ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးငယ်လေးကို နွားနို့တိုက် ကျွေးခြင်း

အရိုးနဲ့ သွားတွေသန်မာအောင် နွားနို့သောက်ပါဆိုတာက သိပ်စိမ်းလှတဲ့ စကားတစ်ရပ်တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက နွားနို့ကို ကြိုက်လို့ဖြစ်ဖြစ်၊မေမေက တိုက်လို့ဖြစ်ဖြစ် သောက်ခဲ့ကြပါတယ်။ သောက်သာသောက်ခဲ့တယ်။ သေချာမသိတာကြောင့် ကလေးကို နွားနို့တိုက် ချင်ပေမယ့် ဘာတွေအကျိုးရှိမလဲ သိချင်နေတဲ့ မေမေတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်ပါနော်။ နွားနို့တစ်ခွက်ရဲ့ အာဟာရ နွားနို့တစ်ခွက်စာမှာ အခုလိုအာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဆီဓာတ် ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ကယ်လ်ဆီယမ် ဗီတာမင် ဒီ ဖော့စဖောရပ်စ် ရေဓာတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဗီတာမင် အေ ဗီတာမင် B2 Niacin တို့ ပါဝင်နေပါတယ်။ ကလေးငယ်လေးကို နွားနို့တိုက် ခြင်း နွားနို့သောက်တာက ဘေဘီလေးအတွက် အကျိုးကျေးဇူးတော်တော်များတာပါ။ အရိုးနဲ့ သွားတွေကို သန်မာစေရုံတင်မကပဲ ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ ထောက်ပံ့ပေးပါတယ်။ ဘေဘီလေးကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်အရွယ် လေဒီလေးတစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ ။ ။

ဆယ်ကျော်သက်အရွယ် ဆိုတာ ကလေးတစ်ယောက်ဘဝကနေ လူကြီးတစ်ယောက်ဖြစ်ဖို့ အစပျိုး ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေ အများကြီး တွေ့ကြုံရမယ့် ကာလပါ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အပြင် အသက်ကလေးရလာတော့ အပေါင်းအသင်းလေးလည်း များလာ၊ ပတ်ဝန်းကျင်ကလည်း ဂရုစိုက်တာ များလာတော့ အရင်ကလေးတုန်းကနဲ့ မတူတော့တာ အမှန်ပါ။ ဒီတော့ ဆယ်ကျော်သက်အရွယ်လေးရောက်လာပြီဆို ဘယ်လိုပြောင်းလဲမှုလေးတွေ ကြုံတွေ့ရမှာလဲ။ မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတ၊ သိပြီးသားသူတွေအတွက်တော့ ခုပြောမယ့်အကြောင်းလေးတွေကို စမြုံ့ပြန်လို့ရတာပေါ့။ ငါတို့တုန်းက ဒီလိုတွေ ကြုံဖူးခဲ့တာ ဘာညာပေါ့။ ဆယ်ကျော်သက်အရွယ် လေဒီလေးတစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ။ ဆယ်ကျော်သက်အရွယ်လေးတွေ ကြုံတွေ့ရတာ အများစုက အပျိုဖော်ဝင်တာနဲ့ သက်ဆိုင်နေပါတယ်။ အပျိုဖော်ဝင်တယ်ဆိုတာ ကလေးဘဝကနေ လူကြီးဘဝကို ပြောင်းလဲစေတဲ့ ကြားထဲက အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။ အပျိုဖော်ဝင်လာပြီဆိုတာနဲ့ ကိုယ်ခန္ဓာမှာ ဘာတွေ ပြောင်းလဲလာမှာလဲ။ အရပ်လေးတွေ ရှည်လာမယ် […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးရဲ့ BMI

