ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း

အနီးမှုန်တယ်ဆိုတာဘာလဲ။ အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို ကြည်လင်ပြတ်သားစွာ မြင်ရပေမယ့် အနီးအနားမှာ ရှိတဲ့အရာတွေကို သေချာကြည့်လို့ မရတာ၊ မမြင်ရတာ၊ အမြင်မှုန်ဝါးနေတဲ့ ပြဿနာကို အနီးမှုန်ြခင်း (Farsightedness) လို့ ခေါ်ပါတယ်။ အနီးမှုန်တဲ့ ကလေးတွေမှာ ကျောက်သင်ပုန်းပေါ်မှာ ရှိတဲ့ စာကို သေချာဖတ်လို့ မရတာ၊ စာမမြင်ရတဲ့အတွက် ပညာရေးမှာ လွတ်ဟင်းသွားတာ၊ သေချာအာရုံစိုက်လို့မရတာတွေ ဖြစ်နိုင်ပါတယ်။ အနီးမှုန်တာက ကြီးမှဖြစ်တာလား။ အဝေးမှုန်တာနဲ့ မတူဘဲ များသောအားဖြင့် မွေးကတည်းက ဒီလိုအမြင်အာရုံချို့ယွင်းတဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ မိဘမျိုးရိုးလိုက်ပြီး မျက်စိအနီးမှုန်တာလည်း ရှိသလို ကြီးလာမှ မျက်စိမှုန်တဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိလဲ။ ၁။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာဝတ္ထုတွေကို ကွဲကွဲပြားပြား မမြင်ရတာ ၂။ အနားမှာ ရှိတဲ့ အရာတွေကို ကြည့်ဖို့ မျက်စိအားစိုက်ရတာ ၃။ မျက်စိပူတာ၊ မျက်ရိုးကိုက်တာ၊ မျက်စိပတ်ပတ်လည်မှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများကို ကျွေးနေတဲ့ ဖြည့်စွက်စာကို ဘယ်လိုကျွေးသင့်သလဲ

မိဘတိုင်းနီးပါး သိပြီးသားကတော့ ကလေးတွေကို အသက် ၆ လ မကျော်မချင်း အမေနို့ တစ်မျိုးတည်းတိုက်သင့်တယ် ဆိုတာပါ။ ဒါပေမယ့် အသက် ၆ လ ကျော်ပြီး နောက်ပိုင်းမှာ ကလေးတွေကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင် ဘာတွေအဓိကကျွေးရမလဲဆိုတာ အခုထိ မိဘအများစုမှာ တွေဝေနေကြတုန်းပါ။ ဒါဆို ဘာတွေကို အဓိက ကျွေးသင့်သလဲ ဖြည့်စွက်စာကို အသက်ခြောက်လကျော်မှာ စကျွေးရတဲ့ အတွက် ကလေးကလည်း မွေးခါစ ထက်စာရင် အလေးချိန်က နှစ်ဆ ဖြစ်သွားတဲ့အတွက် မိခင် နို့တစ်မျိုးတည်း နဲ့ အာဟာရဓါတ် မလုံလောက်တော့ပါဘူး။ အဲ့ဒီထဲမှာ အရေးကြီးတဲ့ အာဟာရဓါတ် တစ်ခုကတော့ သံဓါတ်ပါ။ ကလေးများ သွေးအားကောင်းစေပြီး၊ ဉာဏ်ရည် ထက်မြက်စေဖို့အတွက် သံဓါတ် ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဖြည့်စွက်စာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘက်လိုက်တတ်တဲ့မိဘကြောင့် ကလေးဘဝ ဘယ်လိုပြောင်းလဲသွားနိုင်လဲ

