ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအာဟာရချို့တဲ့ခြင်း

တာရှည်ခံအစားအစာတွေရဲ့ ကျန်းမာရေးအန္တရာယ်

နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အစားအစာတွေကို ရက်ရှည်လများ ကြာရှည်ခံ၊ အထားခံအောင် ဓါတုဗေဒနည်းပညာတွေ အသုံးပြုတာတွေ အရင်ကထက် ပိုများလာပါတယ်။ တာရှည်ခံအစားအစာတွေမှာ ပုံမှန် အစားအစာတွေထက် ဆီ၊ ဆား၊ သကြား ပါဝင်မှုပိုများလာတဲ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်စေပါဘူး။ ဒါပေမယ့်လည်း ဒီလို ကြာရှည်ခံအောင် စီမံထားတဲ့ အစားအစာတွေကို ကလေးတွေက ပိုပြီး သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။ တာရှည်ခံအစားအစာလို့ ဆိုရမှာ ကြက်အူချောင်း၊ ဝက်သားလုံး အစရှိသဖြင့် အေးခဲထားတဲ့ အစားအစာတွေ၊ စည်သွပ်ဘူးထဲ ထည့်ပြီး သိုလှောင်ထားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓါတုဗေဒနည်းလမ်းတွေကို အသုံးပြုပြီး အခြောက်ခံ၊ ကြော်လှော်ပြီး ထုတ်ပိုးထားတဲ့ စားစရာတွေ၊ နို့ဘူး၊ ဖျော်ရည်ဘူး အစရှိသည်တို့ ပါဝင်ပါတယ်။ ကြက်အူချောင်းလိုမျိုး တာရှည်ခံအစားအစာတွေကိုတော့ ယမ်းစိမ်းပါတဲ့ အစားအစာအနေနဲ့လည်း သိထားကြပါတယ်။ ဒီလိုစားစရာတိုင်းကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။

လူကြီးတစ်ယောက် ချောင်းဆိုးချွဲကြပ် ရင် ဆေးလေးဝယ်သောက်လိုက်တာဟာ ကိစ္စမရှိပေမယ့် ကလေးအရွယ်တွေကျတော့ တွေ့ကရာဆေးသောက်လို့ မရပါဘူး။ ကလေးဆေးတွေက ပမာဏကို ချိန်တွက်ပြီးမှ သောက်ရတာကြောင့် သေချာနားမလည်ရင် ပိုသောက်မိသွားပြီး ကလေးမှာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူကြီးတွေတောင် ခံရတာ နုနယ်တဲ့ကလေးတွေဆို ပြောစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် အိမ်က ကိုယ့်ကလေးတွေ ချောင်းဆိုးချွဲကြပ်ရင် ဆေးတွေတိုက်ဖို့ မစဉ်းစားဘဲ သဘာဝကုထုံးလေးတွေနဲ့အရင် သက်သာအောင်လုပ်ကြည့်ပါ။ ကလေးတွေ ချောင်းဆိုးချွဲကြပ် တာကို သက်သာစေမယ့် သဘာဝကုထုံးများ။ ။ ကလေးခေါင်းကို မြင့်နေအောင်ထားပါ။ ။ အိပ်ချိန်ဆို ကလေး ကျော၊ ပခုံးနဲ့ ခေါင်းအောက်မှာ ခေါင်းအုံးလေးတွေထားပေးပါ။ ဒါမှ ချွဲတွေ အပေါ်ကို ပြန်တက်မလာလို့ လည်ချောင်းယားသက်သာသွားပြီး ချောင်းဆိုးချင်တော့မှာ မဟုတ်ပါဘူး။ ခေါင်းကိုကိုယ်ထက်မြင့်နေအောင်ထားလိုက်တာကြောင့် ကလေး အသက်ရှူရတာလည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ

