ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကိုယ့်ကလေး လူပျိုဖော်ဝင်တာ နောက်ကျလို့ စိတ်ပူနေပြီလား

လူသားတိုင်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် ဘဝအချိန်တွေထဲမှာ လူပျိုဖော်၊ အပျိုဖော်ဝင်ကာစ အချိန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းစပြုတဲ့ ဒီအချိန်မှာ ကလေးတွေအတွက်တော့ အထူးအဆန်းတစ်ခုလို၊ ကြောက်ရွံ့စရာ ကိစ္စ တစ်ခုလို ဖြစ်နေမှာပါ။ ဘာကြောင့် လူပျိုဖြစ်တာ နောက်ကျတာလဲ။ အစောဆုံး အသက် ၉နှစ်ကနေ ၁၄နှစ်အတွင်း ယောက်ျားလေးတွေ လူပျိုဖော်ဝင်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ယောက်ျားလေးတွေ အသက် ၁၂ နှစ်အရွယ်မှာ စတင်ပြီး လူပျိုဖြစ်စ ပြုပြီး ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ စတင်နေပါပြီ။ မိဘမျိုးရိုးက လူပျို၊ အပျိုဖော်ကာဝင်စ အချိန်နောက်ကျတယ်ဆိုရင် ကလေးတွေမှာလည်း လူပျိုဖြစ်တာ နောက်ကျနိုင်ပါတယ်။ ၁၄ နှစ်ရောက်တဲ့အထိ လူပျိုဖြစ်တဲ့ လက္ခဏာ၊ ပြောင်းလဲမှုတွေ မတွေ့ရဘူးဆိုမှ လူပျိုဖြစ်တာ နောက်ကျတယ်လို့ သတ်မှတ်လို့ ရပါပြီ။ တချို့ယောက်ျားလေးတွေမှာ testosterone လို့ ခေါ်တဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ဗိုလ်ကျအနိုင်ကျင့်ခံရရင် ကလေးရဲ့ဦးနှောက်ကျုံ့သွားနိုင်တယ်

