံပါ။ ဒီအချိန်မှာ မိဘတွေတွေးလိုက်တာက ကလေးက တကယ်နာနေတာဟုတ်ရဲ့လား၊ကျောင်းမသွားချင်လို့ ညာနေတာများလားဆိုတာပါ။ များသောအားဖြင့်ကတော့ ကလေးကျောင်းမသွားချင်လို့ ဂျီတိုက်တယ်ထင်မှတ်ကြတယ်နော်။ နောက်ထပ်ကြားရတတ်တာ တစ်ခုရှိသေးတယ်။ ဒါကတော့ ခေါင်းမူးတယ် မေမေ၊ အိပ်ချင်တယ်ဆိုတဲ့စကားပါ။ တစ်ခါတလေမှာ ကလေးက ဗိုက်အောင့်တယ်ပြောတာက သန်ထနေတာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ သန်ထတာက ကလေးတော်တော်များများမှာဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခပ်ပေါ့ပေါ့ဆဆ မတွေးပါနဲ့နော်။ သန်ကောင်တွေက ကလေးရဲ့ အူလမ်းကြောင်းထဲမှာ ကလေးစားသုံးလိုက်တဲ့ အာဟာရတွေကို ရယူပြီး ရှင်သန်နေထိုင်ပါတယ်။ ဒီလိုရှင်သန်နေထိုင်မှုက အားကောင်းလေလေ ကလေးက အားနည်းလာပြီး ကိုယ်ခံအားနည်းလာပါတယ်။ ဒီအခါမှာ ကလေးက ရောဂါတွေကို အလွယ်တကူခံစားကြရသလို ကြီးထွားဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်တာမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီတော့ ကလေးမှာ ဆိုးရွားတဲ့ ထိခိုက်မှုတွေမဖြစ်ခင် ကလေးကို သန်မထအောင် ကာကွယ်ဖို့လိုပါမယ်။ ကလေးမှာ သန်ထနေပြီဆိုတာကို ဘယ်လိုသိနိုင်သလဲ ကလေးက […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးကို ဝမ်းမှန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲ

အိမ်မှာ ချစ်တီးလေးတွေရှိလား။ ကလေးက ဝမ်းမှန်မှန်မသွားတော့ အစားလည်းသိပ်မစားဘူး၊ အင်အင်းတည်တိုင်း ငိုယိုရုန်းကန်တာ ကျွက်ကျွက်ကိုညံလို့ပါပဲ။ ကလေးက တစ်ပတ်ကို အများဆုံး သုံးကြိမ်လောက်ပဲဝမ်းသွားတယ်၊ သွားတဲ့အခါလည်း ဝမ်းကမာကျစ်ပြီး တစ်နေတယ်(စမြင်းတုံးပေါ့)၊၊ ဗိုက်အောင့်တယ်ဆို ချစ်တီးလေးဖြစ်နေပါပြီ။ ဝမ်းသွားဖို့ ညှစ်ရင် စအိုမှာနာကျင်ရမယ်၊ တအားညှစ်ရမှာပင်ပန်းမယ်ဆိုတာ သိနေတော့ အင်အင်းတည်ရင် အကြောက်အကန်ငြင်းတာပေါ့၊ ဝမ်းသွားချင်စိတ်လေးပေါ်လာရင်တောင်အောင့်ထားတတ်ပါတယ်။ ကလေးတွေ ဝမ်းချုပ်တဲ့ကိစ္စကရောဂါကြီးတော့မဟုတ်ပေမယ့် အဖြစ်များတဲ့ပြဿနာပါ။ ဒါပေမယ့် ဂရုမစိုက်ပေးဘဲ အချိန်ကြာလာရင်တော့စအိုဝမှာ ကွဲလာမယ်၊ စအိုကျွံကျခြင်း လိုမျိုး စအိုအတွင်းသားအပြင်ကိုထွက်လာမယ် စတဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်သလိုရောဂါအကြောင်းရင်းတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ မပေါ့ဆသင့်တာဖြစ်ပါတယ်။ ဒါဆို ဝမ်းမချုပ်အောင် ဘယ်လိုကာကွယ်ရမလဲ အရည်များများတိုက်ပါ ရေ သို့မဟုတ် အရည်(နို့၊ဖျော်ရည်၊စွတ်ပြုတ်၊စတာတွေ) တွေကို လုံလောက်အောင် တိုက်ကျွေးရင် ဝမ်းမှန်စေပါတယ်။ ဘယ်ပမာဏလောက်ဆိုလုံလောက်မလဲဆိုတာကတော့ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ အသက်အရွယ်ကိုမူတည်ပါလိမ့်မယ်။ အဓိကကရေဓါတ်မနည်းစေဖို့ပါ။ ရေသောက်နည်းတဲ့ကလေးကို ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီးတို့ကို ကြိတ်တဲ့ဖျော်ရည်တိုက်ပေးပါ။ အမျှင်ဓါတ်ကြွယ်ဝတာတွေပိုကျွေးပါ အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေ(သစ်သီး၊ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံကြမ်းပေါင်မုန့် စတာတွေ)က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း