ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးအတွက် တုပ်ကွေးကာကွယ်ဆေး

ရာသီဥတု နည်းနည်းလေးအေးတာနဲ့အတူ အမြဲလိုလို ကပ်ပါလာပြီး ကြားနေကျ ဖြစ်တဲ့ စကား တစ်ခွန်းရှိတယ်။ ဒါကတော့ တုပ်ကွေး ဆိုတာပါ။ ရာသီဥတု အေးလာပြီဆိုရင် ဖျားနာမှုတွေ များလာပြီး တုပ်ကွေးဖြစ်တယ်ဆိုတဲ့ စကားတွေက ကြားနေရပါပြီ။ တုပ်ကွေးက အရွယ်ရောက်ပြီးသူတွေမှာတောင် ခံစားရခက်တယ်ဆိုရင် ကိုယ်ခံအား နည်းပြီး နုနယ်သေးတဲ့ဘေဘီလေးတွေမှာ ဘယ်လောက်များခံစားရခက်လိုက်မလဲနော်။ ဒီတော့ ဘေဘီလေးတွေကို တုပ်ကွေးမဖြစ်အောင် ကာကွယ်ချင်လို့ မေမေဖေဖေတို့က တုပ်ကွေးကာကွယ်ဆေးထိုးဖို့ စဉ်းစားကြပြီလေ။ ဒီလိုစဉ်းစားလိုက်တဲ့အခါ သိချင်တဲ့ အကြောင်းအရာတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို တုပ်ကွေး ကာကွယ်ဆေးထိုးပေးဖို့ စဉ်းစားနေတဲ့ မေမေဖေဖေတို့ သိချင်လောက်မယ့် အကြောင်းအရာတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေလား။ ဘေဘီလေး တုပ်ကွေး ဖြစ်နေပြီလား........ တုပ်ကွေး အမျိုးအစားတွေက အများကြီး ရှိနိုင်ပြီး တစ်နှစ်နဲ့တစ်နှစ် ဖြစ်ပွားတဲ့ တုပ်ကွေးမျိုးစိတ်ချင်းလည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ

ကလေးဖျားရင် ဗျာများရတာ ဖေဖေရောမေမေရောပါ။ အလုပ်တွေလည်းပျက်၊စိတ်တွေလည်းပူလို့လေ။ ငါသာဖြစ်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကလည်း အကြိမ်ကြိမ်ဖြစ်မိတယ်ဟုတ်။ ဒီပြဿနာကို ရာသီအကူးအပြောင်းတိုင်း ကြုံရမယ်ဆိုရင် မလွယ်ကူတာတော့ အမှန်ပါ။ ဒီတော့ အခုလိုမျိုး မိုးလေးဖွဲဖွဲစရွာနေချိန်မှာ ကိုယ့်ရဲ့ ကလေးကို တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာတွေကျွေးမွေးရမလဲဆိုတာကို မပြောခင် ကိုယ်ခံအား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကိုယ်ခံအားဆိုတာ ကိုယ်ခံအား ဆိုတာက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်လာအောင် တိုက်ထုတ်ပေးတဲ့ အရာပေါ့။ ခန္ဓါကိုယ်အတွက် ခံတပ်ကြီးဆိုလည်း မမှားပါဘူး။နေ့တိုင်းလိုလိုကျန်းမာပျော်ရွှင်စွာလှုပ်ရှားနေနိုင်တာက ကိုယ်ခံအားက အကောင်းဆုံးအလုပ်လုပ်ဆောင်နေလို့ပါ။ ကိုယ်ခံအားက ကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးဆိုရင် ခန္ဓါကိုယ်ထဲကို ရောဂါတွေက ကျူးကျော်ချင်တိုင်း ကျူးကျော်ပြီး ဖျားနာတာ၊ နှာစေးတာ၊ အအေးမိတာ၊ချောင်းဆိုးတာတွေ၊ အစာခြေစနစ် မကျန်းမာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက်

