ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

ကိုယ်ပူတိုင်းတဲ့ သာမိုမီတာဆိုတဲ့ ကိရိယာလေးကို အားလုံး မြင်ဖူး ကြားဖူးကြမှာပါ။ အိမ်တိုင်းရဲ့ ဆေးသေတ္တာလေးထဲမှာ မပါမဖြစ်ပစ္စည်းလေးလေ။ ကလေးလူကြီး ကျားမ မရွေးရဲ့ ကိုယ်အပူချိန်ကို ပြောပြပေးနိုင်တယ်ဆိုတော့ သူလောက်အသုံးဝင်တဲ့ပစ္စည်းလေးမရှိဘူးလေနော်။ ပစ္စည်းက အသုံးဝင်တယ်ဆိုပေမယ့် သုံးတဲ့ နည်းလမ်းမှန်ကန်မှလည်း အကျိုးရှိမှာပါ။ အရင်ကတော့ ပြဒါးထည့်ထားတဲ့ သာမိုမီတာသာရှိခဲ့တော့ တိုင်းတာနည်းတွေ သိပ်ဆန်းဆန်းပြားပြားမရှိပေမယ့် ခုနောက်ပိုင်း ကိုယ်ပေါ်က နေရာတော်တော်များများမှာ တိုင်းလိုက်ရုံနဲ့ ကိုယ်အပူချိန်ကို ပြောပြပေးတဲ့ ဒစ်ဂျစ်တယ်သာမိုမီတာ တွေ ပေါ်လာပြီဆိုတော့ ဘယ်လိုသုံးရမလဲ သိထားဖို့တော့ လိုတယ်နော်။ ဒစ်ဂျစ်တယ်သာမိုမီတာ က သုံးရတာလည်းလွယ်တယ်၊ မြန်လည်းမြန်တယ်၊ အလွယ်တကူလည်း ဖတ်လို့ရတယ်ဆိုတော့ ကိုယ်တွေလည်း ဒစ်ဂျစ်တယ်သာမိုမီတာ သုံးနည်းလေး သိထားဖို့လိုတယ်လေ။ ဒါဆို ဘယ်လိုတိုင်းကြမလဲ။ ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ ( ၁ ) ခံတွင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကိုယ့်ကလေးက အခြားကလေးတွေထက် ပိန်နေတယ်။ ဘယ်လိုလုပ်ရမလဲ ။။

ကိုယ့်ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်တဲ့အခါ ပိုပြီး သေးနေတာမျိုး၊ ဒီထက်တော့ နည်းနည်း ပိုထွားသင့်တယ်ဆိုတာမျိုး နဲ့ အစားသိပ်မစားဘူးဆိုတဲ့ အကြောင်းအရာတွေက ကလေးရှိတဲ့ မေမေတိုင်းရဲ့ ခေါင်းထဲမှာ အမြဲရှိနေတဲ့ အတွေးတွေ ဖြစ်ပါတယ်။ တကယ်လည်း ကိုယ့်ကလေးက ပိန်နေတယ်ဆိုရင် ဘာလုပ်ပေးရမလဲဆိုတဲံ အတွေးကလည်း နောက်မှာ အမြဲ ကပ်ပါလာတတ်ပါတယ်။ ဒီတော့ကိုယ့်ကလေးက ပိန်နေရင် မေမေတို့ ဘာလုပ်ကြမလဲ ။ ။ ( ၁ ) အရင်ဆုံး ကလေးဆရာဝန်ဆီသွားပါ။ ကလေးပိန်တယ် ညက်တယ်ဆိုတာကို အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကြည့်လိုက်ရင် ပိန်နေသလိုဖြစ်ပေမယ့် သူ့ အရပ် သူ့အသက် နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်အတွင်းမှာရှိတယ်ဆိုရင် အရမ်းပိန်နေတယ်လို့ ပြောလို့မရပါဘူး။ ဒ့ါကြောင့် ဆရာဝန်ဆီသွားပြီး အရပ် ကိုယ်အလေးချိန်တို့ကို တိုင်းပါ။ ရှိသင့်တဲ့ ကိုယ်အလေးချိန်အောက် ရောက်မရောက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့စသိပ်မလဲ

ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာမေမေ၊ဖေဖေတို့မှာပဲဖြစ်တဲ့ခံစားမှုပါ။မေမေ့ဗိုက်ထဲက အသစ်စက်စက်ထွက်လာတဲ့ဘေဘီလေးမှာ ဒီခံစားချက်မရှိပါဘူး။ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ခေါင်းအုံး မအုံးရတာကပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံး အုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။ မွေးကင်းစ ကလေးအရွယ် ခေါင်းအုံးအုံးဖို့လိုလား ဘေဘီလေးကမေမေ့ဗိုက်ထဲမှာခေါင်းအုံးဆိုတာကို မသိဘဲ ကိုးလလောက်နေလာခဲ့တာပါ။ ဒါကြောင့်ခေါင်းအုံး မပါဘဲအိပ်ရတာက သူတို့လေးတွေကိုထွေထွေထူးထူး ခံစားရစေတာမျိုးမရှိပါဘူး။ မိဘမို့ သားသမီးကိုပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာသိပေမယ့် လသားအရွယ်ကလေးတစ်ယောက်အဖို့ နူးညံ့တဲ့ အခင်းကတင် အဆင်ပြေနေပါပြီ။ ဒါကြောင့် လိုရင်းပြောပြရရင်တော့ဘေဘီလေးတို့အိပ်စက်မှုအတွက်ခေါင်းအုံးမလိုပါဘူး။ လသားအရွယ်ကလေးကို ဘာကြောင့်ခေါင်းအုံး မအုံးခိုင်းတာလဲ လသားအရွယ်ကလေးလေးတစ်ယောက်ကခေါင်းနဲ့ လည်ပင်းကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒီလိုအချိန်မှာ ကလေးရဲ့ အိပ်ရာမှာ လိုအပ်တဲ့အရာကလွဲလို့ခေါင်းအုံးအပါအဝင်မလိုအပ်တဲ့အရာတွေကို မထားတာက အကောင်းဆုံးပါ။ ကလေးက ကစားစရာကိုမသိသေးသလို၊ခေါင်းအုံး၊ဖက်လုံးစောင်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ ဒါတွေက သူတို့လေးတွေအတွက် သဘောကျစရာမရှိသလို အခန့်မသင့်ရင်ဘေဘီလေးရဲ့ အသက်အန္တရာယ်ကိုတောင် ဒီပစ္စည်းတွေက ထိခိုက်စေနိုင်ပါတယ်။ ခေါင်းအုံးကြောင့်ဘေဘီလေးမှာ ဘာထိခိုက်မှုတွေဖြစ်နိုင်လဲ ခေါင်းအုံးက ကလေးငယ်ကို ဒီလိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကလေးကိုမွန်းစေနိုင်တယ် အသက်ရှုကြပ်စေနိုင်တယ် လသားအရွယ်ကလေးငယ်ရုတ်တရက်သေဆုံးနိုင်ခြေများစေတယ် ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တယ် ကလေးရဲ့ကျောရိုးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတို့ ဘေးကင်းကင်းအိပ်ပျော်စေဖို့

