ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

မိခင်မှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေရှိနေရင် ကလေးနို့တိုက်လို့ရလား ။ ။

ရင်သွေးလေးတွေ မွေးဖွားပြီးရင် မိခင်နို့တိုက်ကျွေးရတာထုံးစံပါ။ သူတို့လေးတွေ အတွက် မိခင်နို့ကနေသာ အာဟာရတွေ အပြည့်ရနိုင်တာမဟုတ်လား။ ဒါပေမယ့် မိခင်မှာ ကူးစက်တတ်တဲ့ရောဂါတစ်ခုခု ရှိနေပြီဆိုရင် ရောဂါပိုးတွေက မိခင်နို့ထဲကနေ ကလေးဆီကို ရောက်သွားနိုင်တာကြောင့် ကလေးနို့တိုက်လို့ ရပါဦးမလား။ ဘယ်လို ရောဂါရှိနေတဲ့ မေမေတို့ ကလေးကို နို့တိုက်လို့မရဘူးလဲ။ ဘယ်သူတွေကရလဲ ။ ။ မေမေတို့ ဖျားတဲ့အချိန်၊ တုပ်ကွေးမိနေတဲ့ အချိန်ကလေးကို နို့တိုက်ရင် ကလေးဆီကို အဖျားမကူးစက်နိုင်ပါဘူး။ နို့ချောင်းပိတ်လို့ ပိုးဝင်ပြီး နို့အုံရောင်နေတဲ့အချိန် နို့တိုက်ရင်တောင် အဲဒီ ပိုးတွေ ကလေးဆီမရောက်နိုင်ပါဘူး။ ဒါပေမယ့် မိခင်မှာဖြစ်နေတဲ့ တစ်ချို့ ကူးစက်ရောဂါပိုးတွေက နို့ထဲကတစ်ဆင့် ကလေးဆီကို ရောက်သွားတတ်ပါတယ်။ ဘယ်လို ကူးစက်ရောဂါတွေများလဲ ။ ။ TB ( တီဘီရောဂါ) - တီဘီရောဂါဖြစ်နေတယ် ဆေးကုသမှုလည်း မခံယူထားရသေးဘူးဆိုရင် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