ဘေဘီလေးရဲ့ BMI ဘေဘီလေးတွေက အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးမွေးဖွားလာပြီး အရွယ်ရောက်လာတဲ့အမျှမေမေဂရုစိုက်မှုအပေါ်မှာလိုက်လို့ ကိုယ်အလေးချိန်ပြောင်းလဲနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ကလေးပေါင်ပြည့်ရဲ့လား၊ အဝများလွန်နေလားဆိုတဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးရဲ့ BMI နဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ မွေးကင်းစ ကလေးတစ်ယောက်ရှိသင့်တဲ့ပေါင်ချိန် ကလေးလေးတွေကမွေးစအရွယ်မှာ တစ်ယောက်နဲ့တစ်ယောက်ကိုယ်အလေးချိန်မတူနိုင်ပါဘူး။ လမစေ့ဘဲမွေးဖွားတာကြောင့်ပေါင်မပြည့်တာမျိုးဖြစ်နိုင်သလို မိခင်ကရောဂါတစ်ခုခုရှိနေတာကြောင့် ကလေးကပေါင်မပြည့်တာ၊ ရှိသင့်တဲ့ပေါင်ချိန်ထက်များနေတာမျိုးဖြစ်နိုင်ပါတယ်။ နေ့စေ့လစေ့မွေးဖွားထားတဲ့ မွေးကင်းစကလေးတစ်ယောက်ဟာ ကိုယ်အလေးချိန် ၅ပေါင် ၈အောင်စ ကနေ ၈ပေါင် ၁၃အောင်စအတွင်းရှိနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်က အခုလောက်ထိသက်ရောက်မှုရှိပါတယ် ကလေးတစ်ယောက်ကောင်းမွန်စွာ ကြီးပြင်းလာလားဆိုတာကို အဓိက ဆုံးဖြတ်ပေးတဲ့အရာက ကိုယ်အလေးချိန်နဲ့ အရပ်ပါ။ ဦးခေါင်းအရွယ်အစားကလည်း ကလေးကျန်းမာရဲ့လားဆိုတာကိုညွှန်ပြပေးနေတဲ့ အရာတစ်ခုပေါ့။ ကလေးတစ်ယောက်ကျန်းမာမှုကို သိချင်ရင် သူ့ရဲ့ကိုယ်အလေးချိန်တက်လာလား၊ အရပ်ရှည်လာလားဆိုတာကို ဆန်းစစ်ရပါမယ်။ ကလေးတွေမှာဆိုရင်လည်း မိခင်နို့သောက်တဲ့ ကလေးနဲ့ နို့မှုန့်သောက်တဲ့ ကလေးက ကြီးထွားမှုချင်းမတူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်ကိုသေချာလေးသိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။ ဘေဘီလေးရဲ့ BMI ဆိုတာဘာလဲ လအလိုက်ရှိသင့်တဲ့ကိုယ်အလေးချိန် မွေးကင်းစ သားသားလေးတွေက ၇.၈ပေါင်၊ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

အပျိုဖော်ဝင်စ သမီးလေးကို ဒါတွေကျွေးပါ

အပျိုဖော်ဝင်လာတဲ့ သမီးငယ်လေးကို အကောင်းမွန်ဆုံး ကျွေးမွေးဖို့က မေမေတစ်ယောက် မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်တစ်ခုပါ။ ဒီတာဝန်ကို မေမေက အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မှ သမီးလေးက ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါနော်။ ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ သမီးလေးကို အပျိုဖော်ဝင်စ အချိန်မှာ ကြီးထွားဖွံ့ဖြိုးလှပတဲ့ သမီးလေးအဖြစ်ကြီးပြင်းလာစေဖို့မေမေတို့အနေနဲ့ ဘယ်လိုမျိုးကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။ အပျိုဖော်ဝင်တယ်ဆိုတာ အပျိုဖော်ဝင်တယ်ဆိုတာက ကလေးတစ်ယောက်ရဲ့ အရွယ်ရောက်ပြောင်းလဲမှုပါ။ ဒီအချိန်က အလျင်အမြန်ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်ဖြစ်တာကြောင့် အာဟာရလိုအပ်ချက်ကလည်း ပုံမှန်ထက်ပိုများနိုင်ပါတယ်။ ဒီအချိန်မှာ ကလေးက ခန္ဓာကိုယ် အခြေအနေ၊ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မှုတွေကအစ အရာရာ စတင်ပြောင်းလဲနေတာပါ။ ကြီးထွားဖွံ့ဖြိုးလာပြီး ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်စုံအောင်ကျွေးမွေးနိုင်မှလည်း ကလေးက ရွယ်တူတွေထဲမှာ ညှက်နေတာမျိုး မဖြစ်မှာပါ။ ကိုယ့်ရဲ့ သမီးလေးကို လှပကြော့ရှင်းတဲ့ လေဒီလေးဖြစ်အောင် အကောင်းဆုံး ပုံသွင်းပေးနိုင်မယ့် အချိန်ဆိုလည် မမှားပါဘူး။ အပျိုဖော်ဝင်စ သမီးလေးကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။

