ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေတိုင်း လိုက်နာသင့်တဲ့ ရွှေရောင်စည်းမျဉ်းများ

နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ အခြားသူတွေထက် အနေအထိုင်အစားအသောက်ဂရုစိုက်ဖို့လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတို့အနေနဲ့ ဘေဘီလေးရော မေမေကိုယ်တိုင်ပါ ကျန်းမာစေဖို့အတွက် မဖြစ်မနေ သတိထားသင့်တဲ့ အကြောင်းလေးတွေကို ပြောပြပေးပါရစေနော်။ နို့တိုက်မေမေတစ်ယောက် မဖြစ်မနေလိုက်နာသင့်တဲ့ ရွှေရောင်စည်းမျဉ်းတွေ မိခင်တစ်ယောက်ဖြစ်လာရင် စွန့်လွှတ်အနစ်နာခံရတာက အများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်ကနေစလို့ ဘေဘီလေး ၂ နှစ်လောက်အထိက မေမေတစ်ယောက်အဖို့ စားချင်တိုင်းမစားရတဲ့ ကာလပါပဲ။ ဒီကာလမှာ မေမေရဲ့ စားသောက်မှုပုံစံမှားယွင်းမှုက ကိုယ်တိုင်မှာရော ဘေဘီလေးမှာပါထိခိုက်နိုင်လို့ပါ။ ဒါကြောင့် နို့တိုက်နေရချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာဖို့ဆိုရင်တော့ ရွှေရောင်စည်းမျဉ်း (၁) - အာဟာရပြည့်ဝအောင်စားသုံးပါ ကိုယ်ဝန်ဆောင်ကာလထက် အစားအစာတွေကို ပိုဆင်ခြင်ရတာ နို့တိုက်မေမေအဖြစ် ဘေဘီလေးကိုပျိုးထောင်ရချိန်ပါ။ ဒီအချိန်မှာ ဘေဘီလေးကျန်းမာဖို့အတွက် တာဝန်အရှိဆုံးသူက မေမေဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ဘေဘီလေးကို စပြီးနို့ချိုတိုက်ရချိန်မှာ တစ်နေ့ကို စားနေကြထက် ကယ်လိုရီ ၅၀၀ လောက် ပိုစားသုံးပေးဖို့လိုပါမယ်။ ဒါကြောင့် တစ်နေ့တာမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ပိန်ပြီးညှက်နေတဲ့ ကလေးတွေအတွက် အလိုအပ်ဆုံးအာဟာရ

တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ရဲ့ကလေးက ဘာလို့ပိန်ပြီး အရပ်ပုပုလေးဖြစ်နေလဲဆိုတာ မေမေတို့ တွေးဖူးကြမှာပါ။ တကယ်တော့ ကလေးတစ်ယောက်က ကျန်းကျန်းမာမာ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြီးပြင်းလာဖို့ဆိုတဲ့နေရာမှာ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရသည် အလွန်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဗိုက်ဝရင်ပြီးရောဆိုပြီး ကလေးတွေကို သူတို့ကြိုက်တာတွေပဲ ကျွေးနေမိတဲ့အခါ ဗိုက်ကတော့ ပြည့်သွားပါရဲ့၊ လိုအပ်တဲ့အာဟာရဓါတ်တွေကို ကိုယ်ခန္ဓါက မရတော့တဲ့အခါ ကလေးက ပိန်ပြီးညှက်သွားတော့တာပေါ့။ ဒါတင်မကပါဘူး၊ အာဟာရဓါတ်တွေ ချို့တဲ့စွာနဲ့ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ချို့ယွင်းမှုတွေ အများအပြားနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကလေးတစ်ယောက် ကောင်းကောင်းကြီးထွားနိုင်ဖို့ ဘယ်လိုအာဟာရဓါတ်တွေ လိုအပ်လဲ။ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရပ်ရှည်ထွက်လာစေဖို့ ပရိုတင်းလို့ ခေါ်တဲ့ အသားဓါတ်၊ တစ်နေ့တာကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်ပေးဖို့ ကာဗိုဟိုက်ဒြိတ်လို့ခေါ်တဲ့ ကစီဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ၊ အရိုးနဲ့ သွားကို သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ မဖြစ်မနေလိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ

ကလေးအရွယ်ဆိုတာ မကြာခဏဆိုသလိုပဲ အစားမှားတာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖို့ အရမ်းလွယ်ပါတယ်။ ဒီလိုဝမ်းလျှောတဲ့အချိန်ဆို မိဘတွေလည်း ဒုက္ခရောက်ရတယ်၊ ဆေးခန်းတွေလိုက်ပြရတယ်။ ကလေးတွေလည်း ဝမ်းခဏခဏသွားရ၊ ကျောင်းပျက်ရ၊ ဆေးသောက်ရ၊ အစားကလည်း ကောင်းကောင်းမစားနိုင်ဘဲ ခံတွင်းပျက်ရတာနဲ့ တကယ့်ကို ဒုက္ခတစ်မျိုးပါ။ ဒီတော့ မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ ဆိုပြီး စဉ်းစားနေတာလား မေမေ ...... ဒီဆောင်းပါးမှာ မကြာခဏဝမ်းပျက်တတ်တဲ့ ကလေးတွေအတွက် ဘယ်လိုအစားအစာတွေကို အဓိကကျွေးသင့်လဲဆိုတာကို ပြောပြပေးမှာဖြစ်လို့ မိဘတွေလည်း သားသမီးကျန်းမာရေးအတွက် သေချာလိုက်မှတ်ထားစေချင်ပါတယ်နော်။ မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ၁။ အရည်များများတိုက်ပေးပါ။ ကလေးက ဝမ်းလျှောတတ်တာဆိုပြီး မိဘတွေတော်တော်များများ လုပ်တတ်တဲ့ အမှားက အမာစာတွေပဲ ကျွေးလိုက်တာပါ။ တကယ်တော့ ဝမ်းလျှောနေတဲ့အချိန်မှာ ကလေးက ဝမ်းအပျော့တွေ၊ အရည်ဝမ်းတွေ သွားလိုက်တာဖြစ်လို့ ဝေဒနာသက်သာသွားတဲ့အခါ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်သမီးငယ် အားပြည့်နေစေဖို့ ကျွေးပေးသင့်တဲ့ ဖြည့်စွက်အာဟာရများ

ကိုယ့်ရဲ့ သမီးလေးကို အမြဲတက်ကြွလန်းဆန်းတာပဲမြင်ချင်တဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သမီးကို အမြဲတက်ကြွလန်းဆန်းစေချင်တယ်ဆိုတဲ့မေမေတို့သိချင်နေတာတွေကို အကောင်းဆုံး အဖြေထုတ်ပေးနိုင်မှာပါ။ အားအင်ပြည့်ဖို့ လိုက်နာရမယ့်အချက် နေ့ရက်တိုင်းမှာ ခွန်အားပြည့်ပြီးလိုက်နာနေဖို့လိုအပ်တဲ့ အခြေခံအချက်လေးတွေရှိပါတယ်။ ဒါကတော့ တစ်နေ့ကို သုံးနပ်ပုံမှန်စားပေးဖို့ပါ။ စားပေးတဲ့ သုံးနပ်က အချိန်မှန်ဖို့လိုသလို အာဟာရပြည့်မီဖို့လည်း လိုပါမယ်။ပြီးရင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ရေဓါတ်ပြည့်မီအောင်ဖြည့်ဖို့ပါ။နောက်ဆုံးတစ်ချက်ကတော့ပြည့်ဝတဲ့ အိပ်စက်အနားယူချိန်ပေါ့။ ဒီအချက်တွေ အကုန်လုံးပြည့်မီသွားပြီဆိုရင်တော့ ခန္ဓါကိုယ်က အားအင်ပြည့်နေမယ်ဆိုတာပြောနေစရာတောင်မလိုတော့ပါဘူး။ အပျိုဖော်ဝင်စ သမီးငယ်လေး အားအင်ပြည့်နေစေဖို့ လိုအပ်မယ့် အာဟာရဓါတ်တွေ မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်လာပြီဆိုရင် လိုအပ်မယ့် အာဟာရဓါတ်တွေက ပိုများလာပါပြီ။ အရင်ကထက် နှစ်ဆလောက်အဟာရဓါတ်တွေဖြည့်ပေးနိုင်မှ ခန္ဓါကိုယ် အားပြည့်ဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့နဲ့ပြောင်းလဲလာတဲ့ ခန္ဓါကိုယ် အနေအထားအတွက် အာဟာရလိုအပ်ချက်တွေပြည့်မီစေမှာပါ။ ဒီတော့ သတိထားပြီး သမီးလေးအတွက် ဒီအာဟာရဓါတ်ေတွပြည့်မီအောင်ဖြည့်ပေးပါလို့အကြံပြုပါရစေနော်။ ပရိုတင်း ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အင်အားပြည့်နေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ကြွက်သားတွေကြီးထွားဖို့အတွက်လိုအပ်သလို ဖွံ့ဖြိုးစ ဆယ်ကျော်သက်အရွယ်မှာ ညှက်တာမျိုး ဖွံ့ဖြိုးမှုအားနည်းတာမျိုး […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးမှာ ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုဂရုစိုက်မလဲ