အိန်ဂျယ်လ်ပိစိလေးတွေရဲ့ ချစ်စရာအကောင်းဆုံးအချိန်က ဘယ်အချိန်လို့ထင်လဲမေမေဖေဖေတို့ရေ။ အိပ်နေတဲ့အချိန်ပေါ့။ အိန်ဂျယ်လ်ပိစိလေးတွေရဲ့ ချစ်စရာအကောင်းဆုံးက အိပ်ပျော်နေတုန်းမှာပါ။ ဒီလိုမျိုးချစ်စရာကောင်းတဲ့အချိန်လေးကဘေဘီလေးကို ထိခိုက်စေတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီတော့ အိပ်စက်မှုကြောင့် အိန်ဂျယ်လ်ပိစိလေးတွေ မထိခိုက်စေဖို့ဘေးကင်းတဲ့အိပ်စက်ချိန်ကို ဖန်တီးပေးဖို့ တာဝန်အရှိဆုံးကမေမေဖေဖေတို့ပါ။ ဒီတော့ဘေဘီလေးကို ဘယ်လိုများ အန္တရာယ်ကင်းတဲ့ အိပ်စက်ချိန်ကို ဖန်တီးပေးရမလဲ စဉ်းစားရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။ ဘေဘီလေးအတွက် အိပ်စက်ချိန် ဘာကြောင့်အရေးကြီးတာလဲ ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ဘေဘီလေးအဖို့ အိပ်စက်ချိန်ပြည့်ဝဖို့က တကယ်ကိုအရေးကြီးတာပါ။ဘေဘီလေး ခန္ဓါကိုယ်ကြီးထွားဖို့အတွက်ရော ဦးနှောက်နဲ့အာရုံကြောစနစ်တွေကြီးထွားဖို့အတွက်ပါပြည့်ဝတဲ့ အိပ်စက်မှုလိုအပ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတစ်ယောက်အဖို့ အိပ်ချိန်တွေကအခုလို လိုအပ်မှာပါ။ မွေးကာစကနေ ၃ နှစ်အထိ ၁၄ နာရီ ကနေ ၁၇ နာရီ ၄ လ ကနေ ၁၂ လ အထိ ၁၂ နာရီ ကနေ ၁၆ နာရီ ၁ နှစ် […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးက ကိုယ်အပူကြီးပြီး တက်နေရင် အရေးပေါ်ဘယ်လိုပြုစုမလဲ

အိမ်က ကလေးနေမကောင်းဘူး၊ဆေးခန်းပြပြီးပေမယ့် ညကျ အဖျားတွေတက်လာရင် ဘယ်လိုလုပ်ရမလဲ။ ကိုယ်အပူကြီးပြီး တက်နေရင်ကော။ ဒါမေမေတို့ စိတ်ပူနေကျမေးခွန်းပါ။ ကလေးငယ်တွေမှာက အဖျားကြီးပြီဆို တက် တာအဖြစ်များပါတယ်။ အဖျားတက်တာမြန်လာတာရဲ့ ရလဒ်အဖြစ် seizure တက်ခြင်းဖြစ်လာရတာပါ။ ဒါပေမယ့် ကိုယ်ပူကြောင့် ရိုးရိုးတက်တာလား၊ တခြားရောဂါအကြောင်းရင်းကြောင့်တက်တာလားဆိုတာတော့ ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။Febrile Seizure လို့ခေါ်တဲ့ ကိုယ်အပူကြီးပြီးတက်ခြင်း က အသက် ၃ လကနေ ၆ နှစ်အတွင်း ကလေးတွေမှာဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ၁၂ လနဲ့ ၁၈ လအရွယ်တွေမှာ အဖြစ်များဆုံးပါ။ ကလေးတိုင်းတော့မဖြစ်ပေမယ့် တစ်ကြိမ်ဖြစ်ဖူးတဲ့ကလေးမှာတော့ နောက်ပိုင်း ထပ်ဖြစ်နိုင်ခြေများပါတယ်။ တက်တာ ဘယ်လိုမျိုးလဲ febrile seizure အမျိုးအစားကိုမူတည်ပါတယ် - ရိုးရိုး တက်ခြင်း -အဖြစ်များတဲ့အမျိုးအစားဖြစ်ပြီး တစ်မိနစ်၊နှစ်မိနစ်လောက်ပဲဖြစ်လေ့ရှိပါတယ်။ အလွန်ဆုံးကြာရင် ၁၅မိနစ်ထိ တက်နိုင်ပါတယ်။ အဖျားကြီးလို့ တက်တာက […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