မိခင်တစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ရင်သွေးလေးရဲ့ အနာဂတ်လှပအောင်ကို ဘယ်လို သေချာပြုစုပျိုးထောင်ပေးရမလဲဆိုတဲ့ အကြောင်းတွေးပြီး ပူပန်တတ်ကြသူချည်းပါပဲ။ သမီးမိန်းကလေး မွေးထားတဲ့ မေမေတွေဆို ပိုဆိုးတာပေါ့။ သမီးမိန်းကလေးတွေကို ပျိုးထောင်တယ်ဆိုတာ နှင်းဆီပန်းလေး တစ်ပင် ယုယုယယကို စိုက်ပျိုးရတာနဲ့တူပါတယ်။ ပန်းတိုင်းအလယ် တင့်တယ်တဲ့ နှင်းဆီပန်းလေးတစ်ပင်ဖြစ်ဖို့အတွက် နှင်းဆီပန်းလေး ထွားလာအောင် မြေသြဇာကျွေးရတယ်။ တစ်စ တစ်စ ဖူးပွင့်လာအောင် ရေလောင်းပေးရတယ်။ အခြား ပိုးကောင်တွေ ရန်ကနေလည်း ကာကွယ်ပေးရပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။ ဒီလိုပါပဲ ကျန်းမာပျော်ရွင်ထက်မြက်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့အတွက် လိုအပ်တဲ့ အချက်တွေရှိပါတယ်။ ဒါတွေကို မေမေတို့သိထားဖို့လိုတယ်လေနော်။ ကျန်းမာရေးအတွက် အာဟာရသည်သာ နံပါတ်တစ်ပါ ။ ။ ဖူးပွင့်စ ဆယ်ကျော်သက် သမီးမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက အရာရာ ပြောင်းလဲစပြုနေတဲ့အချိန်၊ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်အရွယ် သမီးငယ်ကို ယုံကြည်ချက်ရှိတဲ့ လေဒီလေးဖြစ်လာအောင် ဒီလိုပျိုးထောင်ပါ

မေမေ ဆိုတဲ့ စကားလေးနှစ်လုံးက အဓိပ္ပာယ်လေးနက်သလို မေမေတစ်ယောက် ပခုံးမှာထမ်းထားရတဲ့ တာဝန်တွေကလည်းလေးလံလွန်းပါတယ်။ မိခင်တစ်ယောက်ဖြစ်ရတာ တကယ်တော့ ခက်ခဲပင်ပန်းပါတယ်။ ကိုယ့်သားသမီးလေးတွေ အကောင်းဆုံး ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့ တာဝန်အရှိဆုံးသူမို့ အရာရာကို အချိန်ပြည့်တွေးပူနေရသူဆိုလည်း မမှားပါဘူး။ ကိုးလလွယ်ဆယ်လဖွားပြီးလို့ ဝန်ပေါ့သွားပြီမထင်နဲ့။ ကောင်းမွန်စွာ အရွယ်ရောက်ကြီးပြင်းလာဖို့ အရိပ်တကြည့်ကြည့် ပျိုးထောင်ရတာက အလုပ်ခွင်ဝင်တဲ့အထိပါပဲ။ တစ်ခါတလေများ မတော်ရင် 'မေမေရယ် သမီးကို ဘာလို့ သူများတွေလို လှလှလေးဖြစ်အောင်မွေးမထားလဲ' ဆိုပြီး မေးခံရတာက ကြုံရနိုင်သေးတယ်နော်။ လူဆိုတာက အရွယ်ရောက်လာလေလေ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်နယ်ပယ်က ကျယ်လာလေလေပါ။ ဒီလိုဆက်ဆံရတဲ့ ပတ်ဝန်းကျင်ကျယ်ပြန့်လာမယ့် ကိုယ့်ရဲ့ ဆယ်ကျော်သက်သမီးလေးကို လူအများအလယ်မှာ ယုံကြည်မှုရှိတဲ့ လေဒီတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့ကရော ဘယ်သူ့မှာများတာဝန်ရှိမလဲ။ မေးနေစရာမလိုအောင် အားလုံးက တာဝန်ရှိတယ်လို့ သတ်မှတ်ထားမယ့် သူက မေမေပါ။ သမီးလေးကို အားငယ်စိတ်ကင်းတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်သတိမထားမိတဲ့ ဒီ အရာတွေက သင့်ကလေးအသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

