ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ် ကလေးလေးတွေက ဖေဖေမေမေတို့ရဲ့ ချထားစရာမရှိအောင် ချစ်ရတဲ့သူလေးတွေပါ။ မွေးစကစလို့ ပြောင်းလဲလာမှုအဆင့်ဆင့်တိုင်းက ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေအပြည့်ပေါ့။ တစ်နေ့တစ်နေ့ ချစ်လို့လည်းမဝ ကြည့်လို့လည်းမဝသူလေးတွေက သူတို့လေးတွေပေါ့။ ဂရုစိုက်မိလေလေ ကလေးမှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘယ်လိုများအကျိုးသက်ရောက်မှုတွေရှိလဲဆိုပြီး သိချင်လေလေဟုတ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့သိချင်နေလောက်မယ်ထင်တဲ့ ဘေဘီလေးတွေ မျက်ဝတ်ထွက်ရတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်နော်။ ဘေဘီလေးတွေလည်း မျက်ဝတ်ထွက်တတ်ပါတယ် လူကြီးတွေ အရွယ်ရောက်နေတဲ့သူတွေမှာမှ မျက်ဝတ်ထွက်တတ်တာမဟုတ်ပါဘူး။ ကလေးငယ်လေးတွေမှာလည်း မျက်ဝတ်ထွက်တတ်ပါတယ်နော်။ လူရယ်လို့ဖြစ်လာရင် စားမယ်၊ သောက်မယ်၊ ငိုမယ်၊ အညစ်အကြေးတွေထွက်မယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပေါ့။ ကလေးမို့ အနံ့အသက်မပြင်းတာမျိုးဘဲဖြစ်နိုင်ပါတယ်။ မျက်ဝတ်က ပုံမှန်အတိုင်းဆိုရင် အဖြူရောင်ပဲပေါ့။ မျက်ဝတ်က အဖြူရောင်မဟုတ်ဘဲ၊ အဝါရောင်၊ အစိမ်းရောင်လေးတွေဖြစ်လာမယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုနေပြီဆိုတာကိုဖော်ပြနေတာပါ။ ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ် နဲ့ပတ်သက်ပြီး သတိထားရမယ့် လက္ခဏာတွေက ဘာတွေလဲ ကလေးရဲ့မျက်လုံးမှာ အခုလိုမျိုးတွေတွေ့ရမယ်ဆိုရင်တော့ သတိထားဖို့လိုပါမယ်။ အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် မျက်ဝတ်တွေထွက်နေမယ် နိုးလာတဲ့အခါ မျက်ခွံတွေက […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှုတွေကြောင့် အဖြစ်များလာတဲ့ ဝက်သက်ရောဂါ

အခုတလော ဆက်တိုက်ဆိုသလိုကြားနေရတဲ့ အကြောင်းအရာကတော့ ဝက်သက်ပါ။ ဝက်သက်ဟာ အရမ်းကို ပြန့်ပွားလွယ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကလေးရောလူကြီးတွေပါ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါက လျှော့တွက်လို့ရတဲ့ရောဂါတစ်ခုလုံးဝမဟုတ်ဘူး။ အသက်သေဆုံးတဲ့အထိ ဆိုးရွားနိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားမယ်ဆိုရင် အလွယ်တကူကာကွယ်နိုင်တဲ့ ဒီရောဂါဆိုးကြီးက ကာကွယ်ဆေးထိုးဖို့ တာဝန်ရှိတဲ့မိဘတွေနဲ့ အုပ်ထိန်းသူတွေရဲ့ ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှု အယုံလွယ်မှုတွေကြောင့် ကာကွယ်ဆေးမထိုးဖြစ်ဘဲ တကျော့ပြန်ခေါင်းထောင်လာပြီး ဆိုးရွားတဲ့ပြန့်ပွားမှုတစ်ခုအဖြစ်ကို ရောက်ရှိပြန်လာပါတယ်။ ဒီဆောင်းပါးဟာ ဝက်သက်ရောဂါရဲ့ ပြင်းထန်ဆိုးရွားတဲ့နောက်ဆက်တွဲတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်ရမလဲ၊ အယုံမလွယ်သင့်တဲ့ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့်ဘယ်လိုတွေ ပြဿနာရှိနိုင်လဲဆိုတာကို သေချာရှင်းပြထားပါတယ်။ ဝက်သက်ဆိုတာဘာလဲ ။ နာမည်မှာ ဝက်ပါနေတာကြောင့် ဝက်ကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ မထင်လိုက်ပါနဲ့။ ဝက်သက်ဆိုတာ လေထဲကနေတဆင့် အလွန်လျင်မြန်စွာ ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတစ်ခုပါ။ ကာကွယ်ဆေးတစ်ခါမှ ထိုးထားဖူးခြင်းမရှိတဲ့သူဆီ ဒီ ဗိုင်းရပ်စ်ပိုးဝင်သွားလို့ကတော့ အခြား ကာကွယ်ဆေးမထိုးထားတဲ့သူတွေဆီကိုပါ လျင်လျင်မြန်မြန် ပြန့်သွားနိုင်တဲ့ ဆိုးကျိုးများတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးက ပိန်ပြီး ညှက်နေလို့ မေမေတွေ စိတ်ညစ်နေရပြီလား