ကလေးတစ်ယောက်ကျန်းမာနေမှုက မေမေတို့အတွက် ပျော်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ ကိုယ့်ရဲ့ ကိုယ်ပွားလေးတွေကျန်းမာစေဖို့က မေမေတိုင်းရဲ့ ဆန္ဒဖြစ်မယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာတောင် ခံစားရတော်တော်လေးခက်တဲ့ ဆင်တုပ်ကွေးအန္တရာယ်ကနေ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဖို့အတွက် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါရစေလား.......... ကလေးတွေမှာ ဆင်တုပ်ကွေးဖြစ်နိုင်လား.......... ဆင်တုပ်ကွေးက လူကြီးတွေမှာတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ခံရနိုင်ခြေရှိသူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါ နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဆင်တုပ်ကွေးက အသက်သေဆုံးစေနိုင်တာမျိုးမရှိပေမယ့် အဖျားကြီးတာနဲ့အဆစ်တွေနာတာမျိုးဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့ အဆစ်နာတာက သီတင်းပတ် တစ်ပတ်ကနေ နှစ်ပတ်လောက်အထိကြာနိုင်ပါတယ်။ ကလေးမှာ ဆင်တုပ်ကွေးဖြစ်နေပြီလား ဘယ်လိုသိနိုင်မလဲ..... ကလေးမှာဆင်တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ်။ အဖျားတက်မယ် (ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်) ကလေးက ပုံမှန်ထက်ပိုပြီး ဂျီကျနေမယ် ပုံမှန်ထက်ပိုအိပ်နေမယ် အစားမစားဘဲနေမယ် အရေပြားမှာ အနီရောင်အကွက်တွေဖြစ်မယ် စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ........... ဆင်တုပ်ကွေးအတွက်က ကာကွယ်ဆေးမရှိသလို ပျောက်ကင်းစေတဲ့ ဆေးဝါးဆိုတာကလည်း မရှိသေးပါဘူး။ ဒီလိုဆိုတာနဲ့ ဆင်တုပ်ကွေးဖြစ်ရင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ်