ကလေးနို့တိုက်နေရတဲ့မေမေတစ်ယောက် အမြဲလိုလိုစဉ်းစားမိနေမှာက ငါများ တစ်ခုခုစားလိုက်ရင် ငါ့ ကလေးလေးကို ထိခိုက်မလားဆိုတာပါ။ ဒီလိုစဉ်းစားမိပြီး မစားရဲတာကြောင့် အစားတော်တော်များများကို မစားမိဘဲရှိနေတာမျိုးများရှိလား။ ဒီတစ်ခေါက်တော့ ကလေးနို့တိုက်နေရလို့ နွားနို့ေသာက်လို့မဖြစ်ဘူးဆိုတဲ့မေမေတို့အတွက်ပြောပြပေးချက်ပါတယ်နော်။ နို့တိုက်မေမေ နွားနို့သောက်လို့ရလား နို့တိုက်နေရတဲ့မေမေက နွားနို့သောက်လို့ရပါတယ်နော်။ဘေဘီလေးကို နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဓါတ် ၂.၂၅ လီတာကနေ ၃.၁ လိတာအထိလိုအပ်မှာဖြစ်ပါတယ်။ ခွက်ရေနဲ့ပြောရရင် ၉ ခွက်စာကနေ ၁၃ ခွက်စာလောက်ပေါ့။ မိခင်တိုင်းဒီပမာဏကို ပုံသေတွက်ထားလို့တော့ မရဘူးပေါ့။ ခန္ဓါကိုယ်ဖွဲ့စည်းပုံ မတူတဲ့အလျောက် လိုအပ်မယ့်ရေဓါတ်ပမာဏကလည်း ကွာခြားနိုင်ပါတယ်နော်။ ဒီရေဓါတ်ပမာဏကိုပြည့်မီစေဖို့မေမေတို့အနေနဲ့ရေ၊ သစ်သီးဖျော်ရည်၊ နွားနို့၊ ဟင်းချို နဲ့ အခြားသောကျန်းမာရေးနဲ့ညီညွတ်တဲ့ဖျော်ရည်တွေကိုသောက်သုံးလို့ရပါတယ်။ရေဓါတ်ဖြည့်တယ်ဆိုတဲ့နေရာမှာဆော်ဒါ၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုတော့သောက်လို့မရပါဘူးနော်။ အချိုရည်တွေ၊ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကနောက်ဆက်တွြဲပဿနာတွေကို ရှိလာစေနိုင်တာကြောင့်ပါ။ ဒါတွေတင်မဟုတ်သေးပါဘူးနော်။ နို့တိုက်မေမေတော်တော်များများလုပ်မိနိုင်တာ တစ်ခုက ကလေးလည်း ကျန်းမာအောင် ကိုယ့်အတွက်လည်းကောင်းအောင်ဆိုပြီး နို့ထွက်များစေတယ်ဆိုတဲ့ဆေးဖက်ဝင်အပင်တွေနဲ့ ဖော်စပ်ထားတဲ့ရေနွေးကြမ်းတွေ၊ဆေးရည်တွေသောက်တတ်တာပါ။ တကယ်တော့ အဲ့ဒီသောက်စရာတွေက မသောက်သင့်ပါဘူး။ကောင်းကျိုးထက် […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ဆိုရိုးက မှန်သင့်တဲ့နေရာမှာမှန်ပေမယ့် အချို့သောအရာတွေကသေချာမဆန်းစစ်ဘဲ လက်ခံလာခဲ့ကြ လက်ဆင့်ကမ်းလာခဲ့ရင်းက မှားယွင်းတဲ့အယူအဆတွေကို လက်ခံထားမိရက်သားဖြစ်နေတတ်ကြပါတယ်နော်။ အယူအဆအမှားဆိုပေမယ့်စေတနာနဲ့စိတ်ပူပြီးပြောရာကနေဖြစ်ပေါ်လာတဲ့ အယူအဆအမှားတွေပါ။ ဒီတစ်ခေါက်တော့ရှေးထုံးမပယ်ဘဲ လုပ်မိနေတဲ့ မိခင်နို့တိုက်ကျွေးခြင်းနဲပပတ်သက်တဲ့ အယူအဆအမှားတွေအကြောင်းပြောပြချင်ပါတယ်နော်။ မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့သိထားမိနိုင်တဲ့ အယူအဆအမှားအချို့ နို့တိုက်မိခင်က အစားမားများစားမှ နို့လုံလောက်အောင်တိုက်နိုင်မယ် ဒါကမမှန်ပါဘူး။ နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ ပုံမှန်စားနေကျအတိုင်းစားရင်ကို အာဟာရလုံလောက်နေပါပြီနော်။ နို့တိုက်နေရလို့ဆိုပြီး အစားတွေအများကြီးပိုစားဖို့တော့မလိုပါဘူး။ အာဟာရမျှတစွာနဲ့ ပုံမှန်စားနေကျအတိုင်းအတာ အတိုင်းပဲစားပေးပါနော်။ အစားတွေအများကြီးစားရင်းက မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ နို့တိုက်နေရလို့ ရေများများသောက်ရမယ် နို့တိုက်မေမေဖြစ်လို့ဆိုပြီး တစ်ချိန်လုံးရေသောက်နေစရာတော့မလိုပါဘူးနော်။ရေဆာတဲ့အချိန်မှာတော့ရေသောက်ရမှာမှန်ပေမယ့်ရေမဆာဘဲ ကလေးနို့တိုက်နေရလို့ဆိုပြီး မဖြစ်မနေသောက်တာမျိုးတော့မလုပ်ပါနဲ့။ ကလေးနို့အများကြီးသောက်တာက နို့မဝဘူးဆိုတဲ့အဓိပ္ပါယ်ပါ မိခင်နို့က အစာကြေလွယ်ပါတယ်။မေမေ့နို့ပဲသောက်နေရတဲ့ဘေဘီလေးက ခဏခဏဆာနေတာကပုံမှန်ပါပဲ။ ဒါကြောင့် ကလေးကနို့ခဏခဏသောက်တာဟာ နို့မဝလို့မဟုတ်ပါဘူး။ ဘေဘီလေးရဲ့အစာအိမ်လေးကလည်းသေးမေမေ့နို့ကလည်း အစာကြေလွယ်တော့ဘေဘီလေးခဏခဏနို့သောက်ရပြီပေါ့။ ကလေးက ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါနို့သောက်တာက ပုံမှန်ပါနော်။ ကလေးကိုနို့မတိုက်ခင် နို့သီးခေါင်းတွေဆးဖို့လိုမယ် ဒါကလည်းဘေဘီလေးတွေကို စိုးရိမ်လွန်ရာကနေဖြစ်လာတဲ့ ယုံတမ်းစကားတစ်ခုပါ။ ကလေးတွေဟာမွေးဖွားလာစဉ်ကတည်းကမေမေ့ရဲ့ ကိုယ်နံ့ နဲ့အသံတို့ကို ရင်းနှီးပြီးသားပါ။ နို့သီးခေါင်းမှာ အနံ့တစ်ခုရှိနေသလိုဘေဘီလေးတို့ကို ကိုယ်ခံအားေကာင်းစေနိုင်တဲ့ […]


