ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

တံတွေးတွေထွက်အောင် အထိ တဗူးဗူးနဲ့ ဗူးမှုတ်တတ်တဲ့ ကလေးတွေ၊ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ကလေးတွေက စကားစပြောတတ်ဖို့ ပိုလွယ်တယ်လို့ အင်္ဂလန်နိုင်ငံLancaster Universityရဲ့ သုတေသနကဖော်ပြခဲ့ပါတယ်။ နှုတ်ခမ်းလှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ဘာသာစကားစွမ်းရည်တွေကြားမှာ ဆက်နွှယ်မှုကြီးမားတယ်လို့ သုတေသီတွေကပြောပါတယ်။ ကလေးတွေကို လျှာနဲ့နှုတ်ခမ်းသပ်တတ်အောင် သင်ပေးတာ၊ ဗူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်းလုပ်ပေးတာကမှ စကားလုံးတွေ အသံထွက်တတ်လာအောင် သူတို့ရဲ့သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။ သုတေသနမှာ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် အယောက် ၁၂၀ကျော်ကိုလေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေသင်ယူမှုပိုမြန်တာဖြစ်ပါတယ်။ လေ့လာမှုရလဒ်တွေအရ နှုတ်ခမ်းလှုပ်ရှားမှုသိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကားစွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီ Dr Katie Alcock ကပြောပါတယ်။ ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှုများများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးကစကားပိုတတ်ကြတယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။ "ကလေးတွေက တစ်နှစ်ခွဲရောက်တဲ့အခါ ထက်ဝက်လောက်က စကားလုံး ၁၀၀ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေး ဘူးမှုတ်လို့ မေမေ့ဆံပင်ကျွတ်တာ မဟုတ်ရပါ

ပုခက်ထဲကဘေဘီလေးတွေ လုပ်နေကျ အလုပ်တစ်ခုက အားတိုင်း ပါးစပ်က ဘူးမှုတ်နေတာပါပဲ။ တဘူးဘူးနဲ့ ထိုင်မှုတ်နေရင်း တံတွေးတွေထွက်၊ ပူဖောင်းလေးတွေတောင်ဖြစ်နေသေး။ ဒီနေရာမှာ ဘယ်ကအစပြုခဲ့မှန်းမသိတဲ့ အယူအဆတစ်ခုကဝင်လာပါတယ်။ "ဘူးမမှုတ်နဲ့ သမီးရယ်မေမေ့ကိုချစ်တယ်ဆို"ဆိုတဲ့ သီချင်းသံလိုပဲ... ကလေးက ဘူးမှုတ်ရင်မေမေ့ဆံပင်တွေကျွတ်လိမ့်မယ်၊ တစ်ခေါင်းလုံးပြောင်ရပါလိမ့်မယ်တဲ့။ ကလေးက ဘူးမှုတ်လေ မိဘဆံပင်ကျွတ်လေ ဆိုတာ ဘယ်သူကပြောလိုက်ပါလိမ့်။ ကလေးလေးတွေ ဘူးမှုတ်နေတာတွေ့ရင် အသံလေးကလည်းချစ်စရာ၊ စချင်စရာလေးလည်းဖြစ်နေတော့ တံတွေးလေးတွေသုတ်ပေးလိုက်ကြ၊ ဝိုင်းရယ်လိုက်ကြနဲ့၊မေမေတွေကလည်း ဆံပင်ကျွတ်မှာကြောက်လိုက်ကြနဲ့ပေါ့။ အမှန်က ကလေးမွေးပြီးရင်ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ရတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒီတော့ ကလေးက မှုတ်မှုတ် မမှုတ်မှုတ် ကျွတ်တာကကျွတ်မှာပါပဲ။ ဒီလိုတိုက်ဆိုင်မှုနဲ့တော့ဘေဘီလေးတွေဘူးမှုတ်တာကို မတားဆီးသင့်ပါဘူးနော်။ ဘာလို့ မတားဆီးသင့်တာလဲ ဘူးမှုတ်တယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အကျိုးပြုပါဝင်တဲ့ အမူအကျင့်လေးတစ်ခုဖြစ်နေလို့ပါပဲ။ အသက် ၂ လလောက်ရှိတဲ့ကလေးတစ်ယောက်က ဘူးမှုတ်တယ်ဆိုတာ သူ့ရဲ့ပါးစပ်ကိုအသုံးချဖို့ စမ်းသပ်နေတဲ့သဘောပါပဲ။ သုတေသနတွေအရတော့ ကလေးတိုင်းဘူးမမှုတ်တတ်ပေမယ့် ဘူးမှုတ်တဲ့ကလေးတွေက စကားပိုတတ်မြန်တယ်လို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး

