ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

လေ့လာမှုတွေအရဆို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကလေးတွေရဲ့လေးပုံသုံးပုံဟာ ဘယ်သူ့ကိုမှ မပြောပြဘဲ နှုတ်ပိတ်နေရင်းပြီးဆုံးသွားတာများပါတယ်တဲ့။ ကျူးလွန်သူတွေကလည်း သိကျွမ်းရင်းနှီးသူမဟုတ်တောင် အနည်းဆုံးတော့ ကလေးနဲ့ မျက်မှန်းတန်းမိသူတွေဖြစ်နေလေ့ရှိတယ်။ တစ်ခါတလေ သူစိမ်းအန္တရာယ်ကြောက်လို့ ကလေးကို ယုံကြည်အပ်နှံမိတဲ့သူတွေတောင်ဖြစ်နေတတ်ပါတယ်။ တစ်ခုခုဖြစ်ပြီဆို ကလေးတွေဆီက ပြန်ပြောပြလာဖို့ မျှော်လင့်လို့ သိပ်မလွယ်ပါဘူး။ လုံးစေ့ပတ်စေ့ပြန်မပြောတတ်တာရယ်၊ ဘာမှမသိနားမလည်သေးတာရယ်၊ ကျူးလွန်သူကိုကြောက်တာရယ်ကြောင့် လိင်အကြမ်းဖက်မှုမဟုတ်သေးဘဲ မဖွယ်မရာပြုခံရရင်တောင် ပြန်တိုင်ရမှန်းမသိကြပါဘူး။ ဒီလိုတွေမဖြစ်အောင် ကိုယ့်ကလေးရဲ့ ဘေးကင်းလုံခြုံမှုကို ကြိုတင်ကာကွယ်ဖို့အရေးကြီးသလို တကယ်တမ်းကြုံလာခဲ့ရင်တောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာလည်း သိဖို့လိုပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတဲ့သတင်း ကြားမိတဲ့အခါ မဆိုင်တဲ့လူတွေတောင် စိတ်မကောင်းဖြစ်ကြ၊ ဒေါသထွက်ကြနဲ့ စကားအဆင့်ဆင့်ပြန့်သွားတာက အရင်ဆုံးပါ။ မိဘကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တုန်လှုပ်ရမှာ၊ စိတ်မကောင်းဖြစ်ရမှာ အဆိုးဆုံးပေါ့။ ဒါပေမယ့် ဒီမှာ အရေးကြီးတာက ကလေးကို အမည်းစက်မဖြစ်စေဖို့နဲ့ စိတ်ဒဏ်ရာမကျန်စေဖို့ ဂရုစိုက်ရမှာကို မမေ့ပါနဲ့။ […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

ကိုယ့်ရဲ့ ရင်သွေးလေးကို ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဖောလစ်အက်ဆစ် တိုက်ကျွေးတာပါ။ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေချိန်မှာ မေမေကသောက်ပေးပြီး ဘေဘီလေးက အစားစစားနိုင်ပြီဆိုရင်တော့ အစားအစာထဲမှာ အာဟာရဓာတ်တစ်ခုအနေနဲ့ ပါဝင်သင့်ပါတယ်။ ဖောလစ်အက်ဆစ် ဆိုတာက ဖောလစ်အက်ဆစ် ဆိုတာက ဖောလိတ်လို့ ခေါ်နေကြတဲ့ ဗီတာမင် B တစ်မျိုးပါ။ လက်တင်ဘာသာစကား folium ဆိုတာကနေ ဆင်းသက်လာတာပါ။ သဘာဝကနေရတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ လေ့လာမှုအရကတော့ ဖောလစ်အက်ဆစ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိမှုအရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်နည်းတာက မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်က ရေမှာ ပျော်ဝင်လွယ်တဲ့ ဗီတာမင် B တစ်မျိုးပါ။ ဖောလိတ်က တစ်သျှူးတွေနဲ့ ဆဲလ်တွေ […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား......

