ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ စကားထစ်တဲ့ ပြဿနာ

စကားထစ်တာဟာ အသက်အရွယ်မရွေး ကြုံရတတ်တဲ့ ပြဿနာဖြစ်ပေမယ့် များသောအားဖြင့် အသက်ငယ်တဲ့ ကလေးတွေ၊ စကားပြောတတ်ကာစ၊ ကျောင်းနေကာစ ကလေးတွေမှာ ပိုပြီး အတွေ့များပါတယ်။ စကားထစ်ခြင်းကြောင့် ကျန်းမာရေးအရ ပြဿနာမရှိပေမယ့် ကျောင်းစာ၊ ဘာသာစကားသင်ယူတဲ့ နေရာ၊ လူမှုပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝမှာ အနည်းငယ်တော့ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ စကားထစ်ခြင်းဆိုတာ ဘာလဲ။ ပုံမှန်စကားပြောတဲ့အခါ စကားလုံးတွေ ထစ်ငေါ့တာ၊ သွက်သွက်လက်လက်မရှိတာ၊ စကားလုံး သို့မဟုတ် အသံထွက်တစ်မျိုးကို အကြိမ်ကြိမ် ပြောနေရတာ၊ စကားပြောနေရင်း တန်းလန်းနဲ့ ရပ်သွားတာ၊ နောက်စကားတစ်ခွန်းဆက်ပြောဖို့ အချိန်အကြာကြီး အားယူရတာ၊ စကားတစ်ခွန်းပြောဖို့အတွက်အမ် အယ် အာ အစရှိသဖြင့် အာမေဍိတ်သံ အရင်ထွက်တာမျိုးတွေဟာ စကားထစ်တဲ့သူတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ လက္ခဏာတွေပါပဲ။ ဘယ်အသက်အရွယ်မှာ စကားထစ်တာ အများဆုံးတွေ့ရတတ်လဲ အသက် ၁၈လ ကနေ အသက် ၅နှစ် အရွယ် စကားပြောတတ်ကာစ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေကို ခဲဆိပ်သင့်မှာ စိုးရိမ်နေရပြီလား

မိဘတွေ သတိမထားမိတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေထဲမှာ ခဲဆိပ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ တချို့သော အိမ်အဟောင်းတွေမှာ နေနေတဲ့ မိသားစုတွေမှာ နေ့စဉ် ခဲဆိပ်ကို ရှူရှိုက်နေကြပါတယ်။ ကလေးရဲ့ ကိုယ်ခံအားက လူကြီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အားနည်းနေနိုင်တာကြောင့် ပိုပြီး ထိခိုက်မှုများတဲ့အပြင် ရေရှည်မှာလည်း ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ ခဲဆိပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်အကြောင်းကို မိဘတွေအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ခဲဆိပ်ကို ဘယ်လိုအရာတွေမှာ တွေ့ရနိုင်လဲ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အစ ဘက်ထရီအဆုံး ခဲ၊ သံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရာတွေမှာ ခဲဆိပ်တွေ ပါဝင်နေပါတယ်။ ခဲဆိပ်ဟာ လူတွေရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်ဖြစ်တဲ့အပြင် မမွေးလာသေးတဲ့ ကလေးတွေ၊ အသက်ငယ်သေးတဲ့ ကလေးတွေဆိုရင် ခဲဆိပ်သင့်ခြင်းကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးအရွယ်မှာ အိပ်ချိန်ပြည့်ဝဖို့ အရေးကြီးပါတယ်

ညစဉ် အိပ်ချိန်ပြည့်ဝမှုဆိုတာ အသက်အရွယ်မရွေး လွန်စွာအရေးကြီးပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ် လုပ်ငန်းခွင်၊ ကျောင်းစာတွေအပြင် တခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာအခက်အခဲတွေကြောင့် အိပ်ချိန်မမှန်ကြပါဘူး။ အိပ်ချိန်မမှန်တာကို သိပ်ပြဿနာမရှိဘူးလို့ လူတွေ ထင်ကြပေမယ့် တကယ်ကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ အိပ်ချိန်ပြည့်ဝတဲ့သူတစ်ယောက်ဟာ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး လူကို တက်ကြွလန်းဆန်းနေစေတယ်။ စိတ် နဲ့ ခန္ဓာကိုလည်း ကျန်းမာစေတယ်။ နေ့စဉ် လုပ်နေရတဲ့ အလုပ်အကိုင်တွေမှာ ပိုပြီး အာရုံစူးစိုက်လာနိုင်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေအတွက် နေ့စဉ်အိပ်ချိန်ပြည့်ဝဖို့ ပိုပြီးတောင် လိုအပ်ပါသေးတယ်။ လူကြီးအရွယ်မှာ တစ်နေ့ အနည်းဆုံး အိပ်ချိန် ၇နာရီ ရှိနေရမှာ ဖြစ်ပြီး ကလေးတွေဆိုရင် ဒီထက် အိပ်ချိန်ပိုများတာ အကောင်းဆုံးပါပဲ။ ကိုယ့်ကလေးက အိမ်စာတွေ ပိနေလို့၊ စာတွေ ကျက်နေရလို့ ညဘက်အိပ်ချိန်တွေပါ ထိခိုက်လာတာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ သိနိုင်မယ့်လက္ခဏာတွေ

