ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

အချို့သောအစားအစာတွေကို စောစောလေးမိတ်ဆက်ပေးတာက ကလေးတွေမှာဓါတ်မတည့်မှုခံစားရနိုင်ခြေနည်းစေတယ်ဆိုတာ တကယ်လား

ဓါတ်မတည့်ဘူးဆိုတာက သိပ်တော့မစိမ်းတဲ့စကားတစ်ခုဖြစ်မှာပါ။ အသားအရေမှာသုံးရတဲ့ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ၊ အစားအသောက်နဲ့ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာရယ်ဆိုပြီး အမျိုးမျိုးပါပဲ၊ ဒီဓါတ်မတည့်တာတွေထဲမှာ အစားအသောက်နဲ့ ဓါတ်မတည့်တာက လူတော်တော်များများမှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ ။ ဒီနည်းကိုဖြေရှင်းဖို့ ကြိုးပမ်းကြတဲ့နည်းတွေကလည်း အစုံပါပဲနော်။ ဒီတစ်ခေါက်တော့ ဓါတ်မတည့်မှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းတဲ့နည်းလေးတစ်ခုအကြောင်းဆွေးနွေးချင်တာပါ။ ကလေးကို အစာစောစောကျွေးတာက တကယ်ပဲ ဓါတ်မတည့်တာကို သက်သာစေနိုင်တာလား ကလေးတစ်ယောက်မိခင်နို့သောက်တာကနေ အစားစစားတဲ့အချိန်က ကလေးတစ်ယောက်ကြီးထွားမှုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆင့်တစ်ခုပါ။ ဒီအချိန်မှာမေမေတွေ စိုးရိမ်တာက ကလးအစာနင်မှာ သီးမှာကိုပါ။နောက်တစ်ခုစိုးရိမ်တာရှိသေးတယ်။ ကလေးက ဘာနဲ့များဓါတ်မတည့်ဘူးဖြစ်မလဲပေါ့။ ဒီတော့မေမေတို့အနေနဲ့ ကလေးအစားအစာတစ်ခုခုနဲ့ဓါတ်မတည့်တာမျိုးမဖြစ်အောင် ဘယ်လိုများကာကွယ်ပေးရမလဲလို့ စဉ်းစားရပြီလေ။ ကလေးတွေကဘာတွေနဲ့များဓါတ်မတည့်ဖြစ်တတ်သလဲ ကလေးတွေဓါတ်မတည့်မှုဖြစ်နိုင်တဲ့အစားအစာတွေက အရမ်းတော့ မများပါဘူး။ ကလေးတိုင်း ဓါတ်မတည့်မှုဖြစ်မယ်ရယ်တော့လည်း မဟုတ်ပါဘူး။ ဒီအစားအစာတွေကတော့ ကလေးတော်တော်များများနဲ့ ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်နော်။ မြေပဲ ကြက်ဥ၊ဘဲဥ နို့ထွက်ပစ္စည်းတွေ အခွံမာသီးတွေ ( သစ်ကြားသီး၊ ဗာဒံစေ့) မြေပဲထောပတ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင်

