ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးက မာလကာသီး စားလို့ရလား ........

မာလကာသီး က အတော်လေး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပေးပါတယ်။  ဒီလို ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ မာလကာသီးလေးကို ဘေဘီလေးတွေရော စားလို့ရရဲ့လားလို့ သိချင်နေပြီလား မေမေတို့ရေ ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။ ဆေးဖက်ဝင်ပြီး စားရတာ အရသာရှိတဲ့ မာလကာသီးလေးက ဘေဘီလေးကိုရော ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်လားဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးက မာလကာသီး စားလို့ရလား ....... ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ မာလကာသီးက ဘေဘီလေးတွေ စားဖို့ စိတ်ချရတဲ့ အသီး တစ်မျိုးပါ။ အများကြီး မကျွေးမိဖို့တော့ လိုတာပေါ့။ ဘေဘီလေး နေ့စဉ် စားသုံးမှုထဲမှာ နည်းနည်းချင်း ထည့်ကျွေးပေးလို့ ရပါတယ်။ အစေ့တွေ မပါအောင် သေချာလေး ဖယ်ဖို့တော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီဂဲလ်လေးတွေကို နှုတ်ခမ်းနီ မဆိုးပေးပါနဲ့ မေမေ

အပြင်သွားဖို့ ဖြစ်ဖြစ် အလုပ်သွားဖို့ ဖြစ်ဖြစ် မိတ်ကပ်လူး၊ နှုတ်ခမ်းနီ ဆိုးနေတုန်း မေမေ မီးမီးလည်း နှုတ်ခမ်းနီ ဆိုးချင်တယ်ဆိုပြီး နှုတ်ခမ်းကို စူလို့ လာဆိုးခိုင်းတဲ့ ဘေဘီဂဲလ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတွေ ရှိလား ...... ဒီလို လာမေးတဲ့အချိန်မှာ ခေါင်းထဲရောက်လာနိုင်တဲ့ အတွေးက ဘေဘီလေးတွေကို နှုတ်ခမ်းနီ ဆိုးပေးလို့ ရမလား ဆိုတာဖြစ်မယ် ထင်ပါတယ်။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ သိချင်နေမယ့် မေးခွန်းလေးကို ဖြေပေးနိုင်မှာပါ။ ကဲ ..... ဆိုးပေးလို့ ဖြစ်၊ မဖြစ် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေးကို နှုတ်ခမ်းနီဆိုးပေးလို့ ရလား ..... ဘေဘီလေးက အရမ်းငယ်သေးမယ်ဆိုရင် နှုတ်ခမ်းနီမဆိုးပေးသင့်ပါဘူး။ အကြောင်းကတော့ နှုတ်ခမ်းနီမှာ ဘေဘီလေးတွေရဲ့ အရေပြားက အလွယ်တကူ စုပ်ယူနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ပါ။ ဒါကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။

ဆံပင် အရောင်လှလှလေး ဆိုးတာက ဘေဘီလေးတွေကို ချစ်စရာကောင်းစေတယ်လို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ ဘေဘီလေးတွေကို ထိခိုက်မှုရှိစေနိုင်လားဆိုတာကိုတော့ သေချာလေး တွေးမိသူ နည်းမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကို ဆံပင်ဆိုးပေးတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးတွေ ဆံပင် ဆေးဆိုးလို့ ရလား ..... ဘေဘီလေးတွေက အရမ်းငယ်သေးတယ်ဆိုရင် ဘေဘီလေးကို ဆံပင် ဆေးဆိုးတာက မကောင်းပါဘူး။ ဘေဘီလေးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဆံပင် ဆိုးဆေးကတော့  ကလေးတွေကိုမှာမှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဆံပင် ဆေးမဆိုးပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဘေဘီလေးက ဘယ်အရွယ်ဆို ဆံပင် ဆေးဆိုးလို့ ရပြီလဲ ...... ဘေဘီလေးက အသက် ၁၆ နှစ်ပြည့်ပြီးပြီဆိုရင် ဆံပင်ကို ဆေးဆိုးလို့ ရပါပြီ။ ဆံပင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးကို အပြင်ထွက်ကစားခွင့်ပေးလိုက်တာက ဘယ်လို အကျိုးကျေးဇူးတွေ ရစေမလဲ။