ကလေးငယ်ပထမနှစ်

ကလေးတွေကို လေယာဉ်စီးခိုင်းလို့ ရရဲ့လား

ပုံမှန်အားဖြင့် လေယာဉ်စီးဖို့အတွက် အသက် ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ လေယာဉ်လက်မှတ် ဝယ်တဲ့၊ စစ်တဲ့ နေရာမှာတော့ ကလေးရဲ့ အသက်ကို မေးတာမျိုးတွေ ရှိပေမဲ့ လေယာဉ်စီးလို့ ကလေးအတွက် အန္တရာယ်ဖြစ်စေတာမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေကိုတော့ လူကြီးမိဘ၊ အုပ်ထိန်းသူ အနည်းဆုံးတစ်ယောက်လောက်ပါမှ လေယာဉ်ပေးစီးတာ ပိုကောင်းပါတယ်။ ငယ်လွန်းတဲ့ ကလေးတွေ လေယာဉ်မစီးခင် ဘာတွေ ပြင်ထားဖို့လိုမလဲ။ ၁။ လေယာဉ်အမြင့်ပေါ် ရောက်သွားတဲ့အခါ လေထုဖိအားကြောင့် ကလေးတွေ အထူးသဖြင့် အသက် ၅နှစ်အောက်နဲ့ မွေးကင်းစကလေးတွေအတွက် အသက်ရှူရခက်တာ၊ ခေါင်းမူးတာ၊ နာကျင်မှု ဝေဒနာခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် လေယာဉ်မစီးခင်မှာ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို သေချာ စစ်ဆေးပြီး ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ၂။ ကလေးရဲ့ နေ့စဉ်သုံးပစ္စည်းတွေ၊ ကလေးအတွက် […]