ကလေးဆိုတာ စားချိန်တန် စား၊ ကစားချိန်တန် ကစား၊ စာလုပ်ချိန်တန် စာလုပ်ရမယ့် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ကောင်းဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ မရတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု နှေးပြီး ရောဂါတွေ အလွယ်တကူဖြစ်လာနိုင်တာ သဘာဝပါပဲ။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို အဓိက အစားအသောက်ကနေ ရရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အာဟာရဓါတ်တွေ မရရှိကြပါဘူး။ အဆီ၊ အငန်၊ အချို စားသုံးမှုများပြီး အဝလွန်ကြတယ်။ အာဟာရဓါတ်တွေ ချို့တဲ့နေတဲ့ ကလေးတွေမှာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ခန္ဓါအရွယ်အစား သေးငယ်နေတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ဖို့ အလားအလာ ပိုများလာပါတယ်။ ကလေးအာဟာရမှာ ဘာတွေ ပါဝင်ရမလဲ။ ကလေးအရွယ်မှာ ကျန်းမာကြံ့ခိုင်ပြီး ရောဂါဘယ ကင်းဝေးစေဖို့ တစ်နေ့တာလိုအပ်တဲ့ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်

ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေမှာ နေ့စဉ် လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်တွေကို ပြည့်စုံစွာ ရရှိဖို့ အရေးကြီးပါတယ်။ ဒီအာဟာရဓါတ်တွေဟာ ကလေးတွေကို ကြီးထွားသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေနိုင်ရုံသာမက အရွယ်ရောက်လာတဲ့အခါ ရောဂါတွေကို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် ဗီတာမင်နဲ့ အာဟာရဓါတ်အကြောင်းလို့ ဆိုရာမှာ သံဓါတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ယနေ့ခေတ်မှာ သံဓါတ်ချို့တဲ့မှုကြောင့် နောက်ဆက်တွဲ သွေးအားနည်း ဝေဒနာခံစားနေရပြီး အသက်ဆုံးရှုံးရတဲ့ ကလေးတွေ ပိုများလာပါပြီ။ ဒီနေ့မှာတော့ ကလေးအရွယ်တွေအတွက် လိုအပ်တဲ့ သံဓါတ်အကြောင်း၊ သံဓါတ်ချို့တဲ့နေတဲ့ ကလေးတွေမှာ ဘယ်လိုကျန်းမာရေးထိခိုက်စေနိုင်လဲ၊ ဘယ်အစားအစာတွေက သံဓါတ်ကြွယ်ဝလဲ၊ သံဓါတ်ချို့တဲ့မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ သံဓါတ်ရဲ့ ကလေးတွေအတွက် အရေးပါပုံ သံဓါတ်ဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးတဲ့ သတ္တုဓါတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာ ရှိတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။

