ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ

ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေ တင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊ နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။ တုပ်ကွေး ရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။ အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်နိုင်ခြေ မြင့်တဲ့အပြင် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ

မိဘဆိုတာမျိုးက ကိုယ့်ကလေး ဖျားပြီနာပြီဟေ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ပူပင်သောကများပြီး စိုးရိမ်တတ်ကြတာ ဓမ္မတာပါပဲ။ သားသားမီးမီးတို့ ဖျားပြီ နာပြီဆိုရင် စနစ်တကျ ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။ ခုကာလက ရာသီအကူးအပြာင်းကာလဖြစ်တာမို့ တုပ်ကွေးတွေ သောင်းကျန်းတဲ့ကာလဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါကပ်ဘေးကလည်း သောင်းကျန်းနေတဲ့ကာလဖြစ်တာမို့ တွေးပူစရာတွေကတော့ အများသားရယ်ပါ။ ဒီလိုကာလမျိုးမှာလည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားတာနာတာ၊ ကိုယ်လက်ကိုက်ခဲ့တာစသဖြင့် ရောဂါလက္ခဏာတွေ ပြသနေရင်တောင်မှ တုပ်ကွေးလား၊ ရိုးရိုးဖျားတာလား၊ ကိုဗစ်များလားဆိုပြီး တွေးပူနေရပါလိမ့်မယ်။ ခုချိန်မှာ ရင်သွေးဖျားပြီ နာပြီဆိုရင် စိုးရိမ်သောကများမနေပဲ နည်းမှန်လမ်းမှန်နဲ့ ရင်သွေးကို ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ COVID-19 ဖြစ်နေမယ်ဆိုရင်တောင်မှ ရောဂါလက္ခဏာမပြင်းထန်ရင် နေအိမ်မှာပဲ Home Q ဝင်ပြီး ကုစားရမှာဖြစ်သလို တုပ်ကွေးဆိုရင်လည်း ခုချိန်မှာ ဆေးခန်းပြသဖို့ အတန်ငယ်ခက်ခဲနေနိုင်တာမို့ ကိုယ်တိုင်ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းက အကောင်းဆုံးလို့ ဆိုရမလိုပါပဲ။ အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သာမိုမီတာ နဲ့တိုင်းလိုက်လို့ အပူချိန်ဘယ်လောက်ဆို ကလေးအဖျားကြီးတယ်လို့ သတ်မှတ်မလဲ

အိမ်တိုင်းမှာ အပူချိန်တိုင်းဖို့ သာမိုမီတာ တစ်ချောင်းလောက် ဆောင်ထားတတ်ကြပါတယ်။ သာမိုမီတာက ကြီးကြီးငယ်ငယ် ကျားမမရွေး အကုန်လုံးရဲ့ ကိုယ်ပူချိန်ကို ပြောပြပေးနိုင်တယ်လေ။ လူကြီးတွေ ဆိုရင်တော့ ကိုယ်ပူနေရင် သိသာပြီး သာမိုမီတာတိုင်းလိုက်ရုံနဲ့ သိပေးမယ့် စကားမပြောတတ်သေး၊ ဘာဖြစ်နေလဲဆိုတာကို သေသေချာချာ မပြောတတ်သေးတဲ့ ကလေးတွေ အတွက်ကတော့ သာမိုမီတာ ဖော်ပြတဲ့ ကိုယ်ပူချိန်ကသာ သင့်ကလေး အခြေအနေကို ပြောပြနိုင်မှာပါ။ ဒါ့ကြောင့် ကိုယ့်ကလေးကိုယ်က အပူချိန်မြင့်နေလား၊ သာမန်ပဲလားဆိုတာကို သိထားမှ အဖျားကြီးတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကလေးဆီမှာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရမှာလေ။ ဒါဆို သာမိုမီတာဖော်ပြတဲ့ အပူချိန် ဘယ်လောက်ဆိုရင် ကလေးတွေမှာ ကိုယ်ပူနေတယ်၊ အဖျားကြီးနေတယ်လို့ သတ်မှတ်သလဲ။ ဒါတွေကို မပြောခင် သာမိုမီတာ ဘယ်နှစ်မျိုးရှိလဲဆိုတာကို ကြည့်ရအောင်။  အရင်တုန်းကတော့ ပြဒါးထည့်ထားတဲ့ သာမိုမီတာလောက်သာ ရှိခဲ့မေမယ့် ခုနောက်ပိုင်းမှာတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

