ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေကို သွားပိုးစားစေတဲ့ အစားအသောက်များ ။ ။

သွားပိုးစားတယ်၊ သွားကျင်တယ်၊ သွားမှာ အပေါက်တွေဖြစ်နေတယ်ဆိုတာ ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း အချိုဆိုသိပ်ကြိုက်ပြီး အစားအသောက်တွေစားပြီးတိုင်းလည်း ပလုတ်ကျင်းလေ့မရှိတဲ့အပြင် ညည အိပ်ရာဝင်ခါနီးသွားတိုက်ဖို့လည်း ပျင်းကြတယ်လေ။ ဒီလိုနဲ့ သွားပိုးစား၊ သွားကိုက်တာတွေ သူတို့မှာဖြစ်ကုန်ရော။ ဒီသွားနဲ့ခံတွင်းဆိုတာကလည်း အစာခြေစနစ်ရဲ့ ထိပ်ဆုံး အပိုင်းတွေဖြစ်တာကြောင့် သူတို့မကျန်းမာရင် ကလေးလည်း အစာမစားနိုင်လို့ အာဟာရချို့တဲ့မှုတွေဖြစ်၊ သွားကိုက်ပြီး ဂျီကျလို့ မိဘတွေလည်း အလုပ်ရှုပ နဲ့ တော်တော်ကြီးကို ဗျာများရပါတယ်။ ဒီလိုမျိုး ကိုယ့်ကလေးခံစားနေရတာကို မကြည့်ရက်ရင်၊ ဘယ်လို အစားအသောက်တွေက ကလေးသွားပိုးစားခြင်းကိုဖြစ်စေလဲ ဆိုတာ သိထားဖို့နဲ့ နည်းလမ်းမှန် သွားတိုက်တဲ့ ပုံစံအကြောင်း ကလေးကို သင်ပေးထားဖို့တော့လိုပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုသိမှာလဲဆိုပြီး ခေါင်းမစားလိုက်ပါနဲ့။ ဒီဆောင်းပါးလေးထဲမှာ ကလေးသွားပိုးစားခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေက ဘာတွေလဲဆိုတာ ပြောပြပေးတော့မှာပါ။ ဆက်ကြည့်ရအောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

တီဘီဆေးသောက်နေစဉ် ကလေးအာဟာရကို ဂရုစိုက်ကြမယ်

အဆုတ်တီဘီဆိုတာ ဘာလဲ။ လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ကူးစက်ရာမှ ဖြစ်ပွားပြီး လူကြီး၊ လူငယ်မရွေး ကလေးတွေမှာလည်းတော်တော်လေး အဖြစ်များလာတာကိုတွေ့ရပါတယ်။ ကူးစက်ခံရတဲ့ ကလေးရဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုတ်တီဘီ ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာ ရှိတဲ့ တစ်ရှုးတွေကို အဓိကတိုက်ခိုက်ပြီး ဦးနှောက်၊ ကျောရိုးနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေထိပါ အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။ သေချာကုသမှုမခံယူဘူး၊ ဆေးကို ပုံမှန်မသောက်ဘူး၊ အစာအာဟာရကို ဂရုမစိုက်ဘူးဆိုရင်တော့ ရောဂါအခြေအနေဟာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။ ဘာလို့ ကလေးတွေမှာ တီဘီဖြစ်နိုင်ခြေ များတာလဲ။ ကလေးတွေဆိုတာ မျက်စိထဲမြင်တဲ့ ဘယ်အရာဝတ္ထုကိုမဆို သွားကိုင်ကြည့်တာ သဘာဝပါပဲ။ မကြာခဏ လက်ဆေးဖို့ မေ့တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာကိုင်တာ၊ နှာခေါင်းပွတ်တာ၊ အစာစားတာတွေ လုပ်တတ်တာဆိုတော့ တီဘီပိုးကူးစက်နိုင်ဖို့ ပိုလွယ်ကူတာပေါ့။ အာဟာရဓါတ်ချို့တဲ့တဲ့ ကလေးတွေ ပိန်ညှက်နေပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့နဲ့ နို့မှုန့် အတူတူ တွဲတိုက်လို့ရလား ။ ။