မိခင်နို့ရည်ဆိုတာ မွေးကင်းစ ကလေးတွေအတွက် အာဟာရအရှိဆုံး စားစရာဆိုတာ သိပြီးသား ဖြစ်မှာပါ။ ကလေးမွေးပြီး အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ အဓိကထားပြီး တိုက်သင့်ပါတယ်။ မိခင်နို့ရည်မှာ ကလေးကို ဖျားနာခြင်းကင်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေ အလွယ်တကူ ဖြစ်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။ အာဟာရပြည့်ဝတဲ့ မိခင်နို့ရည်ထွက်လာဖို့အတွက် မိခင်ရဲ့ ကျန်းမာရေးဟာ အရေးကြီးသလို နေထိုင်စားသောက်ပုံတွေ၊ အာဟာရပြည့်ဝမှုတွေဟာလည်း သိပ်ကို အရေးကြီးပါတယ်။ မိခင်ကျန်းမာမှ နို့ရည်ကောင်းကောင်းထွက်နိုင်မယ်။ ဒီအခါမှ ကလေးတွေလည်း ကျန်းမာမယ်။ ဒါဆိုရင် မိခင်နို့ရည်ဟာ ကလေးတွေအတွက် အရေးကြီးဆုံးအရာဆိုတာ သိပြီးပြီဆိုတော့ မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ၊ ကလေးကို နို့ပုံမှန်တိုက်နေပါရဲ့နဲ့ ဘာကြောင့် ကြီးထွားဖွံ့ဖြိုးမှု နှေးနေတာလဲ ဆိုတဲ့ သတိထားသင့်တဲ့ အရာတွေကို […]


ကလေးငယ်အာဟာရ

ကလေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေ

ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်မှာပါပဲ။ တချို့သော အစားအစာတွေဟာ အာဟာရဖjစ်ပေမယ့် အသက်အရမ်းငယ်သေးတဲ့ ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်သလို ကိုယ်ခန္ဓာ ကအစာအာဟာရကို ကောင်းကောင်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပါဘူး အကောင်းဆုံးကတော့ ကလေး အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးပါ။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ကလေးအသက် ၁နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အမာစာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။ မေမေတွေအတွက် အသက် ၁နှစ်မပြည့်ခင် ကလေးငယ်ငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ ၁။ ပျားရည် အရသာချိုမြပြီး ဆေးဖက်ဝင်တဲ့ သဘာဝပျားရည်ဟာ အသက်ငယ်သေးတဲ့ ကလေးတွေကို မကျွေးသင့်ဆုံး အစားအစာတွေရဲ့ ထိပ်ဆုံးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အော့အန်ရင်

