ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေသိထားသင့်တယ်နော်

ဒီအရွယ် ကလေး မဟုတ်တော့ဘူးလို့ လူတွေကပြောကြတယ်။ လူကြီး ဖြစ်ပြီလားဆိုတော့လည်း အရွယ်မရောက်သေးဘူးတဲ့။ ဖွံ့ဖြိုးမှုက ကလေးတဝက် လူကြီးတဝက်အဆင့်မှာပဲရှိသေးတဲ့ မြီးကောင်ပေါက်အရွယ်တဲ့လေ။ ဟုတ်ပါတယ်၊ သမီးတို့ကလည်း ကလေးလိုမနေတော့သလို ခန္ဓာကိုယ် ရောစိတ်ကပါ သဘာဝအလျောက် လူကြီးဖြစ်လာဖို့ ပြင်ဆင်နေပါပြီ။ ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးပြောင်းလဲတာတွေ စပြီးဖြစ်လာတဲ့အပြင် စိတ်ကလေးတွေလည်း ပြောင်းလဲလာပါပြီ။ ဒီအချိန်မှာ အရေးကြီးတာက ဆယ်ကျော်သက်အရွယ်ရဲ့ သဘာဝဖြစ်တဲ့ အပြောင်းအလဲတွေကို စိတ်ညစ်မနေဖို့၊ ကျင့်သားရအောင် နေတတ်ထိုင်တတ်ဖို့၊ ဒီအပြောင်းအလဲတွေက ကိုယ့်အတွက်ဘယ်လိုကောင်းကျိုးရှိတာလဲဆိုတာ သိထားဖို့၊ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ပါပဲ။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေသိထားသင့်တယ်နော် မကြာခင်မှာ ကျန်းမာလှပတဲ့ အရောင်အသွေးစုံလိပ်ပြာလေးတွေ ဖြစ်လာတော့မယ့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရေးကြီးတဲ့ ဒီငါးချက်ကို သိထားသင့်ပါတယ်။ (၁) ရာသီလာတာ စိတ်ညစ်စရာမဟုတ်ဘူး လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ရွှင်နေခဲ့တဲ့ ကလေး တစ်ယောက်က ရုတ်တရက် ကြုံလာရတဲ့ မိန်းကလေးဓမ္မတာကြောင့် ကန့်သတ်ချက်တွေရှိလာသလို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့

ကိုယ်ရဲ့ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်တဲ့ ဆန္ဒမိဘတိုင်းမှာရှိမှာပါ။ ဒီလိုဖြစ်စေဖို့က မိဘတွေအနေနဲ့ သေချာလေးပျိုးထောင်ပေးဖို့လည်း လိုပါမယ်။ ဒီတော့ ကလေးကို ဉာဏ်ကောင်းပျော် ရွှင်စေဖို့ ဘယ်အချက်လေးတွေကို လုပ်ဆောင်ပေးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးပါရစေ။ ကလေးတစ်ယောက် ဉာဏ်ကောင်းပျော်ရွှင်စွာကြီးပြင်းစေဖို့ ကိုးလလွယ်လို့ ဆယ်လဖွားထားရတဲ့ ကိုယ့်ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင် အစားအသောက်ကိုဂရုစိုက်ဖို့လိုသလို နေ့စဉ်လုပ်ဆောင်မှုလေးတွေကိုပါ သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဘာတွေလုပ်ဆောင်ပေးရမလဲ….. ကိုယ်လက်လှုပ်ရှားမှုလုပ်စေပါ - ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်စေတာက ကိုယ်ခံအားကောင်းစေနိုင်သလို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကလေးကို အလေးထားဆက်ဆံပေးပါ - ကလေးကို ငယ်စဉ်မှာကတည်းက အလေးထားဆက်ဆံပေးတာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြည့်ဝပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ ကလေးကို ကိုယ်ပိုင်အချိန်လေးပေးပါ - လူကြီးတွေပဲ တစ်ယောက်တည်းတွေးနေဖို့ အချိန်လိုအပ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း သူတို့ရဲ့ စိတ်ကူးအတွေးတွေကို ဖြန့်ကြတ်ဖို့နဲ့ စိတ်ဝင်စားရာတွေကို လုပ်ဆောင်နိုင်စေဖို့ ကိုယ်ပိုင်ချိန်လေးလိုအပ်ပါတယ်။ ဒါကြောင့် ကလေးက ဦးနှောက်ကို အလုပ်ပေးပြီး […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ဆယ်ကျော်သက်အရွယ်သမီးကို အင်အားပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