လူပျိုဖော်ဝင် ကာစ ကိုယ်ခန္ဓာရဲ့ ပြောင်းလဲမှုပုံစံအဆင့်ဆင့်

လူပျိုဖော်ဝင် တဲ့ အရွယ်ဆိုတာ ကလေးတွေအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပုံစံကို စတင်တွေ့ရတာပါပဲ။ ကိုယ်ခန္ဓာက ကြီးထွားလာတယ်။ အသံတွေက ခပ်သြသြဖြစ်လာတယ်။ ကလေးတုန်းကလို မဟုတ်တော့ဘဲ ပိုသန်စွမ်းလာတယ်။ လိင်အင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။ လိင်စိတ်တွေ စတင်ဖြစ်လာမယ်။ မိဘတွေ သတိမထားလိုက်ခင်မှာပဲ ကိုယ့်သားလေးက ယောက်ျားငယ်လေးအဖြစ် စတင်ပြောင်းလဲတဲ့ အရွယ်ဖြစ်နေပါပြီ။ ဘယ်အသက်အရွယ်မှာ လူပျိုဖော်ဝင် လဲ။ မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ ယောက်ျားလေးတွေ လူပျိုစဖြစ်တဲ့အသက်က နည်းနည်းနောက်ကျပါတယ်။ ပုံမှန်အားဖြင့် အစောဆုံး အသက် ၉ နှစ်၊ နောက်အကျဆုံး အသက် ၁၄ နှစ်အရွယ်မှာ လူပျိုစတင်ဖြစ်ပါတယ်။ တချို့ယောက်ျားလေးတွေမှာ ကိုယ်ခန္ဓာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ ပိုပြီးမြန်နေတတ်ပါတယ်။ မိဘတွေအနေနဲ့ သတိမထားမိပေမဲ့ ကိုယ့်ကလေးကတော့ ရေချိုးနေတဲ့အချိန်၊ အဝတ်လဲနေတဲ့အချိန်ဆိုရင် ဒီပြောင်းလဲမှုတွေကို တွေ့နေမှာပါ။ ဒီပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်သူမှ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်များနဲ့ လူကြီးတွေကြား ပဋိပက္ခတိုက်ပွဲ

လူကြီးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဆိုတာ အမြဲတမ်း အတိုက်အခံဖြစ်တတ်ကြပါတယ်။ ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်းများစွာကတည်းက လူကြီးနှင့် လူငယ်ကြား ပဋိပက္ခ (Generation Gap) ဆိုတာ ရှိခဲ့ပါတယ်။ လူကြီးတွေကလည်း ကိုယ်သိဖူး၊ နားလည်ဖူးတဲ့ အရာတွေကိုပဲ လူငယ်တွေကလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအလိုက် မတူညီတဲ့ ရှုထောင့်တစ်ခုကနေ တွေးတယ်။ တစ်ဘက်က လက်ဖမိုး၊ တစ်ဘက်က လက်ဖဝါး၊ ကိုယ်မှန်တယ်ထင်တဲ့ အရာကိုပဲ စွဲစွဲမြဲမြဲ လက်ကိုင်ထားရာကနေ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ ကြာလာတော့ နားလည်ပေးရကောင်းမှန်း မသိတော့ဘူး၊ သူ့နေရာမှာ ကိုယ်သာဆိုရင်ရောလို့လည်း ဖြည့်မတွေးတတ်ကြတော့ဘူး။ ဒါကတော့ ကလေးတစ်ယောက် အရွယ်ရောက်လာရင် လူကြီးတွေနဲ့ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းရေး ပြဿနာလေးပါ။ ဘယ်လိုအရာတွေက ပြဿနာတွေ ဖြစ်စေဖို့ နှိုးဆော်ပေးနေလဲ။ ဒီပြဿနာရဲ့ တရားခံတွေကို မဆွဲထုတ်ခင် လူကြီးဘက်က အမြင်နဲ့ လူငယ်တွေဘက်က […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ

ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသြာဖစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ ကလေးဆိုတာကတော့ ငိုမှာပါပဲ။မွေးကင်းစကလေးငိုတာကရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။ ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင် ညနေတိုင်းအချိန်မှန်ငိုနေတာကနေ့တိုင်းဖြစ်နေခဲ့ရင် တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျော်လောက်အထိငိုနေမယ်ဆိုရင် အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင် ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင် အခြားလက္ခဏာများ လက်သီးကို ဆုပ်ရင်းငိုနေရင် သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မျက်နှာသစ်ကြမယ် ဘေဘီလေးရေ