မေမေတွေ ဖေဖေတွေဆိုတာ တင်စားကြည့်မယ်ဆိုရင် ထူးချွန်ထက်မြက်ပြီး အရာရာပြည့်စုံတဲ့ ကလေးတွေနေထိုင်ရာကျွန်းတစ်ခုပေါ် မိမိသားသမီး ရောက်ရှိသွားဖို့၊ ဘေးမချော်ဘဲ တည့်တည့်မတ်မတ်ကျရောက်ဖို့ ထိန်းကျောင်းပေးနေရတဲ့ လေထီးတစ်ခုလိုပါပဲ။ ဒီလို တည့်တည့်မတ်မတ် ဘဝပန်းတိုင်ကို ရောက်ရှိဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ မေမေတို့ ဖေဖေတို့ကို အကြံပြုပါရစေနော်။ နံပါတ်တစ်က အာဟာရ ရှင်သန်မှုအတွက် အာဟာရက မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာထက်မြက်မှုအတွက်ဆိုရင် အာဟာရ ပြည့်ဝလုံလောက်မှုက အဓိကပါ။ ဒီတော့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကို လုံလောက်တဲ့ အာဟာရ ပြည့်ဝစေဖို့ဆိုရင် သူတို့လေးတွေရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အကျိုးပြုဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယားအာဟာရ၊ အမျှင်ဓာတ်၊ DHA၊ ရေဓာတ် စတာတွေ ပြည့်ဝအောင် ပြင်ဆင်ပေးမိဖို့ လိုပါမယ်။ ဒီ အာဟာရတွေပြည့်ဝစေဖို့ဆိုရင် ကလေးကို အဆီ နဲ့ အရေခွံမပါတဲ့ အသား၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘယ်သူသိမလဲ ကလေးတွေလည်း စိတ်ဖိစီးမှုရှိနေနိုင်တယ်ဆိုတာ

စိတ်ဖိစီးမှုဆိုတာ လူကြီးတွေမှ  ခံစားတတ်တဲ့ အရာမဟုတ်ပါဘူး။ ဘာမှမလုပ်ရ၊ အိမ်ကနေ ကျွေးတာစား၊ အချိန်တန်ရင်အိပ် သက်သောင့်သက်သာနေရတဲ့ ကလေးတွေက  စိတ်ဖိစီးစရာ ဘာရှိနိုင်မှာလဲလို့ တွေးစရာရှိတတ်ပါတယ်။ ဒီလိုသာဆို ပိုက်ဆံတွေ အများကြီး ချမ်းသာတဲ့ သူဌေးတွေလည်း ဘယ်စိတ်ညစ်စရာ ရှိပါ့မလဲ။ စိတ်ဖိစီးမှုဆိုတာ ကိုယ့်စိတ်ထဲမှာ ထင်သလိုဖြစ်မလာတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ပဲမို့လို့ ကလေးတွေလည်း သူဖြစ်ချင်တာ မဖြစ်ရတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။ ကလေးတွေက စိတ်ဖိစီးတတ်လို့လား ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတကြလေရဲ့။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လား။ လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ သူ့အထွာနဲ့သူ ရှိခဲ့ကြမှာပါ။ ဒါ့ကြောင့် ကလေးပဲ ဘာမှမသိပါဘူး၊ ဖြစ်ပြီးရင်မေ့သွားလိမ့်မယ်၊ ကလေးတွေက အေးဆေးပဲ လို့ သူတို့ရဲ့ခံစားချက်တွေကို ပေါ့ပေါ့မတွေးသင့်ပါဘူး။ ဥပမာ "နောက်တစ်ခါစကားနားမထောင်ရင် မေမေထွက်သွားမှာနော်"ဆိုတာမျိုး ကိုယ်က ဘာရယ်မဟုတ်ပြောမိလိုက်တဲ့စကားအတွက် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ

မုန်လာဥနီ က ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပါတယ်။ ဒီအကျိုးကျေးဇူးများတဲ့ မုန်လာဥနီကို ဘေဘီလေး ကျန်းမာစေဖို့ ကျွေးလို့ ရမလား။ ကျွေးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလား။ ဘေဘီလေးကိုရော ထိခိုက်စေနိုင်လားဆိုတာကို သိချင်နေတဲ့ မေမေတွေများ ရှိမလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ သိချင်နေတဲ့အကြောင်းအရာလေးကို သေသေချာချာလေး ​ပြောပြပေးနိုင်မှာပါ။ ကဲ ..... မုန်လာဥနီလေးက ဘေဘီလေး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီလေးက ဘယ်အရွယ်ဆို မုန်လာဥနီ စားလို့ ရပြီလဲ ........ ဘေဘီလေးတွေက အသက် ၆ လပြည့်ပြီဆိုတာနဲ့ solid food စစားလို့ရပါပြီ။ Solid food (အစာမာ) စစားလို့ ရပြီဆိုကတည်းက ဘေဘီလေးကို မုန်လာဥနီ စတင် မိတ်ဆက်ပြီး ကျွေးပေးလို့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ရာသီအကူးအပြောင်း မှာ ကလေးတွေ ကျန်းမာနေစေဖို့

ရာသီအကူးအပြောင်း ဆိုရင် လူကြီးတွေတောင် ဖျားနာတတ်ကြတာ နုနယ်တဲ့ကလေးတွေက ပိုပြီး ဖျားနာနိုင်ခြေ များပါတယ်။ ရာသီဥတုအကူးအပြောင်းမှာ အပူချိန်၊ လေထုစိုထိုင်းဆ စတာတွေ ပြောင်းသွားတဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပိုပွားတာ၊ ကူးစက်တတ်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီအကူးအပြောင်းမှာ သားသားမီးမီးတို့ ကျန်းမာစေဖို့ မိဘတွေက ဒီလိုဂရုစိုက်ပေးဖို့ လိုပါတယ်။ ရာသီအကူးအပြောင်း မှာ ဖြစ်တတ်တဲ့ ရောဂါများ မိုးအကုန် ဆောင်းအကူးပဲဖြစ်ဖြစ်၊ နွေအကုန် မိုးအကူးပဲဖြစ်ဖြစ် ဥတုအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေက နောက်ကနေ ကပ်ပါလာတတ်ပါတယ်။ ဒါတွေကခုခံအား နည်းတဲ့ ကလေးတွေမှာ ကောင်းကောင်းကြီး ဒုက္ခပေးတတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ မိုးအကုန် ဆောင်းအကူးဆိုရင် -ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော -အအေးမိတာ -တုပ်ကွေးဖြစ်တာ -ပန်းနာရင်ကျပ် စတာတွေ ဖြစ်တတ်ပါတယ်။ ဆောင်းအကုန် နွေအကူးဆိုရင်တော့ -အပူနဲ့ ပတ်သက်တဲ့ ရောဂါတွေ -အရေပြားရောဂါတွေ  ဖြစ်တတ်ပါတယ်။ နွေအကုန် မိုးအကူးဆိုရင်တော့ -သွေးလွန်တုပ်ကွေး […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......

ငရုတ်ကောင်း က ကျန်းမာရေး အကျိုးကျေးဇူးတွေ များပါတယ်။ ဟင်းလျာတွေကို အနံ့အရသာ တိုးစေသလို အခိုးပွင့်စေတာကြောင့် အေးတဲ့ ရာသီဥတုတွေမှာ အဖျားဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ကြက်စွပ်ပြုတ်ထဲ၊ ဆန်ပြုတ်စတာတွေထဲကို ငရုတ်ကောင်းမှုန့်လေး ထည့်လိုက်တဲ့ ရနံ့က စားချင်စရာကောင်းတာကြောင့် ဘေဘီလေးက စားမယ်လို့ ပြောတဲ့အခ့ ငရုတ်ကောင်း ပါနေလို့ ကျွေးလို့မှ ဖြစ်ပါ့မလားလို့ စိတ်ပူနေတဲ့ ဖွားဖွား မေမေ တီတီတွေ ရှိလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ပူနေတာလေးအတွက် အဖြေထုတ်ပေးနိုင်မှာပါ။ ဘေဘီလေးက ငရုတ်ကောင်း စားလို့ရလား ........ ဟုတ် ..... စားလို့ ရပါတယ်။ ဘေဘီလေးက စပ်တဲ့အရာတွေကို စားလို့ မရသေးဘူးဆိုပေမယ့် ငရုတ်ကောင်းကိုတော့ အခြား ငရုတ်သီးတွေထက် စောစော စားလို့ရသလို ဘေဘီလေးနဲ့လည်း တည့်ပါတယ်။ ဒါဆို နောက်ထပ် သိချင်နေမယ့် […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်သီး စားလို့ ရပြီလဲ .......

