ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD( Attention deficit hyperactive disorder) ဆိုတဲ့ ပြဿနာအကြောင်း သိတဲ့သူရှိသလို မသိသေးတဲ့သူတွေလည်းအများကြီးရှိမယ်ထင်ပါတယ်။ ဒီပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ေကျာင်းနေကလေးအရွယ်ေတွမှာ တွေ့ရများတတ်ပါတယ်။ ADHA ကို အလွယ်မှတ်မယ်ဆိုရင်တော့ အတက်ကြွလွန်တဲ့ ပြဿနာ၊ ဂနာမငြိမ်တဲ့ ပြဿနာ၊ တစ်ခုခုကို သေချာ အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာလို့ မှတ်လို့လည်းရပါတယ်။ ဒီပြဿနာရှိနေတဲ့ ကလေးက အတက်ကြွလွန်၊ တစ်ချိန်လုံးလှုပ်ရှားနေတဲ့အတွက် ဘေးကကြည့်နေတဲ့ မေမေတို့ကတော့ ငါတို့ ကလေးက တက်ကြွတယ်၊ ထိုင်းမှိုင်းနေတာမျိုးလည်း မရှိဘူးဆိုပြီး ဝမ်းသာနေတတ်ကြပါတယ်။ ADHD ဆိုတာ စိတ်ရောဂါ၊ကျန်းမာရေး ပြဿနာတစ်ခုပါ။ ကလေးက အတက်ကြွလွန်တဲ့ ပြဿနာ ADHD ဖြစ်နေတာကို စိုးရိမ်စရာမရှိဘူးလို့ထင်နေတဲ့ မိဘတွေ ရှိပါလိမ့်မယ်။ ဒီတော့ ADHD နဲ့ ပက်သက်ပြီး ဘယ်လိုတွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို ဘယ်လိုအစာကျွေးရမလဲ။

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲ တဲ့ ပြဿနာဟာ ကလေး ၇၀၀မှာ ၁ယောက်လောက်ဖြစ်နေတဲ့အတွက် ဖြစ်တဲ့သူ လုံးဝ မရှားတဲ့ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန် မိခင်က ဖောလစ်အက်ဆစ်လုံလုံလောက်လောက် မသောက်မိခဲ့လို့၊ မိဘ ၂ ဦးစလုံး ( ဒါမှမဟုတ်) မိဘ တစ်ဦးဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ရှိနေလို့ စသဖြင့် အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီအထဲကမှ ကံမကောင်းခဲ့လို့ မွေးလာတဲ့ ကိုယ့်ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ဖြစ်သွားခဲ့ပြီဆိုပါစို့။ ကလေးကို ဘယ်လို နို့တိုက်ရမလဲဆိုတဲ့ ပြဿနာ မေမေတိုင် းရင်ဆိုင်ရမယ့် ပြဿနာပါ။ ဘယ်လို နို့တိုက်ရမယ်ဆိုတဲ့အကြောင်း မပြောခင် နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းကြောင့် ကလေးမှာ နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ၊အာခေါင်ကွဲတဲ့ပြဿနာ ကိုယ့်ရင်သွေးလေးမှာမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ။ ။

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာကို အားလုံးသိကြမှာပါ။ မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုရော နှောင့်ယှက်နေတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးလေးမှာအဖြစ်ရလေအောင် မိဘတိုင်း ကာကွယ်ချင်ကြမှာပါ။ ခြေလက်စုံ အဂါၤစုံ ဘာချို့ယွင်းချက်မှ မရှိတဲ့ ရင်သွေးလေးတွေကို တောင့်တတဲ့ သူချည်းပဲ မဟုတ်လား။ ဒီတော့ အဖြစ်များတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးကျမှ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲ ။ ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ရခြင်းအကြောင်းအရင်းကို တိတိကျကျတော့ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ မိသားစု မျိုးရိုးဗီဇရယ်၊ ကိုယ်ဝန်ဆောင်ချိန် မှီဝဲတဲ့ အစားအသောက်တွေရယ်၊ သောက်တဲ့ဆေးတွေရယ် စတဲ့ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်ဖြစ်မလဲ