နွေရာသီရဲ့ အပူဒဏ်ဟာ ကလေးတွေ မပြောနဲ့ လူကြီးတွေတောင် လှိမ့်ပိမ့်ပြီး ခံနေရလောက်အောင် ရာသီဥတုရဲ့ အပူဒဏ် ပြင်းထန်ပါတယ်။ ဒီလို အချိန်ဆို သက်ကြီးရွယ်အိုတွေရော နုနယ်လှတဲ့ကလေးတွေကိုရော အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာတွေကို တိုက်ထုတ်ဖို့အတွက် အသီးတွေ လောက် ကောင်းတာတွေ မရှိတော့ပါဘူး။ ဒီတော့ နွေရာသီမှာ ဘယ်လို အသီးတွေကို ကလေးတွေကို ကျွေးသင့်သလဲ။ နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။  သံပုရာသီး  ရာသီ ပေါင်းစုံမှာ ကြိုက်တဲ့အချိန်ဝယ်လို့ ရတဲ့ ဒီသံပုရာသီးဟာ ဗီတာမင် C အကြွယ်ဝဆုံး အသီးတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ မွှေးပျံ့လှတဲ့ အနံ့ကြောင့် ခေါင်းကို ကြည်လင်ပြီး စိတ်ကို လန်းဆန်းစေမယ်ဆိုတာ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။

ကျောင်းသားဖြစ်ရင်တော့ စာမေးပွဲ နဲ့ ကင်းလွတ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ရောက်လာတော့မှာပါ။ ဒီလို စာမေးပွဲရာသီဆိုတာ ကလေးရော မိဘရော စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းကြတဲ့အချိန်ပါ။ ဒီအချိန်လေးက ကလေးရဲ့ ရှေ့လျှောက်ဘဝကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် အတိမ်းအစောင်း နည်းနည်းလေးတောင်ခံလို့ မရတဲ့အတွက် ဒီ စာမေးပွဲရာသီ အတွင်းမှာ အားအင်တွေ ပြည့်နေအောင် မိဘတွေဘက်က ကိုယ့်ကလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလဲ ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ် ။ အစားအသောက်က အရေးအကြီးဆုံးပါ။ ။ စာမေးပွဲ နီးလာပြီဆိုတာနဲ့ စာတွေကျက်ရတာ၊ ပူပန်မှုတွေ များရတာနဲ ကလေးတွေ အစားဘက်ကို အာရုံ မရောက်နိုင်ကြတော့ပါဘူး။ အစားအသောက်ဆိုတာ အားအင်ပြည့်ဝနေဖို့ ခေါင်းကြည်နေဖို့ အတွက် တစ်ဘက်တစ်လမ်းက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေသိထားသင့်တဲ့အချက်

မိဘတစ်ယောက်အနေနဲ့ အကြီးလေးဆုံးတာဝန်က သားသမီးကို အကောင်းဆုံးပျိုးထောင်မှုပါ။ ဒီတစ်ခေါက်တော့ သားသမီးကို အကောင်းဆုံးပျိုးထောင်ဖို့အတွက် မိဘတွေအနေနဲ့ အသုံးတည့်မယ့် အချက်လေးတွေကိုမေမေဖေဖေတို့နဲ့မျှဝေပေးပါရစေနော်။ အရင်ဆုံးပြောပြချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ကလေးတစ်ယောက်ကောင်းမွန်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက အာဟာရမျှတအောင်ကျွေးမွေးတဲ့ပုံစံကို ပျိုးထောင်ပေးလို့ရတယ်ဆိုတာပါ။ ကလေးတွေရဲ့ စားသောက်မှုနဲ့ပတ်သက်လို့မိဘတွေကသေချာသိထားမှ ကလေးကိုကျန်းမာပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်မှာပါ။ ဒီတော့ ကလေးတွေရဲ့ အစားအသောက်နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူကြည့်လိုက်ရအောင်နော်။ ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေအနေနဲ့ ဘာတွေသိထားဖို့လိုမလဲ ကလေးကိုဘာတွေကျွေးမလဲ ဆိုတာကို ဆုံးဖြတ်ပါ ကလေးက အစားအစာတွေအကြောင်းကိုမသိသေးပါဘူး၊ ဒီတော့ရွေးချယ်ပေးဖို့က မိဘတွေမှာ တာဝန်အပြည့်ရှိနေပါတယ်။ ကလေးကို ဘယ်လိုအစားအစာတွေကျွေးမယ်၊ ဘယ်အချိန်မှာကျွေးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အဓိကတာဝန်ရှိသူတွေကမေမေဖေဖေတို့ပါ။ ကလေးကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို အချိန်ကိုက်ကျွေးမွေးပေးဖို့ သတိထားရပါမယ်။ အိမ်ရဲ့ ရေခဲသေတ္တာနဲ့ ကြောင်အိမ်လိုမျိုး ပစ္စည်းတွေထည့်တဲ့နေရာမှာ ထည့်ထားပေးလိုက်ပါ။ သတိထားရမယ့်တစ်ချက်က အစားအစာ ၁၀ မျိုးမှာ ၁၀ မျိုးလုံးကို ကိုယ့်အကြိုက်ပဲဝယ်တာမျိုးမလုပ်ပါနဲ့။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အားဖြည့်အချိုရည်ဆိုရင် နိုးပါ လို့ မေမေတို့တွေးသင့်တဲ့အကြောင်းရင်း