ဘေဘီလေး တွေက အသက် ၆ လ ပြည့်ပြီဆိုရင် အစာမာ စစားလို့ ရပါပြီ။ ဒီလို စစားလို့ ရပြီဆိုတဲ့ အချိန်မှာ လူကြီးတွေ စားသလိုတော့ ထမင်း၊ ဟင်းတွေ စားလို့ မရသေးပါဘူး။ အသက် ၆ လပြည့်ချိန်မှာ ဘေဘီလေးတွေက ထမင်းကို သေချာတိုက်ပြီး ကျိုထားတာကို ကြက်သားအရေခွံမပါဘဲ ပြုတ်ထားတဲ့ ပြုတ်ရည်၊ သေချာ ကြိတ်ခြေထားတဲ့ ရွှေဖရုံသီး၊ မုန်လာဥနီတွေနဲ့ စစားရတာပါ။ ဒီလိုနဲ့ အသက် ၁ နှစ်ပြည့်တဲ့အခါ အရင် ၆ လကထက် အစာတော်တော်များများကို စားတတ်လာပြီ။ စားလို့လည်း ရလာပြီဆိုပေမယ့် မေမေ၊ ဖေဖေတို့ စားသလို ငရုတ်သီး စပ်စပ်လေး၊ အရောင်လှလှလေးနဲ့ ချက်ထားတဲ့ ဟင်းတွေကိုတော့ စားလို့ မရသေးဘူးပေါ့။ ဒါဆို ဘယ်အရွယ်ရောက်မှ ဘေဘီလေးက […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးများ အူကျ ခြင်း

လူကြီးတွေမှာ အူကျ တာကတော့ လူသိများပါတယ်။ ဒီလိုပဲ ကလေးတွေမှာလည်း အူကျတတ်ပါတယ်။ မွေးစအရွယ်ကနေစပြီး လမ်းလျှောက်တဲ့အရွယ်အထိ  ကလေးများ အူကျ တတ်ပါတယ်။ ကလေးများ အူကျ တဲ့ပြဿနာ ကလေးတွေမှာ အူကျတာက လူကြီးတွေနဲ့ တူပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေမှာ အားပျော့နေတဲ့နေရာရှိတဲ့အခါ အဲ့ဒီနေရာကနေ အူက ကျွံထွက်လာတာပါ။ အပြင်ကနေ ကြည့်ရင်တော့ ဖောင်းနေတာလေးပဲ မြင်ရမှာပါ။ ကလေးတွေမှာ အဖြစ်များတဲ့ အူကျတဲ့ ပြဿနာ ၂မျိုးရှိပါတယ်။ ပေါင်ခြံမှာ အူကျတာနဲ့ ချက်မှာ အူကျတာပါ။ ကလေးလေးတွေမှာ ဘာကြောင့် အူကျ ရတာလဲ။ ကလေးတွေမှာ အူကျတာက မွေးကင်းစအရွယ်တည်းက ဖြစ်နိုင်ပါတယ်။ မွေးစမှာ တခြားအင်္ဂါတွေ ဖွံ့ဖြိုးဆဲဖြစ်နေသလို ဝမ်းဗိုက်ကြွက်သားတွေကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကြွက်သား အားနည်းတဲ့ နေရာတွေကနေ အူကျလာတာပါ။ ပေါင်ခြံမှာ အူကျခြင်း လူကြီးတွေမှာလိုပဲ ကလေးတွေမှာ inguinal […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း