ဘေဘီလေးတွေရဲ့ အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုးဆေးတွေလူးပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ ကလေးကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ဘေဘီလေးမှာ ပွေးပေါက်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေးပါးချင်တာပါ။ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး အကြောင်းနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။ ပွေး (Baby face Ringworm) ဆိုတာကဘာလဲ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ပွေး ဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုးဖြစ်ပါတယ်။ ခြေထောက်မှိုစွဲတာကိုဖြစ်စေတဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ အဆိုပါမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ အဆိုပါမှိုပိုးကူးစက်ခံရနိုင်ပါတယ်။ ပွေးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန်လေးဖြစ်ပေါ်တာမျိုးဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာ အဖြစ်များပါတယ်။ ခြေလက်တွေနဲ့ မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိ ကလေးငယ်တွေမှာဖြစ်တတ်ပါတယ်။ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာကြောင့်ဖြစ်ရတာလဲ။ ပုံမှန်ဖြစ်တတ်လား။

မွေးကင်းစကလေးတစ်ယောက်ရဲ့ သေးခံလဲပေးနေတဲ့အချိန် မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး မြင်လိုက်ရတဲ့အခါအထိတ်တလန့်ဖြစ်သွားတတ်ကြတာ မိခင်တိုင်းပါ။ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ အသက် ၁၃ နှစ် အပျိုဖော်ဝင်စ အချိန်မှပဲဖြစ်တတ်တာမျိုးဆိုတော့ နို့စို့အရွယ်ကိုယ့်ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာဟာ ပုံမှန်ဟုတ်ရဲ့လား။ ဘာရောဂါများဖြစ်လို့လဲ ။ ဘာကြောင့်ဖြစ်ရတာလဲ ။ ။ မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ ပုံမှန်ဟုတ်ရဲ့လား ။ ။ မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာကို မြင်လိုက်ရရင် အရမ်းကြီး ထိတ်လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ မွေးပြီးခါစ ၂ ရက် ၃ ရက်လောက်မှာ ကလေးတွေရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ မိခင် သားအိမ်အတွင်းမှာနေခဲ့စဉ်က ကလေးရဲ့ မျိုးပွားအဂါၤအပေါ်သက်ရောက်တဲ့ဟော်မုန်းတွေရဲ့ အရှိန် ကလေးဆီပါလာတာကြောင့် မိန်းမကိုယ်ကနေ သွေးဆင်းတာဖြစ်နိုင်ပါတယ်။ ဘယ်နှစ်ရက်လောက်ကြာတတ်လဲ ။ ။ ဒီလိုသွေးဆင်းတာမျိုးဟာ […]