မိဘမှန်ရင် သားသမီးတိုင်းကို ညီတူမျှတူချစ်တယ် ဆိုပေမယ့် သားသမီးတွေကတော့ ဒီလိုမြင်ချင်မှ မြင်မှာပါ။ ကလေးအရွယ်ဆိုတာ သေချာလည်း စဉ်းစားတတ်သေးတာ မဟုတ်တော့ သူတို့မြင်တဲ့အရာကိုပဲ စိတ်ထဲမှာ စွဲနေရင်းနဲ့ ငယ်စဉ်ကတည်းက စိတ်ဝေဒနာတစ်ခုလို ဖြစ်သွားမယ်။ ဒီလိုဖြစ်နေတာကို ဘယ်သူ့မှ ဖွင့်မပြောဘဲ တစ်ယောက်တည်းမြိုသိပ်လိုက်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စိတ်ကျန်းမာရေးပြဿနာတွေအပြင် မူးယစ်ဆေးဝါး၊ အရက်တွေကို အလွန်အကျွံသုံးစွဲတာ၊ ပညာရေးမှာ ထိခိုက်လာတာ၊ အိမ်တွင်းရေးနဲ့ ပတ်သက်လာရင်လည်း မိဘတွေအပေါ် သံယောဇဉ်နည်းသွားတာ၊ နာကျည်းစိတ်၊ သိမ်ငယ်စိတ်၊ အထီးကျန်စိတ်ေတွ ပိုပြီးဖြစ်လာနိုင်ပါတယ်။ မိဘတွေက တကယ်ပဲ ဘက်လိုက်ရဲ့လား။ မိဘတော်တော်များများကတော့ ကိုယ့်ရဲ့ သားသမီးတိုင်းကို တူညီစွာ ချစ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေအနေနဲ့ကတော့ ချွင်းချက်ပေါ့။ ဥပမာပြောရရင် ယောက်ျားလေးလိုချင်တဲ့ မိဘတွေက ကိုယ့်ကလေးတွေထဲမှာ ယောက်ျားလေးတွေကိုပဲ ဦးစားပေးဂရုစိုက်တာမျိုးပေါ့။ မိန်းကလေးတွေကို မချစ်တာမဟုတ်ပေမယ့် သူတို့ထက်စာရင် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို အုန်းစိမ်းရည်တိုက်လို့ရလား

နွေပူလို့မေမေတို့ဖွားဖွားတို့က အုန်းစိမ်းရည်ေအးအေးလေးသောက်တဲ့အခါဘေဘီလေးက ပါးစပ်ပြင်ပြီးလှမ်းတောင်းတယ်။ တိုက်လိုက်ချင်ပေမယ့် တိုက်လို့ဖြစ်ပါ့မလားလို့များတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေလေးကိုပေးမှာပါနော်။ အုန်းစိမ်းရည်မှာဘာတွေပါလဲ နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။ အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဘေဘီလေး အုန်းစိမ်းရည်သောက်လို့ရရဲ့လား ဘေဘီလေးတွေက အသက် ၆ လအထိမိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်တဲ့အာဟာရကိုရရှိတာပါ။ ဒါကြောင့် အသက် ၆ လမပြည့်သေးတဲ့ ကလေးကိုတော့ အုန်းစိမ်းရည်မတိုက်ပါနဲ့။ ကလေးက […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ Cyanosis ( ပြာနှမ်းခြင်း ) အကြောင်း သိကောင်းစရာများ ။ ။

ကလေးငယ်ငယ် မွေးကင်းစလေးရဲ့ အသားအရေတွေဆိုတာ နီတာရဲလေးဖြစ်ပြီး ပန်းရောင်လေးသန်းနေရမှာပါ။ ဒါပေမယ့် အဲလို ပန်းရောင်သန်းတဲ့ အသားအရေမျိုးမဟုတ်ဘဲ ပြာနေပြီဆိုရင်တော့ သတိထားရတော့မှာပါ။ ဒီလို ကလေးတွေမှာ အသားအရောင်ပဲဖြစ်ဖြစ် နှုတ်ခမ်းပဲဖြစ်ဖြစ် ပြာနေတာကို ဆေးပညာအရ Cyanosis လို့ခေါ်ကြပါတယ်။ Cyanosis ဆိုတာဘာလဲ ။ ။ Cyanosis ဆိုတာ သွေးတွင်းထဲ အောက်ဆီဂျင်ဓါတ်တွေ အလုံအလောက်မရှိတာကြောင့် ကိုယ်ခန္ဓါတစ်နေရာရာမှာ အောက်ဆီဂျင်နည်းရာကနေ ပြာလာတာဖြစ်ပါတယ်။ သိသာတဲ့နေရာတွေကတော့ အရေပြား၊ နှုတ်ခမ်း၊ လက်သည်းနဲ့ နားရွက်တို့ပဲ ဖြစ်ပါတယ်။ သွေးတွေက အောက်ဆီဂျင်ကို ဘယ်လိုသယ်ကြတာလဲ ။ ။ သွေးဆဲလ် တွေထဲမှာမှ သွေးနီဥ တွေဟာ အောက်ဆီဂျင်တွေကို သယ်ပေးတဲ့တာဝန်ကို လုပ်ဆောင်ရတာပါ ။ သွေးနီဥထဲပါတဲ့ haemoglobin ဟာ အောက်ဆီဂျင်ကို အဓိကသယ်ပေးတဲ့ အရာပါ။ ဒီလိုနဲ့ သွေးအားနည်းတဲ့အခါ ( […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ရင်သွေးလေးမှာ ဒီ ၆ ချက်ထဲက တစ်ခုခုတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ဆီတန်းပြေးတော့နော် ။ ။