ကလေးအသက် ၆လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားလေးကိုဆရာဝန်တွေ ဆီက မကြာခဏ ကြားဖူးကြမှာပါ။ ဆရာဝန်တွေသာ တိုက်တွန်းကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ မိခင်တွေထဲမှာ ဒီအဆိုကို လိုက်နာတဲ့သူရှားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က မိခင်တွေကိုကြည့်ရုံနဲ့ သိသာပါတယ်။ ကလေး ၃ လ ၄လ လောက်ရောက်ပြီဆိုတာနဲ့ မိခင်နို့အပြင် အပြင်က နို့မှုန့်တွေကိုပါ ဖျော်တိုက်ကြတယ်လေ။ ဒါကလည်း ကလေးကို အာဟာရပိုပြည့်စေချင်တဲ့ စေတနာဖြစ်တာကြောင့် ၆ လပြည့်တဲ့အထိ မစောင့်နိုင်တဲ့ မိခင်တွေကိုလည်း အပြစ်တင်လို့မရပါဘူး။ မိခင်နို့ရော နို့မှုန့်တိုက်သာတိုက်နေရပေမယ့် တစ်ဘက်မှာလည်း ဆရာဝန်တွေ ပြောထားတဲ့ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားကလည်းရှိသေးတော့ မေမေတို့ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေတဲ့ မေးခွန်းတစ်ခုရှိမယ်လို့ထင်ပါတယ်။ ဘာလဲဆိုတော့ မိခင်နို့နဲ့ နို့မှုန့်ကရောတိုက်ရင် ကလေးအတွက် […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမလဲ

ကလေးတွေက ၄ လလောက်ရောက်လာပြီဆိုရင် စားချင်သောက်ချင်စိတ်ဖြစ်လာပြီ။ အစားအစာတွေမြင်ရင် ပါးစပ်ပြင်တတ်လာပြီ။ ဒီအပြုအမူလေးတွေက ချစ်စရာကောင်းတာမှန်ပေမယ့် စားချင်တာကိုကျွေးလို့မရလို့ စိတ်မကောင်းဖြစ်မိတာကလည်း အမှန်ပဲနော်။ ဒီတော့ စဉ်းစားမိတာက ငါ့ကလေး စားလို့ရတာနဲ့ အရသာရှိရှိလေးကျွေးမယ်ပေါ့။ ဒီလိုတွေးမိထားတာကမေမေဖေဖေတွေတင်မဟုတ်ပါဘူး။ ကလေးကိုချစ်ကြတဲ့ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦး တီလေးတို့လည်း ပါမယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အရသာရှိရှိစားစေချင်နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ကလေးတွေ နဲ့ ဆားစားသုံးခြင်းအကြောင်းလေးပြောပြပေးချင်တာပါ။ ကလေးတွေနဲ့ ဆားစားသုံးခြင်း အရသာရှိတာကျွေးမယ်ဆိုရင် အရင်ဆုံးတွေးမိတာက ဆားလေး၊ဆီလေး၊ အချိုမှုန့်လေးထည့်မယ်လို့ပေါ့။ ကလေးကိုချစ်ရင် အစားစစားချိန်မှာ ဒါတွေထည့်မကျွေးဖို့ပြောပါရစေ။ အစားစစားမယ့် ကလေးတစ်ယောက်ရဲ့ အစားအစာထဲမှာ ဆားထည့်ဖို့ တကယ်ကိုမလိုပါဘူး။ နို့စို့နေစဉ်ကမေမေ့နို့ကနေတဆင့် လိုအပ်တဲ့ ဆားဓါတ်ကို ရရှိခဲ့ပါတယ်။ ဆားတောင်မကျွေးရမှာတော့ အချိုမှုန့်ဆိုတာယောင်လို့ထည့်မကျွေးသင့်တာပါ။ အချိုမှုန့်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိတဲ့ အစားအစာပါနော်။ ဒီလိုပြောလို့ ကလေးကိုဆားလုံးဝမကျွေးရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ အစားစစားချိန်မှာ မိခင်နို့ကိုဆက်တိုက်နေမယ်၊ နို့မှုန့်ကိုလည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဆံပင်ပါးနေတဲ့ကိုယ့်ကလေး ဆံပင်ထူလာအောင် ဘာလုပ်ပေးရမလဲ။ ။