ကလေးအစာခြေစနစ်ပြဿနာများ

မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

ဗိုက်ဗိုက်က နာတယ်၊ ဗိုက်အောင့်လိုက်တာလို့ သားသားမီးမီးလေးတွေကပြောတာကိုမေမေဖေဖေတိုင်းကြားဖူးကြမှာပါ။ ကလေးတွေက မအီမသာဖြစ်တဲ့အခါမှာ ခံစားရသမျှကို မဖော်ပြနိုင်ကြပါဘူး။ စကားမပြောတတ်သေးတဲ့အခါ ငိုတာမျိုး အမူအရာတစ်ခုခုလုပ်ပြတာမျိုးနဲ့ ခံစားရတဲ့ဝေဒနာကိုဖော်ပြတတ်ကြပါတယ်။ ကလေးက တစ်ခါတစ်လေမှာ ဗိုက်နာတာက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေမယ့် ကလေးက အချိန်တိုင်းလိုလို ဗိုက်ဗိုက် နာတယ်ပြောနေပြီဆိုရင်တော့ ကလေးငယ်က အစာခြေစနစ်ပြဿနာ ရင်ဆိုင်နေရတာဖြစ်ဖို့ များသွားပါပြီ။ ဒီလိုအခြေအနေမျိုး မကြာခဏကြုံတွေ့နေရပြီဆိုရင်တော့ ကလေးငယ်ရဲ့ အစာခြေစနစ်ပြဿနာကို သေသေချာချာ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ အကြောင်း ဖော်ပြပေးထားပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ ကတော့ - ကလေး လေနာ (Colic) ဝမ်းပျက် ဝမ်းလျှော (Diarrhea) အစားအစာဓာတ်မတည့်မှု (Food Allergies) အစာမကြေဖြစ်ခြင်း အော့အန်ခြင်း # […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအစာခြေစနစ်အတွက် ရှေ့တန်းတိုက်စစ်မှူးလေးတွေ ။ ။

ကိုယ်ခန္ဓါတစ်ခုရဲ့ အပြင်ရော အတွင်းမှာပါ မမြင်နိုင်တဲ့ သက်ရှိတွေနဲ့ ဘက်တီးရီးယားပိုးတွေ နေထိုင်နေကြတယ်ဆို အားလုံး အံ့သြသွားမလား။ ကိုယ်တွင်းမှာ အထူးသဖြင့် အစာခြေစနစ်နဲ့ မိန်းမကိုယ်လို နေရာမျိုးမှာ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့က ကိုယ်ခန္ဓါအတွက ်အကျိုးပြုပေးတဲ့ အပြင်က ဝင်လာတဲ့ ပိုးမွှားတွေကိ ုတိုက်ထုတ်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေပါ. သူတို့ကို Probiotic လို့လည်း ခေါ်ကြပါတယ်။ ။ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာဆို ဒီလိုဘက်တီးရီးယားလေးတွေ အမျိုးစိတ်ကွဲပေါင်း ၅၀၀ ကျော်နဲ့ သန်းနဲ့ချီပြီး နေထိုင်နေကြပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီဘက်တီးရီးယားအရေအတွက်မျှတနေမှ အစာခြေစနစ်ရောခုခံအားရော ကောင်းပြီး သင့်ကလေး ကျန်းမာမှာပါ။ အစာခြေစနစ်ထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေ တာဝန်ကတော့ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် လုပ်ပေးတယ် အစာခြေစနစ်ကျန်းမာအောင် စောင့်ရှောက်ပေးတယ် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ကာကွယ်ပေးတယ် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် ပဋိဇီဝဆေးဝါးတွေကြာင့် အူတွင်းအကျိုးပြုဘက်တီးရီးယားတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ

မိဘတိုင်းက ကိုယ့်ရင်သွေးတွေ ကျန်းမာဖို့၊ ကြီးထွားသန်မာဖို့၊ ညဏ်ကောင်းဖျတ်လတ်ဖို့ ဆိုပြီး အဖို့ဖို့တွေ များစွာနဲ့ သူတို့လေးတွေအတွက် ကောင်းတဲ့အရာရာတိုင်းကို ဖြစ်စေချင်ကြတဲ့သူချည်းပါပဲ။ ကိုယ့်ကလေးကို မပျော်စေချင်တဲ့ မိဘ၊ ညဏ်ထိုင်းစေချင်တဲ့မိဘ ဘယ်မရှိမလဲနော်။ ဒီလို ဥာဏ်ကောင်းပျော်ရွင်တဲ့ ကလေးတွေ ဖြစ်ဖို့ မိဘတွေရဲ့ ပျိုးထောင်မှု၊ ပြုစုစောင့်ရှောက်မှုတွေ က နံပါတ်၁ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ဒါ့ကြောင့် တကယ်ကို အောင်မြင်ပျော်ရွင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို မသိသေးတဲ့ မိဘတို့အတွက် လျှို့ဝှက်ချက်လေးတွေ ကို ဝေမျှပေးချင်ပါတယ် ။ ။ ၁ - မျှတပြည့်ဝတဲ့ အာဟာရသည်သာ အရေးအကြီးဆုံးပါ ။ ။ အစားအသောက်တွေဆိုတာ ကိုယ်ခန္ဓာကြီးထွားဖို့အတွက်သာမဟုတ် ဉာဏ်ရည်ဖွံဖြိုးမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ဒါ့ဆို ဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပျိုးထောင်ပေးတဲ့နေရာမှာ ဘယ်လို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် ။ ။

ကလေးဆိုပြီး အမြင်စူးရှမှာပဲ လို့ မထင်လိုက်ပါနဲ့။ ငယ်ငယ်လေးနဲ့ မျက်စိမှုန်လို့ မျက်မှန်တပ်ရတဲ့ ကလေးတွေလည်းရှိပါတယ်။ ဘာကြောင့်ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတာလဲ ။ ။ ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတဲ့ အကြောင်းရင်းတွေကတော့ ကလေးတွေ တီဗီအကြည့်များတာ၊ မီးအလင်းရောင်သိပ်မကောင်းတဲ့နေရာမှာ စာဖတ်တာ ဖုန်းကို မျက်လုံးနဲ့ နီးနီးကပ်ကပ်အသုံးပြုလွန်းတာ၊ မွေးရာပါအမြင်အာရုံချို့ယွင်းတာ၊ နဲ့ မျိုးရိုးဗီဇကြောင့် ကလေးတွေမှာ မျက်စိမှုန်နိုင်ပါတယ်။ ခုခေတ်ဆို ပိုဆိုးတာပေါ့။ အရင်ကလို ပြေးလွှားကစားတာမျိုးမရှိတော့ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ အိမ်တွင်းအောင်းပြီး ဂိမ်းဆော့၊ အင်တာနက်သုံးတဲ့ခေတ်ဆိုတော့ အမြင်အာရုံချို့ယွင်းစေတဲ့ လမ်းတွေ အများကြီးပေါ့ ။ ကလေးဆိုတာ ငယ်သေးတော့ ခုန်ပေါက်ကစားချင်တယ်၊ ဂိမ်းဆော့ချင်တယ်၊ ပြေးပြေးလွှားလွှား လုပ်ချင်တယ်ဆိုတော့ ဘယ်သူမှ မျက်မှန်မတပ်ချင်ကြပါဘူး။. အခန်းထဲမှာ သူငယ်ချင်းက မျက်မှန်မတပ်ဘဲ ကိုယ်ပဲ တပ်လို့ လေးလုံးလို့ အခေါ်ခံရတာကိုလည်း ရှက်ကြတယ်လေ။ ဒီတော့ ကိုယ့်ကလေး အမြင်အာရုံချို့ယွင်းချက်တွေ […]


