ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေကို ဝမ်းချုပ်စေတဲ့ အစားအစာတွေ

ဝမ်းချုပ်တဲ့အချိန်ဆိုရင် ဝေဒနာခံစားနေတဲ့သူရော၊ မိသားစုဝင်တွေအတွက် သိပ်ကို စိတ်ညစ်စရာပဲပေါ့။ ဝမ်းလည်း မသွားရ၊ နေလို့ထိုင်လို့လည်း မကောင်း၊ အထူးသဖြင့် ကလေးတွေ ဝမ်းချုပ်ပြီဆိုရင် မိဘတွေလည်း တစ်ခုခုများ ဖြစ်ပြီလားဆိုပြီးတော့ ရင်တွေ ပူ၊ စိုးရိမ်နေရတာပေါ့။ တကယ်တော့ ကလေးအရွယ်မှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုမို့ စိတ်တော့ အရမ်းပူဖို့ မလိုပါဘူး။ ကလေးဝမ်းချုပ်နေမှန်း ဘယ်လိုသိလဲ။ ပုံမှန်ကလေးတစ်ယောက်က တစ်နေ့ကို တစ်ကြိမ် ဝမ်းပုံမှန်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ ကလေးက ရက်အတော်ကြာအောင် ဝမ်းလုံးဝမသွားဘူးဆိုရင်တော့ ဒါဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဗိုက်အောင့်ဗိုက်နာတဲ့ အမူအရာတွေ၊ ဗိုက်က ဖောရောင်သလို ဖြစ်နေတာ၊ အော့အန်တာ၊ အစားသိပ်မစားနိုင်တာ၊ စိတ်တိုလွယ်တာ၊ ဝမ်းသွားနေစဉ် နာကျင်မှုကြောင့် အော်ငိုတာ၊ ဝမ်းကို ညှစ်ပြီးသွားရတဲ့အခါမှာ ကလေးက အိမ်သာတက်ဖို့ လန့်ပြီး ရှောင်နေတာ၊ ကလေးသေးခံမှာ […]


ကလေးငယ်ပထမနှစ်

ကလေးတွေရဲ့ လအလိုက်မျက်စိဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးတွေဟာ လမ်းစမလျှောက်တတ်ခင်စကားမပြောတတ်ခင်ကတည်းက အမြင်အာရုံနဲ့ပတ်သက်ပြီး စတင်သင်ယူခဲ့ရတာဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာလိုအပ်တဲ့ အမြင်အာရုံစွမ်းရည်ကို မွေးကတည်းကရရှိလာခဲ့တာမဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ သူတို့ ပတ်ဝန်းကျင်က အခြေအနေတွေကို သိနားလည်ပြီး ပတ်ဝန်းကျင်အခြေအနေပေါ်ကိုလိုက်လျောညီထွေ တုံ့ပြန် နိုင်ဖို့အတွက် သူတို့အမြင်အာရုံကနေတဆင့်ရရှိလာတဲ့သတင်းအချက်အလက်တွေကို ဦးနှောက်ကိုပေးပို့ပြီး ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူဖို့လိုအပ်ပါတယ်။ မွေးဖွားလာတဲ့အချိန်ကနေစပြီး ကလေးတွေဟာ သူတို့ရဲ့မျက်လုံးလေးတွေနဲ့ ကမ္ဘာတလွှားကအရာတွေကို စူးစမ်းလေ့လာနေကြတာဖြစ်ပြီး သူတို့လေးတွေက လက်တွေနဲ့ပစ္စည်းတွေကိုဆွဲတာ၊လေးဘက်ထောက်သွားတာနဲ့ ထိုင်တာတွေမလုပ်ခင်မှာ သူတို့လေးတွေရဲ့မျက်လုံးအမြင်အာရုံကသူတို့ကြီးထွားသန်စွမ်းဖို့အတွက်အရေးပါတဲ့ အချက်အလက်တွေနဲ့လှုံ့ဆော်မှုတွေကိုလုပ်ဆောင်ဖို့ ထောက်ပံ့ပေးမှုတွေကိုလုပ်ဆောင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့မျက်စိတွေနဲ့ကောင်းမွန်တဲ့အမြင်အာရုံတွေက မွေးကင်းစအရွယ်နဲ့ကလေးတွေရဲ့ သင်ယူမှုအပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကလေးတွေမှာ မျက်စိနဲ့အမြင် အာရုံချို့ယွင်းတာမျိုးဖြစ်ပေါ်ပါက ကြီးထွားဖွံ့ဖြိုးမှုကိုနှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ကြီးထွားသန်စွမ်းပြီးသင်ယူနိုင်ဖို့လိုအပ်တဲ့ အမြင်အာရုံစွမ်းရည်တွေကို ဖွံဖြိုးတိုးတက်စေဖို့အတွက် ကလေးတွေရဲ့အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှုတွေကိုစောစောသတိပြုနိုင်ဖို့ကအရေးကြီးလှပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့မျက်စိနဲ့အမြင်အာရုံကောင်းမွန်စွာဖွံ့ဖြိုးလာစေဖို့အတွက် ကလေးတွေမှာ မျက်စိ၊အမြင်အာရုံနဲ့ပတ်သက်ပြီးပြဿနာရှိတဲ့လက္ခဏာရပ်တွေပေါ်နေသလား ဆိုတာကိုစောင့်ကြည့်သင့် သလို အသက် ၆လအရွယ်မှာကတည်းက မျက်စိအထူးကုတွေနဲ့ကလေးရဲ့အမြင်အာရုံပိုင်းကို စစ်ဆေးသင့်ပါ တယ်။ မိဘတွေအနေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ဘာလို့သိပ်မထွားတာလဲ

မိဘတွေကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေချည်းဖြစ်စေချင်တာပဲပေါ့။ အကောင်းဆုံးအာဟာရတွေကျွေးမယ်၊ အကောင်းဆုံးအဝတ်အစားလေးတွေဝယ်ပေးမယ်၊ အကောင်းဆုံးကျောင်းမှာထားပေးမယ်။ ဒါပေမယ့် ရွယ်တူလေးတွေနဲ့ယှဉ်ရင် ကိုယ့်ကလေးက ထွားသင့်သလောက်မထွားဘူးလို့မြင်လာတဲ့အခါ စိတ်တွေမအေးနိုင်တော့ဘူးမဟုတ်လား။ ဒီလောက်ဂရုစိုက်ကြလျက်နဲ့ ဘာလို့ကလေးက ကြီးထွားဖို့နှေးနေရတာလဲလို့ အားမလိုအားမရတွေဖြစ်ကြရပါတယ်။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ ဘာတွေက သက်ရောက်မှုရှိနေလဲဆိုတော့ အများအားဖြင့် - မျိုးဗီဇနဲ့ဆိုင်တယ်။ စားသောက်ပုံအလေ့အထနဲ့ အာဟာရ ရရှိမှုကအရေးပါတယ်။ ဟော်မုန်းလုပ်ဆောင်ချက်တွေနဲ့ဆိုင်တယ်။ ရောဂါအခံ သို့မဟုတ် ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ဆိုင်တယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်းက တစ်ဦးနဲ့တစ်ဦးတော့မတူနိုင်ပါဘူး။ ဒါ့ကြောင့်အမြဲတမ်းတော့ တခြားရွယ်တူကလေးတွေနဲ့ ယှဉ်ကြည့်လို့မရပါဘူး။ဖေဖေမေမေတို့အနေနဲ့လုပ်နိုင်တာက ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ဖွံ့ဖြိုးမှုကို ပုံမှန်စောင့်ကြည့်ထားဖို့ပါပဲ။ ဒါမှ ကြီးထွားဖွံ့ဖြိုးမှုကရပ်နေသလား၊ ပုံမှန်တိုးတက်မှုရှိနေသလား သိနိုင်မှာပါ။ ကလေးက ထွားသင့်သလောက်မထွားဘဲ သူငယ်ချင်းတွေကြားမှာ လူကောင်သေးနေတယ်ဆိုရင် အသေးစိတ်အားဖြင့် ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးကို ကြီးထွားဖွံ့ဖြိုးမှုနှေးစေတဲ့အကြောင်းရင်းများ မျိုးဗီဇကြောင့်သာမဟုတ်ဘူးဆိုရင် ကလေးသိပ်မထွားတာ အဓိကအားဖြင့် နောက်ထပ်အကြောင်းရင်းသုံးမျိုးပဲရှိပါတယ် - စားသောက်မှုအာဟာရ၊ ပတ်ဝန်းကျင်ပံ့ပိုးမှုနဲ့ ကျန်းမာရေးပြဿနာအခံတို့ဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာအခံ ကလေးမှာ ကျန်းမာရေးပြဿနာရှိနေတာကြောင့်လည်း ဖွံ့ဖြိုးမှုကဖြစ်သင့်သလောက်ခရီးမရောက်တာလည်းရှိပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် ဘာရွေးမလဲ....အားဆေးလား...၊ ဖြည့်စွက်စာလား .....

