ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက တုပ်ကွေးဖြစ် နေတာလား ......

တုပ်ကွေးက ဘေဘီလေးတွေကို ထိခိုက်မှု များစေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အကြောင်းကတော့ ဘေဘီလေးက တုပ်ကွေးဖြစ် လာရင် ခုခံနိုင်လောက်အောင် ကိုယ်ခံအား မဖွံ့ဖြိုးသေးလို့ပါ။ နောက်တစ်ချက်က တုပ်ကွေးက ကာကွယ်ဆေး ရှိပေမယ့် ဘေဘီလေးတွေကို အသက် ၆ လမတိုင်ခင်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးလို့ မရပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးခိုင်းတာပါ။ မေမေ့ဆီကရတဲ့ ကိုယ်ခံအားက ကလေးတွေကို ၆လလောက်ထိ ကာကွယ်ပေးနိုင်လို့ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ တုပ်ကွေးဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရလဲဆိုတာနဲ့ ဘယ်လို လက္ခဏာတွေဆို စိုးရိမ်စရာ အခြေအနေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးတွေက ဘယ်အရွယ်မှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေ များလဲ...... ဘေဘီလေးတွေက လူကြီးတွေထက် တုပ်ကွေး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို ဘယ်လို နို့ဖြတ် ကြမလဲ။

ကလေး နို့ဖြတ် တယ်ဆိုတာ မေမေတို့ ကြုံရမယ့် ကိစ္စပါ။ တချို့ကလေးတွေက သူ့အလိုလို နို့မစို့ဘဲ ပြတ်သွားတာမျိုး ရှိပေမယ့် တချို့ကျတော့လည်း ရက်အတော်ကြာအချိန်ယူပြီး ဖြတ်ရပါတယ်။ ကလေးနို့ဖြတ်တဲ့အခါ ကလေးစိတ်ထိခိုက်မှု မရှိအောင် ဖြတ်တတ်ဖို့လည်း လိုပါတယ်။ ဘယ်အရွယ်မှာ နို့ဖြတ် ကြမလဲ။ ဘယ်အရွယ်ရယ်လို့ အတိအကျမရှိပေမယ့် မိခင်နို့ကို ၆လအထိ တိုက်ဖို့တော့ လိုပါတယ်။ ကြာကြာတိုက်နိုင်ရင် ကောင်းတယ်ဆိုပေမယ့် ခုခေတ်မေမေတွေက working momတွေ ဖြစ်တာကြောင့် အချိန်တန်ရင် အလုပ်ပြန်ဝင်ရမှာပါ။ မဖြတ်ဘဲနဲ့ နို့ကို ညှစ်ပြီး အိမ်မှာ ထားခဲ့လည်း ရတယ်ဆိုပေမယ့် ဖြတ်မယ်ဆိုရင်လည်း ဖြတ်နိုင်ပါပြီ။ ၆လကျော်ရင်တော့ ကလေးက မိခင်နို့ တစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် မိခင်နို့ တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ဖြည့်စွက်စာကို စကျွေးသင့်ပါပြီ။ နောက်ပိုင်းကြီးလာတဲ့အခါ အစားချေးမများစေဖို့ အစားမျိုးစုံကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးက သံပရာသီး စားလို့ရလား .........

သံပရာသီး က ကိုယ်ခံအားကောင်းစေတယ်ဆိုတာ လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ချဉ်တဲ့ အရသာရှိပေမယ့် အရသာက ခံတွင်းရှင်းစေပြီး လန်းဆန်းစေတာကြောင့် လူကြိုက်များတဲ့ အသီးတစ်မျိုးပါ။ ဟင်းလျာတွေထဲ ထည့်စားသလို၊ အသားပြုတ်တွေကို အရသာတိုးစေဖို့လည်း သံပရာသီး ထည့်စားလေ့ရှိပါတယ်။ သံပရာသီးကို အစားများတဲ့ ပုံစံကတော့ သံပရာရည် အေးအေးချိုချိုလေး သောက်တာပါ။ သံပရာရည် အေးအေးချိုချိုလေးက ခေါင်းကြည်စေသလို ခံတွင်းရှင်းစေပါတယ်။ ဒီတစ်ခေါက်တော့ သံပုရာရည် သောက်နေတုန်း Juice လား တီတီ ..... သားသားလည်း သောက်မယ်ဆိုလို့ ချဉ်တယ် မသောက်ရဘူးပဲ ပြောရမလား ..... နည်းနည်းလောက်ပဲ တိုက်လိုက်ရမလားဆိုပြီး ဝေခွဲရခက်နေတဲ့ တီတီ၊ လေးလေးတို့အတွက် ဘေဘီလေးက သံပရာရည် သောက်လို့ရလား .... သံပရာသီးရော စားလို့ ရလားဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးက သံပရာသီး စားလို့ရလား […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ကင်းမွန် စားလို့ ရလား .......