ဝမ်းမှန်ဖို့က အရွယ် ၃ ပါးစလုံးအတွက်အရေးပါတာပါနော်။ ဝမ်းမှန်တယ်ဆိုတဲ့နေရာမှာ ဝမ်းချုပ်တာလည်း မကောင်းသလို ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေဖြစ်တာမျိုးကလည်း မကောင်းပါဘူး။ ဒီတော့ ကျန်းမာရေးအတွက်အရေးပါတဲ့ ဝမ်းကောင်းစေဖို့ ဘေဘီလေးတွေမှာရော လူကြီးတွေမှာပါ ဂရုစိုက်ဖို့လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင်လိုမယ်မထင်ပါဘူး။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေအတွက် ဘေဘီလေးဝမ်းပျက်ဝမ်းလျှောတာနဲ့ပတ်သက်လို့ နည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ ကလေးက ဝမ်းလျှောနေတာလား ကလေးတွေရဲ့ ဝမ်းက ပုံမှန်အားဖြင့်တော့ ပျော့တတ်သလို ဝမ်းကလည်းခဏခဏသွားနိုင်ပါတယ်။ ဘေဘီလေးတွေ ဝမ်းခဏခဏသွားတာက ကလေးကကျန်းမာလို့ နို့ဝလို့ဆိုတဲအဓိပ္ပာယ်ပါနော်။ ဒါပေမယ့် ကလေးက ပုံမှန်ဝမ်းသွားနေတာမျိုးမဟုတ်ဘဲ စားပြီးတိုင်း ဝမ်းသွားနေရင်တော့ ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီလို့ပြောပါရစေနာ်။ ကလေးက ပုံမှန်ဝမ်းသွားတာထက် အကြိမ်ရေပိုများများသွားနေမယ်၊ ဝမ်းကပုံမှန်ထက်ပိုပျော့နေမယ်၊ စားပြီးတိုင်းမှာဝမ်းသွားနေမယ်၊ စားပြီးတိုင်းဝမ်းသွားတာက တစ်ကြိမ်မကဖြစ်နေမယ်၊ ဝမ်းကအရည်တွေပဲသွားနေမယ်ဆိုရင်တော့ ကလေးက ဝမ်းလျှောနေပြီလို့ပြောပါရစေနော်။ ဒီအချက်တွေကြောင့် ဘေဘီလေး ဝမ်းလျှောရတာပါ ဝမ်းလျှောတာက ကလေးတွေမှာအကြာကြီးတော့မဖြစ်တတ်ပါဘူး။ များသောအားဖြင့်ကတော့ရောဂါပိုးက ရက်အနည်းငယ်ကြာရင် သူ့အလိုလိုသက်သာသွားတတ်ကြပါတယ်။ ဒါပေမယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အချိုစားများတဲ့ကလေး ဘာပြဿနာတွေဖြစ်မလဲ

ကလေးတွေအချိုကြိုက်တာဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ဖြစ်နေတတ်ပါတယ်။ အချိုအရမ်းစားတဲ့အခါ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေ၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။ ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက် အာဟာရဓါတ် မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို ပိုပြီးတောင့်တပါတယ်။ မိဘတွေအနေနဲ့ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ထိန်းပြီးကျွေးပေးမယ်ဆိုရင် ကလေးတွေ အချိုအလွန်အကျွံစားတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ကလေးတွေ အမာစာ စတင်စားနိုင်တဲ့အရွယ်ထဲက […]


ကလေးငယ်အာဟာရ

ဖြည့်စွက်စာကျွေးချိန်ရောက်ပြီဆို ကလေးကို စကျွေးသ့င်တဲ့ အစားအစား ၅မျိုးက ဘာတွေလဲ ။ ။

ကလေးအသက် ၆လေကျာ်လာပြီဆိုတာနဲ့ ဖြည့်စွက်စာစကျွေးဖို့ ခေါင်းစားကြတာ မေမေတိုင်းပါ။ ကလေးအာဟာရ မပြည့်မှာလည်းစိုးတယ် မတည့်တာကျွေးမိမှားလည်းစိုးတဲ့ ပူပန်မှုတွေကြားထဲ ကလေးကို ဘာတွေစကျွေးရမလဲ ဝေခွဲမရ ရွေးရခက်နေတဲ့ မေမေတို့ရှိပါသလား။ ဒါဆို ဒီဆောင်းပါလေးကိုဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ဖြည့်စွက်စာ ကျွေးချိန်ရောက်ပြီဆိုတာနဲ့ ဘယ်အစားအစာတွေကို ကလေးတွေကို စကျွေးရမလဲဆိုတာ မေမေတို့ ခေါင်းစားစရာမလိုတော့အောင် ပြောပြပေးတော့မှာပါ။ ဖြည့်စွက်စာ စားချိန်ရောက်ပြီဆိုတာနဲ့ ကလေးကို စကျွေးသင့်တဲ့ အစားအစာ ၅ မျိုး ။ ။ ကလေးနဲ့လည်းတည့်၊ ဝယ်ရတာလည်းလွယ်ကူ ၊ အာဟာရလည်း အပြည့်ပါတဲ့ ဘယ်လို အစားအသောက်တွေကို ကလေးတွေရဲ့ ဖြည့်စွက်စာ အဖြစ် ရွေးချယ်သင့်လဲ ။ ။ ၁ - ြကက်ဥ -နုနယ်သေးတဲ့ ကလေးအစာအိမ်အတွက် အစာခြေရတာလွယ်စေတဲ့ အစားအသောက်ဖြစ်တဲ့ အပြင် ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ ပရိုတင်းဓါတ်တွေ […]