သားသမီးတွေကို မျက်ခြည်ပြတ်မခံ အမြဲတစေစောင့်ကြည့်နေတတ်တာက မေမေတွေပါ။ အမူအရာလေးတစ်ခုခုပြောင်းလဲနေရင်တောင် စက္ကန့်ပိုင်းနဲ့ သိကြတဲ့သူတွေပေါ့။ ကမ္ဘာပေါ်မှာ နားလည်မှုအပေးနိုင်ဆုံးကလည်း မေမေတွေပါပဲ။ မေမေတစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးတွေကို အချိန်ပြည့်စောင့်ကြည့်တာက မသိလိုက်ဘဲနဲ့တောင်လုပ်နေမိတတ်ပါတယ်။ ဒီလိုစောင့်ကြည့်နေတဲ့အခါ ဆယ်ကျော်သက်သမီးက ကျန်းမာပျော်ရွှင်နေရင် ကိစ္စမရှိပေမယ့် ကြည့်ရတာ ပင်ပန်းနေပုံပေါက်နေရင် အနည်းနဲ့အများတော့ စိတ်ညစ်မိမှာပါ။ ကလေးက အရွယ်ရောက်တဲ့အခါ ပိုပင်ပန်းလာရတာဘာကြောင့်လဲ ကလေးဘဝက အရာရာက ဘာမှ အပူအပင်သိပ်မရှိတော့ ပူပင်စရာမရှိဘူးပေါ့။ အရွယ်ရောက်လာတဲ့အခါ ကျက်ရတဲ့စာတွေကများလာတယ်။ တာဝန်တွေက ကြီးလေးလာတယ်။ ဒီကြားထဲမှာ သမီးမိန်းကလေးတွေရင်ဆိုင်ရတဲ့ အပြောင်းအလဲက သားယောက်ျားလေးတွေရင်ဆိုင်ရတဲ့ အပြောင်းအလဲထက်ပိုများပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် စိတ်ပင်ပန်းရသလို အပျိုဖော်ဝင်စမှာကြုံတွေ့ရတဲ့ ရာသီသွေးစပေါ်တဲ့ပြဿနာကလည်း သမီးတွေကို ပိုပင်ပန်းစေတာပါနော်။ ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖွံဖြိုးပြောင်းလဲမှုကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေကလည်း ပိုများလာမှာပါ။ ဒီအနေအထားကိုမေမေတို့ကကောင်းကောင်းနားလည်ဖို့လိုပါမယ်။ အရွယ်ရောက်လာတဲ့ သမီးတစ်ယောက် ကျန်းမာပျော်ရွှင်ကြီးပြင်းလာစေဖို့ ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်အဖို့ ရင်ဆိုင်ရတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ

ကလေးတွေအတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာ ပြင်ဆင်ပေးတဲ့ အခါမှာ အခုဖော်ပြထားတဲ့ အစားအစာလေးတွေ ထည့်ပေးဖို့ လိုအပ်ပါတယ်။ ၁။ ဆော်လမွန် ငါး - ဆော်လမွန်ငါးမှာ Omega 3 fatty acid တွေဖြစ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် မှတ်ဉာဏ် စွမ်းအား အတွက် မရှိမဖြစ်လိုအပ်တဲ့ EPA နှင့် DHA ပါဝင်ပါတယ်။ ကလေးတွေ က ငါးဆိုရင် ဒီတိုင်း ကျွေးရင် မစားချင်ကြပါဘူး။ ဒါကြောင့် sandwich လို လုပ်ပြီး ကျွေးတာမျိုး လုပ်ပေးရင်တော့ ပိုကြိုက်ကြပါလိမ့်မယ်။ တချို့ ကလေးတွေက ဆော်လမွန် မကြိုက်ဘူးဆိုရင်တော့ တူနာငါးကျွေးလို့လည်းရပါတယ်။ ဒါပေမယ့် ဆီသွပ်ဘူးတွေ မှာပါတဲ့ တူနာကတော့ အသားချည်းပဲပါပြီး ငါးအဆီ မပါတဲ့အတွက် omega […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ။

အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ....... နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့ အသားအရေခြောက်သွေ့ခြင်း နှင်းခူ (Atopic Dermatitis, Eczema စသဖြင့်) Diaper dermatitis ကုတ်ခြစ်ဒဏ်ရာ ပိုးကောင်ကိုက်တာ နို့ပွေး အင်ပျဉ် ဝဲ အရေပြားရောဂါဖြစ်စေတဲ့အရာတွေကဘာတွေဖြစ်မလဲ…… အရေပြားရောဂါရဲ့အစကအရေပြားခြောက်သွေ့တာပါ။ အရေပြားခြောက်သွေ့ခြင်းဟာ နှင်းခူတစ်မျိုးဖြစ်တဲ့ Atopic Dermatitis နဲ့ဆက်စပ်နေပါတယ် ဒါကြောင့်ဘေဘီလေးတွေကို အရေပြားခြောက်သွေ့မှုမဖြစ်အောင် သေချာလေးဂရုစိုက်ပေးဖို့လိုပါတယ်။ ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ (Atopic Dermatitis ရောဂါနှင့် အရေပြားခြောက်သွေ့မှုရောဂါလက္ခဏာများ) အရေပြားခြောက်သွေ့မှုမှ စပြီးအရေပြားကိုနီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီ အရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖိနပ်ရွေးချယ်နည်း

ဘေဘီလေးက မတ်တတ်စမ်းပြီး မကြာခင်လမ်းလျှောက်တော့မယ်ထင်တယ်ဆိုရင် ဖေဖေမေမေတွေ စိတ်ထဲမှာတွေးနေမယ့်အကြောင်းက ဘာများဖြစ်မလဲ။ ငါ့သားလေးကိုတော့ဖြင့် ငါ့သမီးလေးကိုတော့ဖြင့် ဖိနပ်လှလှလေးဝယ်ပေးမယ်ဆိုတဲ့ စိတ်ကူးဖြစ်မှာပေါ့။ ဘေဘီလေး လမ်းမလျှောက်တတ်ခင်ကတည်းက ဖိနပ်တွေကို ကြိုကြည့်ထား ကြိုဝယ်ထားတဲ့ ဖေဖေမေမေတွေတောင်ရှိရင်ရှိနေမှာပါ။ ဒီတစ်ခေါက်တော့ လမ်းစလျှောက်မယ့် ဘေဘီလေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဖိနပ်တစ်ရံကို ဘယ်လိုရွေးကြမလဲဆိုတာ ပြောပြပေးမယ်နော်။ ဘေဘီလေးကို ဘယ်အချိန်မှာ ဖိနပ်စဝတ်ပေးမလဲ...... ဖိနပ်ဆိုတဲ့အရာက လမ်းလျှောက်တတ်တဲ့အချိန်ရောက်မှလိုအပ်တာပါ။ ဘေဘီလေးကို ငယ်စဉ်မှာ ခြေအိတ်လောက်ပဲ စွတ်ပေးထားခဲ့ကြတာဖြစ်ပြီး လမ်းစလျှောက်မယ့်အချိန် မတ်တတ်စစမ်းချိန်မှ ဝတ်ပေးတာအသင့်တော်ဆုံးပါ။ ဘေဘီလေး အသက် ၁ နှစ်ခွဲလောက်ရောက်မှ ဖိနပ် စဆင်ပေးတာက အဆင်အပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် ဘေဘီလေးတစ်ယောက် နဲ့ တစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုပုံစံချင်းက မတူတော့ အတိအကျတော့ပြောဖို့ခက်ပါမယ်။ ဘေဘီလေး လမ်းစလျှောက်တတ်ချိန်မှာ ဖိနပ် စဆင်တာကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။ ဘေဘီလေးအတွက် ဖိနပ်ရွေးချယ်မယ် လမ်းလျှောက်တတ်စ ကလေးတစ်ယောက်ကို ဖိနပ်ဝယ်ပေးရတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်

