ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား

မေမေတို့အနေနဲ့ဘေဘီလေးကိုနို့တိုက်ချိန်မှာ အမြဲလိုလိုစဉ်းစားတွေးပူတာတစ်ခုရှိတယ်။ ဒါကတော့ ငါ ဒါကိုစားလိုက်ရင် ကလေး ဗိုက်များနာမလား။နေထိုင်မကောင်းများဖြစ်မလားပေါ့။ ဒီတစ်ခေါက်တော့ကလေးကိုနို့တိုက်နေလို့ သံပုရာရည် ​သောက်လို့ရပါ့မလားလို့တွေးပူနေတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးကိုရေးရတာပါ။မေမေက သံပုရာရည်သောက်လို့ ကလေးက နို့အချဉ်မပေါက်ဘူးနော်။ သံပုရာရည်မှာပါတဲ့ အာဟာရဓါတ်တွေက သံပုရာရည်မှာ Riboflavin ဗီတာမင် စီ (Vitamin C) ကယ်လ်ဆီယမ် ဗီတာမင် ဘီ (Vitamin B) Phosphorous ကာဗိုဟိုက်ဒရိတ် ပရိုတင်း မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်တာကြောင့်မေမေတို့အနေနဲ့ နို့ချိုတိုက်ကျွေးနေရချိန်မှာ သံပုရာရည်သောက်ပေးတာကမေမေရောဘေဘီလေးအတွက်ပါ ကျန်းမာရေးကောင်းစေပါတယ်နော်။ နို့တိုက်မေမေ သံပုရာရည် သောက်လို့ရတယ်ဆိုတဲ့ အထောက်အထားတွေ နို့ထွက်များစေတယ် နို့တိုက်နေချိန်မှာ သံပုရာရည်သောက်တာက ခန္ဓါကိုယ်ကို ရေဓါတ်ြဖည့်ပေးသလို လန်းဆန်းစေနိုင်ပါတယ်။ ကလေးကိုလည်း နို့ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို အစာခြေစနစ်ကျန်းမာစေနိုင်ပါတယ် သံပုရာရည်က အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် နို့တိုက်မေမေက သံပုရည်သောက်ပေးမယ်ဆိုရင် ကလေးမှာရောမေမေ မှာပါလေပွတာ၊ ဝမ်းချုပ်တာ၊လေထိုးလေအောင့်တာဖြစ်တာအပါအဝင် အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ပါကင်းစေနိုင်ပါတယ်။ နို့မှာပါတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ် နို့တိုက်မေမေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေ ဖုန်းအသုံးများ ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ထိခိုက်မှု

ခေတ်ဆိုတာလည်း အဆန်းသားဗျ။ ကျွန်တော်တို့ ကလေးဘဝတုန်းက အားလပ်ချိန်ဆိုတာနဲ့ အပြင်ထွက်ပြီး ဘောလုံးကန်မယ်၊ စာအုပ်ဖတ်မယ်၊ လူကြီးတွေနဲ့ လျှောက်လည်မယ်၊ မုန့်စားမယ်၊ ဒါတွေလောက်ပဲ ရှိခဲ့တာလေ။ အိုင်တီခေတ်လို့ ခေါ်တဲ့ ဒီဘက်ခေတ်ကြီးထဲမှာ ကလေးတွေကို ကြည့်လိုက်တာနဲ့ ဖုန်းအသုံးများ ပြီး တီဗီ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးတော့ပဲ အချိန်ကုန်နေတတ်တာကိုတွေ့ရပါတယ်။ အရင်တုန်းကဆို ကျွန်တော်တို့ အရမ်းဆော့လွန်းလို့ လူကြီးတွေကတောင် မဆော့ပါနဲ့၊ စာလုပ်ပါလို့ ဆူပူခဲ့ရတဲ့ ခေတ်ကနေ အပြင်ထွက်ကစားပါဆိုပြီး ကလေးကို ပြန်ပြောရတဲ့ ခေတ်ကို ဆယ်စုနှစ်လေး အနည်းငယ်အတွင်းမှာ ရောက်သွားတာ အံ့သြစရာပါပဲ။ ကောင်းတဲ့ နေရာက ကြည့်ရင် ဒီလိုနည်းပညာတွေ တိုးတက်လာတော့ ကလေးတွေလည်း ရှာဖွေချင်တဲ့ အရာတွေ လွယ်လွယ်ကူကူရှာဖွေလို့ ရတယ်၊ အချိန်ကုန်၊ လူပင်ပန်း မဖြစ်တော့ဘူးပေါ့။ မကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် ဖုန်းအသုံးများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို

ဘေဘီလေးကိုမွေးဖွားလာချိန်မှာ အပိုတွေ မလိုချင်သလို လိုအပ်ချက်လည်းမရှိစေဘဲ စင်းလုံးချောမွေးလာစေချင်တာကမေမေတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းတိုင်းပြည့်ရမယ်လို့ တထစ်ချသတ်မှတ်ထားတာမျိုးမရှိဘူးလေ။ တစ်ခါတလေမှာ လိုအပ်ချက်ပါလာတာဖြစ်နိုင်သလို တစ်ခါတလေမှာ မလိုချင်ဘဲ အပိုလေးတွေပါလာတတ်ပါတယ်နော်။ ဒီတစ်ခေါက်တော့ဘေဘီလေးတို့မှာ အပိုပါလာတတ်တဲ့ အသားပိုလေးတွေအကြောင်းပြောရအောင်လား။ အသားပိုဆိုတာ အသားပိုဆိုတာကပျော့အိအိအသားလုံးလေးတွေပါ။ ကင်ဆာကျိတ်မဟုတ်သလို၊ အဖေုအကျိတ်တေါလည်းမဟုတ်ပါဘူး။ အာရုံခံဆဲလ်တွေ၊ အဆီဆဲလေးတွေ၊ အသားမျှင်လေးတွေပါဝင်နေတတ်ပါတယ်။ ခပ်ပြားပြားပုံစံကနေ အလုံးလေးတွေအထိ ပုံစံအမျိုးမျိုးနဲ့ရှိနိုင်ပါတယ်။ အချို့က အရွယ်အစားသေးသေးလေးပဲဖြစ်ပေမယ့် အချို့အသားပိုတွေကတော့ အရွယ်အစားကြီးလာတတ်ပါတယ်။ အချင်း ၂ မီလီမီတာကနေ ၁ စင်တီမီတာလောက်အထိကြီးနိုင်ပါတယ်။ များသောအားဖြင့်ကတော့ စိုးရိမ်စရာမရှိပါဘူး။ ဘယ်နေရာတွေမှာပေါက်တတ်လဲ အသားပိုက အရေပြားမျက်နှာပြင်နေရာမရွေးမှာပေါက်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အသားင်းပွတိုက်မိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ရင်ဘတ်အပေါ်ပိုင်း မျက်ခွံ ပေါင်ကြား လည်ပင်း ချိုင်းကြား တင်ပါးတို့မှာ အများဆုံးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်ဘေဘီလေးမှာ အသားပိုဖြစ်နိုင်ပါတယ် ဘေဘီလေးတွေမှာ အသားပိုဖြစ်ရတဲ့အကြောင်းအရာတွေကတော်တော်လေးတော့များပါတယ်နော်။ ကလေးက အရမ်းဝနေတာ၊ အဝလွန်နေတာ မျိုးရိုးလိုက်တာ ဆီးချိုရှိတဲ့မိဘကမွေးဖွားလာတာ ကလေးက […]


ကလေးအစာခြေစနစ်ပြဿနာများ

ဝမ်းလျှောပြီးခါစ ကလေးတစ်ယောက် ပြန်အားရှိလာအောင် ဘယ်လိုပြုစုရမလဲ။ ။

ဝမ်းလျှောတယ်ဆိုတဲ့ ပြဿနာဟာ ဖြစ်တဲ့ လူတိုင်းကို အားပြတ်သွားစေတတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ လူကြီးတွေကိုတောင် တော်တော်ခံစားရစေတာ နုနယ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် ဆိုးဝါးစွာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ ဝမ်းလျှော နေတဲ့ အချိန်တွင်းမှာ ကလေးတွေကို ဂရုစိုက်ဖို့ အရေးကြီးသလို လူကြီးတွေထက် ခုခံအားနည်းတဲ့ကလေးတွေမှာ ဝမ်းလျှောပြီးနောက်ပိုင်း ပြုစုရတဲ့ အပိုင်းကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ဒါတွေ အတွက် တာဝန်အရှိဆုံးကတော့ မေမေတို့လို့ ပြောရမှာပဲ ။ ဒီတော့ ဘယ်လိုကျွေး ဘယ်လိုတွေ ပြုစုရမလဲ ။ ။ သန့်ရှင်းကျန်းမာတဲ့ အစားအသောက်တွေ ကျွေးပါ။ ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အစားအသောက် တွေ မသန့်ရှင်းလို့ ဖြစ်ရတာဆိုတော့ ဒီလို ထပ်မဖြစ်အောင် ကလေးကို ကျွေးမယ့် အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ

ကလေးကြို့ထိုးနေပြီ။ ဘာလုပ်ရမလဲ၊ နို့တိုက်လိုက်လေဆိုတာက အမြဲလိုလိုကြားနေရတယ်နော်။နောက်တစ်ခုရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာထွက်နေတဲ့ ချည်စလေးကိုမေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေးနဖူးမှာကပ်လို့ ကြို့ခမဲပေးလိုက်တာလေ။ ဒါကတကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ဘေဘီလေး ကြို့ထိုးနေပြီဆိုရင် ဘာလုပ်လို့ လုပ်ပေးရမှန်းမသိဘူးဆိုတဲ့မေမေတို့အတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေနော်။ ဒါတွေကြောင့်ဘေဘီလေးကြို့ထိုးရတာပါ ဒီအချက်တွေကြောင့်ဘေဘီလေးကြို့ထိုးနိုင်ပါတယ်။ အစားစားရင်း ဒါမှမဟုတ် နို့ေသာက်ရင်းလေတွေမျိုချမိတာ တစ်ခုခုကို လန့်သွားတဲ့အခါမျိုး စိတ်ဖိစီးတဲ့အခါမျိုး အစားတွေအများကြီးစားမိတဲ့အခါမျိုး အစားစားတာကိုမြန်မြန်စားတာ ဒါမှမဟုတ် နို့ကို အငမ်းမရသောက်တာ လေတွေ အများကြီးမျိုချမိတာတွေကြောင့်ဘေဘီလေးက ကြို့ထိုးရတာပါနော်။ ကြို့ထိုးတဲ့ဘေဘီလေးကို ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ ကလေးလေးတွေကြို့ထားရတယ်ဆိုတာက ရင်ဝမ်းခြားမြှေးကျုံ့သွားပြီး အသံကြိုးတွေကိုမြန်မြန်ဆန်ဆန်ပိတ်လိုက်တာကြောင့် ထွက်လာတဲ့ အသံပါ။ လူကြီးတွေထင်ထားတာက ကြို့ထိုးရင် ခံရခက်တာကြောင့်ဘေဘီလေးတွေဆိုလည်း ခံရခက်မယ်ပေါ့။ တကယ်တော့ ကလေးအများစုက ကြို့ထိုးတာကြောင့် အနှောင့်အယှက်တစ်စုံတရာမရှိပါဘူး။ အအိပ်မပျက်သလို အသက်ရှုတဲ့အပေါ်မှာ ထိခိုက်မှုတစ်စုံတရာတောင်မရှိပါဘူးနော်။ ဘေဘီလေးကြို့ထိုးနေပြီဆိုရင် သက်သာစေဖို့ ဒီလိုလေးတွေလုပ်ပေးလို့ရပါတယ်နော်။ ကျောလေးကိုဖြည်းဖြည်းချင်းပုတ်ပေးပါ ကလေးကို နို့တိုက်ပြီးရင်ပဲဖြစ်ဖြစ်၊ အစားတစ်ခုခုကျွေးပြီးရင်ဖြစ်ဖြစ် ခဏလောက်နေပြီးကျောလေးကို ခပ်ဖြည်းဖြည်းလေးပုတ်ပေးပါ။လေထုတ်ပေးတာေပါ့။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ သွားဖုံးရောင်ခြင်း

