ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ

အရွယ်ရောက်လာတာနဲ့အမျှ ရင်ဆိုင်ရတဲ့ အခြေအနေတွေကလည်း ကလေးဘဝကထက် ခက်ခဲလာပါတယ်။ ကလေးတုန်းက ဘယ်လိုနေနေ သင့်တော်ပေမယ့် အရွယ်ရောက်လာရင် အနေအထိုင်ကတော်တော်လေးဂရုစိုက်ရပါတယ်။ ဘယ်လိုနေနေ ဖေဖေမေမေတို့မျက်စိထဲမှ အမြင်မတော်တာတွေ ကြုံတဲ့အခါများဆိုရင် အလိုလိုနေရင်းကို စိတ်ညစ်နေရရောနော်။ ဒီမှာတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ဘယ်လိုပြဿနာမျိုးတွေကို ရင်ဆိုင်ရနိုင်မလဲဆိုတာနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ပြောပြပေးထားပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ အရွယ်ရောက်လာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရော၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ ခံစားရပါတယ်။ ကလေးဘဝက မြင်တွေ့ခဲ့ရတဲ့ ကိုယ်ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပြီ။ အရင်က အင်္ကျီပဲကောက်စွပ်လိုက်ရင် အဆင်ပြေနေပြီကို အတွင်းခံထပ်တိုးဝတ်ရတာက စိတ်ညစ်စရာဖြစ်လာပြီ။ ရင်သားတွေ စတင်ဖွံ့ဖြိုးလာသလို ခန္ဓာကိုယ်က မိန်းကလေးတစ်ယောက်လို့ ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီ။ အစ်ကိုတွေ၊မောင်တွေနဲ့ ကစားရတာကအရင်လောက် ယုံကြည်မှု မရှိတော့ဘူး။ ဘောလုံးကန်ရတာ ကြိုက်ပေမယ့်တောင် ယောက်ျားလေးတွေနဲ့ ရောကစားရတာ တစ်မျိုးဖြစ်လို့ သိပ်မကစားဖြစ်တော့ဘူး။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ်နဲ့ အရွယ်ရောက်လာဖို့ဆိုရင်ဘေဘီလေးကို ငယ်စဉ်ကတည်းက IQရော EQ ပါကောင်းအောင် ပျိုးထောင်ပေးဖို့ပါ။ ဒီလိုပြောလို့ ဒါတွေကိုပျိုးထောင်လို့ရလို့လားဆိုတော့ ရာနှုန်းပြည့်မဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်အထိတော့ ပျိုးထောင်ပေးလို့ရပါတယ်။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက စပြီးသေချာလေးပျိုးထောင်ပေးမှုက ကလေးအနာဂတ်အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကိုပြောပြပေးပါရစေနော်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်လာစေဖို့ ဘေဘီလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်လာစေဖို့ဆိုရင် ဒီအချက်လေးတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးထားဖို့လိုပါမယ်။ အမှီအခိုကင်းပါစေ ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူအားကိုးတတ်အောင်လေ့ကျင့်ပေးထားပါ။ ကလေးတစ်ယောက်အတွက် မသင့်တော်တဲ့ အနေအထားတွေကလွဲလို့ အချို့သောအခြေအနေတွေကို ကလေးကိုယ်တိုင်ဖြေရှင်းနိုင်စေဖို့လေ့ကျင့်ပေးထားပါ။ ကလေးကို လိုလေသေးမရှိလိုက်မလုပ်ပေးဘဲဘေးကနေ လိုအပ်တာလေးတွေကိုပြုပြင်ပေးရုံလောက်ပဲလုပ်ပေးပါ။ အမှီအခိုကင်းမှု ဆက်ဆံရေးကောင်းစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ပျိုးထောင်ပါ ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူ ယုံကြည်မှုရှိသူလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ။ လှုပ်ရှားမှုတိုင်း ဆုံးဖြတ်ချက်တိုင်းကို သူ့စိတ်နဲ့သူလှုပ်ရှားတတ်စေဖို့လေ့ကျင့်ပေးထားပါ။ ဒါမှ ကလေးက အရွယ်ရောက်လာလေလေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာလေလေဖြစ်လာမှာပါ။ ကိုယ်ချင်းစာတတ်အောင်လေ့ကျင့်ပေးပါ ကလေးတွေ အထူးသဖြင့် တစ်ယောက်တည်းမွေးထားတဲ့ ကလေးတွေဟာ ငယ်စဉ်ကတည်းကမျှဝေပေးရမယ့်မောင်နှမ မရှိတာကြောင့် အခြားသူတွေအပေါ်မှာ ကိုယ်ချင်းစာပေးတတ်တဲ့စိတ် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။