မေမေဖေဖေတို့ရဲ့ အကြီးမားဆုံးဆန္ဒတစ်ရပ်က သူတို့ရဲ့ အသက်တမျှချစ်ရတဲ့ ဘေဘီလေးကျန်းမာပျော်ရွှင်နေစေဖို့ပါ။ ကလေးတစ်ယောက်ကို ကျန်းမာအောင်စောင့်ရှောက်ဖို့ကလည်း လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဘေဘီလေးက ထိခိုက်နိုင်ခြေအရမ်းများလို့ပါ။ မေမေံဗိုက်ထဲမှ နေစဉ်တုန်းက သိပ်ပြဿနာမရှိပေမယ့် ပြင်ပရာသီဥတုနဲ့ ထိတွေ့တဲ့အချိန်မျာ ရာသီဥတုအခြေအနေကလည်း ဘေဘီလေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒီတစ်ခေါက်တော့ ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေးကျန်းမာနေစေဖို့ မေမေတို့ဘက်က ဘာတွေဂရုစိုက်ပေးရမလဲဆိုတာတွေကို ပြောပြပေးမယ်နော်။ ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေး ကျန်းမာနေစေဖို့ ဘေဘီလေးဖျားနာ နေရင် မေမေဖေဖေတို့အရမ်းစိတ်ညစ်နေမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒီတော့ ဆောင်းအအေးဒဏ်ကြောင့် ဘေဘီလေး မဖျားစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါမယ်။ ကာကွယ်ဆေးထိုးပါ - ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ၆ လပြည့်ပြီးပြီဆိုတာနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးပါ။ ဆေးလိပ်ငွေ့မထိတွေ့မိပါစေနဲ့ - ဖွံ့ဖြိုးစ ကလေးတစ်ယောက်ကို ဆေးလိပ်ငွေ့ထိတွေ့စေမှုက တော်တော်လေး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

မေမေတို့ အိမ်က သားသားမီးမီး ဆယ်ကျော်သက်လေးတွေ ကို သတိထားကြည့်ဖူးလား။ ကလေးတုန်းက သွက်သွက်လက်လက် တက်တက်ကြွကြွရှိပေမယ့် အရွယ်လေးလည်း ရောက်လာရော တစ်ခုခုကို အလိုမကျ မှုန်ကုပ်နေပြီး အမြဲတမ်း ပင်ပန်းနေတတ်တဲ့ ပုံလေးတွေ ပေါက်နေတယ်လေ။ သူတို့လေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ၊ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ မေမေတိုင်းမှာ ရှိမယ်လို့ထင်ပါတယ်။ ဆယ်ကျော်သက်လေးတွေ ကို ကြည့်လိုက်ရင် ဘာကြောင့် ပင်ပန်းနေတဲ့ ပုံပေါက်နေတာလဲ။  ဆယ်ကျော်သက်လေးတွေ ဆိုတာ အရာရာပြောင်းလဲမှုကို ကြုံတွေ့ရတတ်တဲ့ အချိန်ပါ။ ကိုယ်ခန္ဓာပေါ်မှာလည်း ပြောင်းလဲမှုတွေရှိမယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေမယ့်အပြင် ကျောင်းဆိုလည်း မူလတန်းကနေ အလယ်တန်း၊ အထက်ကျောင်းကို ပြောင်းရတဲ့အတွက် ကျောင်းအသစ် အပေါင်းအသင်းအသစ် ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်တွေနဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ ဒါတွေတင်မကပါဘူး။ မေမေတို့ရဲ့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ မိဘတွေလုပ်မိတတ်တဲ့ အမှားများ

