ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။

အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်တဲ့ မှိုဟာလည်း ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ကလေးကို မှိုကျွေးလို့ရပြီလား၊ ဘယ်အချိန်မှာ စကျွေးရမလဲဆိုပြီး မေးစရာတွေ ပေါ်လာပါတယ်။ ဒီဆောင်းပါးက မှိုရဲ့ အကျိုးကျေးဇူးတွေ၊ ကလေးကို မှိုကျွေးတဲ့အခါ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ ကလေးတွေကို ဘယ်အချိန်မှာ မှိုစကျွေးလို့ရပြီလဲ။ အတိအကျသတ်မှတ်ထားတဲ့ အသက်အရွယ်တော့ မရှိသေးပေမဲ့ ကလေး အသက် ၆လပြည့်ပြီးနောက်ပိုင်း အမာစာတွေကို စတင်စားနေပြီဆိုရင် ကျွေးလို့ရပါတယ်။ မှိုက ဝါးရတာလည်းလွယ်သလို အမျှင်ဓာတ်ပါတော့ ကလေးရဲ့ အစာခြေစနစ်အတွက်လည်း အဆင်ပြေတယ်။ အာဟာရလည်း ဖြစ်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကလေး အသက် ၁ နှစ်ပြည့်တဲ့အထိ စောင့်ပြီးမှ ကျွေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် မှိုကျွေးတဲ့အခါ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အိမ်မှာ ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုအပ်မလဲ

ကျန်းမာရေးက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့က အရွယ်သုံးပါးလုံးအတွက် အရေးကြီးပါတယ်။ လူကြီးတွေက ကိုယ်တိုင်ဂရုစိုက်နိုင်ကြပြီး ကလေးကျန်းမာဖို့အတွက်ကိုတော့ မေမေနဲ့ဖေဖေကဂရုစိုက်ပေးရမှာပါ။ ကျန်းမာနေဖို့ဆိုတဲ့နေရာမှာခေါင်းအစခြေအဆုံး အကုန်လုံးပါဝင်ပါတယ်။ ကျန်းမာနေဖို့မှာ အရေးကြီးအခန်းကဏ္ဍက ပါဝင်တာကတော့ အစာခြေစနစ်ပါ။ အစာခြေစနစ်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီး လူတွေ သတိထားမိကြတဲ့အရာက အာဟာရပြည့်ပြည့်ဝဝစားသောက်မယ်၊ ဝမ်းမချုပ်အောင်ဂရုစိုက်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် အစာခြေစနစ်အတွက် အရေးပါတဲ့ အရာတစ်ခုကိုတော့မေ့တတ်ကြပါတယ်။ အဲဒါကတော့ သန်ချဖို့ပါ။ သန်ချဖို့ဆိုတာကို အများအားဖြင့်ကတော့ ကလေးတွေမှာပဲ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ကလေးတွေက သန်ပိုထတတ်ကြတာမှန်ပါတယ်။ ဒါပေမယ့် လူကြီးတွေ သတိထားသင့်တာကနေ့တိုင်းစားသောက်နေတဲ့အစားအသောက်တွေထဲမှာ၊ လမ်းဘေးစာတွေထဲမှာ၊ခြေဗလာနဲ့လမ်းလျှောက်နေတိုင်းမှာ လူကြီးလူငယ်အရွယ်မရွေး သန်ကောင်တွေရဲ့ အန္တရာယ်ရှိနေနိုင်တယ်ဆိုတာပါပဲ။ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ဒါတွေရှိရင် သန်ရှိတယ်ဆိုတာကိုပြနေပါတယ်။ သန်ချဖို့လိုအပ်နေကြောင်း သိနိုင်တဲ့လက္ခဏာတွေက အစားအသောက်တွေပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာဘူး။ အစားစားချင်စိတ်မရှိဘူးဖြစ်နေမယ်၊ ဝမ်းချုပ်နေမယ်၊ ဗိုက်ထဲကနာနေတာမျိုးဖြစ်မယ်၊ နေရထိုင်ရအရမ်းပင်ပန်းနေမယ်၊ အားမရှိသလိုမျိုးဖြစ်နေမယ်၊ ဆိုရင်တော့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့