သားသမီးတွေကို ကျန်းမာကြံ့ခိုင်ပြီး အရပ်ရှည် ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ကလေးတွေ အရပ်ရှည်ပြီး ကိုယ်ခန္ဓာကြီးထွားစေဖို့ အစာအာဟာရက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နေ့စဉ် အစာအာဟာရမျှတစေဖို့ ချက်ပြုတ်ရာမှာ ခေါင်းစားနေရတဲ့ မေမေတွေအတွက် ဝယ်လို့လည်း လွယ်ကူပြီး ကလေးတွေ ကြိုက်လောက်မယ့်အပြင် အရပ်ကိုလည်း ရှည်ဖို့ အထောက်အကူပေးနိုင်တဲ့ အစားအစာတွေကို ဝေမျှပေးချင်ပါတယ်။ ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကတော့ ၁။ ကြက်ဥ ကလေးတွေကို ကြီးထွားစေဖို့နဲ့ အရပ်ရှည်စေဖို့ ကူညီပေးနိုင်တဲ့ အာဟာရတွေထဲမှာ ပရိုတင်းဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့ အာဟာရတွေ များစွာ ပါဝင်တဲ့အပြင် ကလေးတွေလည်း ကြိုက်နှစ်သက်ကြတဲ့ အစားအစာပါပဲ။ မနက်စာကို ကြက်ဥကြော်နဲ့ ထမင်းဖြစ်စေ၊ ကြက်ဥပြုတ်နဲ့ နွားနို့ပူပူလေး တစ်ခွက်ဖြစ်စေ ကိုယ်ကလေးကို ကျွေးပေးနိုင်ရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးချက်ကြိုးနဲ့ ပက်သက်ပြီး မေမေတို့ သိထားသင့်သည်များ။ ။

ကလေးရဲ့ချက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မပြောခင် ချက်ကြိုးဆိုဘာလဲ၊ သူ့တာဝန်က ဘာလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ ။ ချက်ကြိုးဆိုတာဘာလဲ။ ။ မေမေတို့ဗိုက်ထဲမှာရှိနေတဲ့ ရင်သွေးလေးတွေ အချင်းဆီကနေ အောက်ဆီဂျင်နဲ့ အာဟာရတွေရအောင်လို့ ချက်ကြိုးက ကလေးနဲ့ အချင်းကြားထဲကနေ ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့် ဗိုက်ထဲက ရင်သွေးလေးတွေ အတွက်တော့ချက်ကြိုးက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။ ကလေးမွေးပြီးရင် ချက်ကြိုးကိုဘယ်လိုဂရုစိုက်ရမလဲ။ ။ ဗိုက်ထဲကနေ အပြင်ကိုရောက်လာတဲ့အခါမှာတော့ ချက်ကြိုးရှိနေဖို့ မလိုအပ်တော့တဲ့အတွက် ချက်ကြိုးကို ကလေးမွေးပြီးပြီးချင်း ဖြတ်ထုတ်လိုက်ရပါတယ်။ ဖြတ်ထုတ်ပြီး ကလေးဆီမှာ ကျန်ခဲ့တဲ့ ချက်ကြိုးအပိုင်းလေးကို ဂရုစိုက်ပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ သူကကလေးရဲ့ဗိုက်နဲ့ ဆက်နေတဲ့အတွက်ကြောင့် အပြင်က ပိုးတွေ ချက်ကြိုးကနေ ဝင်သွားရင် ကလေးအတွက် အန ္တရာယ်အများကြီး ရှိနိုင်လို့ပါ။ ကလေးချက်က ပုံမှန်ဆို ဘယ်အချိန်ကြွေတတ်လဲ။ ။ မွေးစကလေးတစ်ယောက်ရဲ့ချက်က ၇ရက်ကန ၂၁ရက်အတွင်းမှာ ဘာပိုးဝင်တဲ့ လက္ခဏာမှ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေ ခေါင်းချွေးထွက်တာ ဘာများဖြစ်လို့လဲ