ကမ္ဘာပေါ်မှာရှိသမျှ လူတွေထဲမှာ ကိုယ့်ကြောင့် ကိုယ့်သားသမီးလေးထိခိုက်သွားမှာကို အစိုးရိမ်တတ်ဆုံးသူက မေမေတွေပါ။ ကိုယ်သာတစ်ခုခုဖြစ်ရင် ဘာမှမဖြစ်သလိုနေတတ်ပေမယ့် သားသားမီးမီးလေးတွေမှာ တစ်ခုခုဖြစ်ရင် အစိုးရိမ်ဆုံးနဲ့ အပူပန်ဆုံးက မေမေတွေပါပဲ။ ဒီတစ်ခေါက်လည်း ကိုယ့်မှာ တီဘီရှိနေတာကြောင့် ဘေဘီလေးကို နို့တိုက်လို့ရပါ့မလား။ မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား...... ကလေးမှာ တစ်ခုခုများထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့မေမေတို့အတွက် အဆင်ပြေဆုံးဖြစ်မယ့်နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေ။ မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား...... မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား...... ဆိုတော့ ကူးစက်နိုင်တဲ့အချိန်ဆိုရင်တော့ မတိုက်သင့်သေးပါဘူး။ ဒါဆိုရင် နို့ဘူးပဲတိုက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကလေးကို မိခင်နို့ရည်ကို ညှစ်ထုတ်ပြီး ဇွန်းနဲ့ထည့်ပြီး တိုက်လို့ရပါတယ်။ နို့ရည်ကနေတဆင့် တီဘီရောဂါပိုးကူးစက်တာမရှိပေမယ့် လေထဲကနေကူးစက်တတ်တဲ့ တီဘီရောဂါပိုးက ကလေးကိုပွေ့ချီပြီး နို့တိုက်ချိန်မှာ လေထဲကနေတဆင့် ကူးစက်သွားနိုင်တာကြောင့်ပါ။ ဒါကြောင့် တီဘီရောဂါ ခံစားနေရတဲ့ မေမေတို့အနေနဲ့ ကလေးကို မိခင်နို့တိုက်ချင်တယ်ဆိုရင် နို့ရည်ကို ညှစ်ထုတ်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

မေမေတိုင်းအကြောက်ဆုံးနဲ့ မဖြစ်ချင်ဆုံးအရာတစ်ခုကဘေဘီလေးဖျားတာပါ။ ကလေးဖျားမယ့်အစား ငါသာဖျားလိုက်ချင်တယ် ဆိုတဲ့ စိတ်ကူးမေမေတိုင်းမှာရှိမှာပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးဖျားရင် စိတ်ညစ်မိတဲ့မေမေတို့အတွက်ဘေဘီလေးအဖျားကျစေမယ့် အထိရောက်ဆုံးနည်းလမ်းလေးကို မျှဝေပေးပါရစေ။ ဘယ်လိုအခြေအနေမှာဘေဘီလေးဖျားပြီလို့ဆိုနိုင်လဲ........ ကလေးကို အပူချိန်တိုင်းတဲ့နေရာကိုလိုက်ပြီး အပူချိန်ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ကလေးကိုယ်အပူချိန်က စအိုကိုတိုင်းတဲ့အခါ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်များနေမယ် ပါးစပ်ထဲကို အပူချိန်တိုင်းတဲ့အခါ ၁၀၀ ဒီဂရီဖာရင်ဟိုက် နဲ့အထက်ဖြစ်နေမယ် လက်မောင်းအောက်ကို အပူချိန်တိုင်းတဲ့အခါ ၉၉ ဒီဂရီဖာရင်ဟိုက်နဲ့အထက်ဖြစ်နေမယ်ဆိုရင်ဘေဘီလေးက အဖျားရှိနေပါပြီ။ ဘေဘီလေးကို အဖျားကျစေမယ့် အထိရောက်ဆုံးနည်းလမ်း ဘေဘီလေးကဖျားနေပြီဆိုရင် အဖျားမြန်မြန်ကျစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ အရည်များများတိုက်ပါ ကလေး အဖျားကျစေဖို့အတွက် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။ ဘေဘီလေးက ၆ လအောက်ဆိုရင်မေမေ့နို့များများတိုက်ပေးပါ။ တကယ်လို့ ကလေးက ၆ လကျော်ပီဆိုရင်တော့ ကလေးကို မိခင်နို့၊ နို့ဘူး၊ရေကျက်အေး၊ အုန်းစိမ်းရည်တို့ တိုက်ပေးလို့ရပါတယ်။ ကလေးက သိပ်မသောက်ရင်တောင်မေမေတို့က သတိလေးထားပြီး ကလေးကို အရည်များများသောက်ဖြစ်အောင်တိုက်ပေးပါ။ ဒါမှကလေးကရေဓာတ်ပြည့်ဝပြီး […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးမှာ အူအတက်ရောင်နေတာများလား

"မေမေရေ ဗိုက်အောင့်တယ်" ဆိုတဲ့အသံလေး ကြားလိုက်ရရင် မေမေတို့မှာ ပျာယာခတ်ရတော့တာပဲ။ စိတ်လှုပ်ရှားလို့အောင့်တာ၊ အစာမကြေလို့အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ ဒါမှမဟုတ်ကျောင်းမသွားချင်လို့ဘေဘီတို့ဉာဏ်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အစာကြေဆေး၊လေဆေးလောက်နဲ့သက်သာတတ်ပေမယ့် တကယ်တမ်းအမြန်ကုသဖို့လိုတဲ့အခြေအနေသာဆို ဘယ်လိုလုပ်မလဲ။ အန္တရာယ်မရှိတဲ့ ဗိုက်အောင့်ခြင်းနဲ့ အူအတက်ရောင်တာလိုမျိုး ဗိုက်အောင့်တဲ့လက္ခဏာတွေကို ဘယ်လိုခွဲခြားမလဲ။ အကောင်းဆုံးက ကလေးရဲ့နာကျင်မှုအခြေအနေကို ဆန်းစစ်ပါ။ကလေးက ဗိုက်အောင့်တယ်တော့ပြောတယ်၊ဆော့နိုင်သေးတယ်၊ ရယ်နိုင်သေးတယ်၊ အစားစားနိုင်သေးတယ်ဆိုရင် သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးကအောင့်တယ်ပြောတယ်၊ ပုံမှန်လုပ်နေကျတွေ ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် ဆရာဝန်အမြန်ပြသင့်ပါတယ်။ အူအတက်ရောင်တာဖြစ်ခဲ့ရင်နောက်ကျလို့ အန္တရာယ်ရှိပါတယ်။ အမြန်ခွဲစိတ်ကုသဖို့လိုတဲ့ဝေဒနာဖြစ်ပါတယ်။ ကလေး ဗိုက်အောင့်တဲ့အခါ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ - ချက်နားကနေ စပြီးအောင့်ရာက ဝမ်းဗိုက်ညာဘက်အောက်နားထိအောင့်လာတာမျိုး။ ဒီလက္ခဏာဆို အူအတက်ရောင်တာဖြစ်နိုင်လို့ အရေးပေါ်ကုသမှုခံယူသင့်တယ်။ အန်တဲ့အထဲ ဒါမှမဟုတ် ဝမ်းသွားတဲ့အထဲသွေးပါနေတာ။ အစိမ်းရောင်အရည်တွေအန်တာ။ သည်းခြေရည်ဖြစ်နိုင်တယ်။ အစာအိမ် သို့မဟုတ် အူမှာ ပိတ်ဆို့တာ၊ခေါက်တာကြောင့် ဒဏ်ဖြစ်တဲ့လက္ခဏာပါ။ အမြန်ကုသမှုခံယူသင့်ပါတယ်။ ဗိုက်က ပူဖောင်းနေတာ။ ပိတ်ဆို့မှု […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