မိဘဆိုတာတော့ ကိုယ့်သားသမီးရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့၊ လုံခြုံဖို့ စိတ်ပူပန်တတ်တာ သဘာဝပါပဲ။ တချို့မိဘတွေကျတော့လည်း ပညာရေးဘက်ကို ဦးစားသိပ်ပေးလွန်းတဲ့အခါ ကိုယ့်ကလေး အပြင်ထွက်ကစားရင် စာလုပ်ချိန်နည်းသွားမှာ၊ ပညာရေးဘက်မှာ လစ်ဟင်းသွားမှာ သိပ်ကြောက်ပါတယ်။ ကိုယ့်ကလေးကို မျက်စိအောက်က တစ်ဖဝါးမခွာ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ထားတာမှ စိတ်ချရတယ် ထင်ရပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပါပဲ။ ကလေးဆိုတဲ့ အရွယ်က လောကကြီးရဲ့အလှအပတွေကို ရှာဖွေလေ့လာစူးစမ်းဖို့၊ အသစ်အဆန်းတွေကို တီထွင်ဖန်တီးဖို့၊ အနာဂတ်မှာ တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် အခုကတည်းက မိဘတွေအနေနဲ့ သေချာပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။ စားချိန်တန် စား၊ စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ နားချိန်တန် နား၊ ဒီလို မျှတတဲ့ နေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက လုပ်ပေးမှ ကလေးတွေအတွက် ကျန်းမာကြံ့ခိုင်ပြီး တီထွင်ဖန်တီးတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျန်းမာပျော်ရွှင်တဲ့ ကလေး တစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့

မိဘဆိုတာ ကိုယ်ချစ်တဲ့သားသမီးတိုင်းရဲ့ အနာဂတ်အတွက်ကို အမြဲတမ်း အကောင်းဆုံးပဲ ဖန်တီးပေးချင်ကြတာပါပဲ။ ကလေးကျန်းမာနေရင်လည်း ပျော်ရတယ်။ ကလေးပျော်ရွှင်နေပြီဆိုရင်လည်း မိဘတွေရဲ့ ရွှေရင်ကို အေးစေတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ်က အကောင်းဆုံးကို ပေးစွမ်းချင်ပါစေ၊ ကျန်းမာပျော်ရွှင်တဲ့ ကလေး တစ်ယောက်ဖြစ်ဖို့ ပြုစုပေးတဲ့နေရာမှာ မိဘတွေအနေနဲ့ အခက်အခဲကတော့ တစ်ခုမဟုတ် တစ်ခု ကြုံရတတ်ပါတယ်။ ကလေးနဲ့ အမြဲထိတွေ့နေရတဲ့ မေမေတွေအတွက်ရော၊ အိမ်ထောင်ရေး၊ မိသားစုဘဝ တည်ငြိမ်ဖို့ ကြိုးပမ်းနေရတဲ့ ဖေဖေတွေအတွက်ပါ ကြုံလာရနိုင်တဲ့ အခက်အခဲပြဿနာတွေကို အနည်းငယ် ပြေလျော့သွားစေဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေး တစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ပေးရမလဲ။ ဒီခေါင်းစဉ်ကို ဖြေပေးဖို့ ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုပြီး ၂ပိုင်းခွဲ ပြောပြပေးချင်ပါတယ်။ ကလေးတွေဆိုတာ ကျန်းမာနေလို့ပဲ မပြီးပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာမှသာ သူတို့တွေရဲ့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေလည်း ယောဂ လေ့ကျင့် လို့ရပါတယ်