သွားဖုံးရောင်တယ်ဆိုတာ လူကြီးတွေမှာပဲဖြစ်တတ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း သွားဖုံးရောဂါခံစားရတတ်ပါတယ်။ သူတို့လေးတွေမှာဖြစ်လာတဲ့အခါ သွားဖုံးမှာနီမြန်းလာပြီး အထိမခံနိုင်၊ရောင်ရမ်းလာပါတယ်။ ကလေးမှာဝေဒနာခံစားရပြီဆို မိဘတွေအနေနဲ့လည်းဆေးခန်းပြ၊ဆေးတိုက်ပေမယ့် ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ ပူပန်စိတ်တွေများရပါတယ်။ ဒီလိုအချိန်မှာဝေဒနာကိုသိတာနဲ့တတ်နိုင်သလောက်အမြန်ဆုံးကုသမှုခံယူတာကောင်းပါတယ်။ သွားဖုံးရောင်ရာကနေရောဂါပိုးဝင်တာတွေ ဆက်ဖြစ်နိုင်တာမို့စောစောကုသစောင့်ရှောက်မှုပေးဖို့အရေးကြီးပါတယ်။ သွားဖုံးရောင်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက ခံတွင်းမသန့်ရှင်းမှုကြောင့်ဖြစ်တာမို့ ကလေးတွေကို သွားမှန်မှန်တိုက်ပေးဖို့နဲ့ ခံတွင်းသန့်ရှင်းဖို့ ဂရုစိုက်ပေးသင့်ပါတယ်။ သွားဖုံးရောင်နေတဲ့ကလေးတွေမှာ သွားတိုက်ပုံမှန်ကန်ဖို့၊ ခပ်ကြမ်းကြမ်းမတိုက်ဖို့လည်းလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသဖို့ရော၊ ကြိုတင်ကာကွယ်ဖို့ရောကောင်းကောင်းလုပ်နိုင်ဖို့က သွားဖုံးရောင်စေတတ်တဲ့အကြောင်းရင်းတွေကို သိထားမှဖြစ်မှာပါ။ ကလေးသွားဖုံးရောင်ေစတဲ့ အကြောင်းရင်းများ ခံတွင်းမသန့်ရှင်းခြင်းအပြင် သွားဖုံးရောဂါဖြစ်စေတဲ့တခြားအကြောင်းရင်းတွေက - ဗီတာမင် စီ ချို့တဲ့ခြင်း လူကြီးတွေအတွက် တစ်နေ့တာ ဗီတာမင်စီ ၉၀ မီလီဂရမ်လိုအပ်ပြီး ကလေးတွေအတွက်က ၇၀ မီလီဂရမ်လိုအပ်ပါတယ်။ ဒါပေမယ့် အချဉ်ကြိုက်တဲ့ကလေးနည်းတယ်၊ ဗီတာမင်စီများတဲ့အစားအစာတွေလည်း လုံလောက်အောင်စားမိဖို့မလွယ်ဘူး(မိဘကသေချာ မစီစဉ်ပေးနိုင်ရင်)၊ ကျန်းမာရေးနဲ့ညီတဲ့တခြားသရေစာတွေကို ပိုမက်တယ် စတာတွေကြောင့် တစ်နေ့တာလိုအပ်ချက်ကို မပြည့်နိုင်တာများပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင်ဖြစ်တဲ့scurvy ေရာဂါကို ကလေးတွေနဲ့သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။scurvy ြဖစ်နေတဲ့ကလေးတွေမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ငိုကြွေးခြင်းဟာ စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ သူရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်း တစ်မျိုးပါ။ ဘာဖြစ်နေတယ်လို့ သဲသဲ ကွဲကွဲလည်း ကလေးကမပြောတတ်တော့ငို၊ ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်တော့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိတဲ့ မေမေတို့ကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်၊တတ်ကြပါတယ်။ ဘာတွေများဖြစ်နေလို့ ကလေးက ငိုရတာလဲ ။ ။ ကလေးကို အငိုမတိတ် စေသည့် အဖြစ်အများဆုံး အကြောင်းအရာများ ။ ။ ဗိုက်ဆာနေခြင်း ဒါကတော့ သိနိုင်ဖို့ အလွယ်ကူဆုံးပါ။ မွေးကင်းစ ကလေးတွေဆိုတော့ အိပ်မယ် ၊နိုးလာရင် ဗိုက်ဆာမယ်၊ ငိုမယ် ၊ နို့သောက်မယ်။ သူတို့အတွက် ဒါတွေလုပ်စရာပဲ ရှိတာဆိုတော့ ကိုယ်နို့တိုက်ထားတာ ကြာသွားလို့ ကလေးငိုနေပြီဆိုရင် သိသာပါတယ်။ ဒါသူ ဗိုက်ဆာလို့ ငိုတာပါ။ ငိုတိုင်း ဗိုက်ဆာတာ တစ်ခုတည်းကြောင့်လို့ စွပ်စွဲလို့မရပါဘူး။ အခြား အကြောင်းအရာတွေ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။