ကလေးငယ်လေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင်ဖြတ်သန်းရတဲ့ တစ်ညတာတိုင်းက ဖေဖေမေမေတို့အတွက် သိပ်မဖြောင့်ဖြူးနိုင်ပါဘူး။ ညဘက်ဆို တရေးနိုးထငိုတာ၊ ပြန်သိပ်ရတာ၊ နို့တိုက်ရတာ အိပ်ရေးအတော်ပျက်ရပါတယ်။ နေ့နဲ့ည လွဲနေတဲ့ကလေးတွေနဲ့ဆို ပိုဆိုးပါလေရော။ ကလေးတိုင်းဖြစ်တတ်တဲ့ သဘာဝဆိုပေမယ့် ကလေးဘာကြောင့်ငိုတာလဲဆိုတဲ့အပေါ် စိတ်ပူကြတဲ့ မိဘတွေအတော်ကိုများပါတယ်။ ဒါ့ကြောင့် ညဘက်ထငိုတတ်တာ ဘာကြောင့်လဲဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းလေးတွေ သိထားရင် စိတ်အေးတန်တာ စိတ်အေးရတယ်၊ လုပ်ပေးစရာရှိတာလုပ်ပေးနိုင်တယ်လေ။ ကလေးက လိုတာတမျိုး၊ မေမေတို့က လုပ်ပေးနေတာတလွဲဆိုရင် ပိုပြီးတောင်ငိုနေဦးမှာပါ။ ဥပမာလေနာကြောင့် ငိုနေတဲ့ကလေးကို သက်သာအောင်မလုပ်ပေးမိဘဲ ဆာတယ်ထင်ပြီးနို့တိုက်၊ အတင်း ပြန်သိပ်တာမျိုး။ သူဘာကိုလိုအပ်နေသလဲ၊ ဘာလို့ ထငိုတာလဲဆိုတာမေမေတို့ သဘောပေါက်ဖို့လိုပါတယ်။ သူတို့လေးတွေက စကားမှမပြောတတ်သေးတာလေ။ ဘေဘီတို့ ထငိုတာ ဒီအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ် - (၁) ဗိုက်ဆာလို့ အများအားဖြင့်တော့ ဗိုက်ဆာလို့ ငိုတာများပါတယ်။ လသားကလေးတစ်ယောက်ရဲ့ ဗိုက်ကလေးက သေးသေးလေးရယ်။ တစ်ခါနို့စို့ထားတဲ့ပမာဏက မကြာခင်မှာပဲ ကုန်သွားမှာမို့ မကြာခဏ […]


ကလေးငယ်ပထမနှစ်

W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ဘေဘီလေးက အမြဲလိုလို W ပုံစံထိုင်နေတယ်။ ဘာတွေများဖြစ်လာနိုင်လဲဆိုပြီး သိချင်နေတဲ့မေမေဖေဖေတွေရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ပြောပါရစေနော်။ W ပုံစံထိုင်ခြင်းဆိုတာ W ပုံစံထိုင်တယ်ဆိုတာကဘေဘီလေးကခြေထောက်နှစ်ဖက်စလုံးကို ဒူးကွေးလို့နောက်ပစ်ပြီးထိုင်နေတဲ့ ပုံစံမျိုးပါ။ ကြမ်းပြင်မှာခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်တဲ့ပုံစံက ကလေးတော်တော်များများထိုင်လေ့ရှိကြတဲ့ ပုံစံတစ်ခုပါ။ အထူးသဖြင့် စထိုင်တတ်စကလေးတွေမှာ အများဆုံးတွေ့ရတဲ့ ထိုင်တဲ့ ပုံစံတစ်မျိုးပါ။ W ပုံစံထိုင်ခြင်းက အန္တရာယ်ရှိလား........ W ပုံစံထိုင်တာက ကလေးအများစုထိုင်နေကျပုံစံတစ်ခုပါ။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာတော့ ကလေးကို ထိခိုက်လာနိုင်တာတွေရှိနိုင်ပါတယ်။ မိဘအများစုက ကလေးဒီလိုထိုင်နေတဲ့အခါ သူတို့လေးတွေ သက်သောင့်သက်သာရှိလို့ ထိုင်နေတာပဲလေ။ သူတို့လေးတွေ အဆင်ပြေနေရင်ပြီးတာပဲဆိုပြီး ထားလိုက်မိတတ်ကြပါတယ်။ တကယ်တော့ အမြဲလိုလိုကလေးက ဒီလိုထိုင်နေတာမျိုးကို အမှုမဲ့အမှတ်မဲ့မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဒီထိုင်တဲ့ပုံစံကရေရှည်မှာ ကလေးရဲ့ ကိုယ်နေဟန်ထားအပြင် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တာကြောင့်ပါ။ W ပုံစံထိုင်ခြင်းက ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ...... ဘေဘီလေးအနေနဲ့ အမြဲလိုလို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ မဖြစ်နိုင်ပါဘူးလို့ ထင်နေတယ်ဟုတ်။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ သေသေချာချာ သိရှိနိုင်ဖိုပ ဖတ်ကြည့်လိုက်နော်။ မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ အူကျတယ် ဆိုတဲ့ ပြဿနာကို လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုလေ။ ဒီလို အူကျတဲ့ ပြဿနာက မွေးကင်းစအရွယ် ငယ်ငယ် သမီးမိန်းကလေးတွေမှာရော ဖြစ်နိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်တော့ အရွယ်ရောက်တဲ့သူတွေထက်စာရင် မွေးကင်းစ ကလေးငယ်ငယ်လေးတွေက ပိုပြီး အူကျတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီတော့ ဒီအူကျတဲ့ပြဿနာဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ အူကျတယ် ဆိုတာ အူကျတယ် ဆိုတာ ကိုယ်တွင်းက အားအနည်းဆုံး ကြွက်သားနေရာမှာကို တိုးပြီး အပေါ်ပိုင်းက ကလီစာတွေ အောက်ဘက်ကို ဆင်းလာတာလို့ အလွယ်ဆုံးမှတ်လို့ရပါတယ်။ ကလေးတွေမှာ အူကျတာ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