ဘေဘီလေးတွေက လမ်းလည်း မလျှောက်တတ်သေးသလို မတ်တတ်လည်း မရပ်နိုင်သေးခင်မှာ ယောဂ လေ့ကျင့် လို့ရတယ်ဆိုလို့ ခေါင်းစဉ် မြင်ပြီး တော်တော်လေး အံ့ဩသွားသလား ..... ဒါဆိုရင်တော့ မအံ့ဩဘဲ ဘေဘီလေးက ဘယ်လိုမျိုး ယောဂ လေ့ကျင့် လို့ရလဲ ..... ယောဂ လေ့ကျင့်တာကြောင့် ဘေဘီလေးမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဖတ်ကြည့်စေချင်ပါတယ် မေမေတို့ရေ....... ဘေဘီလေးက ယောဂ လေ့ကျင့်လို့ ရပါ့မလား ..... အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ ဘေဘီလေးက ယောဂ လေ့ကျင့် လို့ ရပါတယ်။ ဘေဘီလေးက လမ်းမလျှောက်တတ်သေး၊ စကား သေချာ မပြောတတ်သေးပေမယ့် သူတို့ ခန္ဓာကိုယ်လေးတွေကို လှုပ်ရှားတတ်နေပါပြီ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု တစ်ရပ်ဖြစ်တဲ့ ယောဂ လေ့ကျင့် တာကို လုပ်ဆောင်လို့ ရပြီလို့ ဆိုတာပါ။ ဘေဘီလေးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ကို စက္ကူရုပ်လေးတွေ ခေါက်ဖို့ အားပေးပါ

Origami လို့ ခေါ်တဲ့ စက္ကူရုပ်လေးတွေ ခေါက်တာက စိတ်အပန်းပြေသလို သားသားမီးမီးတို့ကိုလည်း ပျော်ရွှင်စေနိုင်ပါတယ်။ အရုပ်လေးတွေ ခေါက်ပြီး ဆော့ရတာက ကလေးတွေကို ပျော်ရွှင်စေတဲ့ ကစားနည်းတစ်ရပ်ပါ။ အရင်ကတော့ အရုပ်ခေါက်တာကို လူကြီးတွေက လုပ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ သားသားမီးမီးတို့ကို သင်ကြားမှုတွေမှာပါ ထည့်သွင်းလာကြတာကို တွေ့ရပါတယ်။ ဒီစက္ကူခေါက်တာလေးတွေက သားသားမီးမီးတို့အတွက် ကောင်းကျိုးရှိလား ဘယ်လို ကောင်းကျိုးတွေ ရှိနိုင်တာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ သားသားမီးမီးတွေက ဘယ်အရွယ်ဆို အရုပ်စခေါက်လို့ ရပြီလဲ ....... သားသားမီးမီးလေးတွေက ၂ နှစ်ပြည့်ပြီ ပြောတာကို လိုက်လုပ်တတ်ပြီ။ လက်ချောင်းလေးတွေကို သေချာ လှုပ်ရှားတတ်ပြီဆိုရင်တော့ သားသားမီးမီးတို့ကို အရုပ်လေးတွေ ခေါက်တတ်အောင် သင်ပေးလို့ ရပါပြီ။ လွယ်လွယ်ကူကူ ခေါက်လို့ ရမယ့် အရုပ်လေးတွေကနေ စသင်ပေးတာက သားသားမီးမီးတို့ကို စိတ်အား ထက်သန်စေမှာ ဖြစ်သလို ပျော်လည်း ပျော်စေမှာပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေနဲ့ တုပ်ကွေး

ပုံမှန်ချိန်မှာ ဖျားတာ၊ တုပ်ကွေး ဖြစ်တာ၊ ကျန်းမာရေး ပြဿနာ တစ်ခုခုကို ခံစားရတာက ကြီးကြီးမားမား ပြဿနာ မဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်နေချိန်၊ ဘေဘီလေးကို နို့ချိုတိုက်ကျွေးနေချိန်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခုကို ခံစားရတာက အတော်လေး ခက်ခဲပါတယ်။ စဉ်းစားစရာတွေကလည်း အများကြီးပါ။ ဆေးသောက်ဖို့ကစလို့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးလို့ ဖြစ်ပါ့မလားအထိ စဉ်းစားစရာတွေက အစုံပါပဲ။ ဒီတစ်ခေါက်တော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေး ဖြစ်တဲ့အခါ နို့တိုက်မေမေအနေနဲ့ ဘေဘီလေးကို မိခင်နို့ ဆက်တိုက်လို့ ဖြစ်ပါ့မလားလို့ စိတ်ပူနေတဲ့ ကိစ္စလေးကို အဖြေထုတ်ပေးချင်ပါတယ်။ နို့တိုက်မေမေနဲ့ တုပ်ကွေး တုပ်ကွေးက ပြင်းထန်ပြီး ကူးစက်လွယ်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်မျိုးပါ။ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ နှာခေါင်း၊ လည်ချောင်းတို့ကနေတဆင့် အဆုတ်ထဲကို […]


မိခင်နို့တိုက်ကျွေးခြင်း

ဘေဘီလေး လေနာမဖြစ်စေဖို့ မေမေ ဘာတွေရှောင်စားရမလဲ .......

