ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်

ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် ၉ လလွယ် ၁၀ လ ဖွားလာခဲ့တဲ့ ဘေဘီလေးကို မိခင်နို့ရည် ပြည့်ပြည့်ဝဝ တိုက်ကျွေးချင်ပေမယ့် နို့သီးခေါင်းထိပ်တွေက ကွဲနေတာကြောင့် ဘေဘီလေးကို နို့ချိုတိုက်လိုက်တိုင်း နာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ဆိုတဲ့မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ ခံစားနေရတဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် Helloဆရာဝန်က ပြောပြပေးချင်တာက နို့တိုက်မိခင်တိုင်း ဒီပြဿနာကို ခံစားရနိုင်လား................. နို့တိုက်မိခင်တိုင်းတော့ ဒီပြဿနာကို မခံစားရနိုင်ပါဘူး။ နို့တိုက်မိခင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ဒီပြဿနာကို ခံစားရနိုင်တာပါ။မေမေက နို့ထွက်နည်းတာကြောင့် ဒီပြဿနာကို ခံစားရနိုင်သလို ကလေးကို နို့တိုက်တဲ့ ပုံစံမမှန်တာမျိုးကြောင့်လည်း နို့သီးခေါင်းထိပ်တွေ ကွဲတာမျိုးကိုခံစားရနိုင်ပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။

ကိုယ်ဝန်လရင့်တဲ့အချိန် ရင်သားကနေ နို့မထွက်လာဘဲ သွေးလေးတွေ စို့နေတယ်။ ကလေး နို့တိုက် နေတဲ့အချိန် ရင်သားက နို့မထွက်ဘဲ သွေးတွေ ထွက်လာမယ်၊ နို့ထဲသွေးတွေရောနေမယ် ဆိုရင် မေမေတိုင်း လန့်သွားကြမှာ ကျိန်းသေပါတယ်။ ဘာများဖြစ်တာလဲ။ တစ်နေရာမှာများ ထိခိုက်မှုရှိလို့လား ကျန်းမာရေး တစ်ခုခုများဖြစ်ေနေပြီးလား။ အဲလိုဖြစ်ရင် ကလေးကို နို့ဆက်တိုက်လို့ရသေးရဲ့လား ။ ကလေးမွေးပြီး ကာလနို့တိုက်နေချိန်မှာ နို့မဟုတ်ဘဲ သွေးတွေထွက်ခဲ့ရင် လုံးဝစိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဒီတော့ စိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ဘာ့ကြောင့်နို့ထဲသွေးပါရလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့တော့ လိုသေးတာပေ့ါနော်။ ခုပြောပြမယ့် အချက်တွေက နို့တိုက်ချိန် နို့ထဲ သွေးပါ၊ နို့မထွက်ဘဲ သွေးတွေ ထွက်လာနိုင်တဲ့အကြောင်းလေးတွေပါ။ ( ၁ ) နို့သီးခေါင်းကွဲခြင်း။ ။ နို့သီးခေါင်းကွဲတဲ့ ပြဿနာဟာ နို့ထဲ သွေးပါစေနိုင်တဲ့အဓိက ပြဿနာတစ်ခုပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ

ကလေးတစ်ယောက်ကိုကျွေးမွေးပြုစုရတာ လွယ်တဲ့အလုပ်မဟုတ်မှန်း အသစ်စက်စက်မေမေတို့အသိဆုံးပါ။ အတွေ့အကြုံမရှိသေးတဲ့အချိန် နုနုနယ်နယ်ဘေဘီလေးရဲ့ဝေယျာဝစ္စတွေကို လုပ်ပေးရတဲ့အခါ တစ်စုံတစ်ခုမှားယွင်းသွားမှာ သိပ်စိုးရိမ်ကြပါတယ်။ တကယ်လည်းမေမေတို့ရဲ့ပြုစုဂရုစိုက်မှုက ကလေးရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုတွေအားလုံးအတွက် အဓိကအခြေခံဖြစ်နေတာမို့ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ကလေးပြုစုစောင့်ရှောက်ရေးအတွက်ဖေဖေမေမေတို့ ကြိုတင်လေ့လာတန်လေ့လာ၊မေးမြန်းစရာရှိမေးရပါမယ်။ ဒါမှ အယူအဆမှားတွေကြားမှာ ကလေးကို မပင်ပန်းစေမှာဖြစ်ပါတယ်။ကလေးလေးလေးတစ်ယောက်ရှိနေတဲ့ မိသားစုမှာ အဖြစ်များဆုံးပြဿနာက အိပ်စက်မှုပုံစံပါပဲ။ ညဘက်ဆို ကလေးက မအိပ်လို့ ညတိုင်းအိပ်ရေးပျက်ရတယ်၊နေ့ဘက်လည်းကလေးကိုပြုစုနေတာနဲ့ မနားရဘူး။ ဒီလိုနဲ့မေမေတို့မှာ ဆံမဖြီးနိုင်၊ မှန်မကြည့်နိုင်နဲ့ လုံးပမ်းနေရတော့တာပါပဲ။ ကလေးတွေမှာ တချို့က နေ့နဲ့ည အိပ်ချိန်လွဲတတ်တယ်၊နေ့ဘက်မှာ စွတ်အိပ်ပြီး ညကျ ဂျီကျတတ်တယ်၊ တချို့ကျတော့နေ့ဘက်လည်းမအိပ်၊ ညဘက်လည်းတော်တော်နဲ့မအိပ်လို့ ဒုက္ခများရတဲ့အပြင် ကလေးရဲ့ကျန်းမာရေးအတွက်ပါ စိတ်ပူရတော့တာပေါ့။ ကလေးလေးရဲ့ အိပ်ချိန် မွေးကင်းစကလေးတစ်ယောက်ရဲ့အိပ်ချိန်က ပုံမှန်အားဖြင့် တစ်နေ့ကို ၁၆ နာရီ ၊ ၁၇ နာရီအထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် လသားအရွယ်ကလေးအများစုက တစ်ကြိမ်အိပ်ရင် […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့နဲ့ ဓါတ်မတည့်တဲ့ ကလေး ရှိလား

မေမေတို့ရဲ့အသွေးအသားကနေ ဖြစ်တည်လာတဲ့ နို့ရည်ကဘေဘီတို့အတွက် နတ်သုဒ္ဓါပါပဲ။ အစာအာဟာရတွေ မရနိုင်သေးတဲ့ ကလေးလေးတွေအတွက်ပြီးပြည့်စုံတဲ့အာဟာရဓါတ်တွေကို တစုတည်းရရှိနိုင်တဲ့ အလွယ်ကူဆုံးအရင်းအမြစ်ပါနော်။ နို့ရည်မှာပါတဲ့အာဟာရဓါတ်တွေက ကလေးရဲ့ကျန်းမာရေး၊ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကိုယ်ခံအားစနစ်တို့အတွက် အကျိုးကျေးဇူးသိပ်ကိုများပါတယ်။မေမေတို့ရဲ့သွေးထဲမှာလည်ပတ်နေတဲ့အာဟာရဓါတ်တွေက နို့ရည်အဖြစ်ပြောင်းလဲရောက်ရှိသွားတာဖြစ်တဲ့အတွက်မေမေတို့က အာဟာရပြည့်တာပိုစားလေ ကလေးဆီကို ပိုရောက်နိုင်လေဖြစ်ပါတယ်။ အလားတူပဲ ကျန်းမာရေးနဲ့မညီတာစားရင်တော့ ကလေးမှာဝေဒနာသက်ရောက်နိုင်ပါတယ်။ ဒီရက်ပိုင်း Hello ဆရာဝန်မှာမေးတဲ့သူရှိလာခဲ့တယ်။ ကလေးက မိခင်နို့နဲ့ ဓါတ်မတည့်တာဖြစ်နိုင်လားတဲ့။ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့နဲ့မတည့်တာ မဟုတ်ပါဘူး။ မေမေစားလိုက်တဲ့အစားအသောက်ထဲ ကလေးနဲ့ဓါတ်မတည့်တာပါတဲ့အချိန်မှာ ဓါတ်မတည့်လက္ခဏာဖြစ်လာနိုင်တာပါ။ဖြစ်ခဲတယ်ဆိုပေမယ့် တချို့မေမေတွေက သတိထားမိကြတယ်၊ အစားတခုခုကိုစားမိပြီးနို့တိုက်လိုက်တဲ့နောက်ပိုင်း ကလေးမှာလက္ခဏာတွေ့လာတတ်တယ်လေ။ ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ နို့စို့အရွယ်ကလေးတွေမှာတွေ့ရများတဲ့ အစားအစာဓါတ်မတည့်မှုလက္ခဏာတွေက အရေပြားနီမြန်းတာ၊ အဖုအပိန့်တွေထွက်တာ၊ အင်ပြင်ထွက်တာ၊ နှာချေတာ၊ နှာခေါင်းလမ်းကြောင်းပိတ်ဆို့တာ၊ ပျို့အန်တာ၊ ဝမ်းပျက်တာတွေပါဝင်ပါတယ်။ ဘာလုပ်ရမလဲ နို့စို့ကလေးလေးမှာ ဒီလိုလက္ခဏာတွေသတိထားမိတယ်ဆိုရင် ဆရာဝန်ပြဖို့ကတော့အရင်ဆုံးလုပ်ရမှာပေါ့။ ဘာကြောင့်ဖြစ်ရတာလဲ၊ ဓါတ်မတည့်မှုကြောင့်ဟုတ်မဟုတ် သိဖို့လိုတယ်လေ။ပြီးရင်တော့ ကလေးနဲ့ဓါတ်မတည့်ဖြစ်နိုင်တဲ့အရာကိုမေမေတို့ရှောင်စားရပါလိမ့်မယ်။ ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ လက္ခဏာလျော့ပါးသက်သာသွားတာတွေ့ရမှာပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။