Down’s syndrome ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပေးရမလဲ ။ ။

မိဘတိုင်း မွေးဖွားလာမယ့် ကလေးတွေ ခြေလက်စုံဖို့၊ ဉာဏ်ရည်မှီဖို့၊ ပုံဆိုးပန်းဆိုး မဖြစ်ဖို့ ဆုတောင်းကြသူချည်းပါပဲ။ ဒါပေမယ့် အကြောင်းမလှစွာနဲ့ မွေးရာပါ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်တွေ ရှိတဲ့ ကလေးတွေကို ပိုင်ဆိုင်ရတဲ့ မိဘတွေလည်းရှိပါတယ်။ နိုင်ငံခြားတွေမှာဆိုရင်တော့ ကိုယ်ဝန်ရှိစဉ်တည်းက ဗိုက်ထဲက ကလေးကျန်းမာရေးနဲ့ မျိုးရိုးဗီဇတွေကို စစ်ဆေးပေးပြီး တစ်စုံတစ်ရာချို့ယွင်းချက်ရှိခဲ့ရင် ဆေးပညာအရကိုယ်ဝန်ဖျက်ချပေးတယ်ဆိုပေမယ့် ကိုယ်တွေလို မြန်မာနိုင်ငံမှာကျ ကြိုစစ်တဲ့နည်းတွေကလည်း သိပ်ခေတ်မစားသေး၊ သိခဲ့ရင်တောင် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ကလည်းမရှိဆိုတော့ ဘယ်လိုကလေးတွေပဲ ကိုယ့်ဆီ ရောက်ရောက် ချစ်မြဲအတိုင်း ချစ်နေရပဲ မဟုတ်လား။ ဒီနေ့တော့ မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းချက်တစ်ခုဖြစ်တဲ့ Down syndrome( ဒေါင်းဆင်ဒရုန်း) ဝေဒနာခံစားနေရတဲ့ ကလေးတွေကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ Down syndrome ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပေးရမလဲ ။ ။ သာမာန်ကလေးတစ်ယောက် ကျန်းမာပျော်ရွင်စွာနဲ့ ကြီးထားလာဖို့ကို မိဘတွေအတော်လေး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲဆိုပေမယ့် မရပ်မနားငိုနေမယ်ဆိုရင်တော့ ကလေးလည်း ပင်ပန်းပြီးမောဟိုက်သွားသလို လူကြီးတွေလည်း နားပူရတာပေါ့။ ကလေးတွေဆိုတာ အကြောင်းရင်းတစ်ခုခုရှိလို့ ဥပမာ - နို့ဆာတာ၊ မေမေ့ကိုလွမ်းတာ၊ အီအီးပါထားလို့ သေးခံအဝတ်လဲဖို့ လိုအပ်တဲ့အခါမျိုးဆို ငိုနိုင်သလို တစ်ခါတလေကျတော့လည်း ဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာ အရင်လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကို ပုတ်ပေးတာ၊ သေးခံဝတ်လဲပေးတာလုပ်ပေးလို့ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ဂျီကျပြီး ငိုတာဆိုရင်တော့ စိတ်မညစ်ဘဲ ခုပြောပြမယ့်နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အသစ်စက်စက် မေမေတွေအတွက်လည်း အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။ ၁။ ကလေးကို စောင်ပါးပါးလေးတစ်ထည်နဲ့ ပတ်ပေးပါ။ တအားကြီးကျပ်နေဖို့ မလိုပါဘူး။ ဘေဘီေလးတို့ နေရတာသက်တောင့်သက်သာဖြစ်ပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ပဲ အဓိကပါ။ ခြေထောက်ကနေ လည်ပင်းထိ ပတ်ပေးပြီးတော့ လက်နှစ်ဖက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် Diaper ဝယ်တဲ့အခါ သတိထားသင့်တဲ့အချက်အချို့