ဘေဘီလေးတွေမှာ အဖြစ် အများဆုံး ကျန်းမာရေး ပြဿနာတစ်ရပ်က လေနာ တာပါ။ လေနာတာက ကလေးတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာပါ။ ကလေးက ညနေဘက်လောက်ရောက်လာတဲ့အခါ အကြောင်းအရင်းမရှိဘဲ ငိုနေတာက လေနာတဲ့ လက္ခဏာ တစ်ရပ်ပါ။ ဘေဘီလေးတွေက မွေးဖွားစမှာ လေနာကို ခံစားရတာ မဟုတ်ပါဘူး။ မွေးဖွားပြီး ၂ ပတ်လောက် ဒါမှမဟုတ် ၃ လ၊ ၄လလောက်ရောက်မှ ဘေဘီလေးက လေနာ တာကို ခံစားရတာပါ။ လေနာရတဲ့ အကြောင်းရင်းကတော့ တိတိကျကျမရှိပါဘူး။ နာချင်တဲ့ကလေးမှာ နာပြီး လပိုင်းလောက်နေရင် အလိုလိုပျောက်သွားပါတယ်။ တချို့ကလည်း မေမေရဲ့ စားသောက်မှု ပုံစံကြောင့် ဖြစ်နိုင်သလို မိခင်နို့အပြင် နို့မှုန့်ပါ သောက်နေတဲ့ ဘေဘီလေးတွေမှာဆိုရင်တော့ ဘေဘီလေးသောက်သုံးနေတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓာတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ နို့နဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်ကလေးက သူများကို အနိုင်ကျင့် တတ်သူလား

ကိုယ့်ကလေး အနိုင်ကျင့်ခံရရင် သူများတွေကို ပြောဆိုဆုံးမပါဦးလို့ ပြောလို့ရပေမယ့် ကိုယ့်ကလေးက သူများကို အနိုင်ကျင့် ခဲ့ရင်ရော။ ဒါဆိုရင်တော့ မေမေတို့က ဆုံးမရမယ့်အလှည့်ဖြစ်သွားပါပြီ။ တစ်ဖက်က ခံလိုက်ရတဲ့ ကလေးကို တောင်းပန်ရမှာ ဖြစ်သလို ကိုယ့်ကလေးက ဘာလို့ သူများကို အနိုင်ကျင့်တတ်နေရတာလဲဆိုတာကို အဖြေရှာရမှာ ဖြစ်ပါတယ်။ ကလေးက ဘာလို အနိုင်ကျင့် တတ်နေရတာလဲ။ အနိုင်ကျင့်တတ်တဲ့ ကလေးတွေကို လူဆိုးလေးတွေလို့ တန်းပြီး တံဆိပ်ကပ်လိုက်လို့ မရပါဘူး။ ကလေးတွေက သူများကို အနိုင်ကျင့်လိုက်မဟဲ့ဆိုပြီး မွေးလာကြတာမဟုတ်ပါဘူး။ သူတို့ ဒီလိုဖြစ်နေရတာ အကြောင်းရင်း ရှိပါတယ်။ သူငယ်ချင်းလိုချင်လို့ အနိုင်ကျင့်တာ၊ အနိုင်ကျင့်ခံရတာတွေကို ကျောင်းနေစအရွယ်တို့၊ မူကြိုအရွယ်တို့မှာ တွေ့ရတတ်ပါတယ်။ သူငယ်ချင်း လိုချင်တဲ့အခါ၊ ဒီသူငယ်ချင်းအုပ်စုက သူများကို အနိုင်ကျင့်တတ်တဲ့အခါ သူပါ အံဝင်ခွင်ကျဖြစ်အောင် အနိုင်ကျင့်လိုက်တာပါ။ အနိုင်ကျင့်ခံရတာ သူအနိုင်ကျင့်ခံရတယ်။ ဒါကို မိဘတွေ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း