နုနုနယ်နယ် ကလေးတွေရဲ့ အသားအရေဆိုတာ အရမ်းကို ဂရုစိုက်ရတဲ့ အရာတစ်ခုပါ။ သူတို့ကလည်း ဘယ်လိုတွေ ခံစားနေရလဲဆိုတာ မပြောတတ်တော့ မေမေတို့ကပဲ သေချာ ဂရုတစိုက် ကြည့်ရှုရမှာပါ။ ဒီတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေကို သိထားဖို့လိုလာပြီပေါ့ ။ ကလေးတွေရဲ့ အရေပြားကိုပြဿနာဖြစ်စေတာကလည်း ကလေးပတ်ဝန်းကျင်မှာရှိနေတဲ့ ပစ္စည်းတွေပဲဖြစ်တာကြောင့် ဘယ်လို ပစ္စည်းတွေက ကလေးအရေပြားကိုပြဿာနာဖြစ်စေလဲဆိုတာ ကြည့်ရအောင် ။ ။ နေလောင်ကာ လိမ်းဆေးနဲ့ ကလေးအရေပြား ။ ။ နေရောင်ထဲသွားရင် နေလောင်ကာလိမ်းဆေး လိမ်းဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးတွေ အတွက်ကျတော့ နေလောက်ကာလိမ်းဆေးတွေက ဓါတ်မတည့်ြခင်းတွေဖြစ်စေနိုင်လို့ အရေပြားပေါ် အနီကွက်ထတာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် နေလောင်ကာလိမ်းဆေးတွေဝယ်တဲ့အခါ para-aminobenzoic acid (PABA) မပါတာကို ရွေးချယ်ဝယ်ဖို့လိုပါတယ်။ အသက် ၆လကျော်တဲ့ကလေးတွေအတွက်တော့ para-aminobenzoic […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးပြီး သိပ်မကြာခင် ကလေးအသားတွေ ဝါနေပြီလား။ ဒါလေးတွေသိထားဖို့လိုတယ်နော်။ ။

မေမေတို့ အားလုံးသိကြမှာပါ။ ကိုယ့်ကလေးက မနေ့ကမှ မွေးတယ် ဒီနေ့ အသားဝါနေတယ်ဆိုတာမျိုးတွေ။ ကလေးအသားလေးက ပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင်တော့ သေချာပါတယ်။ သင့်ကလေးမှာ jaundice လို့ခေါ်တဲ့ အသားဝါတဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါက ကလေးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဖြစ်နေတော့ အချိန်မီကုသလိုက်ရင် ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သူ့ဘာသာပြန်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆနေလိုက်လို့ကတော့ ကလးအသားဝါတဲ့ပြဿနာကနေ ကလေးညဏ်ရည်မမှီတော့တဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။ အသားလေးဝါတာ ဒီလောက်တောင်ပြင်းထန်တတ်လား။ အဲဒီမေးခွန်းရဲ့ အဖြေကို သိဖို့ ဒါလေးကိုဖတ်ကြည့်စေချင်ပါတယ် ။ Jaundice ( အသားဝါ) တယ်ဆိုတာဘာလဲ။ ။ ဆေးပညာမှာခေါ်တဲ့ Jaundice ဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလို အသားဝါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာ bilirubin တွေများနေတာကြောင့်ပဲဖြစ်ပါတယ်။ Bilirubin ဆိုတာဘာလဲ ။ ။ ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့သွေးနီဥဆဲလ်လေးတွေက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီပေါက်စအရွယ်မှာ ဘာလို့ဆံပင်ကျွတ်တာလဲ၊ ဘာလုပ်ပေးရမလဲ

