ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

အစာကျွေးရခက်နေတဲ့ ဘေဘီလေး

နို့စို့အရွယ်ကနေ အစားပါကျွေးရမယ့် ခြောက်လအထက်ရောက်လာတဲ့အခါ ကလေးမိခင်တွေ ရင်အဆိုင်ရဆုံးကတော့ ကလေးကအစားကို ငြင်းနေတယ်၊ အစားကျွေးရခက်နေတယ်ဆိုတဲ့ပြဿနာပါပဲ။ ကလေးတွေဟာ သူတို့မစားချင်တဲ့အခါ မျက်နှာကိုတစ်ဖက်လှည့်ထားတတ်တယ်၊ တချို့က ထွေးထုတ်တယ်၊ အော့ထုတ်တယ်၊ တချို့က ငိုတောင်ငိုကြပါတယ်။ အဲဒီအခါ ကလေးအစာမစားလို့ အာဟာရလျော့နည်းမှာ၊ ဖွံ့ဖြိုးမှုနှောင့်နှေးမှာ၊ ကိုယ်ခံအားနည်းပြီး ရောဂါဘယဝင်လာမှာကို မိဘတွေက စိုးရိမ်တတ်ကြပါတယ်။ အရေးအကြီးဆုံးသိထားရမှာ တစ်ခုက ဘယ်တော့မှ ကလေးစိတ်မပါဘဲ အတင်းအကြပ်မကျွေးသင့်ဘူးဆိုတာပါပဲ။ အတင်းကျွေးခဲ့ရင် ကလေးအတွက် ဖိအားတွေပိုလာနိုင်ပြီး ကလေးက အစာကို အရမ်းကြောက်သွားပြီး ပြသနာတွေပိုလာတတ်ပါတယ်။ စနစ်တကျ ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကလေးတွေအစာလိုလိုလားလားစားလာဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တခြားမိသားစုဝင်တွေနဲ့ အတူတူစားခိုင်းပါ။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေးရဲ့ သတ္တဝါဖြစ်လို့ သင့်ရဲ့ကလေးလေးဟာလဲ ထမင်းစားချိန်မှာ တစ်ယောက်တည်းဖြစ်နေရတာ မကြိုက်ပါဘူး။ မိသားစုဝင်ထဲက သူသည်လဲ တစ်ဦးဖြစ်တယ်လို့သိပြီး ခံစားပျော်ရွှင်စေနိုင်ဖို့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးဘဝစိတ်ဒဏ်ရာဆိုတာ

အရွယ်ရောက်ပြီးသား လူကြီးတွေ မကြာမကြာပြောတတ်တဲ့ စကားတစ်ခုရှိပါတယ်။ အဲ့ဒါဖြစ်တုန်းက သူ့အသက်ငယ်ငယ်လေးလေ၊ သူအဲလောက်ထိခိုက်မှာမဟုတ်ပါဘူး၊ ကြီးလာရင်မှတ်မိမှာလဲ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ တစ်ဘဝလုံးကိုထိခိုက်သက်ရောက်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အနာတရရထားတဲ့ ကလေးတစ်ယောက်ဟာ တစ်သက်လုံးထိခိုက်ခံစားနေရမယ်တော့မဟုတ်ပါဘူး။ လူကြီးတွေအနေနဲ့ ကလေးတစ်ယောက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားရတယ်ဆိုတာသိရင် အဲဒီကနေ လွတ်မြောက်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် လိုအပ်လာရင် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူနဲ့ ကလေးကို တိုင်ပင်ဆွေးနွေးခွင့်ရဖို့ပါ ဆောင်ရွက်ပေးသင့်တာပါ။ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ က တစ်သက်လုံး အရိပ်လို လိုက်ပါနေတတ်လို့ပါ။ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ ကလေးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဘယ်ကရသလဲ။ ခန္ဓာကိုယ် ကို ထိခိုက်နာကျင်အောင်လုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း စတာတွေဟာ ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာရစေတဲ့ ထင်ရှားတဲ့ဥပမာတွေပါ။ တစ်ကြိမ်တစ်ခါတည်းဖြစ်ပေမယ့် ပြင်းထန်ဆိုးရွားတဲ့အဖြစ်အပျက်တွေ ဥပမာ ကား အက်ဆီးဒန့်ဖြစ်တာ၊ နာဂစ်လို လေမုန်တိုင်းတိုက်တာ၊ ပြင်းထန်ဆိုးရွားတဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် အရေးပါတဲ့ ဇင့်