လမ်းလျှောက်တတ်စကလေးတစ်ယောက်က ခံစားရတဲ့ဝေဒနာတွေကိုသေချာတိတိကျကျမပြောနိုင်သေးပေမယ့် မအီမသာဖြစ်နေတဲ့နေရာလေးကို ကိုင်ပြီးတော့တော့ နာတယ်လို့ပြောတတ်နေပါပြီနော်။ ဒီလိုပြောတတ်တဲ့ ကလေးက ဗိုက်ကလေးကို ကိုင်ပြီး နာတယ်ပြောနေပြီဆိုရင်လေထိုးလေအောင့်ဖြစ်နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာကလေးကို သက်သာအောင်ဘယ်လို လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ ကလေးတွေကလေထိုးလေအောင့်ဖြစ်နိုင်လား........ အသက် တစ်နှစ်အောက်ကလေးတွေမှာတော့လေနြာဖစ်နိုင်ပါတယ်။ ဒီလိုကနေမှ အရွယ်လေးရောက်လို့ လမ်းစလျှောက်တတ်ပြီဆိုရင်တော့ အစားတွေလည်း စားတတ်နေပြီဖြစ်တာကြောင့်လေထိုးလေအောင့်ကဖြစ်လာနိုင်ပြီပေါ့။လေထိုးလေအောင့်က ဘယ်အရွယ်မို့လို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ဒါကြောင့်ဘေဘီလေးတွေလည်းလေထိုးလေအောင့်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လေထိုးလေအောင့်ဖြစ်ရတာလဲ.......... လေထိုးလေအောင့်ဖြစ်ရတာကလေပွစေတဲ့အစားတွေအများကြီးစားမိတာကြောင့်လေတွေထရတာလို့ သိထားကြပါတယ်။ ဒီလိုဗိုက်ထဲမှာလေပွတာက လူတိုင်းလိုလိုနေ့စဉ်ကြုံနေရကျပြဿနာပါ။ ဒါပေမယ့်လေတက်ပြီးလေက လွယ်လွယ်ကူကူထွက်သွားတဲ့အခါမျိုးမှာတော့လေထိုးလေအောင့်ကမဖြစ်နိုင်ဘူးပေါ့။ ဒီလိုမှမဟုတ်ဘဲလေက ခန္ဓါကိုယ်အပြင်ဘက်ကိုလေလည်တာကနေတဆင့်ဖြစ်ဖြစ်၊လေတက်တာကနေဖြစ်ဖြစ် အဆင်ပြေပြေမထွက်သွားနိုင်ဘူးဆိုရင် ဗိုက်ထဲမှာလေထိုးလေအောင့်တဲ့ပြဿနာတွေဖြစ်လာပြီလေ။ Solid Foods ကိုစစားမယ့် ကလေးတစ်ယောက်အဖို့ကတော့ စားလေ့စားထမရှိတဲ့ အစားအစာတွေကိုစားတဲ့အကျင့်စမွေးမြူချိန်ဆိုတော့ အစာအိမ်ထဲမှာလေတွေဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ စစားတဲ့အစားအစာတွေနဲ့ အစားအသောက်အလေ့အထတွေကြောင့်လည်းဘေဘီလေးမှာလေထိုးလေအောင့်တဲ့ပြဿနာခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်းလေထိုးလေအောင့်ဖြစ်နိုင်ပါတယ် ကလေးက ပဋိဇီဝပိုးသတ်ဆေးတစ်ခုခုသောက်နေရတာ နို့သကြားဓါတ်နဲ့ ဓါတ်မတည့်တာ အစားအသောက်အပြောင်းအလဲ ပန်းဂေါ်ဖီလိုမျိုးလေထစေနိုင်တဲ့ အစားအစာတွေစားမိတာ အစားကိုသေချာဝါးမစားတာ အစားစားရင်း၊ တစ်ခုခုသောက်ရင်းလေတွေအများကြီးမြိုချမိတာ ရေလုံလောက်အောင် မသောက်တာ အစာခြေစနစ်ပြဿနာတစ်ခုခုခံစားနေရတာတွေကြောင့်လည်း […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည်နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ ။ ။