ရင်သွေးလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ဂရုစိုက်ဖို့ဆိုတာ မေမေတို့အတွက် တကယ်ကို ကြီးလေးတဲ့ တာဝန်တစ်ခုပါ။ မွေးကင်းစကလေးဆိုတာ စကားလည်း မပြောတတ် ဘာဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတဲ့အကြောင်း သေချာလည်း မပြတတ်ကြတော့ ကိုယ့်ကလေးကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်နေရတာပေါ့။ ဒီထဲကမှ ခုပြောပြမယ့် ၆ ချက်ထဲက တစ်ချက်ချက် သင့်ကလေးဆီမှာ ရှိနေလို့ကတော့ ဆရာဝန်ဆီ တန်းပြေးတော့နော် ။ ။ ( ၁ ) ကလေး နှုတ်ခမ်းများပြာနေခြင်း ။ ။ ကလေးနှုတ်ခမ်း ဒါမှမဟုတ် ခံတွင်းထဲက ပါးစောင်တို့ လျှာတို့မှာ ရှိသ့င်တဲ့ ပန်းရောင်မရှိဘဲ အပြာရောင်သန်းနေပြီဆိုရင်တော့ ဒါ သင့်ကလေး အောက်ဆီဂျင် အလုံအလောက် မရဘူးဆိုတာ ပြောပြနေတဲ့ သဘောပါ။ ဆေးပညာအရဆို cyanosis ( အောက်ဆီဂျင်လုံလောက်စွာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး နဲ့ နွေရာသီ

ပူပြင်းခြောက်သွေ့လှတဲ့နွေဥတုက သက်ရှိတိုင်းနဲ့သက်ဆိုင်နေတာပါနော်။ တစ်နေ့ထက်တစ်နေ့ပိုပုလာတဲ့ အပူချိန်ကြောင့် ကိုယ်တိုင်ထက်ဘေဘီလေးကို ပိုစိတ်ပူနေမိတဲ့မေမေဖေဖေတို့များရှိနေလား။ ဒါဆိုရင်တော့ နွေရာသီမှာ ဘေဘီလေး ကို ကျန်းမာနေအောင်ဘယ်လိုထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါနော်။ ဘေဘီလေး နဲ့ နွေရာသီ နွေရာသီရဲ့ ပူပြင်းမှုဒဏ်က ဘေဘီပိစိလေးတွေ အတွက် တော်တော်လေး ပြင်းထန်မှာပါ။ ဒီတော့ ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့နွေရာသီကို တူတူဖန်တီးပေးရအောင်လား။ နွေရာသီမှာ ကလေးကို ရေချိုးပေးလို့ ရမလား နွေရာသီက ပူပြင်းတာကြောင့် ကိုယ်တိုင်လည်းရေချိုးသလို ကလေးကိုလည်း ရေချိုးပေးချင်မယ်ဆိုတာ အသေအချာပါ။ ဒီတော့ ရေချိုးပေးလို့ ရလားလို့ သိချင်နေမှာပေါ့။ ရေချိုးပေးလို့ ရပါတယ်။ ကလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးပါနော်။ တစ်နေ့ကို နှစ်ကြိမ်အထိ ချိုးပေးလို့ရပါတယ်။ အကြာကြီး မချိုးပေးမိဖို့တော့လိုပါမယ်နော်။ ရေတိုက်ပေးရမှာလား နွေပူတာက ကလေးရော လူကြီးကိုပါ ချွေးထွက်စေတာပါ။ ဒါကြောင့် ဘေဘီလေးကို ဆုံးရှုံးသွားတဲ့ ရေဓါတ် ကာမိအောင် ရေတိုက်ပေးပါ။သောက်ရေက ရေသန့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား

ဘေဘီလေးကို ချီလိုက်သူတိုင်းကမွှေးနေတာပဲလို့ ချီးမွှမ်းခံရတာကို သဘောကျလို့ ကလေးကိုရေချိုးပြီးတိုင်း ပေါင်ဒါလူးပေးတယ်။ ရှူးရှူးပေါက်လို့ သန့်ရှင်းရေးလုပ်ပြီးတိုင်း အင်းအင်းပါလို့ သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း ပေါင်ဒါရိုက်ပေးနေမိပြီလား။ မွှေးနေတာကောင်းပေမယ့် ပေါင်ဒါအရမ်းအများကြီး သုံးတာက ဘေဘီပိစိလေးအတွက် စိတ်ချရရဲ့လား။ ပေါင်ဒါဆိုတာ ပေါင်ဒါဆိုတာက သဘာဝကရတဲ့ အမွှေးနံ့သာပစ္စည်းတွေကို အသုံးပြုပြီးလုပ်ထားတဲ့ အမှုန်သေးသေးလေးတွေပါ။ ကလေးပေါင်ဒါမှုန့်လေးတွေက ဓာတုပစ္စည်းပါဝင်မှုမရှိတာကြောင့် ကလေးအသားအရေကို ထိခိုက်တာမျိုးဖြစ်မှာကိုတော့ စိုးရိမ်စရာမရှိပေမယ့်သေးငယ်တဲ့ အမှုန်လေးတွေက ကလေး အသက်ရှူစနစ်အတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်နော်။ ပေါင်ဒါမှုန့်ကြောင့်ဘေဘီလေးမှာ ဘာတွေများထိခိုက်သွားနိုင်လဲ လေထဲမှာ အလွယ်တကူ ပြန့်လွင့်လွယ်တဲ့ပေါင်ဒါမှုန့်လေးတွေက ကလေးကိုမွှေးစေတာမှန်ပေမယ့် အခုလိုမျိုး ထိခိုက်တာတွေတော့ဖြစ်စေနိုင်ပါတယ်။ အဆုတ်ထိခိုက်စေနိုင်တယ် ပေါင်ဒါလူးပေးချိန်မှာ ပေါင်ဒါမှုန့်လေးတွေက ကလေးရဲ့ နှာခေါင်းကနေတဆင့် အသက်ရှူလမ်းကြောင်းထဲကိုရောက်သွားပြီး ဖွံ့ဖြိုးဆဲ ကလေးအဆုတ်ထဲက နုနယ်လှတဲ့လေအိတ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေနဲ့တော့ ကလေးကို အသက်ရှူရခက်စေပြီး အရမ်းပြင်းထန်ရင်သေဆု့းတဲ့ အထိဖြစ်စေနိုင်တာပါ။ အသက်ရှူလမ်းကြောင်းပြဿနာတွေ ခံစားရစေနိုင်တယ် ကလေးကို ပေါင်ဒါလူးပေးတာက ကလေးကိုပေါင်ဒါတွေကို ရှူရှိုက်မိနိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီလိုရှူရှိုက်မိတာက အဆုတ်ကို ထိခိုက်စေတယ်ဆိုတာတော့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေကလည်း တစ်ယောက်တည်းနေဖို့လိုအပ်ပါတယ်နော်