ကိုယ့်ကလေးက အိပ်နေတာလေးကိုကြည့်ရင်းတောင် သနားလိုက်တာဆိုပြီးဖြစ်တတ်တာကမေတ္တာတရားကြီးမားတဲ့မေမေတို့မဟုတ်လား။ ကလေးကဆော့ရင်းမောလို့ အိပ်သွားရင်တောင်မှတော်တော်ပင်ပန်းနေလား မသိဘူး။ သနားပါတယ်ဆိုပြီးဖြစ်တတ်တယ်ဟုတ်။ ဒီခံစားချက်ကိုမေမေဖြစ်ဖူးသူတွေပဲနားလည်မှာပါနော်။ ဘယ်သူတွေဘယ်လောက်ချစ်ချစ် ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးတွေကို အချစ်ဆုံးက မိခင်တွေပါပဲ။မေမေဖြစ်လာရင် ကိုယ့်အတွက်ထက် သားသမီးအတွက် အရင်ဆုံးစဉ်းစားမိတယ်ဟုတ်။မေမေတို့စဉ်းစားမိတဲ့အချက်တွေထဲကတစ်ခုကို ဒီဆောင်းပါးလေးထဲမှာ တူတူဆွေးနွေးကြည့်ရအောင်နော်။ မေမေတို့စဉ်းစားမိတဲ့အချက်တွေထဲကတစ်ခု မေမေတွေက ကိုယ့်သားသမီးကို ဘယ်သူနဲ့ယှဉ်ယှဉ် မသာရင်တောင်အောက်မကျစေချင်တဲ့သူတွေပေါ့။ ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့လုပ်ပေးတဲ့ မေ့မထားသင့်တဲ့သူတွေကတော့ဖေဖေတို့ပေါ့။မေမေဖေဖေတို့က ကိုယ့်သားသမီးကို အမြဲ ကျန်းမာပျော်ရွှင်နေစေချင်သလို ကလေးက အခြားကလေးတွေနဲ့ယှဉ်လိုက်ရင် ညှက်နေမှာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်နော်။ ဒီအချိန်မှာမေမေတို့ ကလေးညှက်နေတာကိုဖြေရှင်းဖို့ စဉ်းစားမိနိုင်တဲ့ နည်းလမ်းတစ်ခုရှိနေတတ်ပါတယ်နော်။ ဒါကတော့ အားဆေးတိုက်ရင်ကောင်းမလားဆိုတာပါ။ ကလေးကို ထွားစေဖို့ဘာရွေးရမလဲ.......ဖြည့်စွက်စာလား......... အားဆေးလား ကလေးတစ်ယောက်က ပထမ ၆ လမှာမေမေ့နို့ချိုကနေ လိုအပ်တဲ့အာဟာရတွေကို အပြည့်အဝရရှိပါတယ်။ ၆ လနောက်ပိုင်းရောက်လာတဲ့အခါ လိုအပ်တဲ့ အာဟာရလိုအပ်ချက်ပြည့်မီဖို့မေမေ့နို့အပြင်ဖြည့်စွက်စာတွေကိုပါမှီခိုလာရပါတယ်။ ဒီအချိန်မှာ ကလေးကမေမေ့နို့ကိုလည်းသောက်မယ်။ဖြည့်စွက်စာကိုလည်းစားမယ်ဆိုပေမယ့် အပြောင်းအလဲမှာ မှန်းထားသလောက်တက်မလာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါက ကလေးကမကျန်းမာလို့ဖြစ်တာမဟုတ်ဘဲ အပြောင်းအလဲကြောင့်ဖြစ်တဲ့ […]


ကလေးငယ်အာဟာရ

ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်းပိုကောင်းအောင် ဘာတွေကျွေးမလဲ