ဘေဘီလေးရဲ့ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလို အမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလို အခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါေးလးထဲမှာတော့ ကလေးပါးစပ်မှာအမြှုပ်တွေစီနေတဲ့အခါ ဘယ်လိုပုံစံမျိုးရှိနေရင် စိုးရိမ်ရမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ် ၊ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ပါးစပ်မှာ အမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက အသက်ရှူလမ်းကြောင်းပိတ်နေသလို အသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီးမလန်းဘဲ တစ်ချိန်လုံး ဂျီကျမျိုးတွေရှိနေရင် ဆရာဝန်ဆီသွားသင့်ပါတယ်။ ဒါတွေက မတည့်တာတွေ စားမိတာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။

ကိုယ့်ကလေးလေးကို မွေးလာပြီဆိုတည်းက အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်ကြတာ မိဘတိုင်းပါ။ အချိန်ပြည့်ကလေး အရိပ်အခြေကို စောင့်ကြည့်ပြီး ပြုစုနေတဲ့ကြားက မိဘတွေ စိုးရိမ်ထိတ်လန့်စရာ အပြုအမူတွေ ကလေးဆီမှာ ဖြစ်တတ်ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေတာမျိုးပေါ့။ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေပြီဆိုတာနဲ့ မိဘတော်တော်များများက စိုးရိမ်သွားတတ်ကြပါတယ်။ ကလေးကျန်းမာရေးတစ်ခုခုဖြစ်နေပြီလား မတည့်တာတွေစားမိပြီး အမြှုပ်ထွက်နေတာလားပေါ့။ ဒီလိုပဲ ပုံမှန်ဖြစ်တတ်လားပေါ့။ ကဲဒီတော့ ဘေဘီလေးတွေ ပါးစပ်က အမြှုပ်ထွက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာများလဲ ။ ဘာ့ကြောင့် ကလေးတွေ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတတ်တာလဲ ။ ကလေးပါးစပ်မှာ အမြှုပ်လေးတွေစီနေရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ပုံမှန် တံတွေးနဲ့လေနဲ့ ရောပြီး အမြှုပ်ထတာဖြစ်နိုင်သလို ကလေးရဲ့လေကြောင်းလမ်းပိတ်ပြီး အသက်ရှူမရတာကြောင့် မျိုးတွေ လဲဖြစ်နိုင်ပါတယ်။ ကဲဘယ်လိုအကြောင်းတွေ ရှိနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ ( […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေရော သွေးတိုးတတ်လား