သားသမီးတွေရဲ့ အနာဂတ်ဆိုတာမိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်ကွပ်ကဲမှုအပေါ်မှာ အများကြီးမူတည်ပါတယ်။ အထူးသဖြင့်စိတ်ထိခိုက်လွယ်တဲ့ သမီးလေးတွေကို ဆုံးမသွန်သင်ရတာပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်သမီးငယ်လေးတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ဆုံးမ မလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ကြည့်လိုက်ရအောင်လား မေမေတို့ရေ....... ဆယ်ကျော်သက်သမီးငယ်လေးတွေကို ဆုံးမတဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုအမှားတွေလုပ်မိလေ့ရှိလဲ....... ဆယ်ကျော်သက်သမီးငယ်လေးကို ဆုံးမတဲ့အခါ ဒါမျိုးတွေများလုပ်မိနေလား မေမေတို့ ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါနော်။ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းခွင့်တစ်ခါမှမပေးတာ အစားအသောက်ကို စည်းကမ်းအတိုင်းဖိအားပေးစားသောက်ခိုင်းတာ ဝတ်ပုံစားပုံကိုလည်း အရမ်းထိန်းချုပ်ထားတာ ပညာရေးနဲ့ပတ်သက်ပြီးလိုတာထက်ပိုပြီး ဖိအားပေးတာ မျက်စိဒေါက်ထောက်စောင့်ကြည့်တာ မိဘတွေအနေနဲ့ အခုပြောခဲ့သလိုအမှားတွေလုပ်မိတဲ့အခါ သမီးငယ်လေးတွေအနေနဲ့ လိုတာထက်ပိုပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်တဲ့အပြင် ဆုံးဖြတ်ချက်တွေမှားယွင်းတာ၊ မလိုလားအပ်တဲ့ပြဿနာတွေ ပိုဖြစ်လာတာတွေ တွေ့ကြုံရနိုင်ပါတယ်။ မိဘတွေနဲ့ ဆယ်ကျော်သက်သမီးငယ်လေးတို့ကြားမှာ ပြဿနာကင်းဲ့ ဆက်ဆံရေးပိုင်ဆိုင်နိုင်စေဖို့ အပေါ်မှာ ပြောခဲ့သလိုပြဿနာတွေ မေမေတို့နဲ့ သမီးငယ်လေးတို့ကြားမှာ ဆက်မဖြစ်စေဖို့ ဘာတွေလုပ်သင့်လဲဆိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ ပြဿနာတစ်ခုဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းတတ်အောင် သင်ပေးပါ - ကလေးတစ်ယောက်ကို အရွယ်မရောက်ခင်မှာ ပြဿနာတွေကိုဖြေရှင်းပေးတာမှန်တယ်ဆိုပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆေးလိပ်ငွေ့ နဲ့ ဘေဘီလေးကျန်းမာရေး

ဘေဘီလေးတွေက နုနယ်လွန်းတဲ့အရွယ်ဆိုတာကို ပြောပြနေစရာမလိုအောင် လူတိုင်း သိထားပြီးဖြစ်မှာပါ။ နုနယ်တဲ့ဘေဘီလေးတွေက အထိအခိုက်ခံနိုင်စွမ်းကလည်း တော်တော်လေးနည်းကြပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ထားချိန်မှာကတည်းက သတိထားရမယ့် အချက်လေးရှိပါတယ်။ ဒါကတော့ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုမရှိအောင်နေတာပါပဲ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာဘာလဲ..... စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားရတယ်ဆိုတာ သိရဲ့လား......... ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက်တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားကြရပါတယ်။ အကြောင်းကတော့ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အသက်ရှုနှုန်း ပိုမြန်တာကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း