ကလေးဘဝမှာ ဗိုလ်ကျအနိုင်ကျင့်ခံရရင် ဖွံ့ဖြိုးဆဲဦးနှောက်ရဲ့အဓိကအစိတ်အပိုင်းတချို့မှာ ကျုံ့သွားစေပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ခြေပိုများစေတယ်လို့ သုတေသနပညာရှင်တွေကလေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကလေးမှာ အနိုင်ကျင့်ခံရတာကိုစောစောသိပြီးဖြေရှင်းနိုင်လေ ပိုကောင်းလေဖြစ်ပါတယ်။ အင်္ဂလန်၊အိုင်ယာလန်၊ပြင်သစ်နဲ့ ဂျာမနီမှာရှိတဲ့ အသက် ၁၄ နှစ်ကနေ ၁၉ နှစ်အတွင်း ကလေးတွေ ၇၀၀ နီးပါးကိုလေ့လာခဲ့တဲ့ ဦးနှောက်စကင်န်တွေကို သုတေသနပြုခဲ့ကြတာပါ။ ဒါဟာ ဆယ်ကျော်သက်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့စိတ်ကျန်းမာရေးကိုလေ့လာနေတဲ့IMAGEN ဆိုတဲ့ရေရှည်ပရောဂျက်တစ်ခုရဲ့လေ့လာမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ကလေးတွေဟာ အနိုင်ကျင့်ဗိုလ်ကျမှုကိုခံစားရတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုခံစားရတဲ့ကလေးတွေဟာ ဦးနှောက်ရဲ့အဓိကကျတဲ့အစိတ်အပိုင်းနှစ်ခုမှာ အရွယ်အစားကျုံ့သွားတာတွေ့ရပါတယ်။ စိတ်အားတက်ကြွမှု၊ စိတ်ဝင်စားမှုနဲ့ ခံစားချက်ဖြစ်ပေါ်ခြင်းတို့ကို ထိန်းညှိပေးတဲ့caudate နဲ့putamenခေါ် အစိတ်အပိုင်းနှစ်ခုဖြစ်ပါတယ်။ ဒီလိုဦးနှောက်ကျုံ့သွားတဲ့အကျိုးဆက်က ယာယီပဲလား၊ အမြဲဖြစ်သွားနိုင်သလားဆိုတာတော့ ပညာရှင်တွေက အတိအကျမသိသေးပါဘူး။ မိဘတွေအနေဲ့ ကိုယ့်ကလေးအနိုင်ကျင့်ခံရနေတာသိသိချင်း ဆရာမ သို့မဟုတ်ကျောင်းအုပ်နဲ့တွေ့ဆုံဆွေးနွေးသင့်၊ဖြေရှင်းသင့်တယ်။ ခံရတဲ့ကလေးတွေက ကိုယ့်အဖြစ်ကို ပြန်မပြောကြတာပြဿနာပါ လို့King's College London ရဲ့ ဦးနှောက်နဲ့အာရုံကြောဆေးပညာစင်တာမှIMAGEN ပရောဂျက်ညှိနှိုင်းရေးမှူးQuinlan ကပြောပါတယ်။ "တစ်ခါတလေ ကလေးတွေက ကိုယ်ကျောင်းမှာအနိုင်ကျင့်ခံနေရတာကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ဘေဘီလေးတွေရဲ့ ပြုံးရွှင်တဲ့မျက်နှာ၊ ကြည်လင်တဲ့အပြုံးနဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေက မိဘတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုတွေပါ။ ကလေးကိုအချိန်ပြည့်စောင့်ကြည့်နေမိပြီး သူတို့လေးတွေမှာဖြစ်လာတဲ့ အရာတိုင်းကို ဒါကဘာကြောင့်လဲဆိုပြီး တွေးမိနေတာ၊ သိချင်နေရတာကလည်း မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦးတီတီတို့ရဲ့နေ့စဉ်အလုပ်တစ်ခုပါပဲ။ ဒီလိုစိတ်ပူမိတဲ့အထဲမှာ ကလေးက အိပ်နေရင်း ချွေးထွက်တာ၊ နို့သောက်ရင်း ချွေးထွက်တာနဲ့ နည်းနည်းလေးများလှုပ်လိုက်ရင် ချွေးထွက် လာတာတွေပါ ပါတယ်ဟုတ်။ ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက် ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက် စိတ်ပူနေတဲ့ မေမေတွေ ဒါလေးကို ဖတ်ကြည့်ပါနော်။ ဘေဘီလေး ညအိပ်ရင်း ချွေးထွက်တာက ပုံမှန်ပဲလား ကလေးက ညဘက်အိပ်နေရင်း ချွေးတွေအများကြီး ထွက်လေ့ရှိပါတယ်။ ဒါကို ညအိပ်ရင်း ချွေးထွက်ခြင်းလို့ ခေါ်ကြပါတယ်။ ကလေးငယ်လေးတွေက ဘာမှသိပ်မလုပ်ရဘဲ ချွေးထွက်စရာလိုလို့လားလို့ တွေးနေမိတာလား။ ကလေးလေးတွေလည်း ချွေးထွက်နိုင်ပါတယ်နော်။ ဘေဘီလေးတွေ ညအိပ်ရင်းချွေးထွက်တာက ပုံမှန်ပါပဲ။ အထူးသဖြင့် ခေါင်းချွေးထွက်တာပိုများပါတယ်။ ပုံမှန်လည်း ကလေးတွေက အိပ်နေစဉ်ချွေးထွက်တတ်တယ်ဆိုပေမယ့် အရမ်းများနေမယ်ဆိုရင်တော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို ဘယ်လောက်တစ်ကြိမ်ခေါင်းလျှော်ပေးမလဲ