ကလေးကအော့အန်နေမယ်ဆိုရင် မိဘတွေအနေနဲ့ အတွေးအမျိုးမျိုးတွေးလို့ စိတ်ပူနေမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ ကိုယ်ခံစားရတဲ့ဝေဒနာကိုပြောမပြနိုင်သေးတဲ့အရွယ်မို့ သူတို့ရဲ့ အမူအရာလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ရတာလည်းတော်တော်လေးခက်ပါတယ်။ ကလေးကအော့အန်နေရင် နေများမကောင်းတာလား၊ အစာများမကြေတာလား၊ မတည့်တာတွေများကျွေးမိလို့များလားဆိုတဲ့လား ပေါင်းများစွာတွေးနေမိကြတယ်နော်။ နို့စို့အရွယ်လေးက အန်နေရင်လည်း အဖျားရှိနေတာလား၊ နို့တွေများ အစာမကြေတာလား၊ ကိုယ်များမတည့်တာစားမိလို့ ကလေးက ဒီလိုအန်နေတာလားဆိုပြီး အတွေးတွေများစွာတွေးမိတယ်မဟုတ်လားမေမေတို့ရေ... ဒီပြဿနာတွေနဲ့စိုးရိမ်မှုတွေကို ဒီဆောင်းပါးလေးကနေတဆင့် ကူညီဖြေရှင်းပေးပါရစေ။ ကလေးငယ်နဲ့အော့အန်ခြင်း ကလေးငယ်လေးတွေမှာအော့အန်တာက ပုံမှန်ဖြစ်နေကျဖြစ်စဉ်တစ်ခုပါ။ များသောအားဖြင့်ကတော့ ကလေးတွေဟာပြင်းထန်တဲ့ လက္ခဏာတစ်စုံတရာမရှိဘဲနဲ့ကို တစ်ရက်၊ နှစ်ရက်လောက်ဆက်တိုက် အန်တတ်ပါတယ်။ ကလေးတွေဟာမွေးဖွားပြီးချိန်ကနေ ရက်သတ္တပတ်အတွင်း သောက်သုံးလိုက်တဲ့ နို့ရည်တွေကိုကောင်းကောင်းမစီမံနိုင်သေးတာကြောင့် ဒါမှမဟုတ် သူတို့ခန္ဓါကိုယ်ကကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် မကြာခဏဆိုသလိုအော့အန်နေတာပါ။ အစာအိမ်က အစပျိုးချိန်မို့လည်း ကလးကအော့အန်တာပါ။ ကလေးအနေနဲ့ ကားမူးတာ၊လေယာဉ်မူးတာလိုမျိုးဝေဒနာတွေကို ခံစားရချိန်၊ အချိန်ကြာမြင့်စွာ ငိုပြီးချိန်လိုမျိုး အချိန်တွေမှာလည်းအော့အန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေတွေပေါ့။ ကလေးက တစ်နှစ်၊ နှစ်နှစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နူးညံ့လွန်းတဲ့ ထိရှလွယ်ဘေဘီလေးတို့အသားအရေအတွက် ကလေးသုံးထုတ်ကုန်ဘယ်လိုရွေးချယ်မလဲ

မေမေတို့ရေ… ဖွံ့ဖြိုးကာစ ကလေးငယ်တွေရဲ့အသားအရေက သိပ်ကိုနုနယ်လွန်းပါတယ်။ ထိခိုက်လွယ်၊ ဓာတ်မတည့်ဖြစ်လွယ်တတ်လို့ သူတို့လေးတွေရဲ့အရေပြားကို ထိတွေ့မယ့်ဘယ်အရာကိုမဆို သေချာဂရုစိုက်ရွေးချယ်ရပါတယ်။ အဝတ်အထည်အသားတောင် ဂရုစိုက်ရွေးချယ်ရတာ အရေပြားနုနုလေးမှာ သုံးမယ့် ကလေးသုံးထုတ်ကုန်တွေဆို ပိုပြီးအရေးကြီးပါတယ်။ ဥပမာ ရေချိုးဆပ်ပြာ၊ baby oil၊ အစိုဓာတ်ထိန်းခရင်မ်တွေလိုမျိုးဆို အနူးညံ့ဆုံး၊ ဘေးအကင်းဆုံးဖြစ်ဖို့လိုတယ်နော်။ ဒီလိုရွေးချယ်မယ်ဆို အရင်ဆုံးထည့်စဉ်းစားသင့်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ ဆက်ပြီးဖတ်ကြည့်ရအောင်… Paraben နဲ့ Phthalates မပါဖို့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာ တာရှည်ခံအောင် Paraben နဲ့ Phthalates တို့ကို ထည့်သွင်းအသုံးပြုတာ များပါတယ်။ Paraben ကဟော်မုန်းစနစ်ရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင်သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓါကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားက တုံ့ပြန်လွယ်လွန်းတာကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါ paraben နဲ့ phthalate လိုမျိုး ဓာတုပစ္စည်းတွေ မပါတာကိုရွေးပါ။ Hypoallergenic ဖြစ်တဲ့အမျိုးအစားကို ရွေးဖို့ Hypoallergenic ဖြစ်တယ်ဆိုတာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကို ဉာဏ်ကောင်းအောင်ပျိုးထောင်လို့ရလား