ချွေးထွက်တယ်ဆိုတာ ခန္ဓါကိုယ် သို့မဟုတ် ပတ်ဝန်းကျင်မှာ အပူချိန်ပိုလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကိုလျှော့ချထိန်းညှိပေးဖို့ချွေးဂလင်းတွေရဲ့လုပ်ဆောင်ချက်တစ်ခုပါ။ လူတိုင်းချွေးထွက်တတ်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာ အမြဲလိုလိုချွေးထွက်တတ်တော့မေမေတချို့က စိတ်ပူကြပါတယ်။ ဒီသေးသေးလေးက ဘာလို့ဒီလောက်ချွေးထွက်ရတာလဲပေါ့။ခေါင်းမှာလည်းချွေးသီးချွေးပေါက်တွေနဲ့ဆိုတော့ ဘာလို့ဒီလိုမျိုး အမြဲလိုလိုဖြစ်နေရလဲဆိုတာ သိချင်ကြတယ်မဟုတ်လား။ ကလေးတွေမှာခေါင်းချွေးထွက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ချွေးပိုထွက်တာဖြစ်နိုင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးရဲ့ခန္ဓါကိုယ်အပူချိန်ထိန်းညှိရေးစနစ်က ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့နှေးတာကြောင့်လည်းဖြစ်နိုင်တယ်။ အထူးသဖြင့်ပြင်ပက အပူချိန်များနေတဲ့အချိန် ခန္ဓါကိုယ်ကနေ တုံ့ပြန်မှုအနေနဲ့ချွေးထွက်တာဖြစ်ပါတယ်။ ကလေးတွေက အပူဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် အဝတ်အစားရွေးချယ်တဲ့နေရာမှာလေဝင်လေထွက်ကောင်းပြီး အသားအေးတာလေးတွေကို ဦးစားပေးဖို့ပြောကြတာပါ။ ဘာလို့ ခေါင်းချွေးပိုထွက်ကြတာလဲ ကလေးရဲ့ခေါင်းမှာ အတန်အသင့်ပမာဏလောက်ချွေးထွက်တာက သဘာဝပါပဲ။ ဒီအကြောင်းရင်းတွေကြောင့်ပေါ့။ အပေါ်မှာပြောခဲ့သလိုတခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ကလေးရဲ့ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ပါ။ ဒါ့ကြောင့် ကလေးမှာပူတယ်လို့ခံစားရရင်၊အထူးသဖြင့် နို့စို့ချိန်တွေမှာ ကျန်တဲ့နေရာတွေထက်ခေါင်းမှာပဲချွေးပိုထွက်လာတာဖြစ်ပါတယ်။ ကလေးဦးခေါင်းရဲ့အပူချိန်က ခန္ဓါကိုယ်ရဲ့ကျန်တဲ့အပိုင်းတွေထက် ပိုမြင့်နေလို့ပါ။ ကျန်းမာရေးပြဿနာတစ်ခုခုများ ရှိနေတာလား သားဦးမွေးထားတဲ့ မိဘတွေဆို ပိုတောင်စိုးရိမ်တတ်ကြသေးတယ်။ ဘာရောဂါကြောင့်များဖြစ်နေတာများလဲဆိုပြီး အတွေးပေါင်းများစွာနဲ့ ရင်ပူရပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေမှာဖြစ်တတ်တဲ့သဘာဝမို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကျန်းမာရေးအတွက် အမျှင်ဓာတ်ရဲ့ အကျိုးပြုပုံ

အမျှင်ဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အာဟာရဓာတ်တွေထဲက တစ်မျိုးဖြစ်ပေမယ့် လူတော်တော်များများက သတိမထားတတ်ကြပါဘူး။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံမှာ အမျှင်ဓာတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အမျှင်ဓာတ်ဟာ ဘယ်လောက်ထိ အရေးပါလဲ၊ ဘယ်လိုအစားအစာတွေမှာ အမျှင်ဓာတ်အများဆုံးပါဝင်လို့ ကလေးတွေ များများစားပေးသင့်လဲ အစရှိတဲ့ ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးချင်ပါတယ်။ အမျှင်ဓာတ်ရဲ့ အရေးပါပုံ အမျှင်ဓာတ်ဟာ သွေးထဲက ကိုလက်စထရောကို လျှော့ချပေးနိုင်လို့ ဆီးချိုရောဂါ၊ နှလုံးရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ သကြားစုပ်ယူမှုကိုလည်း နှေးစေပြီး ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အင်ဆူလင်ကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ကို ပြည့်ဝစေလို့ ကလေးကို မကြာခဏ အစာစားချင်စိတ် မဖြစ်စေတော့တာကြောင့် အဝလွန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်မှာ ကယ်လိုရီတွေ မပါဝင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းစေလို့ ကလေးတွေကို ဝမ်းမှန်စေတယ်။ ရင်ပြည့်တာမျိုး၊ ဝမ်းချုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ […]


ကလေးအစာခြေစနစ်ပြဿနာများ

ဘယ်လိုအစားအစာတွေက သင့်ကလေးကို အစာမကြေဖြစ်စေတာလဲ။ ။

အစာမကြေ ေလထိုးလေအောင့်ဆိုတာ လူကြီးတွေမှဖြစ်တာမဟုတ်ပါဘူး ။ ကလေးတွေမှာလည်း အဖြစ်များပြီး တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေဆို ဘယ်နေရာက ဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြတတ်ပေမယ့် ကလေးကျတော့ ဗိုက်ထဲက တစ်နေရာရာ မသက်သာရင် ဘယ်လိုခံစားနေရလဲဆိုတာကို သေသေချာချာ မပြောနိုင်တဲ့အတွက် ဂျီကျလိုက်၊ ငိုလိုက်လုပ်နေရင် မေမေတို့ပဲ စိတ်ညစ်ရပါတယ်။ ။ အစာမကြေခြင်းဆိုတာဘာလဲ။ ။ ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်နေတာမျိုး မကြာခဏခံစားဖူးမှာပါ။ ဗိုက်ကလည်း ပြည့်အင့်နေပြီး အီလည်လည်ပါဖြစ်နေပြီဆို ဒါ အစာမကြေတာပါပဲ။ အစာမကြေခြင်းဟာ တခါတလေမှာ GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊ အစာအိမ်အူအနာ သည်းခြေရာဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။ ဘာကြောင့်အစာမကြေဖြစ်ရသလဲ ။ ။ ပုံမှန်အားဖြင့် စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှ အက်ဆစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် စားလိုက်မိတဲ့ အရာတွေကို အက်ဆစ်က ချေဖျက်ဖို့ ခက်ခဲနေတဲ့ အခါမျိုး၊ […]