အချို ပါတဲ့ စားစရာမုန့်မှန်သမျှ ကလေးအများစု ကြိုက်နှစ်သက်ကြပေမယ့် ဒီအစားအစာတွေက သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက်တော့ တကယ့်အန္တရာယ်ပါပဲ။ မိဘေတွအနေနဲ့ ကလေးကြိုက်ရင်ပြီးရောဆိုပြီး စားချင်တာစား လွှတ်ပေးလိုက်တဲ့အခါမှာ ကလေးတွေရဲ့ ကျန်းမာရေးမှာ ဘယ်လိုထိခိုက်လာနိုင်တယ်ဆိုတာ သိထားဖို့တော့ လိုတယ်နော်။ အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက် အချိုကြောင့် ကလေးတွေမှာ ဒါတွေဖြစ်လာနိုင်တယ်။ ၁။ ချွဲကျပ်၊ ချောင်းဆိုးမယ်။ အချိုစားပြီး ခဏနေရင် ချောင်းတဟွတ်ဟွတ်ဆိုးတာ၊ ချွဲတွေကျပ်ပြီး ကလေးက အသံတွေဝင်လာတာကို တွေ့ဖူးကြတယ်မလား။ ဒါတွေက မိဘတွေ သတိလက်လွတ်ဖြစ်တတ်ကြတဲ့ သကြားဓါတ်က အရင်ဆုံး ဒုက္ခပေးတဲ့အရာတွေပါ။ ချောင်းဆိုး၊ ရင်ကျပ်တာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဝေဒနာခံစားရတဲ့ ကလေးလည်း နေရခက်ပြီး မောပန်းနေမယ်။ ကိုယ်ခံအားကလည်း နည်းလာမယ်။ ဘေးနားက လူတွေလည်း ဒီချောင်းသံကြောင့် စိတ်ကသိကအောက်ဖြစ်ရတာပေါ့။ ၂။ ပြီးရင် အဝလွန်လာမယ်။ အချိုများတဲ့ မုန့်တွေမှာ လိုတာထက်ပိုပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အချိုစာတွေမကျွေးမိစေဖို့ ဘယ်လိုသတိထားကြမလဲ

ကလေးတစ်ယောက်အချိုကြိုက်တာက အပြစ်မဟုတ်ပေမယ့် အချိုကြိုက်တဲ့ကလေးကို အလိုလိုက်ပြီး အချိုတွေကျွေးမိနေရင်တော့ မိဘတစ်ယောက်လိုက်နာရမယ့်တာဝန်ကို ပျက်ကွက်နေတာပါ။ ဒီတော့ မိဘတာဝန်ကျေစေဖို့ ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ အချိုမကဲစေဖို့သတိထားပေးဖို့လိုမှာပါ။ ကလေးတစ်ယောက် အချိုကြိုက်တာအဆန်းမဟုတ်ပါဘူး............. ကလေးတစ်ယောက်မွေးဖွားလာရင် အရင်ဆုံးမှီဝဲတဲ့ အာဟာရကမေမေ့နို့ချိုပါ။မေမေ့နို့ရဲ့ အရသာကချိုတဲ့အရသာရှိနေတာကြောင့် ကလေးက အချိုကြိုက်တာအဆန်းတော့မဟုတ်ပါဘူး။ နို့စို့နေရင်းကနေ အစားစစားချိန်ရောက်ပြီဆိုရင်လည်း ချိုတဲ့အသာရှိတဲ့ ဖရုံသီး၊ မုန်လာဥနီတို့ကို စစားကြတာပါ။နောက်တစ်ခုက အဆီမပါတဲ့ အသားတွေပါ။ ဒီအခါမှာ ကလေးခံစားမိမှာကလည်း အချိုအရသာပါပဲ။ ဒါကြောင့် အချိုကို ကလေးတွေက စွဲလမ်းရတာပါ။ ဒါကြောင့် မိသားစုနဲ့ ထမင်းလက်ဆုံမစားနိုင်သေးခင်အထိ ကလေးနှစ်သက်စွာစားသုံးမယ့်အရသာက အချိုပါ။ ဒါကြောင့် ကလေးတွေ အချိုကြိုက်တာက အဆန်းတော့မဟုတ်ဘူးပေါ့။ အချိုစားများရင်ဘာတွေဖြစ်လာနိုင်မလဲ....... ကလေးကအချိုကြိုက်တယ်ဆိုပြီး သဘာဝအချိုစားတာက ထိခိုက်တာမဖြစ်နိုင်ပေမယ့် ကလေးက သဘာဝအချိုမဟုတ်ဘဲပြုပြင်ထားတဲ့ အချိုတွေကို စွဲလမ်းနှစ်ခြိုက်စွာ စားသုံးမယ်ဆိုရင်တော့ ကလေးမှာ အခုလိုပြဿနာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးမယ်၊ ချွဲကြပ်မယ် အာရုံစိုက်နိုင်စွမ်းနည်းမယ် မှတ်ဉာဏ်ထိခိုက်နိုင်တယ် […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ဆိတ်နို့