ဘေဘီလေးကိုသန့်ရှင်းရေးလုပ်ပေးမယ့် ကိစ္စက အသစ်စက်စက်မေမေ ဖေဖေတို့ကို စိုးရိမ်စိတ်ရှုပ်စေနိုင်တဲ့အရာတစ်ခုပါ။ အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို မျက်နှာသစ်ပေးရတာ၊ရေချိုးပေးရတာက အသေးအဖွဲကိစ္စဆိုပေမယ့် ထိခိုက်လွယ်တဲ့ နုနယ်လွန်းလှတဲ့ ကလေးတစ်ယောက်ကို မျက်နှာသစ်ပေးရတာက အခက်အခဲရှိနိုင်ပါတယ်။ ဒီပြဿနာကို အလွယ်တကူကျော်လွှားနိုင်ဖို့ ဒီဆောင်းပါးလေးကနေ အကူအညီပေးပါရစေ။ ညစ်ပေလွယ်နိုင်တဲ့ဘေဘီလေးရဲ့ မျက်နှာ မွေးကာစ ကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲရေချိုးဖို့လိုပေမယ့်နေ့တိုင်းတစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ မျက်နှာ၊ လည်ပင်း နဲ့ခြေ၊လက်တွေကို သုတ်သင်သန့်စင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်ရဲ့ မျက်နှာက လူကြီးတစ်ယောက် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတစ်ယောက်ထက် ညစ်ပေနိုင်ခြေပိုများပါတယ်။ ကလေးက နို့စို့ရင်း နို့အန်တာမျိုးဖြစ်မယ်၊ နို့တွေစီးကျတာမျိုးဖြစ်မယ်ဆိုရင် ချက်ချင်း သန့်စင်ဖို့လိုပါမယ်။ ဒါမှ ကလေးက အရေပြားပြဿနာကင်းမှာပါ။ ကလေးအသားအရေကို ပုံမှန်သန့်စင်ပေးမှုက အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ ဓာတ်မတည့်မှုတွေဖြစ်တာကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။ မျက်နှာသစ်မယ် ဘေဘီလေးရေ လက်တစ်ပွေ့စာ ကလေးသေးသေးလေးကို မျက်နှာသစ်ပေးရတာကတော်တော်လေး လက်ဝင်တဲ့ကိစ္စပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ရေကြောက်တဲ့ကလေးတွေကို ရေကူးသင်ပေးတော့မယ်ဆိုရင်

ကလေးတွေဆိုတာ အရာရာကို စူးစမ်းလေ့လာတတ်တယ်ဆိုပေမယ့် ရေကူးရမှာနဲ့ ပတ်သက်လာရင်တော့ တော်တော်များများ ကြောက်တတ်ကြပါတယ်။ အချင်းချင်း ရေပက်ရတာ၊ မိသားစုလိုက် ရေနဲ့ ပျော်ပျော်ပါးပါးကစားကြတဲ့အခါ ပြဿနာမရှိပေမယ့် ရေကူးတဲ့အချိန်မှာတော့ ကြောက်စိတ်တွေ ဝင်လာတယ်ဆိုတာ ဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိဘဆိုတာကတော့ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အရာရာကို တွေးပူတတ်ကြတာမလား။ ဒီတော့ ရေကူးရမှာကြောက်တဲ့ ကိုယ့်ကလေးကို ရေကူးသင်ပေးတော့မယ်ဆိုရင် မိဘတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဘယ်လိုကူညီပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကလေးတွေ ရေကြောက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ လူတော်တော်များများက ကြောက်စိတ်ကို မှားယွင်းတယ်၊ မရှိသင့်ဘူးလို့ ခံယူထားကြတဲ့အခါမှာ ကလေးတွေစိတ်ထဲမှာ ဖြစ်လာတဲ့ ကြောက်တဲ့စိတ်ကို နားလည်မပေးတတ်ကြပါဘူး။ ဒါက လူတွေမကြာခဏ လုပ်တတ်ကြတဲ့ အမှားတစ်ခုပါ။ ဒီတော့ အရင်ဆုံးလုပ်ပေးရမှာက ကလေးတစ်ယောက်မှာ ကြောက်စိတ်ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ လူကြီးတွေအတွက်တော့ ရေကူးတယ်ဆိုတာ သာမန်လေ့ကျင့်ခန်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း