ကြားဖူးကြတာရှိမှာပါ။ ကလေးမွေးပြီး နို့တိုက်လို့ရင် တားဆေးတွေ သောက်စရာမလိုဘူး။ ကိုယ်ဝန်တားပြီးသားဖြစ်တယ်ဆိုတဲ့ စကားလေးတွေ။ ဒါအမှန်ပဲလား။ နို့တိုက်ခြင်းက ဘာ့ကြောင့်ကိုယ်ဝန်ကိုတားပေးတာလဲ။ ရာသီစက်ဝန်းနဲ့ သန္ဓေအောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိလို့လား။ ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလို့လဲ ။ နို့တိုက်ခြင်းက ရာသီစက်ဝန်းကို နောက်ကျစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ကလေးမွေးပြီးနို့တိုက်တဲ့အခါ ရာသီစက်ဝန်း ၉လအထိတောင် နောက်ကျတတ်ပါတယ်။ တစ်ချို့ဆို ကလေး တစ်နှစ်ပြည့်ပြီးတဲ့အထိတောင် ရာသီပြန်မလာတတ်တာမျိုးရှိသလို တချို့ကကျတော့လည်း ရာသီ မမှန်တာမျိုးတွေ ရှိတတ်ပါတ်ယ။ ဘာ့ကြောင့်လဲ ။ နို့တိုက်ခြင်းက ရာသီစက်ဝန်းကို ဘာကြောင့်နောက်ကျစေတာလဲ။ ဒါတွေအားလုံးရဲ့ တရားခံဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေကို အပြစ်တင်ရမှာပါပဲ။ မီးဖွားပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ နို့တိုက်ခြင်း ကိုယ်ဝန်ဆောင်တည်းက ပြောင်းလဲခဲ့တဲ့ ဟော်မုန်း တွေဟာ မီးဖွားပြီးနောက်ပိုင်း နို့တိုက်တဲ့အချိန်အထိပါ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နို့များများထွက်အောင် လှုံ့ဆော်ပေးတဲ့ Prolactin ဟော်မုန်းက ရာသီစက်ဝန်း အပြောင်အလဲကို အဓိက ဖြစ်စေတယ်လို့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့မေမေ သိထားသင့်တဲ့အချက် (၅) ချက်

ပိုးမွေးသလိုမွေးလာခဲ့ရတဲ့ ငါ့ကလေးတောင်တော်တော်အရွယ်ရောက်လာပြီပဲလို့ ကိုယ့်သမီးလေးကို ထိုင်ကြည့်ပြီးတွေးမိဖူးလား။ ကလေးဘဝကနေ လူကြီးတစ်ယောက်အဖြစ်ကိုကူးပြောင်းဖို့က ဆယ်ကျော်သက် သို့မဟုတ်မြီးကောင်ပေါက်အရွယ်လို့ခေါ်တဲ့ စပ်ကူးမပ်ကူးကာလကိုကျော်ဖြတ်ရပါသေးတယ်။ ငယ်ငယ်က ဘယ်လိုပဲ ဂရုစိုက်ကျွေးမွေးလာခဲ့ပါစေ ဒီအချိန်မှာ ဂရုစိုက်ပျိုးထောင်ပေးတာကသမီးလေးရဲ့နောက်ပိုင်းဘဝအတွက် သိပ်ကိုအရေးကြီးတဲ့ကာလအပိုင်းအခြားပါ။ ဘာလို့ဆို အပျိုဖော်ဝင်တော့မှာကိုး။ ပျိုဖော်ဝင်ရင်ဟော်မုန်းအပြောင်းအလဲတွေဖြစ်မယ်၊ ခန္ဓါကိုယ်မှာအပြောင်းအလဲတွေဖြစ်မယ်၊ လူကြီးတစ်ယောက်ဖြစ်လာဖို့ အပြည့်အဝဖွံ့ဖြိုးတော့မယ့်အချိန်လေ။ ဒါသဘာဝပဲ၊ သူ့ဘာသူအချိန်တန်တော့ဖြစ်လာလိမ့်မယ်လို့ မေမေတို့ဘက်က ပေါ့ပေါ့ထားလိုက်ပြီး မသိလိုက်မသိဘာသာနေလို့ မဖြစ်ပါဘူးနော်။မေမေ့မေတ္တာနဲ့နွေးထွေးမှုတွေက သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ခွန်အားတွေဆိုတာ မမေ့လိုက်ပါနဲ့။ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သမီးလေးမှာကြုံလာရမယ့် စိတ်ပိုင်းဆိုင်ရာအခက်အခဲ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်တာမေမေပါပဲ။ ဒီလို ကူညီနိုင်ဖို့ ကိုယ့်တုန်းက အတွေ့အကြုံတွေနဲ့ယှဉ်ပြီး သူတို့ကို နားလည်ပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်သမီးလေးရှိတဲ့မေမေတိုင်း ဒီ (၅) ချက်ကို သတိရသင့်ပါတယ်။ စပ်ကူးမပ်ကူးကာလမှာ ကလေးက - (၁) ပျိုဖော်ဝင်တဲ့အပြောင်းအလဲတွေကြောင့် အခက်အခဲရှိနေနိုင်တယ် မိန်းကလေးတွေပျိုဖော်ဝင်တဲ့အခါ ခန္ဓါကိုယ်မှာဖြစ်လာတတ်တဲ့ အပြောင်းအလဲတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး ရှက်ရွံ့တာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ။ ။