ကလေးဆိုတာ မူကြိုတွေ၊ကျောင်းတွေမတက်ခင်မွေးကတည်းကစပြီး အရာရာစူးစမ်းလေ့လာတော့တာ။ အရင်ဆုံး သူ့မျက်စိရှေ့မှာမြင်ရတဲ့ မျက်နှာတွေကိုမှတ်မယ်၊နောက်ဘေးဝန်းကျင်ကိုစပ်စုမယ်။ ဘယ်သူတွေ ဘာတွေလုပ်လဲ၊ ဘယ်လိုလုပ်လဲအတုခိုးမယ်။ ကလေးတွေကို ဘယ်ခေါ်သွားသွား ပတ်လည်လှည့်ပြီးလျှောက်ကြည့်တတ်တာတွေ့ဖူးမှာပေါ့။ အဲဒါသူတို့ရဲ့လေ့လာသင်ယူနေတဲ့ ကြိုးပမ်းမှုတွေပါပဲ။မူကြိုကစကျောင်းစပို့ပြီဆို သူတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အရောင်တင်ပံ့ပိုးပေးတာဖြစ်လို့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကမြန်မြန်ဆန်ဆန်တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အရေးပါတဲ့အချက်တစ်ချက်ကိုမေမေတို့မေ့မထားသင့်ပါဘူး။ ကလေးရဲ့ဖွံ့ဖြိုးမှုတိုင်းမှာ အားဖြည့်ပေးမယ့် အာဟာရပဲဖြစ်ပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံကောင်းဖို့ အကျိုးပြုမယ့် အာဟာရဓာတ်တွေ သူတို့စားတဲ့အထဲ ပါဝင်နေမှဖြစ်ပါမယ်။ မဟုတ်ရင် ဘယ်လောက်ကောင်းတဲ့ကျောင်းမှာထားထား၊ ဘယ်လောက်ပဲ သင်ပေးပေး ကလေးရဲ့ လေ့လာနိုင်စွမ်းကကောင်းမလာနိုင်ပါဘူး။ဒီတော့ ကလေးတွေကို ဉာဏ်ပိုကောင်းစေဖို့အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေမေမေတို့ကျွေးပေးရင် ကွက်တိပဲပေါ့။ အဲဒီထဲမှာ ဘာတွေပါနိုင်လဲဆိုတော့ - ကြက်ဥ ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အာဟာရဓာတ်တွေက ကလေးကိုအာရုံစူးစိုက်မှုပိုကောင်းစေနိုင်ပါတယ်။ မကြာမကြာ ကြက်ဥပူတင်းလေးလုပ်ကျွေးမလား၊ ကြက်ဥပြုတ်ကျွေးမလားဒါမှမဟုတ် ပေါင်မုန့်ကြက်ဥကြော်ပေါ့။ ဒိန်ချဉ် အကျိုးပြုအဆီတွေကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အဆီမထုတ်ထားတဲ့ ဒိန်ချဉ်တွေဟာ ဦးနှောက်ဆဲလ်တွေကို အကြောင်းအရာသတင်းပေးပို့နိုင်စွမ်းနဲ့လက်ခံနိုင်စွမ်းပိုကောင်းအောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အချိုအရမ်းကြိုက်တဲ့ကလေး လျှော့စားဖြစ်အောင် ဘယ်လိုလုပ်ထိန်းရမလဲ

သကြားလုံးကြိုက်တယ်၊ ဂျယ်လီကြိုက်တယ်၊ အချိုရည်ကြိုက်တယ် ဆိုတာ ကလေးသဘာဝပါပဲ။ ကလေးတွေက လူကြီးတွေထက် အချိုပိုကြိုက်ကြပါတယ်။ ငိုနေရင်တောင် သကြားလုံးလေးပေးလိုက်ရင်ငြိမ်သွားတာမျိုး၊ အချိုရည်လေးတစ်ငုံပေးလိုက်ရင်ကျေနပ်နေသွားတာမျိုး၊ လက်ဆောင်ပေးလို့ သကြားလုံး၊ဂျယ်လီလေးတွေပေးရင်လည်း သိပ်သဘောကျ။ ဒါပေမယ့် ဒါတွေက များလာရင် ကလေးအတွက် အဆိပ်အတောက်ြဖစ်စေနိုင်တယ်ဆိုတာမေမေတို့ သိထားသင့်ပါတယ်။ အချိုစွဲလမ်းခြင်း အချိုစားတာများလွန်းရင် မစားရမနေနိုင်စွဲလမ်းတဲ့အဆင့်ကိုရောက်ပြီး လူရောစိတ်ပါ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ အချိုစွဲလမ်းခြင်းဆိုတာ အစားအသောက်စွဲလမ်းမှုတစ်မျိုးဖြစ်ပြီးဆေးစွဲသလိုကိုဖြစ်စေနိုင်ပါတယ်။ ကလေးက အချိုမစားရတာနဲ့ စိတ်အပြောင်းအလဲမြန်၊ စိတ်တိုစိတ်ဆတ်လာတာ၊ တုန်တုန်ရီရီဖြစ်တာ၊ တက်ကြွလှုပ်ရှားမှုလွန်ကဲတာ၊လေးကန်ထိုင်းမှိုင်းတာတွေဖြစ်လာနိုင်တယ်။ အချိုစားတာများရင် အဝလွန်ြခင်း၊ အာဟာရချို့တဲ့ခြင်း(အာဟာရဓါတ်တွေအလုံအလောက်မရနိုင်လို့)နဲ့ သွားပိုးစားခြင်းစတဲ့ ဆိုးကျိုးတွေကလည်းရှိတယ်။ ဒါ့ကြောင့် ဒီလိုအလွန်အကျွံစွဲလမ်းတဲ့အဆင့်ကို အရောက်မခံဘဲ ကလေးကို စားသောက်ပုံအမူအကျင့်အချိန်မီပြောင်းလဲပေးဖို့လိုပါတယ်။ အချိုလုံးဝမစားရဘူးဆိုတာတွေမလုပ်ဘဲ မေမေတို့ ဉာဏ်ကောင်းဖို့တော့လိုတာပေါ့နော်။ အချိုရည်တွေကို အိမ်မှာ အလွယ်တကူသောက်ဖို့ဝယ်မထားပါနဲ့ အိမ်မှာ အသင့်ရှိနေရင် ကလေးကတောင်းနေမှာ၊ တစွတ်စွတ်သောက်နေမှာသေချာတာပေါ့။ မတိုက်ရင်လည်းတော်တော်ဂျီကျမှာနော်။ ကိုယ်တိုင်ဖျော်တဲ့ အချိုလျှော့အသီးဖော်ျရည်ကို အချိုရည်ဘူးခွံ ဒါမှမဟုတ် လှတပတဘူးလေးတွေထဲထည့်ပါ။ ကလေးတွေသောက်လည်းဘေးမဖြစ်စေဘူး၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသာဖြစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ ကလေးဆိုတာကတော့ ငိုမှာပါပဲ။မွေးကင်းစကလေးငိုတာကရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။မွေးကင်းစကလေးတွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။ ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင် ညနေတိုင်းအချိန်မှန်ငိုနေတာကနေ့တိုင်းဖြစ်နေခဲ့ရင် တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျော်လောက်အထိငိုနေမယ်ဆိုရင် အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင် ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင် အခြားလက္ခဏာများ လက်သီးကို ဆုပ်ရင်းငိုနေရင် သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကျောင်းနေအရွယ် ကိုယ့်ကလေး လိင်အကြမ်းဖက်ခံခဲ့ရသလား ဘယ်လိုသိနိုင်မလဲ

ကျောင်းနေအရွယ်ကလေးတွေဟာ ဘာမှမသိသေးတဲ့ အဖြူရောင်လေးတွေပါ။ ဒီအဖြူရောင်လေးတွေကို ဘာတစ်ခုမှမစွန်းပေစေဘဲ အရွယ်ရောက်လာတဲ့အထိစောင့်ရှောက်ပျိုးထောင်ပေးရမှာဖေဖေမေမေတို့တာဝန်ပဲပေါ့။ အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊ အကောင်းဆုံးအာဟာရတွေကျွေးမွေး၊ အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမယ့် ကိုယ့်မျက်ကွယ်ရာ လွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်။ ဘယ်လိုပဲ အကောင်းဆုံးကျောင်းမှာထားတယ်ပဲဆိုဆို ကံကြမ္မာနဲ့ ခန့်မှန်းမရတဲ့အခြေအနေတချို့ရှိနိုင်တာမို့ ကလေးရဲ့အခြေအနေကို အမြဲတမ်းဂရုတစိုက်ရှိပေးကြပါနော်။ဖေဖေမေမေတို့အလုပ်ဘယ်လောက်ပဲများများ ကလေးတွေရဲ့ အပြုအမူ၊အနေအထိုင်လေးတွေကို အမှုမဲ့အမှတ်မဲ့ မထားပါနဲ့။ လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာ အဓမ္မကြံစည်တဲ့အကြမ်းဖက်မှုမှမဟုတ်ပါဘူး။ ညစ်ညမ်းတဲ့ပုံတွေနဲ့ဗီဒီယိုတွေပြတာ၊ ကလေးရှေ့မှာ မဖွယ်မရာလုပ်ပြတာ၊ ကလေးကို မဖွယ်မရာကိုင်တွယ်စေတာ၊ ကလေးရဲ့ဖုံးကွယ်အပ်တဲ့အစိတ်အပိုင်းတွေကို ထိတွေ့တာ၊ လိင်အင်္ဂါကို လက်နဲ့ထိုးသွင်းတာတွေအားလုံး လိင်စော်ကားမှု၊နှောင့်ယှက်မှုနဲ့အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် ကလေးက သားယောကျာ်းလေးပဲဖြစ်နေပါစေ သမီးလေးတွေလိုပဲ ဒီအန္တရာယ်အတွက် စိုးရိမ်ရပါလိမ့်မယ်။ ကလေးအများစုက မိဘတွေနဲ့ဆရာတွေကို ဒီလိုကိစ္စတွေပြန်ပြောပြဖို့ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်။ကြောက်ရွံ့စိတ်၊ရှက်ရွံ့စိတ်၊ ဘာဖြစ်ခဲ့မှန်းမသိတဲ့စိတ်တို့နဲ့ ဖုံးကွယ်နေပါလိမ့်မယ်။ ဒီလိုကြုံတွေ့ရတဲ့ကလေးတွေမှာတွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့အပြောင်းအလဲတွေအကြောင်းလေးမေမေတို့ကိုအကြံပြုချင်ပါတယ်။ အဓိကအားဖြင့် ကလေးမှာ အရင်ကနဲ့မတူတဲ့ပြောင်းလဲမှုတွေရှိလာတာကို သတိထားကြည့်နိုင်ပါတယ်။ အကျင့်စရိုက်လေးတွေပြောင်းလာတယ် ကလေးက ရုတ်တရက်ကြီး အရင်နဲ့မတူတော့တဲ့ပြုမူနေထိုင်မှုတွေရှိလာတယ်။ ဥပမာ အရင်က တက်ကြွသွက်လက်နေတဲ့ကလေးက စိုးရိမ်သလို၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ တုပ်ကွေးဖြစ်တဲ့အခါ ဘယ်လိုဂရုစိုက်ပေးမလဲ

နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။ တုပ်ကွေးမိရင် ဘယ်လိုလက္ခဏာတွေပြမလဲ။ တုပ်ကွေးမိတဲ့အခါမှာ ကလေးငယ်က အဖျားရှိမယ်။ ချမ်းတုန်နေမယ်။ ချောင်းခြောက်ဆိုးမယ်။ နှာစေးမယ်။ နှာရည်ယိုမယ်။ ကိုယ်တွေလက်တွေကိုက်ခဲတာကြောင့် အီနေမယ် ဂျီကျနေမယ်။ အော့အန်မယ်။ ဝမ်းလျှောမယ်။ ကလေးက အသက်နည်းနည်းရလာပြီဆိုရင်တော့ သူခံစားနေရတာတွေကို ပြောပြနိုင်လိမ့်မယ်။ အရမ်းငယ်တဲ့ကလေးဆိုရင်တော့ အဖေအမေတွေက သတိထားပြီး