ဘေဘီလေးတွေကိုမွေးကတည်းကမေမေ့နို့တိုက်ဖြစ်ကြတယ်။ ဒီကနေတဆင့် တစ်နှစ်လောက်ရောက်လာပြီဆိုရင် နွားနို့တိုက်တယ်။ ဒီလိုအချိန်မှာ ဆိတ်နို့ရောတိုက်လို့ဖြစ်မလားလို့တွေးမိနေတဲ့မေမေတွေများရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ၊လို့ပြောပါရစေ။ ဘေဘီလေးကို ဆိတ်နို့တိုက်လို့ရလား..... ဘေဘီလေးကို နွားနို့တင်မဟုတ်ဘဲ ဆိတ်နို့လည်း တိုက်လို့ရပါတယ်။ ဘေဘီလေး တစ်နှစ်ပြည့်ပြီဆိုရင် ဆိတ်နို့စတိုက်လို့ရပါပြီ။ နွားနို့က ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ဆိတ်နို့က ပရိုတင်းပါဝင်မှုများသလို ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ဉာဏ်ရည်တိုးတက်စေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်မှာပါ။ ကြီထွားဖို့ ဆိုင်းပြင်းနေတဲ့ဘေဘီလေးတွေရဲ့ အူနံရံကိုလည်း အာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးပါသေးတယ်။ ဆိတ်နို့က နွားနို့လို အလွယ်တကူဝယ်လို့မရပေမယ့် အာဟာရတန်ဖိုးပိုမြင့်တာကတော့ အမှန်ပါ။ ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ...... ဆိတ်နို့မှာ ပရိုတင်း ကာဗိုဟိုက်ဒရိတ် အဆီ သဘာဝအချိုဓါတ် ကာဗိုဟိုက်ဒရိတ် ကယ်လ်ဆီယမ် သံဓါတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဆိုဒီယမ် ဇင့် ဖော့စဖောရပ်စ် ဗီတာမင်အေ (ဗီတာမင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေး နေ့တိုင်းစားသုံးမိနေတဲ့ အချိုကဲအစားအသောက်များ

ကလေးကို အချိုသိပ်မကျွေးနဲ့ဆို မကျွေးပါဘူးပဲ မေမေတို့ဖြေမှာပဲ။ ဒါပေမယ့် ကိုယ့်ကလေးနေ့တိုင်းစားနေ၊ သောက်နေတဲ့အရာတွေထဲ သကြားပမာဏလွန်ကဲတာတွေပါနေနိုင်တာ သတိထားမိရဲ့လား။ သကြားလုံးတွေ၊ ရေခဲမုန့်တွေမကျွေးတာနဲ့ပဲ အချိုလျှော့စားတယ်လို့ စိတ်ချထားလို့မရပါဘူး။ ကလေးက အချိုအများကြီးစားသုံးမိတဲ့အခါ အရင်ဆုံး ချောင်းဆိုး၊ရင်ကျပ်ဖြစ်မယ်။ သွားနဲ့ခံတွင်းကို ပျက်စီးစေတာအပြင် အဝလွန်တာ၊သွေးတွင်းသကြားဓာတ်မြင့်တာ၊သွေးတိုးတာ၊အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေပိုများစေနိုင်ပါတယ်။ သကြားဓာတ်ဆိုတာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ဓာတ်မို့ လုံးဝဖြတ်တောက်ပစ်ဖို့တော့မလိုပါဘူး။ လွန်ကဲရင်သာ ဆိုးကျိုးတွေရှိနိုင်လို့ ကိုယ့်ကလေးကို ထိုက်သင့်တဲ့ပမာဏစားသုံးမိစေဖို့ ထိန်းသိမ်းစီမံပေးရမှာပါ။ ဒါပေမယ့် မေမေတို့ကိုယ်တိုင်မသိဘဲ ကလေးရဲ့ နေ့စဉ်အာဟာရမှာ အချိုကဲတဲ့အစားအသောက်တွေပါနေရင် ဘယ်လိုလုပ်မလဲနော်။ ဒါ့ကြောင့် နေ့စဉ်စားသုံးနေကျ ကလေးအာဟာရမှာ ပါနေတတ်တဲ့ အချိုကဲအစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) မုယောစပါးအခြေခံတဲ့ အာဟာရပြည့်သောက်စရာ ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်တဲ့ အာဟာရသောက်စရာတွေကို ပိုပြီးအားကိုးတတ်ကြပါတယ်။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ ကော်ဖီတွေမတိုက်ဘူးဆိုပြီး မုယောစပါးအာဟာရပြည့်သောက်စရာတွေကို ရွေးချယ်လိုက်ပါလေရော။ အဲဒီအခါကျမှ သူတို့မှာပါတဲ့ အချိုပမာဏကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေး အချိုလျှော့စားဖြစ်အောင် မေမေတို့ ဒီလို ကူညီပါ။ ။