မွေးကင်းစကလေး တစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ တကယ်ကို မလွယ်ကူပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ရပြီး စကားမပြောတတ်သေးတဲ့ သူတို့အတွက် အမူအရာတွေက အသက်ပါပဲ။ ဒီထဲမှာ ကလေးငိုတဲ့ပုံ၊ ဝမ်းသွားဆီးသွားတဲ့ပုံတွေက အရေးကြီးတာပေါ့။ ဒါပေမယ့် ကိုယ့်ဘေဘီလေးက ဝမ်းပျက် နေတာလား ပုံမှန်ပဲလား ဆိုတာ မသဲကွဲတဲ့မေမေတို့ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ မွေးကင်းစကလေးတစ်ယောက်က ဘယ်လိုပုံစံမျိုးဝမ်းသွားလဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မွေးကင်းစကလေးတစ်ယောက်က ဝမ်းဘယ်နှစ်ခါလောက် ပုံမှန်သွားတတ်လဲ။ မွေးကင်းစကလေးတွေအတွက် အနှီးတွေ ခဏခဏလျှော်ရ သေးခံ တွေ ခဏခဏလဲပေးရတာကို လူတိုင်းသိကြမှာပါ။ မွေးပြီးပြီးချင်းဆို ကလေးတစ်ယောက်က တစ်နေ့ကို ဝမ်း ၂ ကြိမ်လောက်ပဲ သွားတတ်ပေးမယ့် မွေးပြီး ၁ပတ်သားလောက်ဖြစ်လာတဲ့အခါမှာတော့ တစ်နေ့ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် ဝမ်းသွားပါလိမ့်မယ်။ နို့တိုက်ပြီးတိုင်း ဝမ်းသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာ ဝမ်းပျက် နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ခုပြောပြမယ့် ဆောင်းပါးလေးကို မေမေတိုင်း ဖတ်ကြည့်ထားဖို့ လိုပါတယ်။ ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။ မွေးကင်းစ ကလေးတစ်ယောက် ပုံမှန်သွားတဲ့ ဝမ်းက တစ်နေ့ကို ၅ ကြိမ်ကနေ ၈ ကြိမ်လောက်တော့ရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ

အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ....... နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့ သေးခံလောင်တာ ကုတ်ခြစ်ဒဏ်ရာ ပိုးကောင်ကိုက်တာ နို့ပွေး ဝဲ နှင်းခူ ရေကျောက် အင်ပျဉ် ကြွက်နို့ အသားအရေခြောက်သွေ့ခြင်းတို့ပါ။ အရေပြားပြဿနာတွေရဲ့ အစကဘာဖြစ်မလဲ......... အရေပြားပြဿနာတော်တော်များများရဲ့ အဓိကမြစ်ဖျားခံတဲ့အရာက အရေပြားခြောက်သွေ့တာပါ။ ဒါကြောင့်ဘေဘီလေးကို အရေပြားပြဿနာကင်းစေချင်တယ်ဆိုရင် အရေပြားခြောက်သွေ့မှုမဖြစ်အောင်သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာ ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာကအရေပြားကို နီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီအရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက တစ်ခဏနဲ့ပျောက်သွားတာမျိုးမဟုတ်ဘဲ ကာလရှည်ကြာခံစားရနိုင်ပါတယ်။ မျိုးရိုးရှိတဲ့ဘေဘီလေးတွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေမှာ ပိုအဖြစ်များပါတယ်။ အချို့ဘေဘီလေးတွေမှာဆိုရင် အစားအသောက်ဓါတ်မတည့်မှုကြောင့် ဒီအရေပြားပြဿနာကို ခံစားကြရတာပါ။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ ဒီအရေပြားပြဿနာတွေရဲ့ လက္ခဏာတွေက […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် အာဟာရကြွယ်စေမယ့် အစားအသောက် (၈) မျိုး