စောင့်ကြည့်မှသိနိုင်လိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းကတော့ အဖျားတိုင်းကြည့်ဖို့ပါ။ ကလေးတွေအတွက်က ဒစ်ဂျစ်တယ်သာမိုမီတာဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။ အိမ်မှာ ဘယ်လိုပြုစုပေးနိုင်မလဲ။ စိုးရိမ်စရာကောင်းတဲ့လက္ခဏာတွေမရှိရင် တုပ်ကွေးကို အိမ်မှာပြုစုပေးလို့ရပါတယ်။ ၁။ အဖျားပျောက်ဆေးတိုက်ပါ။ တုပ်ကွေးကြောင့်ဖြစ်တဲ့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာတွေအတွက် acetaminophen ပါတဲ့ဆေးဝါးတွေကို တိုက်ကျွေးနိုင်ပါတယ်။ ကလေးက ငယ်ရွယ်ပြီး ဆေးအတောင့်ကို မသောက်နိုင်ဘူးဆိုရင် အရည်ကိုတိုက်ရပါမယ်။ တုပ်ကွေးရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနဲ့ပတ်သက်တဲ့ မိဘတွေရဲ့အမြင်မှား (၇) ခု

ဒီလိုကိစ္စမျိုးဆိုတာ ဘယ်သူမှမကြုံချင်ကြပါဘူး။ သတင်းတွေမှာ ဖတ်ရတာ၊ကြားရတာနဲ့တင် ရင်နာရတဲ့ ကိစ္စမျိုးပါပဲ။ အရွယ်မရောက်သေးတဲ့ကလေးတွေကိုမှ အနိုင်ကျင့်ချင်၊စော်ကားချင်တာ လူမဆန်တဲ့လုပ်ရပ်မို့ လူတိုင်းရွံမုန်းကြပါတယ်။ ဒါပေမယ့် ဒီခံစားချက်လောက်နဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်းအရေးကြီးတာက ကိုယ့်သားသမီးတွေကို ဒီအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုးစားကြဖို့ပါ။ ဒီလိုဖြစ်လာမှာကြောက်တာပဲသိတယ်၊ ဘယ်လိုကာကွယ်ရမှန်းမသိဖြစ်နေတာ၊ အသိအမြင်မှားတွေရှိနေတာက တကယ်ကိုဆိုးပါတယ်။ ဒါ့ကြောင့် ခုချိန်ကစပြီး လေ့လာကြဖို့၊ စာဖတ်ကြဖို့ သတိပေးရင်းနဲ့ မိဘတွေအတွေးမှာ အဖြစ်များတဲ့ အသိအမြင်မှားတွေအကြောင်းပြောပြလိုက်ပါတယ်။ (၁) ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုဆိုတာဖြစ်ခဲတယ် ကလေးကအရွယ်မှမရောက်သေးတာ စိတ်ပူဖို့မလိုပါဘူး။ ဒီအရွယ်လေးကို ဘယ်သူကဘာလုပ်မှာလဲလို့ မတွေးလိုက်ပါနဲ့။ အဖြစ်မနည်းပါဘူးနော်။ ဒီလိုအမှုအများစုက လူသိရှင်ကြားမဖြစ်ဘဲ တိုးတိုးတိတ်တိတ်ပြီးဆုံးသွားတာများလို့ ကမ္ဘာမှာအရေအတွက်အတိအကျရေတွက်ရခက်ခဲပါတယ်။ အမေရိကန်နိုင်ငံမှာဆို တစ်နှ်စ်ကို လိင်ပိုင်းစော်ကားခံရတဲ့ကလေး ၁ သိန်းကနေ ၅ သိန်းအတွင်းရှိပါတယ်။ (၂) ဒီလိုကိစ္စတွေအကြောင်း ကလေးကို အသိပညာပေးဖို့မလိုသေးဘူး။ ကလေးတွေကို သိတတ်တဲ့အရွယ်လောက်ဆို ကိုယ့်အန္တရာယ်ကာကွယ်နိုင်အောင် နည်းနည်းချင်းအသိပညာပေးထားသင့်ပါတယ်။ ကိုယ့်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း