ကလေးအာဟာရချို့တဲ့ခြင်း

အဝလွန်နေတဲ့ကလေး ဆီးချိုဖြစ်နိုင်ပါတယ်

မျှတတဲ့ အစာအာဟာရကို နေ့စဉ်စားသုံးဖို့နဲ့ နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်နေမှသာ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို သေချာထိန်းထားပေးနိုင်မှာပါ။ ကလေးတွေအတွက် နေ့စဉ် ပြီးပြည့်စုံတဲ့ အစာအာဟာရ ရရှိဖို့ ပိုပြီးတောင် အရေးကြီးပါတယ်။ အစားအသောက်မမှန်တဲ့ ကလေးတွေဟာ အဝလွန်လာမယ်။ ကိုယ်လက်လေးလံ ထိုင်းမှိုင်းလာမယ်။ နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါကိုပါ စောစီးစွာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေး တစ်နေ့တာ စားသောက်ရမယ့် အစားအစာကို အစီအစဉ်သေချာရေးဆွဲပြီး ချမှတ်ပေးပါ။ အစားအစာနဲ့ ကိုယ်အလေးချိန် ကလေးတိုင်းနီးပါးဟာ အချိုပါဝင်မှုများတဲ့ အစားအစာတွေ၊ အအေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ အာဟာရဖြစ်စေတဲ့ အစာထက် မုန့်ပဲသွားရေစာတွေကို စားရတာကို ပိုသဘောကျပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ မိဘတွေဘက်က ဂရုမစိုက်ပဲ ကိုယ့်ကလေး စားပါစေဆိုပြီး လွှတ်ထားလိုက်ရင်တော့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ကြုံလာရနိုင်ပါတယ်။ အချိုများတဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမကြာခဏ မဖျားနာစေဖို့ မေမေတွေ ဒီလိုဂရုစိုက်ပေးကြမယ်ဆိုရင်

ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးဖျားနာတယ်ဆိုတာ ဆန်းတော့တဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ ကလေးလည်း ဝေဒနာခံစားရမယ်။ မိဘေတွအနေနဲ့လည်း ကလေးဖျားနေတာကို ကြည့်ပြီး ကလေးအစား ကိုယ်သာ ဖျားလိုက်ပါတော့လားလို့ တွေးရင်း ရင်တွေ ပူနေရမှာပေါ့။ ဒါ့အပြင် ကလေးဆိုတာ အရွယ်ငယ်သေးတဲ့အချိန်ဆိုတော့ ကိုယ်ခံအားစနစ်ဟာလည်း လူကြီးတွေလောက် မကောင်းနိုင်ပါဘူး။ ရာသီဥတုအပြောင်းအလဲ ဖြစ်တာ၊ ပူလွန်းအေးလွန်းတာ၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကို မကြာခဏ ပွတ်တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မုန့်စားတာ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးဟာ ဖျားနာနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရင်သွေးရဲ့ ကျန်းမာရေးအတွက် ရတက်မအေးရတဲ့ မေမေတွေ၊ ဖေဖေတွေအတွက် ကလေးမကြာခဏ မဖျားစေဖို့ ဆောင်ရန်၊ ရှောင်ရန်နဲ့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ လူရှုပ်တဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးရဲ့ သွားနဲ့ ခံတွင်းကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား

ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်နေပြီး သွားနဲ့ ခံတွင်းကို ပစ်ထားလို့ မဖြစ်ပါဘူးနော်။ ကလေးဆိုတာ သစ်ရွက်ကလေး လှုပ်တာမြင်ရင်တောင် သွားလေးပေါ်အောင် ပြုံးပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်တတ်ကြတဲ့အရွယ်မလား။ ဒီတော့ သွားနဲ့ခံတွင်းကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်မှ ကလေးတွေ ပြုံးလိုက်တိုင်း ညီညာလှပတဲ့ အဖြူရောင်ပုလဲသွယ် သွားလေးတွေကို မြင်ရမှာပေါ့။ မိဘတွေအနေနဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပစ်ပယ်ထားလိုက်ရင် ကလေးတွေ အပေါ်ယံကြွေလွှာပျက်စီးပြီး သွားပိုးစားတာ၊ သွားပိုးပေါက်တွေ ဖြစ်လာနိုင်တာ၊ သွားတွေ ဝါထိန်ပြီး သွားချေးတွေ တက်လာတာတွေအပြင် ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ကြီးလာရင်လည်း သွားတွေ ပျက်စီးပြီး ကျိုးလွယ်နိုင်တယ်။ ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်တဲ့အထိ ကိုယ့်ရဲ့ ကလေးကို ကျန်းမာရေးဒုက္ခတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲမို့ ကလေးတွေရဲ့ သွားတွေ မပျက်စီးစေဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို လုံလောက်တဲ့ အာဟာရဓါတ်တွေ ပေးနေရဲ့လား