ဆံပင်ဆိုတာ ဒုတိယမျက်နှာပါ။ ဆံပင်ပုံကျမှ၊ ဆံသားကောင်းမှ၊ ဆံပင်ထူမှ လူတစ်ယောက်ရဲ့ အလှအပက ပြည့်စုံတာပါ။ ဆံပင်ထူမှ လှတာပါ။ ဆံပင်ပါးလို့လှတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံလှပတဲ့ ဆံပင်ရဖို့အတွက် ငယ်ငယ်တည်းက ထိန်းသိမ်းခဲ့ဖို့တော့ လိုပါတယ်။ ကလေးတိုင်း မတူကြပါဘူး။ တချို့ကလေးတွေရဲ့ ဆံပင်ကထူပြီး ဆံပင်ပေါက်သန်သလို တချို့ကလေးတွေ ကျတော့ ဆံပင်ပါးပြီး ဆံပင်ပေါက်နှေးကြပါတယ်။ ဆံပင်ထူအောင် ငယ်ငယ်တည်းက မေမေတို့ မလုပ်ပေးခဲ့ရင် အရွယ်ရောက်လာတဲ့အချိန်မှာလည်း သ့င်ကလေးဆံပင်ပါးပါးလေးပဲ ရှိမှာပါ။ ဒါကြောင့် ဆံပင်ပါးနေတဲ့ သင့်ကလေး ကို ဆံပင်ထူလာအောင်၊ သန်လာအောင် လုပ်ပေးဖို့ မေမေတို့မှာ တာဝန် အပြည့်ရှိပါတယ်။ ။ (၁) ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေ ကလေးကို များများကျွေးပါ။ ။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ စားပေးခြင်းဟာ ဆံပင်သန် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးရဲ့အမြင်နဲ့အကြားအာရုံအတွက် ဘယ်လိုပံ့ပိုးပေးကြမလဲ

ကလေးတွေများ မျက်စိေကာင်းလိုက်တာ၊ နားပါးလိုက်တာ ဆိုပြီး အဖိုးအဖွားတွေပြောလေ့ရှိကြတယ်နော်။ သူတို့က ငယ်သေးတာကိုး ဆိုပြီး အားကျတဲ့လေသံလေးနဲ့ ကိုယ့်ငယ်ဘဝကိုပြန်တမ်းတမိတတ်တာမြေးလေးတွေထိန်းရင်းနဲ့ပေါ့။ ဒါပေမယ့် လူကြီးတွေ မေ့လျော့နေကြတဲ့အချက်က ငယ်ရွယ်နေတိုင်း အရာရာဖွံ့ဖြိုးမှုအရမ်းကောင်းနေမှာမဟုတ်ဘူးဆိုတာပါပဲ။ ကလေးဆိုတာနဲ့ မျက်စိကောင်း၊ နားပါး၊ ကျန်းမာထက်မြက်နေမှာ၊ သူ့အလိုလို ဖွံ့ဖြိုးလာမှာ လို့တော့ တစ်ထစ်ချမထင်ထားပါနဲ့။ ကလေးဆိုတာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေဆဲ နုနယ်တဲ့အရွယ်မို့ အမြင်အာရုံ၊ အကြားအာရုံ စတဲ့ ခန္ဓါကိုယ်ရဲ့ဘယ်လုပ်ဆောင်ချက်တွေမှာမဆို ပံ့ပိုးမှုလိုကိုလိုအပ်ပါတယ်။ အသက်အရွယ်အလိုက် အစာအာဟာရပံ့ပိုးမှုတွေကို အားကိုးခဲ့ရတဲ့အပြင် လူကြီးတွေဆီကမြင်ရ၊ကြားရတာတွေ၊ချော့မြှူတာတွေဆီက အရာရာသင်ယူရပါတယ်။ ထိန်းကျောင်းတာ၊ကျွေးမွေးတာ၊ သင်ပေးတာတွေရဲ့ ပံ့ပိုးမှုတွေပေါ့။ ဒါတွေမရှိဘဲ ဘယ်ကလေးမှ ကျန်းမာသွက်လက်ဉာဏ်ထက်မြက်နေမှာမဟုတ်ပါဘူး။ ကလေးရဲ့အမြင်နဲ့အကြားအာရုံကောင်းအောင် ဘယ်လိုပံ့ပိုးကြမှာလဲ အမြင်၊အကြား၊ အနံ့၊ အရသာ နဲ့ အထိအတွေ့ ဆိုတဲ့အာရုံခံနိုင်စွမ်းတွေမှာကောင်းကောင်းဖွံ့ဖြိုးလာအောင် ပံ့ပိုးဖို့ မေမေတို့ မမေ့လျော့သင့်တဲ့ အချက်တချို့ကို အကြံပေးချင်ပါတယ်။ (၁) အာဟာရဓါတ်ေတွပြည့်ဝအောင် အလေးထားပါ ထမင်းအများကြီးစားတိုင်း၊ […]