၉ လ လွယ်ပြီး ၁၀ လဖွားထားရတဲ့ ဘေဘီလေးကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးပါ။ ဒီစိတ်ကူးလေးပြည့်ဝဖို့က ဘေဘီလေးကို လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍနေပါဝင်နေတဲ့ သတ္တုဓာတ်လေးတစ်ခုအကြောင်းပြောပြပေးပါရစေ။ ဒါကတော့ ဇင့်ဓာတ် ပါ။ ဘေဘီလေး အတွက် အရေးပါတဲ့  ဇင့် ဇင့်ဓာတ်က မွေးကင်းစအရွယ်ကနေစပြီး ဘေဘီလေးတော်တော်အရွယ်ရောက်တဲ့အထိ အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ဒီသတ္တုဓာတ်က ဘေဘီလေးကို ကျန်းမာတဲ့ အရပ်နဲ့ကိုယ်အလေးချိန်ရရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တကယ်လို့ ဘေဘီလေးက ငယ်စဉ်မှာ ဇင့်ဓာတ်ကို လုံလောက်စွာမရရှိခဲ့ဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနှေးတာအပြင် အခြားသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဇင့်ဓာတ်က ဘေဘီလေးရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးသလို မျိုးပွားအင်္ဂါ၊ ဦးနှောက်နဲ့ ကိုယ်ခံအားတို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးဥာဏ်ရည်ထက်စေဖို့ ဘာတွေလုပ်ပေးရမလဲ

သင့်ကလေးဟာ မွေးစမှာဦးနှောက်ဆဲလ်ပေါင်း တစ်ရာဘီလီယံပါပြီး ဒါဟာ နဂါးငွေ့တန်းက ကြယ်တွေအရေအတွက်လောက်ကိုများပါတယ်။ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ဘီလီယံကနေ ထရီလီယံလောက်ထိကို ဦးနှောက်ဆဲလ် ဆက်သွယ်ချက်တွေ ပွားများလာတတ်ပါတယ်။ ဒါပေမယ့် ချွင်းချက်တော့ရှိပါတယ်။ လူသားဦးနှောက်ရဲ့ အခြေခံမူက သုံးရင်သုံး မသုံးရင်ဆုံးရှုံးမယ် ၊ အင်္ဂလိပ်လိုဆိုရရင် use it or loose it ဖြစ်ပါတယ်။ ဆိုလိုတာက ငယ်စဉ်ကတည်းက ဦးနှောက်ဆဲလ်တွေပွားများချိတ်ဆက်ဖို့ လုံလောက်တဲ့လှုံ့ဆော်မှုတွေပေးရင်ပေး၊ မပေးရင် ကလေးတစ်ယောက်ဟာ ဥာဏ်ကောင်းဖို့ ကြီးလာမှ လုပ်ယူလို့မလွယ်တော့ဘူး ဆိုတာပါပဲ။ ကလေးတစ်ယောက်ကို ချစ်ခြင်းမေတ္တာအပြည့်အ၀အပြင် လိုအပ်တဲ့ ဘာသာစကားဆိုင်ရာအတွေ့အကြုံတွေကို သင့်တော်မှန်ကန်စွာပေးလိုက်တဲ့အခါ ကလေးရဲ့ ဦးနှောက်ဆဲလ်တွေဆက်သွယ်ချိတ်ဆက်မှုအားကောင်းလာပြီး ကျိူးကြောင်းဆင်ခြင်နိုင်မှု၊ စီမံခန့်ခွဲတတ်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ဘာသာစကားတွေကိုနားလည်သင်ယူနိုင်စွမ်းတွေဟာ တကယ့်ပညာသင်ကြားရေးစနစ်မစတင်ခင်ကတည်းက အဆင်သင့်ပြင်ထားပြီးသားဖြစ်စေပါတယ်။  (၁) မမွေးခင် ဗိုက်ထဲမှာကတည်းကစတင်ပါ။ ကိုယ်၀န်ဆောင်စဉ်မှာ ကျန်းမာအောင်နေပါ။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံကို မွေးယူပါ။ တချို့သောဆေးဝါးအပါအ၀င် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသက်အရွယ်အလိုက် ဘေဘီလေးတွေကိုလုပ်ဆောင်ပေးသင့်တဲ့ ခံတွင်းသန့်ရှင်းမှု

ခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရတွေကိုပြည့်ဝစွာဖြည့်တင်းနိုင်ဖို့အတွက် ငယ်စဉ်ကနေစလို့ အရွယ်ရောက်တဲ့အထိသေချာလေးဂရုစိုက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သွားနဲ့ခံတွင်းကျန်းမာရေးပါ။ ငယ်စဉ်ကစလို့ ဘေဘီလေးကို သွားနဲ့ခံတွင်းသေချာဂရုစိုက်ပေးမှ အာဟာရတွေကိုပြည့်ဝအောင်စားသုံးနိုင်ပြီး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ဘေဘီလေးရဲ့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။ ဘေဘီလေး ဘယ်အချိန်မှာ သွားစပေါက်လဲ................ ဘေဘီလေးတွေက မွေးဖွားလာစဉ်ကတော့ သွားတွေပါမလာတတ်ကြပါဘူး။ မေမေ့နို့သောက်ရင်း ၇ လ နဲ့ ၂ ပတ်သားအရွယ် (အပတ် ၃၀ ) လောက်အရောက်မှာ သူတို့ရဲ့ ပထမဆုံးသွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်မှာ သွားတွေကိုသေချာဂရုစိုက်ပေးဖို့ လုပ်ပေးရပါတော့မယ်။ ဒါမှ ဘေဘီလေးက သွားတွေကြံ့ခိုင်ကျန်းမာပြီး ခံတွင်းပြဿနာကင်းတဲ့ ဘေဘီလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ဒါပေမယ့် အချို့ဘေဘီလေးတွေကတော့ အသက် ၁ နှစ်ရောက်မှ သွားစပေါက်ကြတာပါ။ အသက် ၃ လရောက်လာတဲ့အခါ ဘေဘီလေးက အရင်ကထက်သွားရည်တွေ ပိုထွက်လာပါလိမ့်မယ်။ အကြောင်းကတော့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေကို ရိုက်လိုက်တဲ့အခါ

မိဘဖြစ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မဖြစ်မနေ ရင်ဆိုင်ရမှာကတော့ ကိုယ့်ကလေးကို စည်းကမ်းတကျဘယ်လိုပြုစုပျိူးထောင်မလဲဆိုတာပါပဲ။မိဘတွေဟာ ရိုက်နှက်ဆိုဆုံးမခြင်းဆိုတဲ့အလေ့ကို ရာစုနှစ်ပေါင်းများစွာကြာအောင် ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမယ့် စနစ်တကျ ခိုင်ခိုင်မာမာလုပ်ထားတဲ့ သုတေသနပေါင်းမြောက်မြားစွာရဲ့ အဖြေကတော့ ရိုက်နှက်ခြင်းဟာ အရိုက်ခံရသူ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေပြီး ကောင်းကျိူးထက်ဆိုးကျိူးကသာ အဆမတန်ပိုများစေတယ်ဆိုတာပါပဲ။ မိဘတွေက ဘာကြောင့်ကလေးတွေကို ရိုက်တာလဲ အကြောင်းအရင်းအမျိူးမျိူးရှိနိုင်ပေမယ့် အဖြစ်အများဆုံးက မိဘတွေဟာ အတွေ့အကြုံနုနယ်သေးတဲ့ ကလေးကို ပြုပြင်ပေးဖို့ကြိုးစားပေးရင်း မောပန်းစိတ်ပျက်လာတဲ့အခါ နောက်ဆုံးအနေနဲ့ ရိုက်နှက်တဲ့နည်းပဲကျန်တော့တယ်လို့ ယူဆပြီး သူတို့ကလေးကို ပထမဆုံးအနေနဲ့ရိုက်မိပါတယ်။ ဒါပေမယ့် ဒီမှာတင်မရပ်ပါဘူး။ ဒါဟာ နောက်ပိုင်းမှာ မိဘတွေအတွက်အကျင့်ဖြစ်သွားပြီး ကလေးတစ်ခုခုအမှားလုပ်မိတာနဲ့ တခြားနည်းမသုံးတော့ပဲ ခွန်အားသုံးရိုက်နှက်ခြင်းကိုပဲ အလွယ်တကူလုပ်လာပါတော့တယ်။ တချို့သောမိဘတွေကတော့ သူတို့ရဲ့ဒေါသနဲ့ အကြောက်တရားကို ဖြေဖျောက်ဖို့အတွက် ရိုက်နှက်တတ်ကြပြီး ဒါဟာ နောက်ပိုင်းမှာပုံမှန်လုပ်နေကျအကျင့်တစ်ခုဖြစ်လာပါတော့တယ်။ ရိုက်နှက်ခြင်းရဲ့နောက်ဆက်တွဲတွေ ကလေးတစ်ယောက်ကိုရိုက်လိုက်တာဟာ ဘာကောင်းကျိူးမှရှိမလာဘဲ ဆိုးကျိုးသာကြုံရနိုင်တယ်ဆိုတာ အောက်ဖော်ပြပါ […]