ဘေဘီလေး အသက် ၆ လပြည့်လို့ solid food စစားလို့ရပြီဆိုတဲ့အချိန်မှာ ကျွေးမယ်ဆိုတဲ့ စာရင်းထဲကို ကင်းမွန် ကိုများ ထည့်ထားမိသေးလား မေမေတို့ရေ ..... ဒါဆိုရင်တော့ စဉ်းစားရမှာ တစ်ချက်က ဘေဘီလေးက အစာမာ စစားချိန်မှာ ကင်းမွန် စားလို့ရမလား .... တည့်ရောတည့်ရဲ့လား ဆိုတာပါ။ ဒီ မေးခွန်းလေးတွေအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီလေးက ကင်းမွန် စားလို့ရလား..... ဘေဘီလေးက ကင်းမွန်စားလို့ ရလားဆိုတော့ စားလို့ ရပါတယ်။ ကင်းမွန်က ရေနေသတ္တဝါ ဖြစ်ပြီး ဘေဘီလေးတွေ စားသုံးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။ ဒါဆို ဘယ်အရွယ်မှာ ဘေဘီလေးကို ကင်းမွန်စ ကျွေးရမလဲလို့ သိချင်နေပြီဟုတ်။  ဘေဘီလေး အသက် ၆ လပြည့်ပြီး အစာမာတွေကို စားတတ်ချိန်မှာ စပြီး ကျွေးလို့ရပြီဆိုပေမယ့် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အရွယ်မှာ ပုစွန် ကျွေးမလဲ ........

ဘေဘီလေး ကို အသက် ၆ လမပြည့်ခင် ( solid food ) စတင် မိတ်ဆက်လို့ မရခင်ကတည်းက ကျွေးချင်နေတာတွေက ခပ်များများရယ် ဟုတ် မေမေတို့ ဘွားဘွားတို့ရေ ..... စားကောင်းတာလေး တစ်ခုခု စားလိုက်တိုင်း ဘေဘီလေးများ စားချင်မလား ..... ကြိုက်မယ်ထင်တယ်ဆိုတဲ့ စိတ်က အမြဲလိုလို ဖြစ်မိမယ် ထင်ပါတယ်။ ဒီစိတ်လေးက ဘေဘီလေးကို ချစ်တဲ့ ဘွားဘွား၊ မေမေ၊ တီတီတိုင်းမှာ ဖြစ်မိတဲ့ ဆန္ဒပါ။ ဒီတစ်ခေါက်လည်း ပုစွန် ကင်စားမယ်။ ပုစွန် နဲ့ နာနတ်သီးလေးပါတဲ့ ပီဇာလေး စားရင်း ဘေဘီလေးများ စားချင်မလားလို့ တွေးမိနေနိုင်တဲ့ ဘွားဘွား၊ မေမေ၊ တီတီတို့ သိချင်နေမယ့် မေးခွန်းလေးအတွက် ဆောင်းပါးလေးကနေတဆင့် ဖြေပေးလိုက်ပါတယ်။ ဘေဘီလေးကို ဘယ်အရွယ်မှာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ .......