ကလေးနဲ့ မုန့် ဆိုတာ ခွဲခြားမရတဲ့အရာတွေဆိုတာ မေမေတို့သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မုန့်တွေ၊ အချိုရည်တွေ တွေ့ကရာပူဆာလို့ ဝယ်ကျွေးလို့လည်းမဖြစ်ပြန်ပါဘူး။ ရှော့ပင်းစင်တာရောက်တိုင်း အိမ်က သားလေး၊သမီးလေးအတွက် သရေစာမုန့် ဝယ်မယ်သတိရတဲ့အခါ အရင်ဆုံးတွေးဖို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဘေးအန္တရာယ်ကင်းရေးကိုပါ။ ထုပ်ပိုးမှုဒီဇိုင်းလေးဆန်းတာလောက်၊ ကလေးကလိုချင်တယ်ဆိုတာလောက်နဲ့ အစားအသောက်ကို မရွေးချယ်မိဖို့ သတိထားပါနော်။ စီမံထုပ်ပိုးထားတဲ့ သရေစာမုန့် တွေဟာ အချိုနဲ့အငန်ပါဝင်တဲ့အပြင် အရသာရှိအောင်ပြုပြင်ဖန်တီးထားတာများပါတယ်။ ရံဖန်ရံခါလောက်တော့ ပြဿနာမရှိပေမယ့် ကလေးအတွက် လိုအပ်တဲ့အာဟာရတွေပါဝင်ဖို့ မသေချာပါဘူး။ ဒါ့ကြောင့် ကလေးရဲ့အာဟာရအတွက် ဘာပဲဝယ်ဝယ် ဘူးခွံ ဒါမှမဟုတ် အထုပ်ခွံမှာပါတဲ့ ပါဝင်မှုဖော်ပြချက် (label) ကို ကြည့်ဖို့ မမေ့ပါနဲ့။ သရေစာနဲ့ပတ်သက်ရင် အပြင်မုန့်တွေထက် ကိုယ်တိုင်လုပ်ကျွေးတဲ့စားစရာတွေက ဘေးလည်းကင်း၊ အာဟာရလည်းပြည့်စေနိုင်ပါတယ်။ သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ် ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးပြင်းလာမှာလား၊ အာဟာရတွေလိုအပ်ပြီး ချူချာနေမှာလား၊ ဉာဏ်ရည်ထက်မြက်ပြီး သွက်လက်တဲ့ကြယ်ပွင့်လေးတွေဖြစ်မှာလား၊ ဖွံ့ဖြိုးမှုနှေးနေမှာလားဆိုတာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေချင်တယ်ဟုတ်။ ဒါဆိုမေမေ့ဘက်က ဘာတွေပြင်ဆင်ပေးဖို့လိုမယ်ထင်လဲ။ ဘာတွေများလဲလို့ စဉ်းစားနေပြီလား။ စဉ်းစားရင်း ခေါင်းမရှုပ်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းအရွယ်ရောက်လာစေဖို့ ကိုးလလွယ်လို့ ဆယ်လဖွားပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တဲ့ ကိုယ်ပွားလေးကျန်းမာစေဖို့အတွက်ဆိုရင် ကလေးကို အာဟာရြပည့်ဝအောင်ကျွေးဖို့လိုသလို သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။ အာဟာရပြည့်ဝစေဖို့ ဘယ်လိုဂရုစိုက်ပေးမလဲ..... ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝစေဖို့ နေ့ရက်တိုင်းမှာ အခုလိုမျိုးပြင်ဆင်ပေးသင့်ပါတယ်။ ပရိုတင်း ကြွက်သား နဲ့ ခန္ဓါကိုယ်ကတစ်ရှုးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ - အသက် ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၃ အောင် စကနေ ၅ အောင်စ၊ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

စာမေးပွဲဖြေမယ့် ကလေးအတွက် ပြင်ဆင်ပေးသင့်တဲ့ အစားအစာ(၆)မျိုး

ကျောင်းသားအရွယ်မှာ စာမေးပွဲကာလဟာ ကလေးတွေအတွက် အပင်ပန်းရဆုံး၊ အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ စာကျက်ဖို့ ကလေးကိုပဲ တွန်းအားပေးနေတာထက် မေမေ၊ဖေဖေတို့ရဲ့ဘေးကနေကူညီပံ့ပိုးမှုက သိပ်ကိုအရေးပါပါတယ်နော်။ ကလေးကို အားပြည့်အောင် ဆိုပြီး အစားအသောက်တွေစီစဉ်ပေးကြပေမယ့် တကယ်တမ်းအထောက်အကူဖြစ်စေမယ့်အစားအစာတွေ မပါဘဲ လွဲချော်နေရင် အထောက်အကူမဖြစ်ပါဘူးနော်။ ဒီတော့ ကလေးရဲ့မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက်ရော၊ ခွန်အားပြည့်ကျန်းမာနေဖို့အတွက်ရော ဘာတွေကျွေးရမလဲ။ မေမေတို့ ပြင်ဆင်ပေးသင့်တဲ့ အစားအစာ (၆) မျိုးကို ပြောပြပေးမယ်နော်။ (၁) ကြက်ဥ ကြက်ဥဟာ ခွန်အားရှိစေတဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ဒီနေရာမှတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်းဓါတ်ကြောင့် ပိုပြီးအကျိုးရှိစေပါတယ်။ ကိုလင်းဓါတ်က မှတ်ဉာဏ်စွမ်းရည်ကိုမြင့်တက်စေနိုင်တဲ့အပြင် ပရိုတင်းဓါတ်ကြောင့် ကလေးကို အားပြည့်လန်းဆန်းစေနိုင်ပါလိမ့်မယ်။ ပေါင်မုန့်ကြက်ဥကြော်၊ ကြက်ဥပြုတ်တို့အပြင် ကြက်ဥပါတဲ့မုန့်နဲ့ အစားအစာလေးတွေ ကိုယ်တိုင်စီမံပေးတာက အပြင်ကဝယ်ကျွေးတာထက် ပိုကောင်းပါတယ်နော်။ (၂) အစေ့အဆန် ပရိုတင်း၊ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်နေတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ ဦးနှောက်နှင့် ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ

၂၁ ရာစုမှာ မိဘတော်တော် များများကလည်း မိမိရဲ့ ကလေးတွေ ဉာဏ်ကောင်းဖို့အတွက်နဲ့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးအောင် အဖက်ဖက်က လုံးပန်းလာကြပါတယ်။ အစားအသောက် နဲ့ တစ်မျိုး အားဆေးနဲ့ တဖုံ နည်းမျိုးမျိုးနဲ့ကို ဆောင်ရွက်လာပါတယ်။ အရေးကြီးတာကတော့ ကလေးတွေ ကို အာဟာရ ပြည့်အောင် ကျွေးမယ်ဆိုရင် ဉာဏ်ကောင်းရုံသာမက ခန္ဓါကိုယ်ကိုလည်း ကျန်းကျန်းမာမာ နှင့် ကြီးထွားဖွံဖြိုးစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွေးတဲ့နေရာ မှာ စနစ်တကျ နဲ့တကယ် အာဟာရဖြစ်မယ့်ဟာကိုရွေးကျွေးသင့်ပါတယ်။ ဘာတွေကို သေချာကျွေးမွေးရမလဲ ကြည့်လိုက်ရအောင်။ ၁။ ပရိုတင်း (ခေါ်) အသားဓါတ် - ကျွန်တော်တို့ မြန်မာလူမျိုး အများစု ဟာ အသားစားတာ အရမ်းနည်းပါတယ်။ တကယ်တော့ အသားဓါတ် ပြည့်ပြည့်ဝဝ စားမှသာ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

( Sternocleidomastoid Tumor) မွေးကင်းစကလေးငယ်တွေလည်ပင်းမှာ အကျိတ်တည်ခြင်း ။

အဖုအကျိတ်လို့ဆိုလိုက်တာနဲ့ လူကြီးတွေမှာ အဖြစ်များတာကိုသာ တွေးမိတတ်ကြမှာပါ။ မွေးကင်းစကလေးတွေမှာ ဒီလို အဖုအကျိတ်လေးတွေ ဖြစ်မယ်ဆိုတာ ဘယ်သူတွေးမိတတ်မှာတုန်း။ ဒါပေမယ့် ဒီလို မွေးကင်းစကလေးတွေလည်ပင်းမှာ အကျိတ်ထွက်တဲ့ပြဿနာ sternocleidomastoid tumor ဆိုတာ ရှိပါတယ်။ ကိုယ့်ကလေးလည်ပင်းမှာ အကျိတ်လေးထွက်နေရင် စိတ်ပူတတ်ကြတာ မိဘတိုင်းပဲလေ။ ဒီတော့ sternocleidomastoid tumor အကြောင်းလေးသိဖို့ လိုလာပြီပေါ့။ မွေးကင်းစကလေးတွေရဲ့ လည်ပင်းမှာဖြစ်တဲ့အကျိတ် sternocleidomastoid tumor ဆိုတာ ဘာလဲ။ sternocleidomastoid tumor ကို တစ်နည်း fibromatosis colli လို့လည်း သိကြပါတယ်။ သူက ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပြီး လည်ပင်းဘေးကြွက်သားတွေမှာ မာခဲခဲ အကျိတ်လေးအဖြစ်ရှိနေတတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ စဖြစ်တတ်ပြီး ကလေးအသက် ၂ ပတ် ၄ ပတ်လောက်မှာ သိသာလာတတ်ပါတယ်။ ဒီအကျိတ် တော်တော်များများက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း