ကလေးငယ်ပထမနှစ်

သားသားလေး ရွှေပန်းထောင်တာစိတ်ပူစရာလား

ရွှေပန်း ဒါမှမဟုတ် ဂျိူးကလေးမာပြီးထောင်တယ်ဆိုတာ တကယ်တော့ ကျန်းမာတဲ့ယောက်ျားလေးတစ်ယောက်ဆိုတာကို ပြသနေတာပါ။ ဒါပေမယ့် ကလေးငယ်တွေမှာ ဖြစ်တာကို စတွေ့မိတဲ့အခါ မိဘတွေအထူးသဖြင့် အမေတွေအနေနဲ့ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာ လိင်အင်္ဂါဘယ်အရွယ်ကစ ထောင်မတ်တတ်သလဲ ယောက်ျားလေးတစ်ယောက်ဟာ ငယ်ရွယ်လွန်းတဲ့အသက်အရွယ်၊ အတိအကျပြောရရင် မမွေးသေးခင်မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာကတည်းက စပြီးထောင်မတ်တတ်ပါတယ်။ ဒါကြောင့် သင့်မွေးကင်းစကလေးငယ်လေးကို ဒိုင်ဘာလဲပေးတဲ့အခါ ဒါမှမဟုတ် ရေချိူးပေးတဲ့အခါ ဂျိူးလေးထောင်နေတာတွေ့ရင် သိပ်မအံ့သြပါနဲ့။ ဒါဟာ သဘာဝတရားသာဖြစ်ပြီး သင့်ကလေးကျန်းမာတယ်ဆိုတာကိုပြသနေတာပါ။ မွေးကင်းစ ကလေးငယ်ဟာ တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်မှာ ဘာတွေရှိလဲဆိုတာကို စတင်စူးစမ်းပါတော့တယ်။ အဲလိုစူးစမ်းတဲ့အခါ သူတို့ရဲ့ရွှေပန်းလေးကို ကိုင်ကြည့်တာမျိူးလဲ ပါဝင်တတ်ပါတယ်။ ဒါကြောင့် သူတို့လိင်အင်္ဂါလေးထောင်မတ်တာဟာလည်း အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါထောင်မတ်မှုနဲ့မတူတာက ကလေးငယ်တွေရဲ့လိင်အင်္ဂါထောင်မတ်မှုဟာ သုက်မထွက်တတ်ပါဘူး။ အသက်ဆယ့်တစ်နှစ်ဝန်းကျင် ဒါမှမဟုတ် ဒီ့ထက်ပိုကြီးတဲ့အရွယ်ရောက်မှသာ လူပျိုပေါက်ဘဝကို စတင်ပြောင်းလဲပြီး သုက်လွှတ်တာမျိူးစရှိတာပါ။ ဘာကြောင့်ဖြစ်ရတာလဲ ကလေးတွေဘာကြောင့် လိင်အင်္ဂါထောင်မတ်ရတာလဲဆိုတာ အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ သေချာတာကတော့ လိင်စိတ်နိုးထတာကြောင့် မဟုတ်ပါဘူး။ မွေးကင်းစကလေးတွေမှာတော့ ဘာအကြောင်းမှမရှိဘဲ လေအေးနဲ့ထိတွေ့တဲ့အခါ၊ ဆီးသွားချင်တဲ့အခါ ထောင်မတ်တတ်ပါတယ်။ ဒီ့ထက်နည်းနည်းပိုကြီးတဲ့ကလေးတွေမှာတော့ လိင်တံကို ထိတွေ့မိတာ၊ ပွတ်မိတာ ဒါမှမဟုတ် လက်နဲ့ကစားတာဟာ ခံစားလို့ကောင်းလို့ ကစားတာမျိူးလည်း ရှိတတ်ပါတယ်။တချို့သောကလေးတွေကတော့ အိပ်ရာမဝင်ခင် မှာ ကိုယ့်ဘာသာ နှစ်သိမ့် soothing effect ရစေဖို့ ကစားတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် သိထားသင့်တာက အဲလိုဖြစ်ရင်တောင် ဒါဟာ ရာနှုန်းပြည့် ပုံမှန်အခြေအနေပဲဆိုတာပါ။ ဒါပေမယ့် ဒီလိုအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ အရေးအကြီးဆုံးတစ်ချက်က သင့်ကလေးဒီလို လိင်တံကိုကိုင်တွယ်ကစားတာဟာ ရှက်စရာ ဒါမှမဟုတ် မှားယွင်းတဲ့ကိစ္စလို့ ကလေးအနေနဲ့မခံစားမိစေဖို့ပါပဲ။ ဒါပေမယ့် တပြိုင်နက်တည်းမှာ ကလေးကို သင့်အနေနဲ့ ဒီကိစ္စဟာ ပုဂ္ဂလိကဆန်တဲ့ ကိစ္စမျိူးဖြစ်တယ်။ဒါမျိူးဟာ private ကိစ္စဖြစ်လို့ သီးသန့်နေရာနဲ့ အချိန်မှာပဲလုပ်ရမယ်ဆိုတာ ပေးသိထားသင့်ပါတယ်။ တချို့ကလေးတွေအတွက်တော့ လိင်အင်္ဂါကိုကစားတာ၊ ဒါမှမဟုတ် ထောင်မတ်လာတာဟာ ပျော်စရာလုံးဝမဟုတ်ပါဘူး။ အဲလိုဖြစ်တဲ့အချိန် လိင်အင်္ဂါအရွယ်အစားပြောင်းလဲသွားမှုအပေါ် ကြောက်တတ်ပြီး တချိူ့ကတော့ သက်တောင့်သက်သာမရှိဘဲ နာကျင်တတ်တာမျိူးတောင်ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်လို့ သင့်ကလေးနာကျင်တယ် ဒါမှမဟုတ် ငိုတယ်ဆိုရင်လည်း မအံ့သြပါနဲ့။ အဲလိုထောင်မတ်တာကို သင်ကြုံတဲ့အခါ ဒါဟာယောက်ျားလေးတွေမှာ တစ်ခါတစ်ရံဖြစ်တတ်တဲ့ပုံမှန်ကိစ္စပဲဆိုတာ ပြောပြပါ။ သက်တောင့်သက်သာရှိဖို့ ပွပွချောင်ချာင်ဘောင်းဘီဝတ်တာ၊ ရေချိူးတာမျိူးလုပ်ပေးနိုင်ပါတယ်။ ဘယ်လိုအချိန်မှာ စိုးရိမ်သင့်သလဲ အများစုသော လိင်အင်္ဂါထောင်မတ်မှုတွေဟာ ပုံမှန်ပဲဖြစ်ပြီး အန္တရာယ်မရှိဘဲ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုထောင်မတ်တာဟာ အချိန်တစ်ရာရီနဲ့အထက် ကြာနေတာမျိုး၊ ဖျားတာ၊ လိင်အင်္ဂါနီရဲတာ၊အဖုအပိန့်ထတာမျိူး ရောင်နေတာမျိူး အတော်ကိုနာကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။


