ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာတွေ့ရတတ်တဲ့ နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း( Lactose Intolerance) ဆိုတာဘာလဲ ။ ။

မိခင်တော်တော်များများ ဖြစ်ဖူးပြီး စိုးရိမ်ကြတဲ့ ကိစ္စတစ်ခုရှိပါတယ်။ နို့တိုက်လိုက်တိုင်း ( ဒါမှမဟုတ်) နို့ထွက် ပစ္စည်းတွေ စားပြီးတိုင်း ကလေးက ဝမ်းတွေလျှောနေတဲ့ ကိစ္စပေါ့။ တစ်ခြား ယင်နားစာမျိုးတွေလည်း စားတာမဟုတ်၊ မိခင်ကိုယ်တိုင်ကလည်း တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်နေပါရက်နဲ့ ကလေးက ဘာကြောင့် ဝမ်းတွေလျှောရတာလဲ။ ဒါတွေရဲ့ အများဆုံး ဖြစ်နိုင်တဲ့ တရားခံကတော့ lactose intolerance ပါ။ ။ Lactose Intolerance ဆိုတာ ဘာလဲ။ ။ နို့ထဲမှာပါတဲ့ သကြားဓါတ်ကို ကိုယ်ခန္ဓါက စုပ်ယူဖို့အတွက် Lactose အင်ဇိုင်း လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးရှိရပါမယ်။ lactose intolerance ဆိုတာ Lactose ဓါတ်လုံလောက်စွာ မရှိတာကြောင့် နို့်ထဲမှာ ပါတဲ့ သကြားဓါတ်ကို ကလေးရဲ့ အစာအိမ်ကကောင်းကောင် းမချေဖျက်နိုင်တာဖြစ်ပါတယ်။ နို့သကြားဓါတ်ကို […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။ ။

တောက်တောက် တောက်တောက် လျှောက်သွားတတ်တဲ့ ကလေးအရွယ်တွေဆိုတာ တကယ်ကို ထိန်းရခက်ပြီး သေချာ ဂရုစိုက်ရမယ့် အရွယ်တွေပါ။ လမ်းကလည်း လျှောက်တတ်ခါစဆိုတော့ ဟိုသွားဒီသွား၊ အစားကလည်းစားတတ်ခါစဆိုတော့ လျှောက်စား၊ စူးစမ်းချင်စိတ်ရှိပေမယ့် သေချာလည်း မဝေခွဲတတ်သေးတဲ့ အရွယ်ဆိုတော့ တွေ့ကရာ အကုန်လျှောက်လုပ်တတ်ကြပါတယ်။ ဒီအရွယ်ကလေးတွေမှာ အဖြစ်အများဆုံကတော့ နှာခေါင်းထဲ တွေ့ကရာ သေးသေးကွေးကွေး ပစ္စည်းလေးတွေ လျှောက်ထည့်တာပဲဖြစ်ပါတယ်။ ဘာပစ္စည်းတွေ ထည့်လေ့ရှိလဲ ။ ။ ခဲဖျက်အပိုင်းအစလေးတွေ၊ ပဲစေ့၊ မန်ကျည်းစေ့၊ ကြယ်သီး၊ တစ်ရှူးကိုလိပ်ထားတဲ့ အလုံးလေးတွေက နှာခေါင်းထဲကို ကလေးတွေအထည့်များတဲ့ ပစ္စည်းတွေပါ ။ ဘယ်လို လက္ခဏာတွေတွေ့ရမှာလဲ ။ ။ ကိုယ်သတိမထားမိတဲ့အချိန် ကလေးက အပေါ်မှာပြောထားတာတွေ နှာခေါင်းထဲထည့်လိုက်တဲ့အခါ ကိုယ်ကလည်း မသိ။ ကလေးကလည်း မပြောနဲ့ အချိန်ကြာသွားမယ်ဆိုရင် ကလေးနှာခေါင်းထဲကနေ အနံ့အသက်မကောင်းတာ တစ်ခုခုထွက်နေမယ် နှာရည်တွေလည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ထမင်းပန်းကန်ကို တွန်းဖယ်နေတာမြင်လိုက်တာနဲ့ မရဘူး၊ စားရမယ်ဆိုတာမျိုး ကလေးကို ဖိအားပေးဖူးလား။ နည်းနည်းလေး