ဘေဘီလေးက ၆ လအထိ မေမေ့နို့ တစ်မျိုးတည်းကို သောက်သုံးတယ်ဆိုပေမယ့် ၆ လ ပြည့်ပြီဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရ လိုအပ်ချက် ပြည့်မီစေဖို့ solid foodတွေ၊ အသီးအနှံလေးတွေ စကျွေးရပါမယ်။ ဒီလိုကျွေးတဲ့အခါ အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ၊ ဆန် စတာတွေကို ညီညွတ်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ ဘေဘီလေးကို လူကြီးတွေ စားသလို ကျွေးဖို့က အဆင်မပြေပါဘူး။ ဒါကြောင့် ဘေဘီလေးနဲ့လည်း သင့်တော်ပြီး အာဟာရလည်း ပြည့်ဝစေဖို့ ဘယ်လို အသီးအနှံလေးတွေ ကို စကျွေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ ....... ဘေဘီလေးက အသက် ၆ လ ပြည့်လို့ solid […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးကြမလဲ။

ဘေဘီလေး သန့်ရှင်း ကျန်းမာနေစေဖို့ တာဝန် အရှိဆုံးသူက မေမေလား..... ဒါမှမဟုတ် ဖေဖေလား..... တကယ်ကတော့ ဘေဘီလေး ကျန်းမာသန့်ရှင်းနေစေဖို့က မေမေရော ဖေဖေ့မှာပါ တာဝန်ရှိပါတယ်။ ဘေဘီလေးကို အရိပ်တကြည့်ကြည့် စောင့်ရှောက်နေတဲ့ မေမေဖေဖေတွေအနေနဲ့ ဘေဘီလေး နှာခေါင်းလေးမှာ ကပ်နေ ပိတ်နေတဲ့ နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးရမလဲဆိုပြီး တွေးနေကြလား.... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖေဖေမေမေတို့အတွက်ပါ။ ဆောင်းပါးလေးကို ဖတ်ပြီး ဘေဘီလေးရဲ့ နှာခေါင်းလေးကို သန့်ရှင်းရေး လုပ်ပေးကြရအောင်လား မေမေတို့ရေ ...... နှပ်ချေး ဆိုတာ  နှာချေးဆိုတာ နှာခေါင်းထဲက ချွဲတွေပါ။ ဒီ ချွဲတွေက နှာခေါင်းထဲကို ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေ နဲ့ အမှုန်တွေကို ခန္ဓာကိုယ်ထဲ ဝင်ရောက်မသွားအောင် တားဆီးပေးတာပါ။ ဒီအချွဲရယ် ရောဂါပိုးတွေရယ် အမှုန်အမွှားတွေရယ် ပေါင်းပြီး ခြောက်သွားတဲ့အခါ နှပ်ချေးဖတ် […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေ လေးဖက်မထောက်တာ ပုံမှန်ပဲလား .......

ဘေဘီလေး တစ်ယောက် မွေးဖွားလာပြီဆိုရင် သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရတာက မေမေဖေဖေ ဖိုးဖိုးဖွားဖွားတို့ရဲ့ မမောမပန်းလုပ်ဆောင်မိတဲ့ အလုပ်တစ်ခုနော်။ ဘယ်သူ့ ကလေးလေးကတော့ ခေါင်းမတ်မတ်လေး ထောင်နိုင်ပြီ အိမ်က ဘေဘီလေးရော ခေါင်းသေချာ မတ်နိုင်ရဲ့လား။ ဘယ်သူ့ မြေးလေးကတော့ စကားပြောပြီ အိမ်ကမြေးလေးက စကားပြော နောက်ကျနေတာများလား ဆိုတဲ့ စိုးရိမ်မှုကလည်း အမြဲလိုလို ကြီးစိုးနေပါတယ်။ အခုတစ်ခေါက်တော့ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတို့ စိုးရိမ်နေလောက်မယ့် ဘေဘီလေး လေးဖက်မထောက်သေးတာ ဘာကြောင့်လဲ။ လေးဖက်မထောက်ဘဲ မတ်တတ် တမ်းရပ်တာက ပုံမှန်ပဲလားဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ လေးဖက်ထောက်တာက ဘေဘီလေးကို ဘယ်လိုတွေ ထောက်ကူပေးလဲ ....... သတ်မှတ်ထားတဲ့ ဘေဘီလေးတွေရဲ့ အသက်အရွယ် အလိုက် ဖွံ့ဖြိုးမှု အဆင့်ဆင့်က မတ်တတ်မရပ်ခင်၊ လမ်းမလျှောက်ခင်မှာ လေးဖက်ထောက်တာက ပုံမှန် ဖွံ့ဖြိုးမှု အဆင့် […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ဩဇာသီး စားလို့ရလား …….