မိခင်နို့တိုက်ကျွေးခြင်း

အသက်အရွယ်အလိုက် ဘေဘီလေးတွေကို တိုက်သင့်တဲ့ နို့ပမာဏ

ဘေဘီလေး အိပ်နေတာကိုတောင်ကြည့်ပြီး သနားတဲ့မေမေတို့ သိချင်နေမယ့် မေးခွန်းလေးတစ်ခုကို ဒီဆောင်းပါးလေးကနေဖြေပေးပါရစေ။ ဒါကတော့ ဘေဘီလေးကို နို့လုံလောက်အောင်တိုက်မိရဲ့လားဆိုတာပါ။ ဘေဘီလေးအနားမှာ တစ်ချိန်လုံး ရှိမနေနိုင်တဲ့မေမေတို့အတွက် ဒီအချက်က တော်တော်လေးအရေးကြီးတာပါ။ အလုပ်ဖိလုပ်ရင်း ဘေဘီလေးကိုလည်း လုံလောက်တဲ့နို့ပမာဏတိုက်မိပြီး အာဟာရပြည့်ဝနေစေဖို့အတွက် ဒီဆောင်းပါးလေးထဲကနေအတိုင်း လိုက်လုပ်ပေးပါနော်။ ဘေဘီလေးက အသက်အရွယ်အလိုက် အာဟာရလိုအပ်ချက်ကွာခြားကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အာဟာရလိုအပ်ချက်က မြင့်လာသလို သောက်သုံးရမယ့် နို့ပမာဏကလည်း ပိုများလာမှာပါ။ ဒီတော့ အသက်အရွယ်အလိုက် ဘေဘီလေးကို တိုက်သင့်တဲ့ နို့ပမာဏ ကွာခြားချက်တွေရှိလာပြီပေါ့။ အသက်အရွယ်အလိုက် ဘေဘီလေးရဲ့ အစာအိမ်ဖွံ့ဖြိုးလာမှု မွေးကာစမှာ ဘေဘီလေးရဲ့ အစာအိမ်က ချယ်ရီသီးလောက်ပဲရှိပါတယ်။ ၃ ရက်သားအရွယ်မှာ ဘေဘီလေးရဲ့ အစာအိမ်က သစ်ကြားသီးအရွယ်လောက်ရှိလာပါပြီ။ ၇ ရက်သားအရွယ်မှာ ဘေဘီလေးရဲ့ အစာအိမ်က တရုတ်ဇီးသီးအရွယ်လောက်ရှိလာပါပြီ။ ရက် ၃၀ သား အရွယ်လောက်မှာတော့ ဘေဘီလေးရဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါ လိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ဘေဘီလေးတွေက မေမေတိုင်းအတွက်တော့ချစ်မဝတဲ့သူတွေပေါ့။ ဒီလိုချစ်မဝတဲ့ဘေဘီလေးတွေကို အစစအရာရာကျန်းမာနေစေချင်တဲ့ ဆန္ဒကလည်း မေမေတိုင်းမှာရှိနေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင် မလိုပါဘူး။ အခုတစ်ခါပြောပြပေးမှာက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ အဲဒီအရေပြားပြဿနာတွေများ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ ဘေဘီလေးတွေမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေက ဘာတွေများလဲ… နုနယ်လွန်းတဲ့ဘေဘီလေးတွေအနေနဲ့ အရေပြားကိုသေချာလေးဂရုစိုက်ဖို့လိုအပ်ပါမယ်။ အရေပြားကို သေချာဂရုမစိုက်ပေးမိတဲ့အခါ ထိခိုက်မိတာ - မေမေရဲ့လက်သည်း၊ အသုံးအဆောင်တွေနဲ့ ထိခိုက်မိနိုင်သလို ဘေဘီလေးကိုယ်တိုင် ကုတ်ခြစ်မိတာကြောင့် အသားမှာ ထိခိုက်တာမျိုးဖြစ်လာနိုင်ပါတယ်။ အသားအရေခြောက်သွေ့တာ - ရေချိုးတဲ့အခါ၊ အဝတ်လျှော်တဲ့အခါမှာ အသုံးပြုတဲ့ ဆပ်ပြာတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ ပိုးကောင်ကိုက်တာ - အခင်းတွေ၊ အဝတ်အစားအသုံးအဆောင်တွေမှာ ပိုးကောင်တွေကပ်နေရာကနေတဆင့် ဘေဘီလေး ကိုပိုးကောင်ကိုက်မိတာဖြစ်နိုင်ပါတယ်။ ပိုးကောင်ကိုက်တဲ့အခါ အရေပြားက နီရဲရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ နို့ပွေး - ပါးလေးတွေမှာ ဖြစ်တတ်တဲ့ အဖြူရောင်အကွက်လေးတွေပါ။ ပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ရပေမယ့် သေချာလေးဂရုစိုက်ပေးမှ နောက်ဆက်တွဲပြဿနာတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း