မွေးကင်းစကလေးတွေ အတွက် နို့ဦရည်က ပထမဆုံးနဲ့ အရေးကြီးဆုံး အာဟာရတစ်ခုပါ။ နို့ဦးရည်ကကောင်းတယ်ဆိုတဲ့ အကြောင်း အားလုံးသိကြပါတယ်။ ဒီလို ကလေးအတွက်ေ ကာင်းတယ်ဆိုတာထက် နို့ဦးရည် အကြောင်း ပိုပြီး သိသင့်တာလေးတွေ ရှိပါတယ်။ နို့ဦးရည်ဆိုတာဘာလဲ ။ ။ နို့ဦရည်ဆိုတာ ကောင်းတာလောက်ပဲ သိထားကြပြီး နောက်ပိုင်းထွက်လာတဲ့ မိခင်နို့ကို နို့ဦးရည်ထက် ပိုပြီး စိတ်ဝင်စားကြတဲ့သူများပါတယ်။ နို့ဦးရည်ဆိုတာ အဝါဖျော့ရောင်ရှိတဲ့ အရည်ပျစ်ပျစ်တွေပါ။ သူ့မှာကလေးရဲ့ ခုခံအားအတွက် အရေးအကြီးဆုံးဖြစ်တဲ့ IgA, lactoferrin, leukocytes နဲ့ lactose တို့အဓိကပါဝင်ပြီး ခုမှ စပြီး မွေးဖွားလာတဲ့ ကလေးရဲ့ ခုခံအားကို အားဖြည့်ပေးတဲ့ မရှိမဖဖြစ် အရာတစ်ခုပါ။ နို့ဦးရည်က ဘယ်အချိန်မှ စထွက်လာတာလဲ။ ။ လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ တစ်ချို့မှာ နို့ဦးရည်က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ပျော်ရွှင်နေမယ့်ကလေးတစ်ယောက်က ဘာ့ကြောင့် ဒေါသတွေ ကြီးနေရတာလဲ ။ ။

ကလေးအရွယ်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွင်နေရမှာပါ။ စိတ်ကောက်တာလောက်တော့ ရှိတတ်ပေမယ့် ဒေါသထွက်တတ်တာ ၊ ဒေါသကြီးတာတွေကို မသိသေးတဲ့အရွယ်ပါ။ ဒါပေမယ့် တချို့ကလေးတွေ ကျတော့လည်း အရွယ်နဲ့ မလိုက် ဒေါသကြီး၊ စိတ်ကြီးတဲ့ ကလေးတွေ ရှိပါတယ်။ စိတ်အခန့်မသ့င်လို့ တစ်ခါတလေဒေါသထွက်တာမျိုးကို လက်ခံလို့ရပေမယ့် အမြဲတစေ ကလေးအရွယ်နဲ့ ဒေါသကြီးတာကတော့ ကောင်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါဆို ဘယ်လို အပြုအမူတွေရှိရင် သာမန်ဒေါသထွက်တာ မဟုတ်ဘူးလို့ ပြောနိုင်လဲ ။ ။ သူကရဲ့ ဒေါသတစ်ကြီး တုံ့ပြန်တတ်တဲ့ အပြုအမူတွေကြောင့် သူကိုယ်တိုင်နဲ့ အခြားသူတွေကို ထိခိုက်တာ အိမ်မှာတင်မဟုတ် ကျောင်းတွေမှာပါ ဒေါသတစ်ကြီးတုံ့ပြန်နေတယ်ဆိုတဲ့အကြောင်း ဆရာမတွေဆီက ပြန်ကြားမယ် သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေတဲ့အတွက် သူငယ်ချင်းမရှိဘူး အိမ်မှာလည်း မောင်နှမတွေ၊ မိဘတွေ ဘာလုပ်ပေးလုပ်ပေး အကောင်းမမြင်ဘဲ တစ်ချိန်လုံး ဒေါသထွက်ဂျီကျနေမယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား

လူဆိုတာကတော့ ဒေါသ ထွက်ရင် လုပ်သမျှအမှားပါတတ်တာပါပဲ။ မိဘတွေမှာလည်း ဒီလိုပါပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အနားမှာရှိတဲ့ ကလေးကို အော်ဟစ်ပြောဆိုလိုက်တယ်၊ ပြီးတော့လည်း ဘာမှမဟုတ်သလို မေ့သွားတာပါပဲ။ ပတ်ဝန်းကျင်ကတော့ ကရုဏာဒေါသလို့ အမည်တပ်ပေမယ့် ဆေးပညာအရတော့ ဒီလိုအပြုအမူက ကလေးတွေအတွက် တစ်ဘဝစာ စိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ လုပ်ရပ်ပါပဲ။ ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား ကလေးတွေဆိုတာ မသိနားမလည်သေးတဲ့အရွယ်ပါ။ ဒီတော့ အမှားလုပ်မိတာတွေ ရှိမယ်၊ လူကြီးတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိတာတွေ ရှိမယ်၊ ဒါတွေက ကလေးတစ်ယောက်ရဲ့ သဘာဝပဲလေ။ ဒါကို ကလေးမယူခင်ကတည်းက မိဘတွေအနေနဲ့ သိထားဖို့လိုပါတယ်။ ကိုယ်ကတော့ ဒေါသ ထွက်လို့ အော်ချင်တိုင်းအော်လိုက်ပါရဲ့။ အအော်ခံလိုက်ရတဲ့ ကလေးမှာက သေရာပါမယ့် စိတ်ဒဏ်ရာတစ်ခုလို ကျန်ရစ်ခဲ့တာပါ။ ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ရပ် မဟုတ်ပါဘူး။ ကလေးကိုအော်တတ်တဲ့ အကျင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

G6PD ရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုမလဲ ။ ။

ကလေးတစ်ယောက်မှာ G6PD ဆိုတဲ့ ရောဂါတစ်ခုရှိပြီဆို ကလေးမိဘတွေ အနေနဲ့ သိထားသင့်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ပြဿနာရှိတဲ့သူတွေဟာ ဒီအတိုင်းနေရင် လူကောင်းအတိုင်းဆိုပေမယ့် သူနဲ့ မတည့်တာတွေ စားမိ၊ သောက်မိ၊ ထိမိလို့တော့ ကျန်းမာရေးကို တော်တော်ကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီတော့ G6PD ရှိနေတဲ့ ကိုယ့်ကလေးကို အခြား ကလေးတွေထက်ပိုပြီး ဂရုစိုက်ဖို့ မေမေတို့ တာဝန်ရှိလာပါပြီ ။ ။ G6PD အင်ဇိုင်း ချို့တဲ့ခြင်းဆိုတာ ဘာလဲ။ G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ဒီလို G6PD ချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ကလေးတွေကိုကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် မိဘတွေအရေးတကြီးလုပ်ရမယ့်အထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက - ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက် နီမြန်းရောင်ရမ်းတာ ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။ ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားနာတဲ့အခါ ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ဆွေမျိုးတွေမှာသနားစိတ်နဲ့ စိတ်မချမ်းမသာဖြစ်ရတာပေါ့။ ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ လိုအပ်မယ့် အကျိုးပြုဘက်တီးရီးယားအာဟာရ

ကလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ အရေးကြီးဆုံးကဘာဖြစ်မယ်ထင်လဲ။ အာဟာရ ေကာင်းမွန်စွာရရှိစေဖို့ပေါ့။ ဒါဆိုအစားများများကျွေးရမှာပေါ့လို့မေးစရာရှိမှာပါ။ ကလေးအာဟာရပြည့်ဖို့အတွက် အစားများများကျွေးဖို့လိုတယ်ဆိုပေမယ့် စားသမျှအာဟာရကို စုပ်ယူနိုင်မှလည်း ကလေးက အာဟာရပြည့်ဝမှာပါ။ ဒီတော့ဘာလုပ်ရမလဲ။ ရှင်းပါတယ် ကလေးရဲ့ ဝမ်းဗိုက်လေးကျန်းမာစေဖို့ဂရုစိုက်ရမှာပေါ့။ အစာခြေစနစ်က အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်မှ ကလေးက အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာဖို့ အဓိကထိန်းချုပ်ထားသူတွေက ဘယ်သူတွေလဲ...... ကလေးရဲ့အစာခြေစနစ်ကို ကျန်းမာစေဖို့ အဓိကထိန်းချုပ်ထားသူတွေက အစာခြေစနစ်တလျှောက်မှာရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို Probiotics တွေလို့ခေါ်ပါတယ်။ သူတို့က သက်ရှိဘက်တီးရီးယားလေးတွေဖြစ်ပြီး အစာခြေစနစ်ကျန်းမာစေပြီး အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယား (Probiotics)တွေကျန်းမာနေဖို့လိုပါမယ်။ Probioticsတွေကျန်းမာစေဖို့ ဘာတွေလိုအပ်မှာလဲ........ အကျိုးပြုဘက်တီးရီးယား (Probiotics)တွေက သက်ရှိဘက်တီးရီးယားတွေဖြစ်တာကြောင့် သူတို့ရှင်သန်ဖို့လည်း အာဟာရကို လိုအပ်မှာ အသေအချာပါ။ ဒီတော့ သူတို့ကျန်းမာစေဖို့ရော အစာခြေစနစ် ကျန်းမာဖို့အတွက်ရော […]


ကလေးအစာခြေစနစ်ပြဿနာများ

ဝမ်းချုပ်တတ်တဲ့ကလေးမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ

ဝမ်းချုပ်တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ကိုယ်တွေငယ်ငယ်ကတောင် ဝမ်းချုပ်လို့ ဝမ်းချူခံရတိုင်း ငိုယိုခဲ့ရတာ မှတ်မိကြတယ်မလား။ ဝမ်းချုပ်တယ်၊ ဝမ်းလျှောတယ်၊ ဝမ်းကိုက်တယ်ဆိုတာတွေက အဖြစ်များဆုံး အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေပါ။ ကလေးက ဝမ်းချုပ်ပြီဆိုရင် - ပုံမှန်ထက် ဝမ်းသွားတာနည်းမယ်၊ ဝမ်းသွားတဲ့အကြိမ်ရေ၊ ပမာဏ ပိုနည်းတာ၊ ရက်ပိုင်းအတွင်း ဝမ်းလုံးဝမသွားတာ၊ သုံးလေးရက်တစ်ခါမှ ဝမ်းသွားတာမျိုးပေါ့၊ ဝမ်းသွားဖို့တိုက်တွန်းတိုင်း၊ ငိုယိုငြင်းဆန်မယ်၊ ဝမ်းသွားတဲ့အခါ ကလေးက နာကျင်ရတယ်၊ ဝမ်းက မာပြီးကျစ်နေတယ်၊ စအိုမှာ တစ်ဆို့နေတယ်ဆိုတာမျိုးတွေ ကြုံတွေ့ရမှာပါ။ ကလေးတစ်ယောက်ဝမ်းချုပ်တဲ့အခါ အတော်ပင်ပန်းရှာပါတယ်။ မိဘတွေမှာ ကြည့်ရတာ စိတ်မကောင်းဖြစ်ရ၊ ဝမ်းချူဖို့ကျတော့လည်း ခဏခဏမသုံးသင့်တာကြောင့် ဘာလုပ်ပေးရမှန်းမသိဖြစ်တတ်ကြပါတယ်။ ဝမ်းမသွားတော့ဗိုက်အောင့်ရတယ်၊ဝမ်းသွားရင် နာကျင်ရတယ်ဆိုတော့ ကလေးက ညှစ်ရမှာကိုကြောက်လာမယ်။ ဝမ်းခဏခဏချုပ်တတ်တဲ့ကလေးမှာ မဖြေရှင်းနိုင်ရင် ကြာလာတာနဲ့အမျှ အူလမ်းကြောင်းမှာ အညစ်အကြေးတွေစုပုံလာပြီး ဒုက္ခများနိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ ကလေးတွေဝမ်းချုပ်တာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် ခဏခဏဝမ်းချုပ်တယ်၊ ဝမ်းချုပ်တာရက်ကြာလာတယ်ဆိုရင်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ် ဒါမှမဟုတ်နောက်ခံရောဂါအကြောင်းရင်းတစ်ခုခုကိုဖော်ပြနေတာဖြစ်နိုင်တယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း