သီတင်းကျွတ်ခါနီးပြီဆိုရင် ဩဇာသီး တွေက လှိုင်လှိုင်ပေါပါပြီ။ ဒီလို အချိန်မှ စားရတဲ့ ဩဇာသီးလေးကို ကိုယ်တိုင်က နှစ်နှစ်ခြိုက်ခြိုက် စားမိချိန်မှာ တွေးမိနိုင်တာက ဘေဘီလေးရော စားလို့ရလား ဆိုတာပါ။ ဒီတစ်ခေါက်တော့ အဲ့အတွေးလေးအတွက် အဖြေထုတ်ပေးပါမယ်။ ဩဇာသီးမှာ ဘာအာဟာရဓာတ်တွေ ပါဝင်နေလဲ …….. ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ ဩဇာသီးလေးမှာ ဘေဘီလေးတို့အတွက် အရေးပါတဲ့ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ အဆီ ပရိုတင်း ဗီတာမင် C ဗီတာမင် B အုပ်စု သံဓာတ် ဖော့စဖရိတ် ဆိုဒီယမ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် သီရာမင်း ဗီတာမင် A ရေဓာတ် ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်နေပါတယ်။ ဘေဘီလေးကို ဩဇာသီး ကျွေးလို့ရလား ……. ဘေဘီလေးက အသက် ၆ လပြည့်ပြီဆိုရင် အသီးတော်တော်များများကို […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့စို့တဲ့အခါ နို့သီးခေါင်း အကိုက်မခံရစေဖို့

ကလေးနို့တိုက်တဲ့ မေမေအများစုက နို့သီးခေါင်း အကိုက်ခံရဖူးပါတယ်။ နာလည်းနာ ကလေးကိုလည်း ဘာမှလုပ်လို့မရဆိုတော့ မေမေတွေအတွက် အတော်အခက်တွေ့ပါတယ်။ နောက်ထပ်ပြဿနာက နို့သီးခေါင်း နာနေတဲ့အတွက် နို့မတိုက်နိုင်တာ၊ နောက်ထပ်နို့တိုက်ရမှာကို လန့်နေတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးမေမေတွေမှာပါ။ ကလေးဆီကနေ နို့သီးခေါင်းအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ။ ကလေးက နို့သီးခေါင်း ဘာလို့ ကိုက်တာလဲ။ သွားပေါက်တဲ့ အရွယ်ဖြစ်လို့ သွားငုတ်တုတ် လူငုတ်ငုတ် ကလေးထိုင်တဲ့အရွယ်ဆိုရင် မေမေတို့ နို့သီးခေါင်းကိုက်ခံရပါပြီ။ သွားပေါက်ချင်တဲ့အတွက် သွားဖုံးတွေက တင်းပြီး ယားလာပါတယ်။ ဒါကို ဖြေဖျောက်ဖို့ မေမေ့နို့သီးခေါင်းကို ကိုက်တတ်ပါတယ်။ နို့ထွက်နည်းလို့ နို့ထွက်နည်းတဲ့အခါ ကလေးက နို့စို့ရတာ အားမရတော့ပါဘူး။ ဒါကြောင့် စိတ်ရှုပ်ပြီး နို့ထွက်လိုထွက်ငြား နို့သီးခေါင်းကို ကိုက်ထည့်လိုက်တာပါ။ နို့ထွက်မြန်လို့ မေမေက နို့သက်ပြီး နို့တွေ အများကြီးထွက်လာတယ်ဆိုရင်လည်း ကလေးက အလျင်မီအောင် လိုက်စို့ရတဲ့အတွက် မတော်တဆ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း