ထပ်စားပါဦး၊ တစ်ဇွန်းပဲထပ်စားနော် ကစားကွင်းလိုက်ပို့မယ်ဆိုတာမျိုးရော မက်လုံးပေးပြီးဆွဲဆောင်ဖူးလား။ ဒါမှမဟုတ် - ဒီပန်းကန်ကုန်အောင်စားရမယ်၊ တော်ချင်ပြီဆိုရင် နှစ်လုတ်တော့ထပ်စားဦး၊ စားနော် မစားရင် ဒီမှာတွေ့လား တုတ်။ ဒါမကုန်ရင် မကစားရဘူး ဆိုတာမျိုးတွေ။ ကလေးရှိတဲ့အိမ်တွေမှာ ကြားရတာများတဲ့စကားသံတွေဆိုပေမယ့် အကျိုးဆက်က အမှန်တကယ်ရော ကလေးတွေအစားပိုစားလာပြီး ပိုကျန်းမာသွားသလား။   ကလေးကို အတင်းအကျပ်စားခိုင်းခြင်းရဲ့ အကျိုးဆက် ကလေးကို အစားစားစေချင်လို့၊ အားဖြစ်စေချင်လို့ အတင်းအကျပ်ကျွေးတာကကောင်းဖို့ရည်ရွယ်တာဖြစ်ပေမယ့် တကယ်တမ်းကျ မလုပ်သင့်ပါဘူး။လေ့လာမှုတွေအရ ဒီလိုနည်းမျိုးစုံနဲ့ တွန်းအားပေး အစားစားခိုင်းတဲ့မိဘတွေရဲ့ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ စားသောက်ပုံမူမမှန်တာတွေဖြစ်လာနိုင်ပြီး တခြားဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ် - စားသောက်တဲ့ကိစ္စမှာ ထိန်းချုပ်ဖိအားပေးခံရတဲ့အခါ ကလေးက ထမင်းစားချိန်တိုင်း စိတ်မကြည်တော့ဘူး၊ငိုမယ်၊ အတင်းအကျပ်ကျွေးမှ စားတော့တယ်။ မိဘနဲ့ကလေးကြားမှာ အားပြိုင်တာတွေဖြစ်လာနိုင်ပြီး တခြားကိစ္စတွေမှာတောင် ကလေးရဲ့တုံ့ပြန်လက်ခံနိုင်စွမ်းက မကောင်းတော့ပါဘူး။ ကြီးလာတဲ့အခါ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အသက်အရွယ်အလိုက် ဘယ်လိုအစားအစာပြင်ဆင်ပေးမလဲ

ကလေးအာဟာရမှာ မိခင်နို့နဲ့ အာဟာရနို့မှုန့်တွေကိုပဲ အားကိုးနေရပေမယ့် အရည်တွေချည်းမဟုတ်ဘဲ အစာအမာလေးတွေ စကျွေးချင်ပြီဆို စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ ကိုယ်ကကျွေးချင်ပေမယ့်၊ ကလေးကလည်း စားချင်နေပြီဆိုပေမယ့် ကလေးရဲ့ခန္ဓာကိုယ်က အသင့်ဖြစ်ပြီလားဆိုတာ အရင်ကြည့်ရပါမယ်။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရမယ်လို့ အကြံပြုထားပေမယ့် အသက်လေးလနဲ့ ခြောက်လကြားမှာတည်းက အစာစားဖို့ အသင့်ဖြစ်နေတဲ့ကလေးတွေရှိပါတယ်။ ဒါ့ကြောင့်ပြက္ခဒိန်ခုနှစ်၊ အသက်တွေကို ပုံသေကြီးမှတ်မထားဘဲ ကလေးရဲ့အနေအထား၊ ကျန်းမာဖွံ့ဖြိုးမှုတို့ကိုမူတည်ပြီး စကျွေးဖို့ကို ဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးရဲ့အနေအထားက အစာအမာစစားဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေဖို့လိုပါတယ်။ ကလေးကို အစာအမာစကျွေးဖို့ကို မလောဖို့တော့လိုပါတယ်။ ကလေးကအသင့်မဖြစ်ခင်ကျွေးမိရင် အစာကြေဖို့ခက်ခဲပြီးလေနာဝေဒနာဖြစ်စေနိုင်ပါတယ်။ ကလေးကို အစားအစာပြင်ဆင်ပေးတဲ့အခါ လူကြီးစားသလိုလည်း တန်းမကျွေးသင့်သေးပါဘူးနော်။ ကလေးကိုကျွေးဖို့ ဘယ်ကဘယ်လိုစရမှန်းမသိတဲ့မေမေတို့အတွက် ဒီအဆင့်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အဆင့် (၁) ၆ လ - ၇ လ ပျော့အိတာလေးကျွေးပါ။ စစချင်းမိတ်ဆက်တဲ့စားစရာဟာ ကလေးရဲ့အစာအိမ်မှာ ကျင့်သားရနေတဲ့ နို့နဲ့ နီးစပ်ပြီးချေဖျက်ရလွယ်၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ

ထမင်းခွံ့ရင်းပဲဖြစ်ဖြစ် မုန့်စားနေရင်းပဲဖြစ်ဖြစ် ရုတ်တရက်အစာသီးတာ၊လေပြွန်ပိတ်ဆို့တာ၊ နင်တာဖြစ်လာရင် ကိုယ့်ကလေးကို ဘယ်လိုအရေးပေါ်ပြုစုရမလဲဆိုတာ မိဘတွေတင်မက၊ ကလေးရှိတဲ့ အိမ်ကမိသားစုဝင်တိုင်းသိထားသင့်ပါတယ်။ ကလေးမပြောနဲ့ လူကြီးတောင် အခုလိုဖြစ်လာရင် အရေးပေါ်မကယ်ဆယ်နိုင်တာနဲ့ ချက်ချင်းအသက်ဆုံးရှုံးရနိုင်ပါတယ်။ အဓိကက အသက်ရှူလမ်းကြောင်း အမြန်ဆုံး ပွင့်စေဖို့ပါ။ ဒါ့ကြောင့် ကလေးမှာ အခုလိုဖြစ်လာရင် - ကိုယ်ကထိုင်ခုံမှာထိုင်ပြီး ကလေးကိုမှောက်လျက်အနေအထား လက်တစ်ဖက်နဲ့ပွေ့ပြီး ပေါင်ပေါ်မှာတင်ပါ။ ကလေးရဲ့ ဦးခေါင်းနဲ့လည်ပင်းကို လက်နဲ့ထိန်းပေးထားပြီး ဦးခေါင်းကိုနည်းနည်းနှိမ့်ထားပါ။ ကလေးရဲ့ကျောလယ်ကို လက်ဖနောင့်သုံးပြီး (၅)ကြိမ်လောက် အသာအယာဆောင့်ဖိပေးပါ။ ကမ္ဘာ့မြေဆွဲအားနဲ့ဆောင့်ဖိတဲ့အရှိန်ကြောင့် ပိတ်ဆို့နေတဲ့ အရာကပြန်ထွက်လာပါလိမ့်မယ်။ ဒါမှမရရင် အရေးပေါ်အသက်နည်း(CPR) ကို သုံးရပါမယ်။ ကလေးရဲ့ရင်ညွှန့်ရိုးအလယ်မှာ လက်နှစ်ချောင်းထောက်ပြီး ငါးချက်မြန်မြန်ဖိဖိပေးပါ။ လူကြီးတွေမှာ လက်ဖနောင့်နဲ့ဖိပြီး နှလုံးနှိုးသလိုပါပဲ။ ပြီးမှကျောကို ဖိတဲ့နည်းပြန်လုပ်ပါ။ ကလေးကအသက်မရှူရင် ပါးစပ်ကလေမှုတ်သွင်းနဲ့နည်းကို သုံးရပါမယ်။ လေပြွန်ပိတ်တာ၊ နင်တာ မဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ - […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်

ကလေးတွေဟာဆောင်းရာသီမှာ နှုတ်ခမ်းခြောက်တာ၊ ကွဲတာ၊မျိုးတွေခံစားရနိုင်ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်နားလေးတွေမှာ နီရဲနေတာ၊ရောင်ရမ်းနေတာ၊ ကွဲအက်သလိုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကဆောင်းရာသီ အအေးဒဏ်ကြောင့်နှုတ်ခမ်းခြောက်တာမဟုတ်ပါဘူး။ ကျီးကန်းပါးစပ် ဖြစ်တာပါ။ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ် ကလေးမှာ အခုလိုမျိုးလက္ခဏာလေးတွေ ခံစားနေရမယ်ဆိုရင် ကလေးက ကျီးကန်းပါးစပ်ခံစားနေရတာပါ။ အများဆုံးတွေ့ရနိုင်တာကတော့ နှုတ်ခမ်းထောင့်လေးတွေမှာ နီရဲရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းထောင့်တစ်ဖက်တည်းမှာ ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ - သွေးလေးတွေစို့နေမယ် နှုတ်ခမ်းသားလေးတွေ ခပ်ဖောင်းဖောင်းဖြစ်နေမယ် ကွဲအက်နေမယ် အရေပြားတင်းနေမယ် ယားယံနေမယ် နာနေမယ် နီရဲနေမယ် အပေါ်ယံအရေပြားလန်နေမယ် ရောင်ရမ်းနေမယ် ဆိုရင်တော့ ကျီးကန်းပါးစပ်ခံစားနေရတာအသေအချာပါပဲ။ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ် ကလေးမှာ ဒီလိုအချက်တွေရှိနေမယ်ဆိုရင် ကျီးကန်းပါးစပ် ဖြစ်နိုင်ခြေပိုများနေပါတယ်။ ကလေးက မွေးရာပါဆီးချိုရောဂါခံစားနေရမယ်ဆိုရင် တံထွေးအထွက်များမယ်ဆိုရင်။ တစ်ချိန်လုံးတံထွေးနဲ့ထိတွေ့နေမယ်ဆိုရင် ကိုယ်ခံအားနည်းမယ်ဆိုရင် အာဟာရချို့တဲ့မယ်ဆိုရင် သွေးအားနည်းရောဂါရှိမယ်ဆိုရင် သွားဖုံးရောဂါရှိနေမယ်ဆိုရင် ကလေးက နှုတ်ခမ်းကို လျှာနဲ့ ခဏခဏသပ်မယ်ဆိုရင် နှုတ်ခမ်းအရမ်းခြောက်နေမယ်၊ ကွဲနေမယ်ဆိုရင် နို့တွေခဏခဏအန်မယ် နို့စို့တိုင်းနို့တွေစီးကျနေမယ် ကလေးက လက်ခဏခဏစုပ်မယ် […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ပေးရပါတယ်။ ဖေဖေတွေကလည်း မေမေတို့ လိုအပ်တာတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးရပါတယ်။ ဒီဆောင်းပါးလေးကတော့ မေမေတွေအတွက်တင်မဟုတ်ဘဲ ဖေဖေတွေပါ သိထားသင့်တဲ့ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ အကြောင်းပါ။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကလေးတစ်ယောက်မွေးဖွားလာချိန်ကနေ အသက် ၅ နှစ်အထိ လအလိုက်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့လိုပါမယ်။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့ ကလေးမွေးစ ပြင်းထန်တီဘီ ကာကွယ်ဆေး အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ၂ လအရွယ် ပြင်းထန်တီဘီ ကာကွယ်ဆေး (မွေးစမှာ မထိုးရသေးရင် ထိုးနိုင်ပါတယ်။) ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) ပထမအကြိမ် […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေသောက်သင့်တဲ့ ရေပမာဏ