ကာကွယ်ဆေးထိုး တယ်ဆိုတာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပါ။ ရောဂါကို ကြိုတင်ကာကွယ်ဖို့ အတွက် ကာကွယ်ဆေး တွေပေါ်လာရ ကာကွယ်ဆေးတွေထိုးကြဆိုပေမယ့် ကိုယ့်အသားကို အပ်နဲ့ထိုးတာလောက် နာကျင်တဲ့အရာ မရှိပါဘူး။ လူကြီးတွေတောင်မှ ဆေးထိုးရမှာ ကြောက်နေတာ၊ နာလိုက်တာလို့ မပြောတတ်သေးတဲ့ ကလေးတွေ မှာဆို ပိုဆိုးတာပေါ့။ ကာကွယ်ဆေးလည်းထိုးပြီးရော နာတော့ ငို၊ ဂျီကျ ဘာကိုမှ အလိုမကျဖြစ်ပြီး ထိန်းရခက်တော့ မေမေတို့ အလုပ်စရှုပ်ပါလေရော။ ကာကွယ်ဆေးထိုး ပြီးနောက်ပိုင်း ကလေးတွေကို ဘယ်လိုပြုစုရမလဲ။  အဓိကကတော့ ဆေးထိုးထားတဲ့နေရာက နာကျင်တဲ့ဝေဒနာကို သက်သာအောင် လုပ်ပေးဖို့ပါ။ ရေခဲကပ်ပါ ကာကွယ်ဆေးထိုးပြီးရင် မချေရဘူးဆိုတာတော့ မေမေတို့အားလုံးသိမှာပါ။ အသားကို အပ်နဲ့ထိုးလိုက်တာဆိုတော့ အသားနာမယ့်အပြင် ထိုးလိုက်တဲ့နေရာမှာ ရောင်နေတာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးပြီးပြီးချင်း ရောင်ရမ်းနာကျင်မှုကို သက်သာစေချင်တယ်ဆိုရင်တော့ ရေခဲကပ်ပေးလို့ရပါတယ်။ နာတဲ့နေရာကို ရေခဲတုံးချက်ချင်းကပ်လိုက်ရင် […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာအချို့

ဘေဘီအတွက် အရာရာကိုစိုးရိမ်တတ်တာကမေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက် မေမေဖေဖေတို့ စိတ်ပူမိနေတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်လို့ပြောပါရစေနော်။ ဘေဘီလေးတွေက ဆီးခဏဏသွားတတ်လား ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏ သွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ဆီးအိမ်ကြွက်သားက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏ သွားနိုင်ပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေထက် နို့ဘူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။မွေးစကလေးက နို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။ ကလေးက မွေးစမှာ ဆီးမသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို ပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်က ကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။ ကလေးရဲ့ ဆီးအရောင်ကဘယ်လိုပြောင်းလာမလဲ မွေးပြီး ပထမနေ့မှာ ကလေးဆီးအရောင်က ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင် ဖြစ်နိုင်ပါတယ်။ မွေးပြီး ဒုတိယနေ့မှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်ခြင်း အနုပညာ

နေ့စဉ်လျှောက်လှမ်းနေတဲ့ခြေလှမ်းလေးတွကို သဘောကျရဲ့လား။ အခြားသူတွေက လမ်းလျှောက်ရင် စမတ်ကျလှပပြီး ကိုယ့်ကျမှအဆင်မပြေဘူးဖြစ်နေတယ်၊လို့ ထင်နေလား။ ဒီလိုဖြစ်နေတာက ဘာကြောင့်လို့ သင်ထင်လဲ။ အဖြေသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကိုယ့်ဆီမှာရှိနေတဲ့ အပြုအမူတွေရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက်က ငယ်စဉ်ဘဝက ထိတွေ့မြင်တွေ့ခဲ့ရသူတွေထံကနေ သင်ယူထားတာပါနော်။ ခြေလှမ်းလှလှလှမ်းပါစေ သင်စီးနေတဲ့ ဖိနပ်နှစ်ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် အထူအပါးမညီတာမျိုး၊ နောက်မြီးပေါက် ထိပ်ပေါက်ဖြစ်နေမျိုးတွေ ရှိနေလား။ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့လမ်းလျှောက်ပုံနဲ့ ခြေထောက်အနေအထားကြောင့်ဖြစ်နေတာပါ။ ဒီပြဿနာတွေရဲ့အစက ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ။ မြန်မာမှုနယ်ပယ်မှာ " လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ " ဆိုတဲ့စကားရှိပါတယ်။ သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံ၊ အမူအကျင့်စတာတွေက သင်ငယ်စဉ်က သင့်မိဘနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူရရှိလာတာပါ။ လက်ဦးဆရာက မိဘတွေဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတာက မိဘတွေတင်မဟုတ်တော့ပါဘူး။ မိဘတွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း