စိတ်တွေပင်ပန်းနေလို့ တစ်ယောက်တည်းနေဖို့လိုအပ်တယ်ဆိုတဲ့ စကားက လူကြီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်စရာရှိပါတယ်နော်။ တကယ်တော့ မဟုတ်ပါဘူး။ဘေဘီလေးတွေကလည်း တစ်ယောက်တည်းနေဖို့လိုအပ်ပါတယ်နော်။ သူတို့လေးတွေက ကလေးမို့ ဘာမှတွေးစရာမရှိဘူး။ ငယ်လွန်းသေးတော့ တစ်ယောက်တည်းထားလို့ မဖြစ်ဘူး၊ အချိန်ပြည့်စောင့်ကြည့်နေမှဖြစ်မယ်ဆိုတဲ့ အတွေးတွေကို နည်းနည်းလောက်လျှော့ကြည့်လိုက်ရအောင်လား။ ဘေဘီလေးကို တစ်ယောက်တည်းနေဖို့ အချိန်ပေးသင့်ရတဲ့ အကြောင်းအရင်း ကလေးကိုချစ်လို့ ကလေးအိပ်နေချိန်ကလွဲလို့ ကျန်တဲ့ အချိန်တိုင်းမှာ ကလေးဘေးထိုင်လို့ဖြစ်ဖြစ် ကလေးကို ချီပွေ့ပြီးတော့ပဲဖြစ်ဖစ် ကလေးနဲ့တစ်ချိန်လုံးဆော့ချင်နေမယ်ဆိုတာကို နားလည်ပါတယ်။ အမြဲကစားပေးဖော်ရတဲ့မေမေဖေဖေတို့ကိုလည်း ကလေးက အသည်းစွဲချစ်မယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ကလေးကို တစ်နေ့တာလုံးမှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ထိ တစ်ယောက်တည်းနေဖို့အချိန်ပေးလိုက်ပါ။ ဘာကြောင့် ဒီလိုပြောရတာဲဆိုတော့ ကလေးကို တစ်ယောက်တည်းနေဖို့ အချိန်ပေးလိုက်တာက ကလေးကို စူးစမ်းခွင့်ရစေသလို ပတ်ဝန်းကျင်အနေအထားနဲ့ အခြားသောအရာတွေကိုလေ့လာသင်ယူခွင့်ရစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ ကလေးကို အမှီအခိုကင်းလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမှာပါ။ စိတ်ကူးအတွေးဉာဏ်ရင့်သန်လို့ကောင်းမွန်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ အချိုရည်တွေ သောက်လို့ဖြစ်ရဲ့လား

စားချင်တိုင်းမစားနဲ့နော်။ နို့တိုက်နေရတာနော်။ ကလေးတစ်ခုခု ဖြစ်နေမယ်၊လို့ ဘေဘီလေးရဲ့ ဖွားဖွားက ဆူတာကို ခံနေရတဲ့ မေမေတွေများ ရှိနေလား။ အခုလိုနွေပူရင် အချိုရည် အေးအေးလေး သောက်ချင်ပေမယ့် ဖွားဖွားက ဆူလို့မသောက်ရဘူး ဖြစ်နေတဲ့ မေမေတွေကို ဒီဆောင်းပါးလေးကနေတဆင့် ဘာကြောင့် အချိုရည် မသောက်ဖို့ ဖွားဖွားတို့ ပြောရတာလဲဆိုတာ ရှင်းပြပါရစေနော်။ မိခင်စားသမျှ နို့ရည်ကနေတဆင့်ဘေဘီလေးတို့ဆီရောက်သတဲ့ မေမေတစ်ယောက်က နို့တိုက်နေချိန်မှာ စားလိုက်သမျှ အစားအစာတွေက နို့ရည်ကနေတဆင့် သားသားမီးမီးလေးတို့ဆီ ရောက်သွားပါတယ်နော်။ နို့တိုက်နေချိန်မှာ မေမေက အရက်သောက်တာဖြစ်ဖြစ်၊ ကဖင်းတွေ သောက်သုံးတာဖြစ်ဖြစ်၊ ဆေးဝါးတွေ သောက်သုံးတာပဲဖြစ်ဖြစ် မေမေနို့ကနေတဆင့် ဘေဘီလေးဆီ ရောက်သွားတာပါပဲ။ အပြည့်အဝတော့ မဟုတ်ပေမယ့် ဘေဘီလေးကို ထိခိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။မေမေ့အနေနဲ့ ကြည့်တော့ နည်းနည်းလေးပဲ ဆိုပေမယ့် ကလေးက အရမ်းငယ်သေးတာကြောင့် ထိခိုက်နိုင်ခြေက တော်တော်လေးများသေးတာပါနော်။ ဒါတွေတင်မဟုတ်ပါဘူးနော်။ မေမေစားလိုက်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း