ငါ့ကလေးများ တစ်ခုခုဆို ရင်ကျိုးရချည်ရဲ့လို့မေမေတို့ပြောလေ့ရှိတယ်။ ရင်မကျိုးရဖို့က ကလေးရဲ့ကျန်းမာရေးကို မျက်ခြေမပြတ်ဖို့တော့လိုပါတယ်နော်။ သားသမီးကိုအရမ်းချစ်ပေမယ့် လိုချင်တာအကုန်ပေးထားရုံနဲ့ မလုံလောက်ပါဘူး။နွေးထွေးမှုနဲ့ဂရုစိုက်မှုတွေပေးဖို့၊ ကလေးရဲ့အပြုအမူ၊အနေအထိုင်၊အပြောင်းအလဲမှန်သမျှ မိဘကသိနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကလေးမှာဘာတွေဖြစ်နေလဲဆိုတာစောစောသိရင်စောစောကာကွယ်လို့၊ ကုသလို့ရနိုင်ပါတယ်။ ကလေးတွေမှာ ဝေဒနာတစ်ခုခုဖြစ်ရင် လူကြီးတွေလိုသေချာမပြောပြတတ်တော့ အမူအရာလေးတွေပဲပြောင်းလဲနေတတ်ပါတယ်။ ဒါကို လူကြီးတွေက သတိထားမိမှ မဖြစ်သင့်တာမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကလေးနေမကောင်းလည်းသေးသေးမွှားမွှားဝေဒနာလေးပါဆိုပြီးဆေးမြီးတိုလောက်နဲ့ ကိုယ့်သဘောအတိုင်းကုနေုလို့မရပါဘူးနော်။ လိုအပ်တဲ့ကုသမှုတွေလုပ်နိုင်ဖို့ ဆရာဝန်ပြသင့်တဲ့ လက္ခဏာတွေဖြစ်နေသလားဆိုတာမေမေတို့ဘယ်လိုသိနိုင်မလဲ။ ဘယ်အရွယ်ဖြစ်ဖြစ် ကိုယ့်ကလေးမှာ ဒါတွေဖြစ်လာရင် မပေါ့ဆပါနဲ့တော့။ ကလေးက - အသံတွေကို တုံ့ပြန်မှုမရှိဘူး မွေးစ ကလေးတွေဆိုရင် သူ့နားထဲမကြားရတဲ့အကြောင်းဖော်ပြနိုင်တဲ့ လက္ခဏာကတော့ အသံတွေကို မတုံ့ပြန်တာပါပဲ။ ကိုယ်တွေကခေါ်ပေမယ့် ဘာသံကြားကြား အသံကျယ်ကျယ်တွေကြားရတာတောင်သူ့ဘက်က တုံ့ပြန်မှုအမူအရာတစ်ခုခုမရှိဘူးဆိုရင် ကလေးကို နားကြားမကြားစစ်ဆေးမှုတွေခံယူသင့်ပါတယ်။ အာရုံမစူးစိုက်နိုင်ဘူး လေ့လာသင်ယူနေဆဲ ကလေးတွေက သူတို့အမြင်အာရုံတွေ မကြည်တာ၊ မျက်စိ အာရုံစူးစိုက်မရတာတွေကို မပြောပြတတ်သေးပါဘူး။ ကိုယ့်အနီးတဝိုက်က အရာဝတ္ထုတွေကိုတောင် ကလေးက မမြင်တာ၊ မရှာနိုင်တာမျိုးတွေ့ရရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာ တီဘီဖြစ်တတ်လား

ကလေးတစ်ယောက်ကို အကောင်းဆုံးပျိုးထောင်ပေးချင်တဲ့ စိတ်ကူး မိဘတိုင်းမှာရှိကြမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်ဖို့က လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကအများကြီးဆိုတော့ စိတ်ရှိတိုင်းဖြစ်မြောက်ဖို့က သိပ်တော့လွယ်ကူလှတဲ့ အကြောင်းအရာမဟုတ်ဘူးလေ။ နုနယ်လွန်းတဲ့ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေက ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးဆိုတော့ ကိုယ့် သားသားမီးမီးလေးကိုရောဂါတွေကနေ ကာကွယ်ဖို့ ကသိပ်တော့ မလွယ်ပါဘူး။လေထဲကနေတဆင့် ကူးစက်တဲ့ရောဂါတွေဆို ပိုလို့တောင်ကာကွယ်လို့ခက်ဦးမယ်နော်။ ဒီတစ်ခေါက်တော့ ကိုယ်မသိလိုက်ဘဲလေထဲကနေတဆင့် ကလေးကို ကူးစက်နိုင်တဲ့ရောဂါအကြောင်းလေးပြောပြပေးပါရစေ။ ဘေဘီလေးက တီဘြီဖစ်နိုင်လား....... ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားအထိ လူတိုင်းမှာ တီဘီရောဂါဖြစ်နိုင်ပါတယ်။ ကလေးက ငယ်သေးတာပဲ တိဘီရောဂါမဖြစ်နိုင်ဘူးလို့ မယူဆစေချင်ပါဘူး။ဘေဘီလေးတွေလည် တီဘီရောဂါကူးစက်ခံရနိုင်ပါတယ်။ တီဘီဆိုတာဘာလဲ........ တီဘီရောဂါဆိုတာကMycobacterium tuberculosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ခံရတာကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ အဆုတ်မှာ အဓိကကူးစက်လေ့ရှိပြီး ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ နဗ်ကြောတွေ၊ကျောက်ကပ် နဲ့ ဦးနှောက်တို့မှာပါ ကူးစက်နိုင်ပါတယ်။လေထဲကနေတဆင့်ရောဂါပိုးကပြန့်နှံ့ကူးစက်တာပါ။ တီဘီဖြစ်တဲ့အခါ ကိုယ်တိုင်မှာရောဂါပိုးရှိနေတာကြောင့်ဖြစ်ပွားတဲ့ တီဘီရောဂါနဲ့ အခြားသူဆီကနေ တဆင့်ခံ ကူးစက်တဲ့ တီဘီရောဂါဆိုပြီးရှိပါတယ်။ တဆင့်ခံကူးစက်ခံရတဲ့ တီဘီရောဂါကရောဂါပိုးကောင်ရေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ပိုးသတ်ဆေးသုံးထားတဲ့ ပန်းတွေထိတွေ့မိတဲ့ ကလေးတွေမှာ သွေးတိုးဖြစ်လာနိုင်

ပန်းကလေးတွေနဲ့ လူကလေးလေးတွေကြားပြဿနာတစ်ခုကို သုတေသနအသစ်ကဖော်ထုတ်ပြလိုက်ပါတယ်။ ကလေးတွေကို ပန်းတွေပေးပြီးဆော့ကစားခွင့်ပေးတဲ့ ဒါမှမဟုတ် ပန်းခင်းထဲမှာဆော့စေတဲ့ မိဘတွေအတွက် သတိပြုစရာဖြစ်ပါတယ်။ဈေးကွက်မှာရောင်းချနေကြတဲ့ ပန်းတွေမှာ ကပ်ပါလာနိုင်တဲ့ ပိုးသတ်ဆေးကြောင့် ကလေးမှာသွေးတိုးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ သုတေသီတွေကပြောလာပါတယ်။ Environmental Research ဂျာနယ်မှာဖော်ပြခဲ့တဲ့လေ့လာတွေ့ရှိချက်မှာ အီကွေဒေါနိုင်ငံအတွင်းက ပန်းခင်းတွေအနီးနေထိုင်တဲ့ ကလေးတွေရဲ့ကျန်းမာရေးကိုလေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။ ပန်းတွေနဲ့ထိတွေ့ခဲ့တဲ့ ကလေးတွေမှာသွေးတိုးဖြစ်လာနိုင်ခြေပိုများတာကိုတွေ့ရပါတယ်။ ပိုးသတ်ဆေးဖျန်းထားတဲ့ကာလနဲ့ ပန်းတွေကိုဈေးကွက်ဖြန့်တဲ့ မိခင်များနေ့မှာ ပန်းတွေနဲ့ထိတွေ့ခဲ့တဲ့ ကလေးတွေသွေးတိုးဖြစ်လာတာကို သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ University of California San Diego School of Medicine မှ သုတေသီကမေလရဲ့ မိခင်များနေ့မှာ သုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံဟာမြောက်အမေရိက၊ ဥရောပနဲ့ အာရှတို့ကို တင်ပို့နေရတဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားဖြစ်ပန်းစိုက်ပျိုးရေးလုပ်ငန်းရှိနေတာဖြစ်ပါတယ်။ "ပိုးသတ်ဆေးဖျန်းတဲ့ရာသီမှာ ပန်းတွေနဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်က ကလေးတွေကို ပိုးသတ်ဆေးထိတွေ့မိနိုင်ခြေပိုများသလို ကလေးတွေရဲ့သွေးဖိအားကိုမြင့်စေပြီးသွေးတိုးအန္တရာယ်ရှိနိုင်တယ်ဆိုတာ ပထမဆုံးတွေ့ရှိချက်ဖြစ်ပါတယ်"လို့ သုတေသီJose Suarez ကပြောပါတယ်။ ပန်းတွေပွင့်တဲ့ရာသီမှာဆို စိုက်ပျိုးသူတွေက ပိုးသတ်ဆေး၊မှိုသတ်ဆေးနဲ့ တခြားစိုက်ပျိုးရေးသုံးဓါတုဆေးတွေကို ပိုသုံးကြတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ပါစေ ။ ။