အားဖြည့်အချိုရည်ဆိုတဲ့ နာမည်ကိုက ဝယ်သောက်ချင်စရာဖြစ်နေတာ။သောက်လိုက်ရင် အားပြည့်လန်းဆန်းမယ်ဆိုတော့ လူကြီးလူငယ်နှစ်သက်လောက်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာတောင် အားဖြည့်အချိုရည်ကိုအရမ်းအားမထားဖို့၊ စွဲမသောက်ဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတယ်ဆိုတော့ နုနယ်တဲ့ကလေးတွေအတွက်ဆို လုံးဝမရွေးချယ်သင့်တဲ့သောက်စရာတွေပါ။ အချိုရည်ဆို လာထား အမြဲလက်ကမ်းနေတတ်တဲ့ ကလေးတွေကို စိတ်ကျေနပ်အောင်၊ငြိမ်ရင်ပြီးရော မလိုက်လျောသင့်ပါဘူး။ အားဖြည့်အချိုရည်တွေလို ကဖင်းဓါတ်များတဲ့သောက်စရာတွေက ကလေးတွေအတွက်ဘေးကင်းမှုမရှိနိုင်ပါဘူးနော်။ အိမ်နား ကျောင်းနားက မုန့်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အားဖြည့်အချိုရည်တွေဟာဈေးနှုန်းအစားအစား၊ တံဆိပ်အမျိုးမျိုးနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။ ဆယ်ကျော်သက်တွေမှာတောင် များများသောက်ဖို့မသင့်တော်တဲ့ ဒီအချိုရည်တွေကို ၅ နှစ်အောက်ကလေးတွေအတွက် လုံးဝကိုမတိုက်ကျွေးသင့်တာပါ။ ဘာတွေဖြစ်စေနိုင်လို့လဲ အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏ တပုံတပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓါတ်တွေပါနိုင်သေးတယ်။ အချိုများခြင်းကြောင့်လည်း ကလေးတွေသွားပျက်စီးစေတာနဲ့ အဝလွန်တာတွေဖြစ်စေနိုင်သေးတယ်။ပေးလာမယ့် အာဟာရဓါတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။နောက်ထပ်ပိုဆိုးတာက ကဖင်းဓါတ်များရင် ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ကဖင်းသောက်သုံးမှုလွန်ကဲရင် - ကတုန်ကယင်ဖြစ်တာ၊ အာရုံကြောတွေမငြိမ်တာ ဗိုက်အောင့်တာ ခေါင်းကိုက်တာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေ အရိုးသန်မာစေမယ့် ရိုးစင်းတဲ့ နည်းလမ်း ၃ သွယ်