ကလေးငယ်အာဟာရ

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အသက်အရွယ်အလိုက် ဘာတွေများကျွေးမလဲ

ကလေးက ၆ လ အထိနို့သောက်ပြီးပြီ။ ဒီတော့ ကလေးက ၆ လပြည့်ပြီဆိုရင် ဘာလုပ်မယ်ထင်လဲ။ ထမင်းစားမှာပေါ့။ ထမင်းကလူကြီးတွေစားသလိုတော့ စားလို့မရသေးဘူးပေါ့။ ဒီတော့ ထမင်းတိုက်ကျွေးမယ်။ ထမင်းတိုက်ကျွေးတယ်ဆိုတဲ့နေရာမှာ ထမင်းပဲကျွေးလို့မရပါဘူးနော်။ လိုအပ်တဲ့အာဟာရတွြေပည့်ဖို့ အသီးအရွက်၊ ပဲအမျိုးမျိုးနဲ့ အသား၊ ငါးတွေကို မျှတအောင်ကျွေးပေးဖို့လိုပါမယ်နော်။ အစားစစားတာက ကလေးတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားခန်းပေါ့။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေး အကောင်းဆုံးကျော်ဖြတ်နိုင်အောင် ကူညီပေးရမှာပါနော်။ ကလေးအတွက် အသက်အရွယ်အလိုက် အစားအစာပြင်ဆင်ပေးမယ် ကလေး ၆ လ ကနေ ၈ လအရွယ် ကလေးက ၆ လရောက်လာပြီဆိုရင် အစားစစားလို့ရပြီပေါ့။ ဒီအရွယ်မှာ ကလေးကို အစာခပ်ပျော့ပျော့လေးတစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ကျွေးရပါမယ်။ ကလေးစားတဲ့ ခွက်ကလေးနဲ့တစ်ဝက်စာလောက်ကျွေးရမှာပါနော်။ ကလေးကို ထမင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ရွှေဖရုံသီး၊ ကန်ဇွန်းဥတို့ကိုကျွေးလို့ရပါတယ်။ ပျားရည်တော့လုံးဝမကျွေးပါနဲ့ဦး။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့ဖြတ်မယ့် မေမေတို့ သိထားသင့်တဲ့အချက် (၈) ချက်

ဘယ်အချိန်မှာ နို့ဖြတ်မှာလဲ ကလေးနို့ဖြတ်တဲ့ကိစ္စဟာ မေမေတို့အတွက်စိတ်မကောင်းဖြစ်ရတဲ့အချိန်ပါ။ကလေးက ငိုယိုနေမှာ၊ နို့ဆာနေချိန် ဒီအတိုင်းကြည့်နေရမှာ မကြည့်ရက်တာနဲ့ပဲ ကလေးကိုယ်တိုင်က နို့ပြတ်တဲ့အထိစောင့်တတ်ကြပါတယ်။ ဘယ်အချိန်မှာ နို့ဖြတ်မလဲဆိုတာ ကလေးရော၊ မိခင်ေရာ အဆင်သင့်ဖြစ်တဲ့အချိန်ကို ကိုယ်တိုင်ဆုံးဖြတ်တာအကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့အကြံပြုချက်မှာတော့ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသင့်တယ်၊ အနည်းဆုံး ကလေးအသက်တစ်နှစ်အထိလောက်အထိ တိုက်ကျွေးလို့ရတယ်လို့ ဆိုထားပါတယ်။ မိခင်တွေအနေနဲ့က ကိုယ်ရော၊ ကလေးပါ အဆင်ပြေနေသရွေ့ မိခင်နို့ကို တိုက်ကျွေးလို့ရနိုင်ပါတယ်။ ကလေးမစို့ချင်တော့အောင် နို့မှာ အခါးတွေသုတ်ထားတာ၊ ဆေးတွေသုတ်ထားတာ ...သူငယ်ချင်းတွေ၊ဆွေမျိုးနဲ့ မိဘတွေ ဘာပဲပြောပြော သူများပြောတဲ့နည်းလမ်းစုံတွေ လိုက်မသုံးပါနဲ့။ ကိုယ့်ကလေးအကြောင်း၊ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ အဆင်ပြေမယ့်နည်းကိုရွေးချယ်ရပါမယ်။ ကျန်းမာရေးအကြံပြုချက်တွေအတိုင်း ကလေးအသက်တစ်နှစ်အထိ နို့ဆက်တိုက်မယ်ဆိုရင်တောင် ထမင်းနဲ့တွဲကျွေးတာမျိုးဖြည်းဖြည်းချင်းကျင့်ပေးရမယ့်နည်းကိုရွေးတာမျိုး။ နို့ဖြတ်မယ်ဆိုရင်မေမေတို့ ဘာတွေသိထားရမလဲ (၁) အစပိုင်းမှာ ဖြည်းဖြည်းချင်းကျင့်ပေးသင့်တယ် ရုတ်တရက်ကြီး ကလေးကိုနို့မစို့ရအောင် လုပ်ထားတာက ညှင်းပန်းရာကျနေမလားလို့ ကိုယ်လည်းစိတ်ဆင်းရဲ၊ ကလေးလည်းပင်ပန်းရပါတယ်။ နို့ဆာလောင်နေချိန်မစို့ရလို့ဒေါသထွက်နေတဲ့ကလေးက အခုမှစစားဖူးမယ့် ကြိတ်ချေထမင်း […]