အိမ်ကဘေဘီပေါက်စလေးက ဆံပင်တွေကျွတ်နေတယ်။ ဒီလိုပဲဖြစ်တတ်လား။ ဟုတ်ပါတယ်။ ကလေးတွေကမွေးပြီး ၆ လအတွင်းမှာ ဆံပင်ကျွတ်လေ့ရှိပါတယ်။မွေးဆံပင်ပါလာတယ်ဆိုရင် ၂ လကနေ ၆ လလောက် အတွင်းမှာ စပြီးဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ၆ လကျော် နောက်ပိုင်းကျရင်တော့ဆံပင်တွေပြန်ပေါက်မှာပါ။ ကလေးတွေမှာပုံမှန်ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းကို "telogen effluvium" လို့ခေါ်ပါတယ်။ "telogen effluvium" ဆိုတာဟော်မုန်းတွေကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်စဉ်တည်းက ကလေးရဲ့ကိုယ်ထဲမှာ မိခင်ရဲ့ဟော်မုန်းတွေအများကြီးရှိနေခဲ့တာပါ။မွေးဖွားပြီးနောက်မှာ အဲဒီဟော်မုန်းပမာဏက စတင်လျော့နည်းလာပါတယ်။ ဒါ့ကြောင့် ကလေးမှာ ဆံပင်ကျွတ်ခြင်း ခဏတော့ဖြစ်လာတာ သဘာဝပါ။ တကယ်လို့ဘေဘီမှာcradle cap လို့ခေါ်တဲ့ ဦးရေပြားပြဿနာဖြစ်နေတယ်ဆိုရင် ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဒါလည်းဆံပင်အတွက် စိုးရိမ်ဖို့မလိုသေးပါဘူး။ ထိုက်သင့်ကုသဂရုစိုက်မှုပေးပြီးရင် အချိန်တန်တော့ ပြန်ပေါက်မှာပါပဲ။ ဘေဘီဦးခေါင်းမှာတော့ ဆံပင်လေးအကွက်လိုက်ပါးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်အသစ်တွေတဖြည်းဖြည်းပြန်ပေါက်လာမှာပါ။ပြန်ပေါက်လာရင်တော့ အရင်ကထက် အရောင်လေးနည်းနည်းဖျော့နိုင်တယ်။ ဒါပေမယ့် ပိုထူပြီးပိုသန်လာမှာကို သတိထားမိပါလိမ့်မယ်။ မေမေတို့ဘက်က ဘာလုပ်ပေးရမလဲ ဟော်မုန်းကြောင့် ကလေးပေါက်စ ဆံပင်ကျွတ်တာအတွက် ဘာမှလုပ်ပေးလို့မရပါဘူး။ တခြားရောဂါပြဿနာတွေကြောင့် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းပြန်တက်မယ့် ကလေးအတွက်ဘယ်လိုပြင်ဆင်ကြမလဲ

မိုးလေးစရွာတာနဲ့အတူ သားသားမီးမီးတွေ ကျောင်းပြန်တက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျောင်းတက်ဖို့ တက်ကြွနေမယ့် သားသားမီးမီးတွေရှိနေနိုင်သလို ဖေဖေမေမေကိုမခွဲနိုင်ပါဘူးဆိုပြီး ကျောင်းမတက်ချင်လို့ ငိုမယ့် သားသားမီးမီး တွေလည်းရှိမှာပါ။ ကျောင်းတက်ချင်တဲ့ကလေးကို ကျောင်းပို့ရတာမခက်ပေမယ့် ကျောင်း မတက်ချင်ပါဘူးဆိုတဲ့ သားသားမီးမီးတွေကိုကျောင်းပို့ဖို့ကျ မေမေတို့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခက်ခဲနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ကလေးကိုကျောင်းပို့တော့မယ်ဆိုရင် စိတ်အပူဆုံးဖြစ်မယ့် မေမေတို့အတွက် နည်းလမ်းကောင်းလေးအချို့ ကိုယ်ချစ်ရတဲ့ ကိုယ်ပွားလေးတွေကို ကျောင်းပြန်တက်ဖို့ဆိုရင် အရင်ဆုံးက ကျောင်းတက်ချင်စိတ်ဖြစ်အောင်လှုံ့ဆော်ရမှာပါ။ အကြောင်းကတော့ ကျောင်းတက်ရတာက တစ်ရက်နှစ်ရက်အလုပ်မဟုတ်လို့ပါပဲ။ တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုးကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့လိုမှာပါ။ ဒီတော့ ကျောင်းတက်ရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကလေးကို ဒါလေးတွေပြင်ဆင်ပေးပါနော်။ အဝတ်အစား ကလေးကို အရင်နှစ်ကအဝတ်အစားတွေပဲ ပြန်ပေးမဝတ်ပါနဲ့။ အသစ်တစ်စုံနှစ်စုံလောက်ချုပ်ပေးပါ။ သူ့စိတ်ကြိုက်ဖြစ်မယ့် အဝတ်အစားလေးတွေ ဝယ်ပေးပါ။ ကလေးကို အဝတ်အစားဝယ်ပေးတဲ့အခါ ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းစေဖို့အတွက် လုံခြုံမှုရှိတဲ့ အဝတ်အစားလေးတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း