ကလေးကို ဘယ်သူပဲကောက်ချီလိုက်ကောက်ချီလိုက်မွှေးမွှေးကြိုင်ကြိုင် သန့်သန့်ရျင်ရျင်းလေးဖြစ်စေချင်တယ်ဟုတ်။ ဒီတော့ ကလေးကိုနေ့တိုင်းရေချိုးသန့်စင်ပေးတယ်။ပေါင်ဒါလိမ်းတယ်၊ baby Oil လိမ်းတယ်။ အဝတ်အစားလေးသပ်သပ်ရပ်ရပ်ဝတ်ပေးတယ်နော်။ ဒါ့အပြင်နောက်ထပ်လုပ်ပေးချင်တာတစ်ခုရှိသေးတယ်ဟုတ်။ ကလေးကခေါင်းမှာ ဂျီးတွေဖြစ်နေတယ်၊ဗောက်လို အဖြူဖပ်ဖပ်လေးတွေဖြစ်နေတယ်ဆိုပြီးခေါင်းလျှော်ေပးချင်တာလေ။ ဒီဆန္ဒတော့ဖြစ်တယ်လျှော်လို့ရရဲ့လားမသိဘူးဆိုပြီးဖြစ်နေတဲ့မေမေ၊ဖွားဖွားနဲ့ တီတီတို့ရေ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်နော်။ ကလေးကိုခေါင်းလျှော်ပေးလို့ရလား ကလေးကို မဖြစ်မနေခေါင်းလျှော်ပေးရမယ်တော့မဟုတ်ပါဘူး။ ကလေးက နုနယ်လွန်းပါတယ်။ ကလေးတွေကိုမွေးစက သူတို့ဦးခေါင်းမှာပါလာတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးထားပြီးမို့ ငယ်စဉ်မှာခေါင်းလျှော်ပေးဖို့ သိပ်မလိုအပ်ပါဘူး။ ကလေးကိုခေါင်းလျှော်ပေးလို့ ကလေးက ပိုသန့်မသွားသလို ပိုပြီး ကျန်းမာလာမှာလည်းမဟုတ်ပါဘူး။ မဖြစ်မနေအခြေအနေမျိုးမှာလျှော်လို့ရတယ်ဆိုပေမယ့် မလျှော်ပေးလည်းအဆင်ပြေပါတယ်။ ကလေးကိုခေါင်းခဏခဏလျှော်ပေးတဲ့အခါခေါင်းက လိုအပ်တဲ့ အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်လာပြီး ဦးရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့်ပြောချင်တာက ကလေးကိုခေါင်းလျှော်ပေးလို့ရတယ်ဆိုပေမယ့် ခဏခဏတော့မလျှော်ပေးနဲ့ပေါ့။ ကလေးကို Baby Shampoo ခပ်ပျော့ပျော့လေးသုံးပြီး တစ်ပတ်ကို တစ်ကြိမ်လာက်လျှော်ပေးတာက အကောင်းဆုံးပါ။ ကလေးကို ဒီလိုလေးခေါင်းလျှော်ပေးပါ နောက်တစ်ချက်ရှိသေးတယ်။ ဒါကတော့ ကလေးကို ဘယ်လိုခေါင်းလျှော်ပေးရမလဲ မသိတဲ့အချက်ပါ။ ဒီအချက်လေးကိုဖြေရှင်းပေးပါရစေနော်။ အရင်ဆုံးရေချိုးခန်းကို ကလေးအတွက်အဆင်ပြေစေဖို့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

G6PD နည်းပါးတဲ့ရောဂါ (G6PD deficiency) ဆိုတာ…..

ဒီနေ့ခေတ်မှာ နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာပါ လူထုကြားပိုပြီး သိလာ… သတိထားမိလာတဲ့ရောဂါတစ်ခု ရှိပါတယ်…။ ဒါကတော့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မွေးရာပါ အခြေအနေတစ်ခုဖြစ်ပြီး တကယ်တမ်းတော့ သူ့ကို ရောဂါလို့တောင် ပြောဖို့ခက်ပါတယ်..။ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓါတ် နည်းပါးတဲ့အခြေအနေပါ..။ ဘာကြောင့် ဒီနေ့ခေတ်မှာ ပိုလူပြောများလာသလဲဆိုရင် မွေးကင်းစကတည်းက ..အထူးသဖြင့် ယောက်ျားလေးတွေမှာ ပိုပြီး စစ်ဆေးမှု (screening) တွေပိုလုပ်လာနိုင်လို့ပါပဲ..။ ဒီ G6PD လို့ခေါ်တဲ့ အင်ဇိုင်းဟာ ခန္ဓါကိုယ်မှာရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပါတယ်..။ သွေးထဲမှာပါလာတဲ့ သွေးနီဥအတွက် အန္တရာယ်ရှိနိုင်တဲ့ အရာဝတ္ထုတွေကနေလည်း ကာကွယ်ပေးပါတယ်..။ G6PD ဓါတ်နည်းပါးတဲ့လူတွေမှာတော့ သွေးနီဥတွေကို ကာကွယ်ပေးဖို့ မလုံလောက်တဲ့အခါ …သွေးနီဥတွေပြိုကွဲသွားနိုင်ပြီး… နောက်ဆက်တွဲအနေနဲ့ သွေးအားနည်းတာ.. အသား၊ ဆီးနဲ့ မျက်လုံးဝါတာ.. မောပမ်းတာ.. အားနည်းလွယ်တာ…ခေါင်းမူးတာအပြင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေကို ပင်လယ်စာကျွေးသင့်လား

မိဘတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲမှာ ကိုယ့်ကလေးကို ပင်လယ်စာေကျွးလို့ ရလား ဆိုတာလည်းလည်း တစ်ခုအပါအဝင်ပါပဲ။ ငါး၊ ပုဇွန် အစရှိတဲ့ ပင်လယ်စာတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်ေတွအပြင် Omega-3 fatty acid ပါဝင်တာကြောင့် ကလေးတွေရဲ့ နေ့စဉ်အစာအာဟာရထဲမှာ ထည့်ကျွေးလို့ ရပါတယ်။ ဒါပေမဲ့ တန်ဆေး၊ လွန်ဘေး ဆိုသလိုပါပဲ ဘယ်အစားအစာကိုမဆို အများကြီးကျွေးမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။ ပင်လယ်စာတွေရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ ၁။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်ပါတယ်။ တချို့အစားအစာတွေမှာ မရနိုင်တဲ့ ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ပင်လယ်စာကနေ ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းဓါတ်၊ ဉာဏ်ရည်ထက်မြက်စေဖို့ အိုင်အိုဒင်းဓါတ်၊ omega-3 fatty acid ၊ ဗီတာမင် D ပါဝင်နေပါတယ်။ […]


ကလေးအရေပြားပြဿနာများ

ကလေးမှာဖြစ်နေတဲ့ အရေပြားပြဿနာတွေပိုဆိုးမသွားအောင် ဘာအစားအစာတွေရှောင်ရမလဲ ။ ။

ကိုယ်ခန္ဓါမှာ ဓါတ်မတည့်တာတစ်ခုခုဖြစ်တာနဲ့ အထင်ရှားဆုံးနဲ့ အရင်ဆုံး သိနိုင်တာက အရေပြားပဲဖြစ်ပါတယ်။ အရင်တည်းက အရေပြားပြဿနာရှိတဲ့ ကလေးတွေ အစားအသောက်တစ်ခုခုမှားလိုက်တာနဲ့တင် ဖြစ်နေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးသွားတတ်တာကြောင့် အစားအသောက်တွေကို သေချာပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အစားအသောက်တွေကဘာတွေလဲဆိုတာ မေမေတို့သိဖို့ အရေးကြီးပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ ။ ။ ညှင်းခူ ( eczema) အသားနဲ့ ထိတွေ့တဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့ပြဿနာ ( Allergic contact dermatitis ) အင်ပြင်ထွက်ခြင်း ( Hives) ဖုန်၊ဝတ်မှုန်၊ တိရိစ္ဆာန်အမွှေးတွေနဲ့ တစ်ချို့ အစားအစာတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်ပြီး အရေပြားမှာ အနီကွက်ထတာမျိုး တွေဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ဓါတ်မတည့်တာဖြစ်ရင် ဘာလက္ခဏာတွေဖြစ်တတ်လဲ ။ ။ အရေပြားမှာ အနီဖုလေးတွေပေါက်နေမယ် […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ပန်းနာရင်ကျပ်ကလေးတွေအတွက် အစာအာဟာရ