ကလေးငယ်အာဟာရ

ကလေးတွေ အစာ ကျွေးရခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ

ကလေးမိဘတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါ ဆိုရင်တော်တော်များများကတော့ မိမိကလေးအစားကျွေးရလွယ်စေချင်တာပါပဲ။ တကယ့် တကယ်တမ်းလည်း ကလေးကို အစာကျွေးတဲ့နေရာ နည်းစနစ်မကျရင် အချိန်ကုန်လူပင်ပန်းပြီး အရာမယွင်းတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အောက်ပါ အချက်အလက်လေးတွေသတိထားသင့်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်စားခိုင်းခြင်း - တစ်ခါတစ်လေ ကလေးတွေကို ခွံ့ကျွေးတာမလုပ်ဘဲ သူတို့လက်နဲ့ ကိုယ်တိုင်စားတတ်တဲ့အကျင့်လေး လုပ်ပေးဖို့လိုပါတယ်။ အဲ့လိုကျွေးရင် ပိုဆိုးတယ်၊ ပိုကြာတယ် ဆရာ ဆိုပြီး ပြန်ပြောပြတာလေးတွေ ခဏခဏ တွေ့ရပါတယ်။ ကိုယ်တိုင်စားခိုင်းတယ်ဆိုပေမယ့် ဘေးနားမှ အမေတို့ အဖေတို့ကတော့ ရှိသင့်ပါတယ်။ ကိုယ့်ဟာကိုယ် စားပါစေဆိုပြီး လုံးဝကို တစ်ယောက်တည်းထားပြီး စားခိုင်းရင်တော့ အမေတို့ အဖေတို့ ပြန်ပြောပြသလို အရမ်းကြာပြီး မကုန်တတ်ပါဘူး။ ရှင်းပြခြင်း  - ကလေးတွေက စူးစမ်းလေ့လာ သင်ယူနေဆဲကာလဖြစ်တဲ့ အတွက် သူတို့စားနေတဲ့ အစားအစာ၊ မုန့်တွေကို ဘာတွေပါတယ်၊ ဒါတွေ […]


ကလေးအစာခြေစနစ်ပြဿနာများ

လေနာနဲ့ ဝမ်းပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယား

ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဆိုတဲ့ ဆုတောင်းပြည့်ပြီလား။ ဒီဆုက လူတိုင်းလိုလားကြမယ်ထင်တယ်နော်။ ကိုယ်တိုင်ကျန်းမာပြီး ချစ်ရတဲ့မိသားစုဝင်တွေနဲ့ကျန်းကျန်းမာမာနေနိုင်ဖို့က အမျှော်လင့်ဆုံးဆုတစ်ခုမဟုတ်ဘူးလား။ ဖေဖေမေမေတို့ကို ကျန်းမာစေချင်တယ်။ မမ၊ ကိုကို၊ မောင်လေး၊ ညီမလေးတွေနဲ့ ချစ်ရသူ၊နောက်ဆုံး ကိုယ်မွေးထားတဲ့သားသားမီးမီးလေးတွေအထိ ကျန်းမာစေချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့သူက ရှားမှာပါ။ ဒီဆုတောင်းလေးပြည့်အောင်ဖြည့်ပေးနိုင်မယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ကဲဘာများဖြစ်မလဲ စိတ်ဝင်စားနေပြီလား။ လူတွေနဲ့အတူ နှစ်သန်းပေါင်းများစွာ အတူတည်ရှိလာတဲ့ ဘက်တီးရီးယားလေး။ အခုခေတ် လူသားတွေရယ်လို့မဖြစ်လာသေးခင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ လူသားတွေရဲ့ ဘိုးဘွားဘီဘင်ခေတ်ကတည်းက လူသားဖြစ်လာမယ့်သူတွေနဲ့အတူ တည်ရှိလာခဲ့တဲ့ အကျိုးပြုဘက်တီးရီးယားလေးရဲ့ နာမည်ကတော့ Lactobacillus reuteri (L. reuteri) လို့ခေါ်ပါတယ်။ သူက လူသားတွေရဲ့ အူလမ်းကြောင်းတလျှောက်မှာနေထိုင်ပြီး ကျန်းမာအောင်စွမ်းဆောင်ပေးပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်နော်။ ဒီလိုပြောလို့ ထူးဆန်းသွားပေမယ့် ဒီအကျိုးပြုဘက်တီးရီးယားတွေကနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်က အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကိုကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာလုံးဝမဟုတ်ပါဘူးနော်။ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း