သွေးတိုးတယ်ဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်စားသောက်နေထိုင်မှုကို အစဉ်မပြတ်ဂရုစိုက်နေမှ ရမှာပါ။ ဒီနေရာမှာမေးစရာရှိတာကသွေးတိုးဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ရောဂါတစ်ခုလားဆိုတာပါ။ ဒီကိစ္စကိုသေသေချာချာလေးသိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ သွေးတိုးက လူကြီးတွေမှာပဲဖြစ်တတ်တာလား....... မဟုတ်ပါဘူး။သွေးတိုးတာက အသက်အရွယ်နဲ့မဆိုင်ပါဘူး။ အရွယ်မရွေးသွေးတိုးတာကို ခံစားရနိုင်ပါတယ်။ နေမကောင်းနေတဲ့အချိန် အဖျားသွေးရှိနေချိန်တွေမှာသွေးပေါင်ချိန်မြင့်တာက ဖြစ်တတ်တဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး ဒီအနေအထားကိုသွေးတိုးတယ်လို့ မဆိုသာပါဘူး။ အဖျားသွေးကျသွားတဲ့အခါ သွေးပေါင်ချိန်က ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။ပြောချင်တဲ့ လိုရင်းကတော့ ကလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ အရွယ်တိုင်းက သွေးတိုးနိုင်တယ်ဆိုတာပါ။ သွေးတိုးနိုင်ခြေ ပုံမှန်ထက်ပိုများနေသူတွေက ဘယ်သူတွေလဲ..... သွေးတိုးတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီအခြေအနေရှိသူတွေက ပုံမှန်ထက်သွေးတိုးနိုင်ခြေ ပိုများပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန်များနေတာ မေမေက ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရှိနေခဲ့တာ မျိုးရိုးရှိတာ လမစေ့ဘဲမွေးတာ ပေါင်မပြည့်ဘဲမွေးလာတာ မွေးရာပါ ဆီးချိုရောဂါပါလာတာ သွေးတွင်းကိုလက်စထရောမြင့်နေတာ အငန်အစားများတာ တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုများတာ အထိုင်များတာ ကိုယ်လက်လှုပ်ရှားမှုနည်းတာ နှလုံးသွေးကြောကျဉ်းနေတာ အိပ်စက်မှုပြဿနာရှိနေတာ နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာတွေကြောင့်သွေးတိုးနိုင်ပါတယ်။ အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန် အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန်တွေက အသက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားရမလဲ။

ကလေးတိုင်းရဲ့ ခန္ဓါကိုယ်ပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့ အချက်ကတော့ အာဟာရပြည့်ဝစွာရရှိမှုပါ။ အာဟာရပြည့်ဝနေတဲ့ကလေးတစ်ယောက်ရဲ့ စားသောက်မှုပုံစံမှာ စွမ်းအင်ဖြည့်တင်းပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ အသားဓါတ်တွေ၊ သင့်တော်တဲ့ အဆီနဲ့ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေနဲ့ အခြား အစားအစာအုပ်စုတွေ ပါဝင်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ နို့နဲ့နို့ထွက်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေက ကလေးငယ်တွေအတွက် ကြီးထွားဖွံ့ဖြိုးမှုကိုကောင်းကောင်းကြီးအထောက်အပံ့ပေးနိုင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုပါ။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့အစားအသောက်တွေက ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ မကြာသေးခင်က ပြုလုပ်ထားတဲ့ စစ်တမ်းကောက်ယူမှုတွေမှာ မြန်မာနိုင်ငံက ကလေးတွေရဲ့သုံးပုံတစ်ပုံကျော်က အသက်အရွယ်အလိုက်ရှိသင့်တဲ့အရပ်အတိုင်းအတာအတိုင်း မဖွံ့ဖြိုးတဲ့အတွက် မြန်မာနိုင်ငံက အာဟာရချို့တဲ့မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေတယ်လို့ ဆိုထားပါတယ်။ အာဟာရချို့တဲ့မှုဟာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။ အာဟာရ ချို့တဲ့ရင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ချက်ချင်းသိသာတဲ့ချို့ယွင်းမှုတွေရှိသလို နောင်အနာဂတ်မှာပါ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်ပေါ်နေတဲ့အရွယ်မှာ ကလေးငယ်တွေအတွက် […]


မိခင်နို့တိုက်ကျွေးခြင်း

ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက် နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်