ထမင်းအသက် ၇ ရက်ရေအသက် တစ်မနက်တဲ့။ ကားတွေမောင်းလို့ရဖို့လောင်စာဆီလိုသလို ဦးနှောက်ကစလို့ ခန္ဓါကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကောင်းကောင်းလည်ပတ်စေဖို့အတွက်ရေလိုအပ်ပါမယ်နော်။ရေက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုပါ။ လူတစ်ယောက်ဟာ အစားမစားရဘဲ ၆ ပတ်လောက်အထိ အသက်ရှင်နိုင်ပေမယ့်ရေမသောက်ရဘဲ တစ်ပတ်ထက်ပိုမနေနိုင်ပါဘူးလို့လေ့လာချက်တွေအရသိရပါတယ်။ လူကြီးတစ်ယောက်တောင်ဒီလောက်ဆိုရင် နုနယ်သေးတဲ့ ကလေးတွေဆိုရေဓါတ်ကို ဘယ်လောက်တောင်လိုအပ်မလဲနော်။ ရေကခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ လူတစ်ယောက်ခန္ဓါကိုယ်အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကရေတွေပါ။ ဒီလောက်ခန္ဓါကိုယ်မှာနေရာယူထားတဲ့ရေက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများမှာ အဓိကဇာတ်လိုက်အဖြစ်ပါဝင်နေပါတယ်။ ဒီလိုအဓိကနေရာက တာဝန်ယူထားတဲ့ရေက ခန္ဓါကိုယ်အတွက် ဒီလိုလုပ်ဆောင်ပေးပါတယ်နော်။ ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတယ် ဆဲလ်တွေဆီကို အာဟာရတွေနဲ့အောက်ဆီဂျင်တွေသယ်ပို့ပေးတယ် ကိုယ်တွင်းသွေးပမာဏကို ထိန်းညှိပေးတယ် ကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ် အရိုးအဆစ်တွေလှုပ်ရှားနိုင်စေဖို့ချောဆီအဖြစ်လုပ်ဆောင်ပေးတယ် ကိုယ်တွင်းတစ်ရှုးတွေကိုရေဓါတ်ပြည့်ဝစေတယ် ပါးစပ်၊နှာခေါင်းနဲ့ မျက်လုံးတွေကို အစိုဓါတ်ထိန်းပေးတယ် အာရုံစူးစိုက်နိုင်အောင် ဦးနှောက်ကိုရေဓါတ်ထောက်ပံ့ပေးတယ် အစာခြေစနစ်အတွက်လိုအပ်တဲ့ရေဓါတ်ကိုထောက်ပံ့ပေးတယ်။ ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဘယ်လောက်သောက်ဖို့လိုမလဲ ကလေးတစ်ယောက်ချင်းစီမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ယောက်ျားလေး၊မိန်းကလေး ကွာဟမှုကိုလိုက်ပြီး လိုအပ်တဲ့ရေပမာဏကလည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ဘယ်အရွယ်မှာ ဘယ်လိုအသားအရေဂရုစိုက်ကြမလဲ

ကလေးငယ်တွေရဲ့အသားအရေက ဘယ်လောက်နုနယ်ပြီး ထိခိုက်လွယ်တယ်ဆိုတာ မေမေတို့အသိဆုံး။ အသားအရေနုတာမှ အတွေ့အကြုံမရှိတဲ့ဖေဖေမေမေတွေဆို မချီရဲ၊ မကိုင်ရဲလောက်တဲ့အထိပါ။ မွေးကင်းစဘေဘီလေးတစ်ယောက်ရဲ့အရေပြားမှာ အကာအကွယ်အလွှာပါးလေးတစ်ခုပါလာတတ်ပြီး ၁ ပတ်၊ ၂ ပတ်လောက်အတွင်းမှာ အလိုလိုကွာသွားတတ်ပါတယ်။ မွေးကာစ နီတာရဲလေးကို ဒီလိုအရေပြားအဖတ်လန်တာလေးတွေ ပွတ်ခွာဖယ်ရှားဖို့၊ အသားအရေလှအောင် အလောတကြီး လုပ်ဖို့မလိုပါဘူးနော်။ အသက်အရွယ်ကိုမူတည်ပြီး ကလေးအသားအရေအတွက် မေမေတို့လုပ်ပေးသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေအတိုင်းပုံမှန် ဂရုစိုက်စောင့်ရှောက်ပေးရုံနဲ့ လုံလောက်ပါတယ်နော်။ မွေးစကနေ ခြောက်လအထိ (၁) ဘေဘီလေးတွေကို ရေချိုးဖို့မလောပါနဲ့။ လူကြီးတွေရဲ့အရေပြားထက် အဆပေါင်းများစွာပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌နေ့တိုင်းရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။ (၂) ဘေဘီလေးကို သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။ တစ်လဝန်းကျင်ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် အပျော့စားဆပ်ပြာရည်လေးသုံးပြီး ရေမြှုပ်လေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ ဒီကြားထဲမှာ ကလေးရဲ့ပါးစပ်တဝိုက်၊ […]


ကလေးငယ်ပထမနှစ်

အူဝဲလေးတွေကို စကားသင်ပေးကြမယ်

မွေးစကတော့ အူဝဲ၊အူဝဲလို့ပဲအော်တတ်တဲ့ ကလေးလေးတွေက တဖြည်းဖြည်းနဲ့အသံအမျိုးမျိုးလုပ်တတ်လာတာ သတိထားမိကြမှာပါ။ ဘာသာစကားတွေ သင်ယူဖို့ စလေ့လာနေပြီလေ။ သူကြားရတဲ့အသံတွေနဲ့မြင်ရတဲ့အရာတွေကိုတွဲမှတ်တတ်လာပြီ၊ သူ့စိတ်ခံစားချက်တွေကိုဖော်ပြဖို့ အသံတွေကိုခွဲခြားထွက်တတ်လာပြီ။ ဒီအချိန်မှာ စကားပြောတတ်လာဖို့ ကလေးရဲ့ဘာသာစကားဖွံ့ဖြိုးမှုအတွက် မိဘတွေက ပံ့ပိုးကူညီပေးဖို့လိုပါတယ်။ ငယ်စဉ်အရွယ်မှာ စာဖတ်ပြတဲ့မိဘတွေ၊ စကားများများပြောပေးခဲ့တဲ့ မိဘတွေရဲ့သားသမီးတွေကဝေါဟာရပိုကြွယ်ပြီး ဘာသာစကားတတ်ကျွမ်းမှုမှာ တခြားကလေးတွေထက်သာတယ်လို့လေ့လာမှုတွေကတွေ့ရှိကြပါတယ်။ ကလေးကိုဘယ်လိုကူညီမလဲ (၁) စကားများတဲ့မေမေအဖြစ်နေပါ ဘာတွေပဲဖြစ်ဖြစ် တစ်နေ့တာအလုပ်တွေအကြောင်းပဲဖြစ်ဖြစ် ကလေးနားမှာနေရင်းစကားပြောနေပါ။ ကလေးကိုပြန်ပြောပြတာမျိုးက ကိုယ်လည်းအဖော်ရ၊ သူလည်းလေ့လာဖို့ပိုအဆင်ပြေတာပေါ့။ ဥပမာ - သမီးလေးရေ၊ လူလူချိုးမယ်(ရေချိုးမယ်)။ လူလူချိုးပြီးရင် ခါးခါးလူးမယ်၊ အပြင်သွားကြမယ်နော် ဆိုတာမျိုး။ သူ့ဘေးမှာ စကားပြောနိုင်လေကောင်းလေပါပဲ။ အတုမယူသင့်တဲ့ စကားတွေတော့ ကလေးရှေ့မှာ မပြောနဲ့ပေါ့နော်။ (၂) ဖတ်ပြပါ ကလေးကိုပုံပြင်ပြောပြတဲ့ဓလေ့၊ ပုံပြင်ဖတ်ပြတဲ့ဓလေ့က ဟိုးအရင်တည်းက ရှိခဲ့ပါတယ်။ ညအိပ်ခါနီးအချိန်မှာ စာဖတ်ပြတာက ကလေးကိုစာဖတ်တဲ့အလေ့အကျင့်လေး သင်ပေးသလိုဖြစ်စေပါလိမ့်မယ်။ အရွယ်ကြီးလာတာနဲ့အမျှ ပုံပြစာအုပ်တွေကိုယ်တိုင်ဖတ်စေတာ၊ စာအုပ်တွေပေးဖတ်တာ လုပ်လို့ရပါတယ်။ သူ့အတွက် စာအုပ်လေးတွေနဲ့စာအုပ်စင်လုပ်ပေးတာက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း