ဘေဘီလေးကနေ အရွယ်ရောက်လာအောင် မွေးမြူရတာက သိပ်တော့လွယ်လှတယ်မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေးတစ်ယောက်ရောက်ရှိလာချိန်မှာ မိဘဆိုတဲ့ စိတ်အတိုင်းအကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့ စိတ်ကူးရှိနေမှာပါ။ ဒီလိုအကောင်းဆုံးတွေကိုပဲ ပေးတဲ့ထဲမှာ အစာအာဟာရတင်မဟုတ်ဘဲ အသုံးအဆောင်တွေပါ ပါနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင်ဂရုမစိုက်နိုင်သေးတဲ့ ဘေဘီလေးအတွက် Diaper(သေးခံ) ကိုရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက်အချို့အကြောင်းပြောပြပေးချင်ပါတယ်။ ဘေဘီလေးအတွက် Diaper ရွေးတဲ့အခါ ဘေဘီလေးအတွက် Diaperရွေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ အရည်အသွေး ဘေဘီလေးက အရမ်းနုနယ်သေးတာကြောင့် အရည်အသွေးကောင်းတဲ့အရာမျိုးကို သာအဓိကထားသင့်ပါတယ်။ အကြောင်းကတော့ အရည်အသွေးမပြည့်ဝတဲ့ ပစ္စည်းတွေကြောင့်ဘေဘီလေးကို ထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။ အရွယ်အစား ဘေဘီလေးအတွက်Diaperမှာ Size အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအတွက် Diaper ရွေးချယ်တဲ့အခါ အသက်အရွယ်၊ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်နဲ့သင့်တော်မယ့် Diaper မျိုးကိုရွေးစေချင်ပါတယ်။ ဝတ်ပေးရတာ အဆင်ပြေ၊ မပြေ အလုပ်တာဝန်တွေများလွန်းတာကြောင့်ဘေဘီလေးလည်း အဆင်ပြေမေမေဖေဖေတို့လည်း အလုပ်ရှုပ်သက်သာစေဖို့ရွေးချယ်တဲ့ Baby Diaper က အလုပ်မပိုစေဖို့တော့လိုမှာပါ။ ဒါကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

မွေးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲ။

နှလုံးရောဂါဆိုတာ လူကြီးတွေဆီမှာတောင် မဖြစ်ချင်တာ ကလေးတွေမှာ မွေးရာပါပါလာတာဆိုတော့ ပိုဆိုးပြီပေါ့။ နှလုံးက ကိုယ်ခန္ဓါရဲ့ အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အရာတစ်ခုလေ။ ဒါကိုမှ အကြောင်းမလှခဲ့လို့ ကိုယ့်ကလေးမှာ မွေးရာပါ နှလုံးရောဂါပါလာပြီဆိုရင်တော့ အခြား ပုံမှန်ကလေးတွေထက် ပိုဂရုစိုက်ပေးဖို့ လိုလာပါပြီ။ ဒီဆောင်းပါးထဲမှာတော့ မွေးရာပါ နှလုံးရောဂါတွေထဲကမှ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Tetralogy of Fallot ခေါ် မွေးရာပါပြာနှမ်းနှလုံးရောဂါရှိတဲ့ ကလေးကို ဘယ်လို ဂရုစိုက်စောင့်ရှောက်ရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ Tetralogy of Fallot ဆိုတာ ဘာလဲ။ ပြုစုရမယ့်အကြောင်းမပြောခင် ရောဂါအကြောင်းလေး အရင်ပြောပြချင်ပါတယ်။ Tetralogy of fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ ေအာက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး အောက်ဆီဂျင်နည်းတဲ့သွေးတွေ တစ်ကိုယ်လုံးမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း