ကလေးငယ်ပထမနှစ်

ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

ကိုယ့်ရဲ့ ရင်သွေးလေးပထမဆုံးခြေလှမ်းလေးကိုမြင်ရဖို့တော်တော်လေးမျှော်လင့်မိတယ်ဟုတ်။ ကလေးတစ်ယောက်လမ်းစလျှောက်တာက သူတို့လေးတွေဖွံ့ဖြိုးမှုရဲ့ အရေးပါဆုံးမှတ်တိုင်တွေထဲကတစ်ခုပေါ့။ ဒီအချိန်မှာ ကလေးလေးလမ်းလျှောက်တာကို ကြည့်မဝဖြစ်နေကြသလိုဖုန်းတွေနဲ့ မှတ်တမ်းတင်တာကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဦးဦး၊တီတီတွေရောပေါ့။ ကလေးဆီကနေ မျက်စိမခွာနိုင်တဲ့အခိုက်အတန့်လေးပဲနော်။ ပီတိတွေကလည်း အပြည့်ပဲ။ ကဲ ဒီအခိုက်အတန့်လေးအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေ။ ကလေးက ဘယ်အရွယ်မှာ လမ်းစလျှောက်တာလဲ ကလေးကမွေးစမှာ သူ့ခန္ဓာကိုယ်အလေးချိန်ကို ထမ်းပိုးနိုင်လောက်တဲ့အထိ မဖွံ့ဖြိုးသေးပါဘူး။ တဖြည်းဖြည်းနဲ့မှ အချိန်ယူပြီး ဖွံ့ဖြိုးလာတာပါ။ ကလေးလေးတွေက များသောအားဖြင့် အသက် ၁ နှစ် ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ အချို့ကလေးတွေက ၁ နှစ်နည်းနည်းကျော်လောက်မှ လမ်းစလျှောက်ကြတာပါ။ ကလေးတွေကမွေးပြီး ၃ လကနေ၆လအတွင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေ ဖွံ့ဖြိုးသန်စွမ်းလာကြပါတယ်။ ၅ လကနေ ၇ လမှာခြေထောက်တွေမှာ တဖြည်းဖြည်းချင်း အားရှိလာပါပြီ။ ၆ လ ကနေ ၉ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးနေမကောင်းတဲ့အချိန် အားရှိစေမယ့် စားစရာများ