သကြားလုံး၊ အချိုရည်၊ ဂျယ်လီ၊ ကိတ်မုန့်စတဲ့ အချိုကဲတဲ့ သရေစာမုန့်တွေကို မကြိုက်တဲ့ကလေးမရှိပါဘူး။ ဘယ်လောက်တောင်ကြိုက်လဲဆိုရင် ဂျီကျနေတဲ့အချိန် ငိုနေတဲ့အချိန် သကြားလုံးတို့၊ ဂျယ်လီတို့ ပေးကြည့်ပါလား။ ချက်ချင်းအငိုတိတ်သွားတာကြည့်။ ဒီလို ချော့လို့ရမှန်းလည်းသိရော ကလေးတစ်ခုခု ဂျီကျပြီဆိုတာနဲ့ သကြားလုံးတွေ၊ အချိုရည်တွေ စွတ်ပေးတော့တာပဲ။ ကလေးငြိမ်တာ၊ ကြိုက်တာတော့မှန်ပေမယ့် ဒီလို လုပ်နေတာဟာ ကလေးကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာကိုရော မေမေတို့ သိရဲ့လား။ ။ သကြားဆိုတဲ့ အရာဟာ စားလို့ကောင်းတာကလွဲရင် ကျန်းမာရေးအတွက် ဘာတစ်ခုမှ မကောင်းပါဘူး။ အချိုစားများလွန်းရင် သွားတွေပျက်စီးလာမယ် အဝလွန်ြပီး နောက်ပိုင်း ဆီးချို ရောဂါပါ ဖြစ်လာနိုင်တယ် ချောင်းဆိုး ချွဲကြပ်တာတွေလည်း ဖြစ်လာမယ်။ အချိုကို စွဲလမ်းလွန်းတဲ့ ပြဿနာ ကလေးနဲ့ ဉာဏ်ရည်ထုံထိုင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ ပြဿနာတွေ အတွက် အချိုကြိုက်တဲ့ ကလေးကိ ုအပြစ်တင်လို့မရပါဘူး။ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးတစ်ယောက် တက်နေ တဲ့အခါ ဘယ်လိုပြုစုမလဲ။