ကလေးတွေအရွယ်မှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်ေရာဂါကို မိဘတွေတော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ကလေးတွေ ပန်းနာရင်ကျပ်ဖြစ်တဲ့အခါ သူတို့အတွက် နေ့စဉ် အစာအာဟာရကို ပြင်ဆင်ချက်ပြုတ်ရာမှာ တခြားကလေးတွေထက် ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အာဟာရြဖစ်တိုင်းလည်း ကျွေးလို့ မရပါဘူး။ ကိုယ့်ကလေးရဲ့ ရောဂါဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးမှာ ပန်းနာရင်ကျပ်ဖြစ်လို့ စိုးရိမ်ပူပန်နေရတဲ့ မိဘတွေအတွက် ရွေးချယ်ရတာ အဆင်ပြေစေပြီး ကလေးတွေရဲ့ ရောဂါကို သက်သာစေမယ့် အစားအစာေတွကို ပြောပြပေးချင်ပါတယ်။ ၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကျွေးပေးပါ ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး ကလေးတွေကိုလည်း အာဟာရဖြစ်စေတယ်။ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာကိုလည်း သက်သာစေတဲ့အတွက် အဓိက အစာအာဟာရအဖြစ် ကျွေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ antioxidant တွေဟာ အဆုတ်ကို ကောင်းကောင်းအလုပ်လုပ်စေပြီး ပန်းနာရင်ကျပ် […]


ကလေးအစာခြေစနစ်ပြဿနာများ

Lactose Intolerance ရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

Q ၁ ။ Lactose Intolerance ဆိုတာ ဘာလဲ။ ။ နို့ထဲမှာပါတဲ့lactose သကြားဓါတ်ကို ကိုယ်ခန္ဓါက စုပ်ယူဖို့အတွက် Lactase အင်ဇိုင်း လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးရှိရပါမယ်။ lactose intolerance ဆိုတာ lactase အင်ဇိုင်းဓါတ် လုံလောက်စွာ မရှိတာကြောင့်နို့ထဲမှာပါတဲ့ Lactoseသကြား ဓါတ်ကိုကလေးရဲ့ အစာအိမ်ကကောင်းကောင် းမချေဖျက်နိုင်တာဖြစ်ပါတယ်။ နို့သကြားဓါတ်ကို မစုပ်ယူနိုင်တဲ့ ရောဂါလို့လည်းခေါ်ကြပါတယ်။ Q ၂ ။ ဘယ်သူတွေက အဖြစ်များလဲ။ ။ မွေးကတည်း Lactose လုံးဝပါမလာတဲ့ ကလေးတွေ နေ့မစေ့ လမစေ့ မွေးတဲ့ကလေးတွေ Crohn’s Disease Celiac Disease ခံစားနေရတဲ့ ကလေးတွေ နဲ့ အူရောင် ဝေဒနာခံစားရတဲ့ ကလေးတွေ အဖြစ်များပါတယ်။ Q ၃ ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ ဘာကြောင့် ငါးစားပေးသင့်လဲ

ကလေးတွေအရွယ်မှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အစာအာဟာရတွေထဲမှာ ငါးဟာ မရှိမဖြစ် ပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သင့်လျော်တယ်။ အာဟာရဓာတ်တွေ ပေါကြွယ်ဝတယ်။ ခန္ဓာကိုယ်အကျိုးပြုဓာတ်တွေ၊ အဆီအနှစ်တွေ ပါဝင်လို့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့၊ ဉာဏ်ရည်ကောင်းစေဖို့အတွက် ငါးစားပေးသင့်ပါတယ်။ ကလေးတွေ ငါးစားပေးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။ ၁။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ငါးတွေမှာ ကလေးအများစုအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ကြီးထွားမှုအတွက် လိုအပ်တဲ့ အသားဓာတ်၊ ဉာဏ်ရည်ထက်မြက်စေဖို့ အိုင်အိုဒင်းဓာတ်၊ omega-3 fatty acid ၊ ဗီတာမင် D နဲ့ သတ္တုဓာတ်အမျိုးမျိုး ပါဝင်နေပါတယ်။ ဦးနှောက်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ၂။ နှလုံးကျန်းမာရေးကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း