ကလေးဘဝကတည်း အရိုးသန်မာအောင် အကောင်းဆုံး အုတ်မြစ်ချပေးနိုင်မှာ အရွယ်ရလာတဲ့အခါတော်ကာကျမှပါ။ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုကို အများဆုံးတည်ဆောက်ခဲ့တဲ့ကာလအပိုင်းအခြားဟာ ငယ်စဉ်အရွယ်ကနေစလို့ ဆယ်ကျော်သက်အရွယ်အတွင်းမှာပါ။ အသက် ၂၀လောက်ရောက်လာတဲ့အခါ အရိုးဖွံ့ဖြိုးမှုကပြီးစီးသလောက်ကိုရှိသွားပါပြီ။ အရွယ်ရောက်ပြီးသူတွေမှာဖြစ်တဲ့ အရိုးဖွံ့ဖြိုးမှုဆိုတာက ကျိုးပဲ့ပျက်စီးသွားတဲ့နေရာမှာ အစားပြန်ဖြည့်တဲ့ အဆင့်သာဖြစ်ပြီး ဖွံ့ဖြိုးမှုနှုန်းကတော်တော်လေးနှေးပါတယ်။ အရိုးက ဒီလောက်အထိအရေးပါတာပါ အရွယ်ရလာလေ အရိုးတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုကလည်း ကျဆင်းလာလေပါ။ ကလေးအရွယ်မှာက အရိုးတွေဖွံ့ဖြိုးနိုင်တဲ့ အခွင့်အရေးအများဆုံးကာလပါ။ ငယ်စဉ်ကတည်းက အရိုးကောင်းစွာဖွံ့ဖြိုးပါမှ အသက်အရွယ်ရလာတဲ့အခါ အရိုးပွတာ၊ အရိုးကျိုးလွယ်တာမျိုးအန္တရာယ်ကနေကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ ရင်နှစ်သည်းချာတွေကို အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးဆိုင်ရာပြဿနာတွေမခံစားရစေဖို့အတွက် ငယ်စဉ်ကတည်းသေချာလေးဂရုစိုက်ပေးပါနော်။ အရိုးတွေကျန်မာကြံ့ခိုင်မှာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံးလှုပ်ရှားသွားလာနိုင်မှာပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး သူများအကူအညီမပါဘဲ လှုပ်ရှားရမှုက အဖိုးမဖြတ်နိုင်လောက်အောင်ကိုတန်ဖိုးရှိတာပါ။ စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုတာ အရိုးတွေ သန်စွမ်းကြံ့ခိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အရိုးကျန်းမာသန်စွမ်းစေဖို့ လုပ်ဆောင်ပေးရမယ့် နည်းလမ်းများ အရိုးအတွက်အဓိကလိုအပ်တဲ့ ဒီအချက်လေး ၃ ခုကို ဂရုတစိုက်လုပ်ပေးရုံနဲ့ ကလေးကကျန်းမာသန်စွမ်းတဲ့အရိုးတွေနဲ့ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးတွေမှာလည်း စိတ်ပူရတဲ့ ဘယ်ရီဘယ်ရီအန္တရာယ်

ဘယ်ရီဘယ်ရီ ဆိုတာဘာလဲ ဘယ်ရီဘယ်ရီဆိုတာthiamine deficiency လို့ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့မှုကြောင့်ဖြစ်လာတဲ့ရောဂါပါ။wet beriberi နဲ့ dry beriberi ဆိုပြီး နှစ်မျိုးရှိတယ်။ ဘယ်ရီဘယ်ရီ အစိုနဲ့ အခြောက်ပေါ့လေ။Wet beriberi က နှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေတာဖြစ်ပြီး ပိုပြင်းထန်လာရင် နှလုံးပျက်စီးနိုင်ပါတယ်။Dry beriberi ကတော့ အာရုံကြောတွေကို ထိခိုက်စေပြီး ကြွက်သားအားနည်းစေတယ်၊နောက်ဆုံးမှာ မလှုပ်ရှားနိုင်တော့ဘဲဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ အစိုဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် ဘယ်ရီဘယ်ရီရောဂါဆိုတာ သေချာမကုသရင် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲ။ ဗီတာမင် B1 (thiamine) ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးရင်တော့ ဒီရောဂါဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။ အရက်စွဲရောဂါရှိသူတွေမှာ အများဆုံးဖြစ်တတ်တယ်ဆိုပေမယ့် ဗီတာမင် B1 ချို့တဲ့လွန်းတဲ့အခြေအနေရှိသူတွေ ဘယ်သူမဆို ဒီအန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်၊ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း၊ ဖျားနာခြင်းတို့ကြောင့် ဗီတာမင် B1 လိုအပ်မှုကို ပိုများစေနိုင်တာမို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း