ကလေးအရေပြားပြဿနာများ

နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင် အပူဒဏ်ကို အံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာက ဘေဘီလေးတွေ မိတ်ထွက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။နွေမှာ မိတ်ထွက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့မေမေတို့စိုးရိမ်ကြမှာသေချာတာပေါ့။ ဒါပေမယ့် မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့ နွေရာသီ အရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ အရည်ကြည်ဖုသေးသေးလေးတွေ၊ အနီဖုလေးတွေတောင် ထွက်တတ်ပါတယ်။ နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူဒဏ်ခံနေရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။ ဒီတော့ ဘေဘီလေးတွေ နွေပူပူမှာ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကင်ဆာဝေဒနာခံစားနေရတဲ့ကလေးတွေကို ဘာတွေ ကျွေးသင့်သလဲ၊ ဘာတွေ မကျွေးသင့်ဘူးလဲ

ကင်ဆာဝေဒနာရှင်တွေကို အစားအစာတွေ အလွန်အမင်းရှောင်တာက ရောဂါကို မသက်သာစေတဲ့အပြင် ပိုတောင်ဆိုးသွားစေနိုင်ပါတယ်။ ဆေးဒဏ်၊ ရောဂါဒဏ်ခံနိုင်ဖို့အတွက် က အာဟာရပြည့်ပြည့်ဝဝစားနေဖို့က အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ဘာတွေရှောင်သင့်လဲ၊ ဘာတွေဆောင်သင့်သလဲ (၁) ရေ နှင့် ဖျော်ရည်များ ဆောင်ရန် - ကျိုချက်ပြီးသား ရေကျက်အေး၊ ရေခဲရေ၊ အိမ်တွင်ခဲထားသော သန့်သော ရေသန့်ရေခဲတုံး၊ (ရေခဲတုံး ခဲရာတွင် အသားငါး အခြားသောပစ္စည်းများ နှင့် ရောနှော၍ တစ်ထပ်တည်းတွင် မခဲသင့်ပါ)၊ သဘာဝ သစ်သီးဖျော်ရည် (ဝမ်းလျှောနေစဉ်ကာလ အတွင်း မတိုက်ရ၊ ပုံမှန်အချိန် တွင်လည်း ၁၀၀-၁၅၀ စီစီ (မီလီလီတာ) လောက်သာတိုက်ပါရန်၊ အိမ်လုပ် သန့်သန့်ရှင်းရှင်းလုပ်ထားတာမျိုး ဖြစ်ရပါမယ်) ရှောင်ရန် - ရေစိမ်း၊ မကျိုချက်ရသေးတဲ့ရေ၊ ရေပိုက်ခေါင်းမှ ရေ၊ ရေစိမ်းဖြင့်ခဲထားသော ရေခဲတုံး၊ အသားငါးများ နှင့် ရောခဲထားသော ရေခဲတုံး၊ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ကြက်ဥကျွေးမလဲ

ကြက်ဥဘဲဥတွေက စားလို့ကောင်းသလို အလုပ်လည်မရှုပ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေပါ။ အာဟာရတွေကလည်း အပြည့်ပါပဲ။ ဒါဆို ကလေးတွေကိုရောကျွေးလို့ရလား။ သားသားမီးမီးကို အာဟာရပြည့်စေချင်တဲ့ မိဘတွေသိချင်နေမယ့် အမေးလေးတစ်ခုပေါ့။ ဒီမေးခွန်းလေးကို Helloဆရာဝန်ပရိသတ်ကြီးအတွက် ဒီဆောင်းပါးလေးကနေတဆင့်ဖြေကြားပေးလိုက်ပါတယ်။ ကလေးနဲ့ ကြက်ဥ ကလေးကို ကြက်ဥကျွေးလို့ရလားဆိုရင်တော့ ရတယ်လို့ပဲပြောရမှာပါ။ ဒါပေမယ့် အရမ်းငယ်သေးတဲ့ ကလေးတွေကိုတော့ ကြက်ဥမကျွေးသင့်သေးပါဘူးနော်။နောက်တစ်ချက်ရှိတာက ကလေးက ကြက်ဥနဲ့ ဓာတ်တည့်ရဲ့လားဆိုတာပါ။ ကြက်ဥဘဲဥတွေနဲ့ ဓာတ်မတည့်ဘူးဆိုတဲ့ အခြေအနေမျိုးလည်းရှိပါသေးတယ်နော်။ ကြက်ဥအကာက ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ ဒါကြောင့် ကလေးကို ကြက်ဥစကျွေးမယ်ဆိုရင် အကာကိုမကျွေးဘဲ အနှစ်ကို စကျွေးပါ။ ကလေးကအသက် ၉ လလောက်ရောက်လာပြီဆိုရင် ကြက်ဥကို ကျက်နေအောင်ပြုတ်လို့ အခွံနွှာ အကာဖယ်ပြီး အထဲက အနှစ်ကိုကျွေးပေးပါ။ အနှစ်ကိုလည်ကြေအောင်ချေပြီးမှာ ဇွန်းနဲ့ နည်းနည်းချင်းကျွေးပေးပါ။ ကလေးမှာ ဓာတ်မတည့်မှုနဲ့ တူတဲ့လက္ခဏာတစ်စုံတရာတွေ့ရမယ်။ အမျိုးတွေထဲမှာ ကြက်ဥဘဲဥဓာတ်မတည့်တဲ့သူတွေရှိနေတယ်ဆိုရင် ကလေးကို ကြက်ဥကျွေးသင့်၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးချွဲကြပ်တဲ့အချိန် ဘယ်လို အစားအစာတွေကို ရှောင်ကျွေးရမလဲ ။ ။

ချောင်းဆိုး ချွဲကြပ်တယ်ဆိုတာ လူကြီးတစ်ယောက်အတွက်တောင် နေရထိုင်ရခက်ခဲတာ ကလေးတွေ အတွက်ဆို ပိုလို့တောင်ဆိုးပါသေးတယ်။ ဒီလို ချောင်းဆိုး ချွဲကြပ်နေရင် ကလေးကမလန်းတော့တာ၊ အသက်ရှူရကြပ်နေတာနဲ့ မေမေတို့ပိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီလို အချိန်တွေကို ကျော်လွန်ဖို့ဆိုရင် မေမေတို့ ပြုစုတဲ့အပိုင်းက ကလေးအတွက် အရမ်းကိုအရေးကြီးလာပါပြီ။ ဒါဆို သင့်ကလေး ချောင်းဆိုး ချွဲကြပ်နေတဲ့အခါ ဘယ်လို အစားအသောက်တွေကို ရှောင်ကျွေးရမလဲ။ ချောင်းဆိုးချွဲကြပ်နေတဲ့ သင့်ကလေးကို ဘာအစားအစာတွေ မကျွေးသင့်ဘူးလဲ။ ။ နွားနို့ - နွားနို့မှာပါတဲ့ အဆီဓာတ်တွေနဲ့ မလိုင်ဖတ်တွေဟာ သင့်ကလေး ကို ချွဲကြပ်စေမှာ အသေအချာပါ။ ဘယ်လောက်ပဲ အားရှိစေတယ်ပြောပြော ချောင်းဆိုး ချွဲကြပ်နေတဲ့ အချိန်မှာတော့ ကလေးကို နွားနို့မတိုက်သင့်ပါဘူး။ အသီးအနှံတွေ - ချောင်ဆိုးချွဲကြပ်နေတဲ့ ကလေးကို ထိပ်ဆုံးက မကျွေးသင့်တဲ့ အသီးတွေရှိပါတယ်။ အသီးတွေဟာ ကျန်းမာရေးအတွက် […]