ကလေးငယ်အာဟာရ

ကလေးကို Solid Food စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင်

ကလေးတစ်ယောက်ကောင်းကောင်းကြီးပြင်းလာအောင် ပျိုးထောင်ရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့်ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ ပင်ပန်းခက်ခဲတဲ့ ခရီးပေါ့။ ဘယ်လောက်ပင်ပန်းပင်ပန်း ရင်သွေးကကျန်းကျန်းမာမာကြီးပြင်းလာတယ်ဆိုရင်ကို ပင်ပန်းတာတွေက အကုန်ပျောက်ကုန်တာလေ။ ကလေးရဲ့နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့တိုးတက်မှုတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတာလည်းပြန်မရနိုင်တဲ့ အခိုက်အတန့်လေးတွေပါနော်။ ဒီအခိုက်အတန့်လေးတွေထဲမှာ ကလေးအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး မိဘတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ရှိပါတယ်။ ဒါကဘယ်အချိန်ဖြစ်မယ်ထင်လဲ၊ စကားစပြောတဲ့အချိန်လား၊ မတ်တတ်စမ်းတဲ့အချိန်လား၊ အစားစစားတဲ့အချိန်လား။ အစားစစားတဲ့အချိန်ပါနော်။ ကလေးတစ်ယောက်ကို ဘယ်အချိန်မှာ အစားစကျွေးမလဲ ကလေးတစ်ယောက်ကို မိခင်နို့လိုမျိုး အရည်ပဲတိုက်နေရင်းကနေ အစားစကျွေးရတာက ကလေးအတွက်ရော မိဘအတွက်ရောတော်တော်လေး စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ဒီအခိုက်အတန့်ကို ဘယ်အချိန်မှာ ကြုံရမလဲဆိုတော့ ကလေးအသက် ၆ လရောက်လာတဲ့အချိန်မှာပါ။ ဒီအချိန်မှာမှ ကလေးက အစာခြေစနစ် အပြည့်အဝဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်ကြီးထွားလာမှုနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း တိုးလာပါပြီ။ ကလေးတွေကို အသက် ၆ လရောက်တဲ့အခါ အစားစကျွေးရမှာဖြစ်ပြီး ၆ လထက်နောက်မကျတာက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးက ထမင်းခွံနေချိန်မှာ ထမင်းမစားဘူးဘဲလုပ်နေတယ်၊ သိပ်နေတာကိုတော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကိုတောက်တောက်နဲ့လျှောက်ပြေး နေတယ်။ ကလေးကလည်းပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီးဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲမေမေဖေဖေတို့.........ကြောက်အောင်ခြောက်တယ်ဟုတ်......... ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု ကလေးက ပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခုရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာ၊ နေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံး ခြောက်လှန့်တတ်ကြလဲ သိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သေးဘူးလား ဒေဝေါကြီးကို ခေါ်လိုက်မှာနော်ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲကကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့လူကြီးဆိုတာမျိုးတွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။ ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့်ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ အကြောက်တရား ကြီးစိုးခံလိုက်ရပါတယ်နော်။ အကြောက်တရားနဲ့ ကြီးပြင်းစေမှုက ကလေးအရွယ်မှာတင်ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အသက်ကြီးတဲ့အထိ စိတ်ထဲမှာ တစ်ချိန်လုံးစွဲနေမယ်ဆိုတာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း