မိဘတွေရဲ့ တာဝန်ဝတ္တရားတွေထဲမှာ သားသမီးတွေကို အာဟာရပြည့်ဝစွာ ကျွေးမွေးပေးဖို့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြီးထွားဖွံ့ဖြိုးဆဲအရွယ်ြဖစ်တဲ့ ကလေးတွေမှာ နေ့စဉ် အာဟာရဓါတ်တွေ လုံလောက်စွာ ရရှိပါမှ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်မှာပါ။ ဒီဆောင်းပါးလေးမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး မေမေတို့ သိဖို့ လိုအပ်တဲ့ အကြောင်းအရာတွေ၊ ကလေးရဲ့ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓါတ်တွေ များများကျွေးပေးဖို့ လိုအပ်လဲဆိုတာ ပြောပြပေးမယ်နော်။ မွေးကင်းစမှ ၆လအရွယ် ကလေးတွေ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးတာ အကောင်းဆုံးပါပဲ။ မိခင်နို့မှာ ကလေးကျန်းမာရေးနဲ့ ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ၊ ကလေးကြီးထွားမှုအတွက် ပရိုတင်းဓါတ်ေတွ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ ကလေးမဖျားနာစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ မိခင်နို့က ကူညီပေးပါတယ်။ မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတဲ့အတွက် ကလေးကို နို့များများတိုက်ပေးရင် […]


ကလေးငယ်ပထမနှစ်

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ကလေး သေးခံ၊ အနှီး ကိုကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ဝမ်း အပျော့ အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။ ဝမ်းအရောင်များ။ ။ ဝမ်းအမည်းရောင် ။ ။ မွေးပြီးပြီးချင်း၂၄ နာရီအတွင်းကလေးစသွားတဲ့ ဝမ်းအရောင်က အမည်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျပါ။ မွေးပြီးပြီးချင်း ၁ ပတ်အတွင်းမှာ အမည်းရောင်ဝမ်းတွေ အများကြီးသွားနိုင်ပါတယ်။ ၁ပတ်ထက်ကျော်လို့ ဝမ်းက အမည်းရောင်ပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သင့်ကလေး ကျန်းမာရေးမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေပါပြီ။ ။ ဝမ်းအမည်းရောင်ကို မိခင်နို့တိုက်နေတဲ့ကလေးမှာရော ၊ နို့မှုန့်သောက်နေတဲ့ကလေးမှာရော တွေ့ရပါတယ်။ ဝမ်းက စေးကပ်နေတတ်ပြီး အချွဲတွေပါတဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ

ဘာလိုလိုနဲ့ နွေရာသီတောင် ရောက်လာပြီနော်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ ကလေးတွေအတွက် ပျော်စရာအားလပ်ချိန်လေး ရပြီပေါ့။ ဒီလို ကျောင်းပိတ်ရက်မှာ ဖျားနာနေမယ်ဆိုရင် ကလေးတွေလည်း စိတ်လွတ်လက်လွတ် မပျော်ရတော့ဘူး။ မိဘတွေလည်း ကလေးခံစားနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရမှာပါ။ ဒါကြောင့် ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ ကိုယ့်ကလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာနေစေဖို့ ဂရုစိုက်ပေးသင့်တဲ့ အရာလေးတွေကို မေမေတို့အတွက် ပြောပြပေးမယ်နော်။ နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတို့ အနေနဲ့ ၁။ ရေများများတိုက်ပေးပါ။ နွေရာသီမှာ ကလေးတွေ ရေသောက်နည်းတာ၊ ချွေးခဏခဏ ထွက်တာကြောင့် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ကလေးတွေ ခေါင်းမူးပြီး ကိုယ်လက်မအီမသာ ဖြစ်မယ်။ နေလို့ထိုင်လို့ မကောင်းတာ၊ မူးဝေမောပန်းပြီး အားမရှိတာ၊ အသားအရေ ခြောက်သွေ့နေမယ်။ အစာစားချင်စိတ်ပါ နည်းသွားပြီး ဖျားနာတာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း