ကလေးအစာခြေစနစ်ပြဿနာများ

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးကိုဘာတွေကျွေးမလဲ

ကိုယ့်ရင်သွေး အမြဲတမ်းကျန်းမာပျော်ရွှင်နေစေဖို့က မိဘတိုင်းဖြစ်ချင်တဲ့ ဆန္ဒပါ။ ကလေးအရမ်းဆော့နေလို့ စိတ်ညစ်လိုက်တာလို့ ညည်းညူမှုမှာ အပျော်သံလေးနှောနေတတ်သလို ပီတိဖြစ်တဲ့အသံလေးလည်းပါနေတတ်ပါသေးတယ်နော်။ ဒါပေမယ့် ကလေးက ဖျားနာမယ်၊ဝမ်းသွားမယ်ဆိုတဲ့ ကျန်းမာရေးပြဿနာတွေများဖြစ်တဲ့အခါ စိတ်ညစ်လိုက်တာလို့ ညည်းညူမှုက အရမ်းကိုပူပန်နေသလို စိတ်မကောင်းမှုတွေကလည်း အပြည့်ပါနော်။ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် ဘာကျွေးလို့ကျွေးရမှန်းမသိဖြစ်နေတာကို ဒီဆောင်းပါးလေးကနေဖြေရှင်းပေးပါရစေလား။ ကလေးက ဝမ်းပျက်ဝမ်းလျှောတာကို ခံစားနေရရင် ဒီလိုလေးပြင်ဆင်ပေးပါ ကလေးရဲ့ ကိုယ်ခံအားက လူကြီးတွေလောက်မကောင်းတာတော့ အမှန်ပါ။ အထူးသဖြင့် ၂နှစ် ၃နှစ်ကလေးတွေက ဖြည့်စွက်စာအပြင် လူကြီးစာလေးတွေကို စမ်းစမ်းပြီး လျှောက်မြည်းတတ်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေခံစားရနိုင်ခြေက လူကြီးတွေထက်ပိုများနေနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကလေးက ငယ်သေးတော့ လူကြီးတွေလိုဆေးသောက်ဖို့ကမဖြစ်နိုင်ဘူးလေ။ ဒီတော့ အကောင်းဆုံးဖြစ်မယ့်နည်းလမ်းက အိမ်တွင်းကုထုံးလေးတွေ အားရှိစေမယ့် အစားအသောက်လေးတွေပြင်ဆင်ပေးတာမျိုးပေါ့။ မိခင်နို့ မိခင်နို့ကို ကလေးနှစ်နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ တချို့ကလေးတွေကလည်း ဒီအရွယ်အထိ နို့မပြတ်သေးပါဘူး။ ကလေးကဝမ်းသွားနေတယ်ဆိုလို့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေ ဘာကြောင့် ဆီးသွားတိုင်း ငိုနေရတာလဲ ။ ။

မွေးကင်းစ ကလေးပိစိလေးတွေကို အရိပ်တကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ကြရတာ မေမေတိုင်းပါ။ အထူးသဖြင့် ကလေးတွေ ငိုနေရင် ပိုပြီး စိုးရိမ်ရတာပေါ့။ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက် ငိုတာကသာ သူတို့ရဲ့ စကားသံလေ။ နို့ဆာလို့၊ ဗိုက်အောင့်လို့၊ တစ်နေရာရာမှာ နာနေလို့ စသဖြင့် ကလေးပိစိ လေးတွေ ငိုကြတဲ့အထဲမှာမှ ဒီဆောင်းပါးထဲမှာ ဆီးသွားရင် ငိုတတ်တဲ့ကလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ကလေးက ဆီးသွားရင်းနဲ့ ဘာကြောင့် ငိုတာလဲ ။ ။ ပုံမှန် ဆို ဆီးသွားရတာ နာကျင်ခြင်းမရှိရပါဘူး။ ကလေးတော်တော်များများကလည်း ဆီးသွားရမှာ မကြောက်ကြပါဘူး။ ဒါပေမယ့် သင့်ကလေးက ဆီးသွားခါနီးတိုင်း ငို၊ ဆီးသွားနေရင်းနဲ့လည်း ငိုနေပြီးဆိုရင်တော့ သင့်ကလေး ဆီးလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုတက်နေပါပြီ ။ ။ အဖြစ်အများဆုံးကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းပါပဲ။ ဒီပြဿနာဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း