ကိုယ့်ကလေးတွေကို လူတော် လူကောင်းဖြစ်စေချင်ကြတာ မိဘတိုင်းပါ။ ဒါပေမယ့် ကလေးတစ်ယောက် တော်ဖို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကလေးအပေါ်မှာ အများကြီးမူတည်နေတာ မဟုတ်ဘဲ မိဘတွေရဲ့ ထိန်းကျောင်းပျိုးထောင်ေပးမှုနဲ့ အများကြီး သက်ဆိုင်နေတဲ့ အရာပါ။ သားသမီးမကောင်း မိဘခေါင်း ဆိုသလိုမျိုးပေါ့။ ဒီတော့ ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ထိန်းကြမလဲ ။ ။ ကလေးတစ်ယောက်ကို ပျိုးထောင်တဲ့နေရာမှာ မိဘတွေ ရှောင်ရ ဆောင်ရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကို မိဘတွေ အနေနဲ့ သေချာသိထားမှ ကိုယ့်ကလေးရဲ့ အနာဂတ်ကို လှပအောင် ထုဆစ်ပုံဖော်ပေးနိုင်တဲ့ ပန်းပုဆရာကောင်းတွေဖြစ်ကြမှာပါ ။ ။ ကလေးတစ်ယောက်ကို အုပ်ထိန်းတဲ့နေရာမှာ ဒါတွေလုပ်ပေးပါ။ ကလေးပြောချင်တဲ့ စကားတိုင်းကို စိတ်ရှည်ရှည်နားထောင်ပါ။ ဒါမှ သူတို့လေးတွေ ဘာတွေခံစားနေရလဲ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲဆိုတာ သိမှာပါ။ သူတို့ကို သင်ယုံကြည်ကြောင်းပြပါ။ - ကလေးတွေကို […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ

သားသားက သွားရည်တွေပဲကျနေတာ။ သူငယ်နာမစင်တာလားဆိုတဲ့ အတွေးတွေရှိနေတဲ့မေမေဖေဖေတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ။ ဘေဘီလေးနဲ့ သွားရည်ကျခြင်း ကလေးက သွားရည် ကျတယ်၊ ဘူးမှုတ်တယ်ဆိုတာက ခံတွင်းကြွက်သားတွေဖွံ့ဖြိုးတာဖြစ်သလို ကလေးတစ်ယောက်မှာရှိသင့်တဲ့ ကြီးထွားဖွ့ဖြိုးမှု အဆင့်တစ်ခုပါ။ ဒီလိုသွားရည်ကျတာက ကလေးအသက် ၃ လကနေ ၆လအတွင်းမှာဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘေဘီလေးတွေ သွားရည် ထွက်ရတာက သွားပေါက်ချင်နေတဲ့ လက္ခဏာတစ်ခုဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် ကလေးက သွားရည် ထွက်တိုင်း သူငယ်နာမစင်တာမျိုးလို့ မတွေးစေချင်ပါဘူး။ စားဖို့ဝါးဖို့ ပြင်ဆင်မှုတစ်ရပ်ဖြစ်တာကြောင့် သားသားမီးမီးတို့ကို အစားအစာတွေ မိတ်ဆက်ခွင့်ရတော့မယ်ဆိုပြီး ဝမ်းတောင်ဝမ်းသာသင့်ပါတယ်။ ၁ လ ကနေ ၃ လအတွင်း သွားရည်အမြဲကျနေတာမျိုး မရှိပါဘူး။ အကြောင်းကတော့ ကလေးက ပက်လက်အနေအထားပဲ အမြဲနေနေရတာကြောင့်ပါ။ ၃ လနောက်ပိုင်းမှ ကလေးက ထိုင်တဲ့အခါ မတ်မတ်လေးနေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း