ကိုယ့်ကလေးကို ဉာဏ်ရည်ထက်မြက်တဲ့ ကလေးအဖြစ် ကြီးပြင်းစေချင်တဲ့ ဆန္ဒမိဘတိုင်းမှာရှိပါတယ်။ ကလေးကို မှန်းသလောက်ဖြစ်မလာမှာကို အရမ်းစိုးရိမ်ကြတယ်ဟုတ်။နောက်တစ်ခုက ကလေးကမျိုးရိုးလိုက်ပြီး ဉာဏ်မကောင်းမှာကို စိုးရိမ်ကြတာပါ။ ဒီတစ်ခေါက်တော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အရင်ကသိထားသလိုမျိုး မျိုးရိုးအပေါ်မှာမူတည်တာမဟုတ်ဘဲ ပျိုးထောင်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တာပါ။ တောက်လျှောက်သိလာခဲ့တာက ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိဘမျိုးရိုးနဲ့ ဆိုင်တယ်ဆိုတာပါ။ တကယ်တော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေရှိပါသေးတယ်။ ဒါတွေကတော့ ကလေးကို အာဟာရပြည့်ဝအောင်ကျွေးပေးဖို့၊ အဆိပ်အတောက်တွေနဲ့ မထိတွေ့မိအောင်ကာကွယ်ပေးဖို့၊ ဆော့ကစားချိန်များများပေးဖို့ လေ့ကျင့်ခန်းလုပ်ခိုင်းတာမျိုးတွေလုပ်ပေးဖို့ပါ။ ကလေးရဲ့ ဦးနှောက်က ဘယ်လိုဖွံ့ဖြိုးတာလဲ ကလေးက အသက် ၄ နှစ်မတိုင်ခင်မှာ အလျင်အမြန်ဖွံ့ဖြိုးနေတာပါ။မွေးစကနေ ၄ လအတွင်းက ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးအချိန်ပေါ့။ အဆိအကျပြောပြရမယ်ဆိုရင် ကလေးက အသက် ၄ နှစ်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၉၀ ရာခိုင်နှုန်းအထိပြီးစီးပါပြီ။ ဒီကာလမှာ ကလေးကို သင်ကြားပေးဖို့အကောင်းဆုံးပါ။မွေးစကနေ အသက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေးက ဘယ်လောက်စားစား မဝလာဘူးလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့အတွက် အစစ အရာရာ ဂရုစိုက်ပေးဖို့ လိုလာပါတယ်။ ကိုယ့်ကလေးကို ဉာဏ်ကောင်းစေချင်တယ်။ ကျန်းမာပြီး သန်စွမ်းစေချင်တယ်။ အရပ်ရှည်ြပီး ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေချင်တယ်။ ဒါတွေကတော့ ပြောစရာတောင် မလိုတဲ့ မိဘတွေရဲ့ စေတနာမေတ္တာတွေပါပဲ။ ကလေးကြီးထွားမှုလို့ ဆိုရာမှာ အစာအာဟာရနဲ့ နေထိုင်စားသောက်မှုပုံစံဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘယ်လောက်စားစား မဝလာဘူး။ ကိုယ်အလေးချိန် မတက်လာဘူး။ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကလေးက ပုသေးပြီး လူကောင်ညှက်နေလား။ ဒါဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကိုယ့်ကလေး နေ့စဉ် စားနေတဲ့ အစာအာဟာရတွေပါပဲ။ ကိုယ့်ရဲ့ကလေးကို နေ့စဉ်ကျွေးသင့်တဲ့ အစာအာဟာရတွေက ဘာတွေလဲ။ ကိုယ်ခန္ဓါ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းလို့ ခေါ်တဲ့ အသားဓါတ်၊ အစာကြေစေတဲ့ အမျှင်ဓါတ်၊ အားအင်တွေကို ဖြစ်စေတဲ့ ကစီဓါတ်၊ ဗီတာမင်နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေကို မနက်စာ ဘာတွေကျွေးသင့်သလဲ

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးတွေ ကိုလည်း အလွယ်တကူရတဲ့ လက်ဖက်ရည်ဆိုင် က အစားအစာတွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။ ဘာတွေ မကျွေးသင့်ဘူးလဲ ဥပမာ - ကလေး ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်းက မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘတွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါးကတော့ ထုံးစံ အတိုင်း အချိုမှုန့် မတရား ပါဝင်ပါတယ်။ ဒီ Mono Sodium Glutamate (MSG) လို့ခေါ်တဲ့ အချိုမှုန့် တွေ ဟာ ဦးနှောက်မှာရှိတဲ့ Neurone (ဦးနှောက်ဆဲလ်) တွေကို ရေတွေနဲ့ ပွလာစေပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း