အတက်ရောဂါကို လူတိုင်းကြားဖူးကြမှာပါ။ တစ်ကိုယ်လုံး ကော့ပြန်ပြီးတော့ မျက်ဖြူလန် ပါးစပ်စိပြီး တောင့်နေတာမျိုးပေါ့။ အတက်ရောဂါက ကြည့်လိုက်ရင်သာ တောင့်ပြီး မျက်ဖြူလန်သွားတတ်လို့ အရမ်းကြီးစိုးရိမ်ရတယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းသူက ရောဂါတွေရဲ့ လက္ခဏာတစ်ခုသာဖြစ်လို့ တက်နေ ရင်း အသက်ဆုံးရှုံးတာ ရှားပါတယ်၊၊ ဒီတိုင်း ကလေးကိုယ်ပူရင်တောင် စိုးရိမ်နေရတဲ့ မိဘတွေ ကလေးများ တက်သွားလို့ကတော့ ပူထူပြီး ဘာလုပ်ရမှန်းကို မသိတော့တာနဲ့တင် အချိန်တွေကြာသွားတတ်ပြီး ကလေးကို ထိခိုက်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ပထမအကြိမ် တက်ဖူးတာဖြစ်ဖြစ်၊ အရင်တုန်းကလည်း ခဏခဏ တက်ဖူးတဲ့ ကလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိဘတိုင်း ကလေးတွေ တက်တဲ့အခါ ဘယ်လို ပြုစုရမလဲ၊ ဘာတွေ လုပ်ပေးရမလဲဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ထားဖို့လိုပါတယ်။ အရင်ဆုံး ကလေးတစ်ယောက် တက်နေ ပြီဆို တွေ့ရမယ့် လက္ခဏာတွေကို […]


ကလေးငယ်အာဟာရ

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ငါးစားရင် ဉာဏ်ကောင်းတယ်။ ကလေးကို ဉာဏ်ကောင်းစေချင်လို့ ငါးကျွေးချင်တယ်။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ ။ ငါးဆို ဘယ်ငါးဖြစ်ဖြစ် ကျွေးလို့ရတာလားဆိုပြီးခေါင်းထဲမှာ အတွေးတွေများနေရတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ........ ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာတစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ဖြည့်စွက်စာ စစားတဲ့ကလေး အသက် ၆ လလောက်ဆို စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။ ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တာလား..... ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးပါ။ ဒါကြောင့် ကလေးကို ငါးစမကျွေးခင်မှာ အသား၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးပေးသင့်ပါတယ်။ ငါးက ကျန်းမာရေးနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ကလေးကအဖော်အရမ်းမက်လို့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူးဆိုတဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့အသုံးချကြည့်ဖို့ပြောပါရစေ။ အဖော်မက်တာက ကလေးတွေရဲ့သဘာဝ ကလေးတိုင်းလိုလိုက အဖော်မင်ကြသူတွေပါပဲ။ တစ်ယောက်တည်း မွေးထားတဲ့ကလေးတွေနဲ့ အကြီးတွေ အသက်ကွာလွန်းတဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးအဖော်မက်ကြပါတယ်။ အဖော်မက်တာက ပြဿနာမဟုတ်ပေမယ့် ကလေးက အဖော်မက်တာအရမ်းလွန်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံ၊ ခိုင်းဖက်ဖြစ်လာတာကတော့ပြဿနာပါ။ မေမေတို့အနေနဲ့လည်း အရမ်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲလေ။ အဖော်မက်တဲ့ ကလေးတွေက သူငယ်ချင်းတွေဘာပြောပြောခေါင်းညိတ်လုပ်ပေးလို့ သူ့ကိုခင်နေရင်ပြီးရောနေနေတာက အချိန်ကြာလာတဲ့အခါပြဿနာရှိလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်တဲ့ ပြဿနာကို ဒီလိုဖြေရှင်းပါ လူဆိုတာ အပေါင်းအသင်းပတ်ဝန်းကျင်ရှိရမှာမှန်ပေမယ့် အကျိုးမပြုဘဲ အနိုင်ကျင့်တဲ့ ပတ်ဝန်းကျင်အခြေအနေကတော့ကောင်းကျိုးထက် ဆိုးကျိုးများလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်နေပြီဆိုရင်.... ကလေးကို အချိန်ပေးပါ ကလေးတွေ အဖော်အရမ်းမက်ရတဲ့ပြဿနာတစ်ခုက မိဘတွေက သူ့ကို အချိန်လုံလောက်အောင် မပေးနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ် အချိန်ပေးနိုင်အောင်ကြိုးစားပေးပါ။ နားထောင်ပေးပါ ကလေးတွေမှာလည်း ငယ်သေးလို့တွေးပူတာမရှိဘူး၊ စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ ကလေးတွေမှာလည်း ရင်ဖွင့်ချင်တဲ့ အကြောင်းအရင်းတွေရှိနေပါတယ်။ ဒါကြောင့် ကလေးရဲ့ အရင်းနှီးဆုံး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း