ကိုယ့်ကလေးနေမကောင်းရင် မိဘလုပ်သူတွေ အလုပ်ရှုပ်ပြီး ပျာယာခတ်ရပြီ။ ကလေးအမြန်သက်သာအောင် ဟိုဆေးခန်းပြေးရ၊ ဒီဆေးခန်းပြေးရနဲ့ ဖတ်ဖတ်မောနေရတဲ့အပြင် အိမ်မှာလည်း ကလေးဝေယျာဝစ္စနဲ့ အစားအသောက်ပြင်ဆင်တာလည်းလုပ်ရသေးတယ်။ ဒါပေမယ့် ကလေးနေမကောင်းတဲ့အခါမှာဆေးခန်းပြ၊ဆေးမှန်မှန်တိုက်တာနဲ့ မပြီးသေးပါဘူး။နေမြန်မြန်ပြန်ကောင်းဖို့က ကလေးရဲ့ကိုယ်ခံအားတက်လာဖို့အရေးကြီးတာကြောင့် အစာဝင်မှဖြစ်မယ်၊ ဝင်တဲ့အစာတွေကလည်း အာဟာရပြည့်တာတွေဖြစ်ရမယ်။ ဒီအချိန်မှာဘာတွေကျွေးရင်ကောင်းမလဲ၊ ဘယ်အစားအစာတွေက အားပြန်ပြည့်စေပြီးမြန်မြန်နေပြန်ကောင်းစေမလဲဆိုတာ ကြည့်ရအောင်။ (၁) ဆန်ပြုတ် နေမကောင်းရင် ဆန်ပြုတ်က တကယ်ကိုဆေးတစ်ခွက်ပါပဲ။ စားရလွယ်တယ်၊ သူ့ထဲမှာ အာဟာရတွေထပ်ပေါင်းထည့်လို့ရတယ်( ကြက်သားပြုတ်ရည်ထည့်တည်တာမျိုး)၊ အားရှိစေတယ်၊ အစာကြေလွယ်တယ်၊ များများစားလို့တောင်ဘေးမဖြစ်စေနိုင်ဘူး။ (၂) နို့နဲ့ ကြက်ဥ ကလေးက ဝမ်းလျှောနေတာမဟုတ်ဘူးဆိုရင် နွားနို့ သို့မဟုတ် နို့မှုန့် နဲ့ကြက်ဥပါတဲ့ အာဟာရတစ်ခုခုဖန်တီးပေးနိုင်ပါတယ်။ ဥပမာ ပူတင်းပျော့ပျော့လေးလုပ်ကျွေးတာမျိုး။ကွေကာအုပ်နဲ့နွားနို့ကို ကျိုတိုက်တာလည်းကောင်းပါတယ်။ (၃) ကြက်စွပ်ပြုတ် အအေးမိ၊တုပ်ကွေးဆိုရင် ကြက်စွပ်ပြုတ်နဲ့တင်ပျောက်ကင်းသက်သာစေနိုင်တယ်လို့ပြောကြပါတယ်။ အအေးမိအတွက်တင် မကပါဘူး။ ကြက်စွပ်ပြုတ်က ကိုယ်ခံအားကိုကောင်းစေတာကြောင့်ဖျားနာ၊ အားနည်းနေတာမှန်သမျှ နာလန်ထူဖို့မြန်စေပါလိမ့်မယ်။ အစာအိမ်အတွက်လည်းကောင်းပြီး ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေပါဝင်လို့ အသီးအရွက်လေးနည်းနည်းခတ်လိုက်ရင် ညီညွတ်မျှတဲ့အာဟာရကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ လည်ပင်း က အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

ကလေး လည်ပင်း တဝိုက်မှာ အနီရောင် အကွက်လေးတွေတွေ့တယ်။ ဘာဖြစ်တာလဲမသိဘူး။ စိုးရိမ်ရလား သိချင်မိတယ်လို့များ ဖြစ်နေပြီလား။ပြောပြမယ်နော်။ ကလေး လည်ပင်းတဝိုက် အရေပြားနီမြန်းခြင်း ကလေး လည်ပင်း အရေပြားအရစ်လေးတွေမှာ အနီရောင်အကွက်လေးတွေဖြစ်နေတယ်၊ အရေပြားလေးတွေလန်နေတယ်။ အဖုအပိမ့်လေးတွေ ဖြစ်နေတယ်။ ခပ်နွေးနွေးဖြစ်နေတယ်ဆိုရင်တော့ အရေပြားလောင်တာပါ။ ကလေးလေးတွေ မွေးစအရွယ်ကနေ ၆ လလောက်အရွယ်တွေမျာ အများဆုံးဖြစ်တတ်ကြပါတယ်။ ကလေးလည်ပင်းတဝိုက် အရေပြားရောင်ရမ်းရတဲ့အကြောင်းအရင်းတွေထဲမှာ မိတ်ပေါက်တာကနေစလို့ မှိုပိုကူးစက်တာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီအရေပြားပြဿနာက အရေပြားနီမြန်းရုံတင်မကပါဘူး။ ယားယံတာ၊ အရေပြားအဖတ်လန်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ နို့တွေစို့တဲ့ကလေးလေးက နို့တွေ အရမ်းစို့မိပြီး လည်ပင်းပေါ်စီးကျရာကနေ အရေပြားလောင်နိုင်သလို ချွေးကြောင့် အရေပြားလောင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိတ်နဲ့ အခြားအရေပြားထိခိုက်စေတဲ့ အရာတွေကြောင့်လည်း အရေပြားနီမြန်းရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ လည်ပင်း အရေပြား နီမြန်းမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဒီအချက်တွေကြောင့် ကလေးရဲ့ လည်ပင်းတဝိုက်မှာ အရေပြားနီမြန်းတာတွေဖြစ်နိုင်ပါတယ်။ မိတ် -နွေပူတဲ့အခါ အများဆုံးဖြစ်တတ်ပါတယ်။ အပူချိန်မြင့်တာကြောင့် ခန္ဓာကိုယ်မှာချွေးတွေထွက်လာပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း