မေမေတစ်ယောက်ဖြစ်လာရင် စွန့်လွှတ်ရ အနစ်နာခံရတာတွေကတော်တော်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးပျိုးထောင်နေရတဲ့ ကာလအတွင်းမှာရောပေါ့။ နို့တိုက် မေမေအများစုဆီက ကြားရတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ဖျားပြီထင်တယ်။ ဆေးလည်း မသောက်ပါရဲဘူး။ နို့တိုက်နေရတယ်လေဆိုတာပါ။ ဖျားမှ ခေါင်းကိုက်မှ မဟုတ်ဘူးနော် နို့တိုက်နေရလို့ဆိုပြီး ချောင်းဆိုးနေတာနဲ့အခြား ခံစားရတဲ့ဝေဒနာတွေရှိရင်တောင် ကြိတ်ခံကြတာများပါတယ်။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတွေအနေနဲ့ ဆေးသောက်လို့ရလားဆိုတဲ့ ကိစ္စလေးကိုပြောပြပေးပါရစေနော်။ နို့တိုက် မေမေ ဘာဆေးမှသောက်လို့မရဘူးလား........... နို့တိုက်မေမေတစ်ယောက် ဖြစ်နေတာကြောင့် ဆေးတွေလုံးဝမသောက်ရဘူးဆိုတာက မဟုတ်ပါဘူး။ ဆေးအများစုက နို့တိုက်နေချိန်မှာသောက်ဖို့အတွက် ဘေးကင်းစိတ်ချရပါတယ်။ အကြောင်းကတော့ သောက်လိုက်တဲ့ဆေးတွေက မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ခြေနည်းတာကြောင့်ပါ။ သောက်လိုက်တဲ့ဆေးက မိခင်နို့ကနေတဆင့် ဘေဘီလေးဆီရောက်မယ်ဆိုရင်တောင်နည်းနည်းလောက်ပဲရောက်နိုင်မှာဖြစ်တာကြောင့် ဘေဘီလေးကို ထိခိုက်စေတာမျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် ပြောချင်တာက နို့တိုက်မေမေက ဆေးလုံးဝမသောက်ရတာမဟုတ်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆေးသောက်ပေးလို့ရပါတယ်။ နို့တိုက်မေမေဖြစ်နေလို့ဆိုပြီး ဆေးမသောက်ဘဲ အတင်းကြိတ်ခံနေတာမျိုးမဖြစ်သင့်ပါဘူး။ နာကျင်ကိုက်ခဲတဲ့အခါ ..... နို့တိုက်မေမေတစ်ယောက်အနေနဲ့ နာကျင်ကိုက်ခဲတဲ့အခါ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

နို့တိုက် နေတဲ့မိခင်တစ်ယောက်အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ့ပြဿနာတစ်ခုပါ။ ကလေးကလည်းနို့ဆာ ကိုယ်ကလည်း နို့မထွက်၊ နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ကြောင်း ပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင်လုပ်ဖို့က အရေးကြီးလာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတွေလုပ်ကြမလဲ ။ ။ နို့ကြောင်းပိတ်ခြင်းကို ဘာတွေက အဖြစ်များစေတာလဲ။ နို့ကြောင်းပိတ်တာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာကြောင့် နို့ကြောင်းပိတ်တာလဲ အရင်သိဖို့လိုပါတယ်။ နို့ကောင်းကောင်း မထွက်တာ - ကလေးကောင်းကောင်းမစို့နိုင်လို့ဖြစ်ဖြစ်၊ မိခင်နဲ့ကလေး ခွဲနေတာကြာတော့ နို့မတိုက်ရတဲ့ အခါမျိုးမှာ နို့အုံကြီးတင်းနေတတ်ပြီး နို့ကြောင်းပိတ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ကြပ်လွန်းတဲ့ အတွင်းခံ ဘရာစီယာ၊ ကားခါးပတ်တွေနဲ့ မှောက်အိပ်တာအချိန်ကြာသွားခြင်းကလည်းနို့ကြောင်းပိတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေပါ။ စိတ်ဖိစီးမှုများခြင်းနဲ့ မိခင်စိတ်မောပန်းနေခြင်းကလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း