ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။

ကလေးလိုချင်တဲ့ မိဘတိုင်း လောကထဲ ရောက်လာမယ့် ကိုယ့်ကလေး ခြေလက်အဂါစုံဖို့၊ မွေးရာပါ ပြဿနာတွေ မရှိစေဖို့ ဆုတောင်းကြတဲ့သူချည်းပါပဲ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ချို့ကလေးလေးတွေဟာ မွေးရာပါပြဿနာ တစ်ခုခုနဲ့ ချို့ယွင်းချက်ရှိစွာ မွေးဖွားလာခဲ့ကြရပါတယ်။ ဒီလို မွေးရာပါချို့ယွင်းချက်တွေထဲမှာ ခုပြောမယ့် Tetralogy of fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကလည်း တစ်ခု အပါအဝင်ပေါ့။ ဒီနေ့ပြောပြမယ်ဆောင်းပါးကတော့ ဒီလို မွေးရာပြါပါနှမ်းတဲ့ နှလုံးရောဂါနဲ့ မွေးဖွားလာတဲ့ ရင်သွေး ပိုင်ဆိုင်ထားရတဲ့ မိခင်တိုင်းအတွက် ရည်ရွယ်ပါတယ်။ Tetralogy of Fallot ဆိုတာ ဘာလဲ ။ ။ Tetralogy of Fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ အောက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေမှာ ဖြစ်တဲ့ တီဘီ ရောဂါ

တီဘီရောဂါဟာ Mycobacterium tuberculosisဆိုတဲ့ဘက်တီးရီးယားကြောင့်ဖြစ်လာတာပါ။ အဓိကအားဖြင့် အဆုတ်ကိုထိခိုက်စေတယ်ဆိုပေမယ့် တခြားကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။ တီဘီရှိတဲ့သူကချောင်းဆိုး၊ နှာချေလိုက်ရင်လေထုထဲလွင့်ထွက်လာတဲ့ အမှုန်လေးတွေထဲရောဂါပိုးတွေပါလာ ပျံ့နှံ့နိုင်ပါတယ်။ ဒါတွေကိုရှူသွင်းမိတဲ့သူတွေမှာ တီဘီရောဂါရသွားနိုင်တာပေါ့။ ဒါလူတိုင်းနီးပါးသိထားပြီးသားပါ။ ဒါဆို ကလေးတွေမှာဖြစ်တဲ့ တီဘီရောဂါကရော ဘယ်လိုမျိုးလဲ။ ဘယ်လို လက္ခဏာတွေတွေ့ရတတ်လဲ အသက်အရွယ်နဲ့ အနေအထားတွေကိုမူတည်ပြီး ကလေးတစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေမတူတတ်ကြပါဘူး။ ကလေးတွေမှာ တွေ့ရတတ်တဲ့ တီဘီလက္ခဏာတွေကတော့ - ကိုယ်ပူတာ ကိုယ်အလေးချိန်ကျတာ ကြီးထွားဖွံ့ဖြိုးမှုနှေးတာ ချောင်းဆိုးတာ ဂလင်းတွေရောင်တာ ချမ်းတုန်တာ တို့ပါဝင်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေမှာ အဖြစ်များတဲ့ တီဘီလက္ခဏာတွေက - ၃ ပတ်ထက်ကျော်ပြီးချောင်းဆိုးနေတာ ရင်ဘတ်အောင့်တာ ချွဲသလိပ်မှာ သွေးပါတာ အားနည်းတာ ပင်ပန်းနွ်မ်းနယ်တာ ဂလင်းတွေရောင်တာ ကိုယ်အလေးချိန်ကျတာ အစာစားချင်စိတ်နည်းလာတာ ဖျားတာ ညဘက်ချွေးထွက်တာ ချမ်းတုန်တာ တို့ခံစားရနိုင်ပါတယ်။ ဘယ်လို ကုသလဲ ကလေးမှာ ဒီလက္ခဏာတွေသံသယရှိတာနဲ့ တီဘီရှိမရှိ ကနဦးဆေးစစ်ဖို့နဲ့ ကုသဖို့ ဆရာဝန်ကဆေးရုံကိုညွှန်းပေးမှာပါ။ အထူးသဖြင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားဝါ

မွေးဖွားလာမယ့် ဘေဘီလေး ကိုရောဂါကင်းစေဖို့န့စဉ်မပြတ်ဆုတောင်းပေမယ့်ဘေဘီလေးကမွေးလာချိန်မှာ အသားဝါလာမယ်ဆိုရင်မေမေ့အနေနဲ့တော်တော်လေးစိတ်ထိခိုက်မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါနော်။ ဒါ့ထက်ပိုဆိုးနိုင်မှာကဘေဘီလေးမှာ အသားဝါဖြစ်နေမှန်းမသိတာမျိုးပေါ့။ ဒီတော့ဘေဘီလေးမှာ အသားဝါဖြစ်နေလားသိနိုင်စေဖို့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်စေချင်ပါတယ်နော်။ ဘေဘီလေးတွေမှာဖြစ်တဲ့ အသားဝါ ဆိုတာ ဘေဘီလေးမှာဖြစ်တဲ့ အသားဝါ ဆိုတာက အရေပြားနဲ့မျက်စိအဖြူသားလေးတွေအဝါရောင်ပြောင်းသွားတဲ့အခြေအနေတစ်ရပ်ပါ။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ဘေဘီလေးရဲ့သွေးထဲမှာbilirubin များနေတာကြောင့်ပါ။ Bilirubin ဆိုတာကသွေးနီဥဆဲလ်လေးတွေပေါက်ကွဲရာကနေထွက်လာတဲ့ အဝါရောင်ခြယ်ပစ္စည်းလေးတွေပါ။ အရွယ်ရောက်ပြီးသူတွေမှာကတော့ ပုံမှန်အားဖြင့် ဒီရောင်ခြယ်ပစ္စည်းလေးတွေကိုသွေးထဲကနေအသည်းကဖယ်ရှားပေးတာပါ။သွေးထဲကနေbilirubinတွေကိ ဝမ်းကနေတဆင့်စွန့်ထုတ်ဖို့အသည်းကလုပ်ဆောင်ပေးပါတယ်။ဘေဘီလေးတွေမှာတော့ အသည်းကbilirubinင်္တေကိုမြန်မြန်ဆန်ဆန်မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် အသည်းမှာbilirubinတွေလျင်လျင်မြန်မြန်စုပုံလာမှုကဘေဘီလေးကို အသားဝါလာစေတာပါ။ အသားဝါရောဂါအများစုက သူ့အလိုလိုပျောက်သွားတယ်ဆိုပေမယ့် အရမ်းငယ်လွန်းသေးတဲ့ဘေဘီလေးတွေအတွက်ကတော့ ထိရောက်တဲ့ ကုသမှုခံယူတာအကောင်းဆုံးဖြစ်မှာပါ။ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ ဘေဘီလေးအချို့ကမွေးဖွားကတည်းက အသားဝါပါလာတတ်ပေမယ့် အချို့ဘေဘီလေးတွေမှာတော့မွေးပြီးတော်တော်ကြာတဲ့အချိန်မှာမှ အသားဝါလာတာမျိုးတွေ့ရနိုင်ပါတယ်။ အသားဝါတဲ့အခါဘေဘီလေးရဲ့ အသားရောင်က အဝါရောင်ခပ်ဖျော့ဖျော့လေးဖြစ်လာနိုင်ပါတယ်။ ဒီလိုဝါတာက မျက်နှာကနေစဖြစ်တတ်ပြီးနောက်ပိုင်းမှာ ရင်ဘတ်မှာဖြစ်လာနိုင်သလို ဗိုက်မှာပါဝါလာနိုင်ပါတယ်။ ဒီကနေမှတဆင့်ခြေထောက်လေးတွေဝါလာနိုင်ပါတယ်။ ဒီကနေမှတဆင့်ဘေဘီလေးရဲ့ မျက်လုံးအဖြူသားလေးတွေ ဝါလာနိုင်ပါတယ်။ ဘေဘီလေးက အသားဖြူရင် အသားဝါတာကို အလွယ်တကူသိနိုင်ပေမယ့်ဘေဘီလေးက ညိုချောလေးဆိုရင်တော့ အသားဝါတာကို ချက်ချင်းသိဖို့ခက်မှာပါ။ ဒီလိုအခြေအနေမှာဆိုရင်တော့ဘေဘီလေးရဲ့ နှာခေါင်းနဲ့နဖူးကို ခပ်ဖွဖွလေးညှစ်ကြည့်ပြီးပြန်လအတ်လိုက်ပါ။ပြန်လွှတ်လိုက်တဲ့အချိန်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ရင်သွေးလေးကို သင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထများ

စမတ်ကျလှပတဲ့ လူငယ်လေး၊ လှပကြော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးအဖြစ် ကိုယ့်ရဲ့ ရင်သွေးလေးကို ကြီးပြင်းလာစေချင်တဲ့မေမေဖေဖေတွေများရှိလား။ ဒါဆိုရင်တော့ စမတ်ကျလှပတဲ့အရွယ်ရောက်သူလေးဖြစ်လာစေဖို့ ကိုယ့်ရဲ့ရင်သွေးလေးကို ငယ်ငယ်ကတည်းက ဘာတွေသင်ကြားပျိုးထောင်ပေးဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ကိုယ့်ရဲ့ ရင်သွေးလေးကို ငယ်စဉ်ကနေစပြီး ဒီအလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ။ ဒါမှ ကျန်းမာပြီး စမတ်ကျတဲ့လူငယ်လေး၊ လှပကြော့ရှင်းတဲ့လေဒီလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ လက်ဆေးတတ်အောင်သင်ပေးပါ လက်ကနေတဆင့်ရောဂါပိုးတွေကအများကြီးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရှိနေအောင် ပျိုးထောင်ပေးထားသင့်ပါတယ်။ ကလေးကို ညစ်ပေတာတွေကိုင်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ အသားစိမ်း၊ငါးစိမ်းတွေကို ကိုယ်တွယ်မိချိန်၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်ကြတဲ့သွေး၊ဆီး၊ တံထွေးနဲ့အခြားသောအရာတွေကို ထိတွေ့ပြီးတိုင်း၊ တိရစ္ဆာန်လေးတွေကိုထိတွေ့ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ နှပ်ညှစ်ပြီးတိုင်း၊ချောင်းဆိုးပြီးတိုင်း၊ အိမ်သာကဆင်းတိုင်း၊အစားစားပြီးတိုင်းမှာ လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကိုမွေးမြူပေးပါ။ ဒါကရောဂါပိုးမွှားတွေကို ကာကွယ်ရာရောက်လို့ ကလေးကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ရေပုံမှန်ချိုးတတ်တဲ့အလေ့အကျင့်မွေးမြူပေးပါ ရေပုံမှန်ချိုးတတ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော်

လူကြီးတွေကတော့ ကလေးဝရင် ကျန်းမာတယ်ပဲ မြင်တတ်ကြတာပါပဲ။ တကယ်တော့ အသက်အရွယ်တိုင်းမှာ သူ့ဟာနဲ့ သူ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းတွေဆိုတာ ရှိပါတယ်။ ဒီစံနှုန်းထက် နည်းလွန်းတဲ့ ကလေးတွေကျတော့လည်း ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်၊ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ကပ်ပြီး သေးညှက်နေတယ်၊ စံနှုန်းထက် ကျော်ပြီး အရမ်းဝနေတဲ့ ကလေးကျတော့လည်း ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကိုယ်ခန္ဓါကြောင့် အတန်းထဲမှာ တခြားကလေးတွေရဲ့ စတာနောက်တာ ခံရနိုင်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ကလေးကို အဝမလွန်စေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေများများကျွေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကလေးတွေ အဝလွန်အောင် ဘယ်လိုအရာတွေက တွန်းပို့ပေးနေလဲ။ ၁။ ကလေးကြိုက်ရင်ပြီးတာပဲဆိုပြီး ကျွေးလိုက်တဲ့ အဆီတွေ၊ အကြော်အလှော်တွေ၊ အသင့်စား ရယ်ဒီမိတ် အစားအစာတွေ၊ အချိုများတဲ့ မုန့်တွေပဲ အမြဲလိုလို ကျွေးတဲ့အကျင့်က ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် အကောင်းဆုံး သေးခံရွေးချယ်ပေးကြမယ်

ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သားသမီးလေးတွေကို အကောင်းဆုံးသောအရာတွေပဲပေးချင်တာကမေမေတိုင်းရဲ့ ဆန္ဒပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးတိုင်းရဲ့ ကျန်းမာသန့်ရှင်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းလေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။ ဒါကတော့ဘေဘီလေးကို အနံ့အသက်ကင်းစေဖို့ရော အပြင်သွားတဲ့အခါ စမတ်ကျကျနဲ့ ရှိုးထုတ်နိုင်စေဖို့အတွက်ပါ အသုံးတည့်မယ့် ပစ္စည်းလေးပါ။ ဒါကတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင် ဂရုစိုက်နိုင်ဖို့ခက်ခဲတဲ့ဘေဘီလေးတိုင်းအတွက်လိုအပ်တဲ့ဘေဘီ Diaper ( သေးခံ) ပါ။ ဘေဘီလေးအတွက်သေးခံရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို စဉ်းစားဖို့လိုမလဲ............. ဘေဘီလေးတွေက ထိခိုက်လွယ်သလို အသားအရေကလည်း နူးညံ့လွန်းပါတယ်။ ဒါကြောင့် သူတို့လေးတွေအတွက်သေးခံရွေးချယ်တဲ့အခါ အစစအရာရာကို သတိထားဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့ဘေဘီလေးတို့အတွက်သေးခံရွေးတော့မယ်ဆိုရင်ဈေးနှုန်းကို အဓိက မထားဘဲ ဒီအချက်တွေကို ဂရုစိုက်ပေးဖို့လိုပါမယ်နော်မေမေတို့ရေ......... ကလိုရင်းပါဝင်မှုမရှိကြောင်းထောက်ခံချက်ရရှိထားတာ - ကလိုရင်းပါဝင်နေတဲ့သေးခံတွေမှာDioxin လို့ခေါ်တဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးပါဝင်နေတတ်တာကြောင့်ဘေဘီလေးတွေနဲ့မသင့်တော်တာအမှန်ပါ။ ဒါကြောင့်ဘေဘီလေးကို ထိခိုက်မှုမဖြစ်စေဖို့အတွက်သေးခံကိုရွေးချယ်တဲ့အခါ ကလိုရင်း ပါဝင်မှုကင်းတယ်ဆိုတဲ့ထောက်ခံချက်ရရှိထားလားဆိုတာကိုသေချာဂရုစိုက်စေချင်ပါတယ်။ အမွှေးနံ့မပါတာ - အမွှေးနံ့တွေက ကလေးကို မလိုအပ်ဘဲ ဓါတ်မတည့်မှြုဖစ်စေနိုင်ပါတယ်။သေးခံက အနံ့အသက်ဆိုးထွက်မှာကို စိုးရိမ်တာကြောင့် အမွှေးနံ့ပါတာကို ဝယ်ယူတာကဘေဘီလေးရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ

ကလေးက တစ်ချိန်လုံး အိပ်ပဲအိပ်နေတယ်။ တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဖေဖေတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး အရမ်းအိပ်တာက ပုံမှန်တော့ ဖွံ့ဖြိုးဖို့အားယူတာပါ။ ဒါကြောင့် ဘေဘီလေး အိပ်စက်ရတဲ့ အကြောင်းအရင်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်လား။ ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ။ ဘေဘီလေးတွေ အရမ်းအိပ်တာ စိုးရိမ်ရလား........ မွေးကင်းစ ဘေဘီလေး တစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓါကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါကပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်းပိုနိုင်တယ်။ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။ ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။ ကလေးကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ် ( ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများနေမယ်။ ကလေးက […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

ဦးနှောက် အမြှေးရောင်တယ်ဆိုတာကဘာလဲ.......... ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ကျောရိုးနဗ်ကြောကို ဖုံးအုပ်ထားတဲ့ အမြှေးပါးလေးရောင်ရမ်းတဲ့ အခြေအနေတစ်ရပ်ပါ။ ဦးနှောက်အမြှေးရောင်တာက အရွယ်မရွေးဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ဦးနှောက် အမြှေးရောင်ရောဂါက လူတစ်ဦးကနေ တစ်ဦးကို မကူးစက်နိုင်ပါဘူး။ရောဂါရှိတဲ့ခြင်ကိုက်ခံရမှသာကူးစက်နိုင်တာပါ။ ဦးနှောက်အမြှေးရောင်ရောဂါကမြန်မြန်သိပြီးမြန်မြန်ကုသနိုင်ရင်ပျောက်ကင်းနိုင်ခြေပိုများပါတယ်။ ကာကွယ်တာက ကုသတာထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ဦးနှောက်အမြှေးရောင်ကို ကာကွယ်ဖို့ အကောင်းဆုံးသောနည်းလမ်းက ကာကွယ်ဆေးထိုးနှံတာပါပဲ။ ဘာတွေကြောင့်ဦးနှောက် အမြှေးရောင်ဖြစ်တာလဲ........ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ရတာကခြင်ကိုက်တာကနေတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် တွေကြောင့်ပါ။ရောဂါရှိတဲ့သူက အခြားတစ်ဦးကို ကိုင်တွယ်ထိတွေ့ရုံ၊ နမ်းရှုတ်ရုံလောက်နဲ့မဖြစ်သလိုရောဂါပိုးရှိနေသူက နှာချေ၊ချောင်းဆိုးတာတွေကနေတဆင့်လည်းရောဂါပိုးတွေ မကူးစက်နိုင်ပါဘူး။ အဓိကကတော့ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင် ကိုက်ခံရတာကြောင့်ဖြစ်ရတာပါ။ ဒီရောဂါကဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်သေသေချာချာကုသမှုမလုပ်ဘူးဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ...... ဦးနှောက်အမြှေးရောင်ရောဂါက ကူးစက်ခံရသူရဲ့ အသက်အရွယ်ကိုလိုက်ပြီးခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အဖျားတက်မယ် အားအင်ကုန်ခမ်းသလိုဖြစ်မယ် ခြေကုန်လက်ပမ်းကျမယ် ခေါင်းကိုက်မယ် အလင်းဒဏ်မခံနိုင်ဖြစ်မယ် ဇက်ကြောကြီးတောင့်နေမယ် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်မယ် စသဖြင့်ခံစားရနိုင်ပါတယ်။ ဘေဘီလေးတွေမှာ ဆိုရင်ရော......... ဘေဘီလေးတွေမှာ ဦးနှောက် အမြှေးရောင်ရောဂါခံစားရမယ်ဆိုရင်တော့ စိတ်ဆိုးနေမယ် အစားမစားဘဲဖြစ်မယ် တစ်ချိန်လုံးအိပ်နေမယ် (မှိန်းနေမယ်) […]


မိခင်နို့တိုက်ကျွေးခြင်း

ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ

ရင်သွေးလေးကို နို့တိုက်ချင်တယ်၊ ဒါပေမယ့် ရင်သားက အတွင်းဘက်ကို ချိုင့်ဝင်နေလို့ ရင်သွေးလေးကို နို့တိုက်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက နို့တိုက်မေမေ ကြုံနေရတဲ့ ပြဿနာကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ ..... ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ .... ဒါဆိုရင်တော့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးဖို့အတွက် အဆင်ပြေအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာနဲ့ မေမေတို့ သိချင်နေလောက်မယ့် အကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်။ ရင်သား အတွင်းချိုင့်ဝင်နေတယ်၊ နို့သီးခေါင်းမပေါ်ဘူးဖြစ်နေတယ် ကလေးကို နို့တိုက်လို့ဖြစ်ပါ့မလား.......... ရင်သား အတွင်းချိုင့်ဝင်နေတယ် ဆိုတာနဲ့ ဘေဘီလေးကို နို့တိုက်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း