နို့တိုက်နေပေမယ့် ပိုအာဟာရပြည့်အောင် ဘာအားဆေးတိုက်ရမလဲ ဆိုတာ ဘေဘီလေးတွေအတွက်မေမေတို့အမေးများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။ ကလေးတွေအတွက်အကောင်းဆုံးအားဆေးက မိခင်နို့ရည်ပါပဲ။ မွေးလာတည်းက အားဆေးဖြည့်စွက်ဖို့ မတွေးလိုက်ပါနဲ့ဦး။ ဒါပေမယ့် အဲဒီနို့ရည်က အာဟာရတွေပါဝင်နေဖို့တော့လိုပါလိမ့်မယ်။ဥပမာမေမေက အစားနည်းတယ်၊ရှောင်တာများတယ် ဒါမှမဟုတ်ပြုပြင်ထားတာတွေ၊ အသင့်စားရယ်ဒီမိတ်တွေ၊ ကျန်းမာရေးနဲ့မညီတာတွေချည်းစားတယ်ဆိုရင် သူရဲ့နို့ချိုရည်က ကလေးအတွက်လိုအပ်သလောက် အာဟာရကိုဖြည့်တင်းပေးနိုင်မှာမဟုတ်ပါဘူး။ ဒီသဘာဝအားဆေးကို အားဆေးကောင်းတစ်လက်အဖြစ်ဖျော်စပ်နိုင်ဖို့မေမေတို့ဒါတွေစားပေးဖို့လိုပါတယ်။ ဆက်ပြီးဖတ်ကြည့်နော် - (၁) အဆီနည်းတဲ့ နို့ထွက်ပစ္စည်း ဒိန်ချဉ်၊ နွားနို့တို့လို နို့ထွက်ပစ္စည်းတွေက နို့တိုက်မိခင်တွေရဲ့ကျန်းမာရေးမှာ အရေးပါတဲ့နေရာက အထောက်အကူပြုနေပါတယ်။ နွားနို့က အရိုးသန်မာစေတဲ့ ဗီတာမင် ဒီကိုမြှင့်တင်ပေးနိုင်ပြီး ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ဗီတာမင် ဘီတွေလည်းပါဝင်တယ်။ နို့တိုက်မိခင်တွေအတွက်တော့ မိခင်နို့ရည်မှာ ကလေးရဲ့အရိုးဖွံ့ဖြိုးမှုကိုအားပေးမယ့် ကယ်လ်စီယမ်တွေ ကြွယ်ဝစေဖို့ ဒါတွေကို အားကိုးလို့ရတာပေါ့။ တစ်နေ့တာအာဟာရမှာ နို့ထွက်ပစ္စည်းတစ်မျိုးမျိုးပါဝင်စေဖို့ ကြိုးစားကြည့်ပါ။ (၂) အမဲသား အမဲသားမစားတဲ့မေမေတို့ကတော့ကျော်ဖတ်လိုက်ပါနော်။ အမဲသားက နို့တိုက်မိခင်တွေအတွက် သံဓါတ်ကြွယ်ဝတဲ့ ဓါတ်စာအဖြစ်နဲ့ ခွန်အားဖြည့်ပေးနိုင်ပါတယ်။ နို့ထွက်များချင်တဲ့မေမေတချို့ဆို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက် အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက် မေမေတို့ရဲ့သောကတွေပြေစေဖို့

ပထမဆုံး ကျောင်းစတက်ရတဲ့အချိန်ဆိုတာ ကိုယ်သိပ်ချစ်ရတဲ့ ကလေးတွေအတွက်ရော မေမေတို့အတွက်ပါ ဘဝရဲ့ ပထမဆုံးအမှတ်တရ ကျောက်တိုင်တစ်ခုပါပဲ။ ကလေးတွေကျတော့လည်း မိဘရိပ်အောက်ကနေ ခဏတာထွက်လာပြီး တကယ့်လူ့လောကအလယ်မှာ သူစိမ်းတွေနဲ့ စတင်ထိတွေ့ဆက်ဆံရတဲ့အချိန်မို့ စိတ်ထဲက စိုးရိမ်ထိတ်လန့်ရတယ်။ မေမေတွေကလည်း ကိုယ့်ကလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ ငိုနေမလား၊ ဗိုက်ဆာနေမလား၊ ၅နှစ်လုံးလုံး ကိုယ့်မျက်စိအောက်က အပျောက်မခံ၊ ကိုယ်တိုင်ပဲ ထိန်းကျောင်းလာခဲ့ရတာဆိုတော့ အိမ်မှာ ကလေးမရှိတဲ့အခါ ဟာတာတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒီတော့ မေမေတို့ရဲ့ သောကတွေ ပြေစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ ကလေးမရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ။ ကလေးတစ်ခုခုများဖြစ်မလားဆိုပြီး စိတ်နဲ့လူနဲ့ မကပ် ပူလောင်နေတာထက် သူမရှိတဲ့အချိန် အိမ်မှာလုပ်လို့ရတာတွေ ရှိပါတယ်။ ဥပမာ - ထမင်း၊ ဟင်းချက်ပြုတ်ပြင်ဆင်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ဒါမှမဟုတ်လည်း ကိုယ့်မိဘဆွေမျိုးတွေဆီ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း