ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

တစ်နှစ်နောက်ကျမှ ကလေးကို ကျောင်းထားခြင်းရဲ့ အကျိုးဆက်

မိဘတိုင်းတော့ မဟုတ်ပေမဲ့ တချို့မိဘတွေမှာ ကလေးကို တစ်နှစ်နောက်ကျပြီးမှ ကျောင်းစတက်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘတချို့မှာလည်း ထိုနည်းတူပါပဲ။ အဲ့တော့ ဘာကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျောင်းထားရတာလဲလို့ လေ့လာကြည့်တဲ့အခါမှာ မိဘတွေအများစု ပြောခဲ့တာကတော့ • ကလေးက ဖွံ့ဖြိုးမှုနှေးကွေးတယ်လို့ ခံစားရလို့ • တခြားကလေးတွေထက် ကိုယ့်ကလေးကို လူကောင်ကြီးတယ်လို့ မြင်စေချင်လို့ • အားကစားဘက်မှာလည်း အတန်းတူကလေးတွေထက် ပိုအားထုတ်နိုင်ဖို့ • ကလေးအပေါ် သံယောဇဉ်အရမ်းတွယ်လွန်းနေတဲ့ စိတ်ကြောင့် ကျောင်းကိုလွှတ်လိုက်ရဖို့ စိတ်ထဲ မတင်မကျဖြစ်ခြင်း • ကလေးအတွက် ကျောင်းစရိတ် ပိုရှာဖို့ အချိန်လိုအပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့်ဆိုတာကို တွေ့ရပါတယ်။ အဲ့တော့ မိဘတွေအနေနဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေ ကျောင်းတက်ဖို့ကို နောက်ဆုတ်ပစ်လိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကောင်းကျိုးတွေလည်း ရှိနိုင်သလို အဆင်မပြေမှုတွေလည်း ကြုံလာရနိုင်တယ်ဆိုတာကိုတော့ သေချာသိထားသင့်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ • မိဘတွေ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

နောက်ဆို လစဉ်အမြဲကြုံရမယ့် ရာသီပန်းကိစ္စအတွက် ညီမလေးတို့ ကြိုသိထားဖို့

ညီမငယ်လေးတို့ရေ။ အပျိုဖော်ဝင်ချိန် မိန်းကလေးတွေမှာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်လောက်မှာ ဓမ္မတာ စပြီးလာတတ်ပါတယ်။ ဒါ မိန်းကလေးတိုင်း ရှောင်လွှဲမရတဲ့ကိစ္စပါ။ ဆယ်ကျော်သက်အရွယ်မို့ ခန္ဓါကိုယ်မှာလည်း အရွယ်ရောက်လာတဲ့ ဖွံ့ဖြိုးမှုအပြောင်းအလဲတွေ ရှိလာချိန်မှာ ရုတ်တရက်ကြီး ရာသီသွေးစပေါ်လာတဲ့အခါ ဘာမှန်းမသိ၊ ဘာမှသိမထားရင် ညီမလေးတို့ စိတ်ညစ်ရမှာပေါ့။နေရထိုင်ရတာလည်းအဆင်မပြေဘဲ အခက်အခဲတွေအများကြီးရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် ညီမလေးတို့ ဘာတွေကြိုသိထားရမလဲ၊ ဘယ်လိုပြင်ဆင်ထားမလဲ အကြံဉာဏ်လေးတွေပေးလိုက်မယ်နော် ။ ရာသီပန်းနဲ့ပတ်သက်ပြီး ဒါတွေ သိထားသင့်တယ် မကြုံဖူးသေးတဲ့ ညီမလေးတွေအတွက် သိချင်နေလောက်တဲ့မေးခွန်းလေးတွေ နည်းနည်းခန့်မှန်းပြီးပြောပြမယ်နော်။ ရာသီသွေးပေါ်ခြင်း(ဓမ္မတာလာခြင်း) ဆိုတာဘာလဲ ရာသီလာတယ်ဆိုတာ သားအိမ်အတွင်း အက်စထရိုဂျင်ဟော်မုန်း ပမာဏများလာပြီး သားအိမ်နံရံအမြှေးတွေထူလာမယ်၊ ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့အမျိုးသမီးတွေမှာ အလယ် ၁၄ ရက်လောက်ဆိုရင် မျိုးဥအိမ်ကနေ မ မျိုးဥကကြွေလာမယ်၊ မမျိုးဥက သုက်ကောင်နဲ့ထိတွေ့မှုမရှိဘူးဆိုရင် ဒါမှမဟုတ် မျိုးမအောင်ဘူးဆိုရင် သားအိမ်နံရံအမြှေးက ကွာကျလာမှာပါ။ ပြီးရင် […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချောင်းဆိုးရင်ကျပ် အကင်းမပြတ်တဲ့ ကလေးတွေမှာ သတိထားစရာ

ကိုယ့်သားသမီးတွေ ချောင်းဆိုးတယ်ဆို ချောင်းဆိုးပျောက်ဆေးတိုက်မယ်၊ ရင်လူးဆေးတိုက်မယ်။ ချောင်းဆိုးသံမကြားရတော့ဖို့သာ အရင်ဆုံးကြိုးစား‌ကြမှာပါ။ ဒါပေမယ့် ဆေးကုသပြီးတာတောင်မှ မပျောက်နိုင်သော ချောင်းဆိုးဝေဒနာအတွက်တော့ ဖေဖေမေမေတို့ သတိထားမိဖို့လိုပါတယ်။ ရိုးရိုးချောင်းဆိုးတာလား၊ ပန်းနာရင်ကျပ်ဖြစ်နေတာလား ဆိုတာကို ဆရာဝန်ကပဲ သေချာစစ်ဆေးပေးနိုင်မှာမို့ ကလေးမှာဖြစ်နေတဲ့ဝေဒနာနဲ့လက္ခဏာအကြောင်းတွေ သေချာပြောပြပေးပါ။ ကလေးမှာ ဒီလက္ခဏာတွေ တွေ့ရသလား သတိထားကြည့်ပါ  - မကြာခဏချောင်းထဆိုးတာ(ကစားရင်း၊ ရယ်နေရင်း၊ ငိုနေရင်း သို့မဟုတ် ညအိပ်နေရင်း ) ချောင်းဆိုးတာရှည်နေတာ (ကလေးတိုင်းမှာတူညီတဲ့တစ်ခုတည်းသောလက္ခဏာဖြစ်ပါတယ်) ဆော့ကစားနေစဉ်အတွင်း အားကုန်လွယ်တာ၊ အသက်ရှူမြန်တာ (ရံဖန်ရံခါဖြစ်တတ်) ရင်ဘတ်ထဲ ကျပ်နေတာ၊အောင့်လာတာ (ဝေဒနာကိုပြန်ပြောပြနိုင်တဲ့အရွယ်မှ မိဘကသိနိုင်မှာပါ) အသက်ရှူသွင်း၊ရှူထုတ်တဲ့အခါ တရွှီရွှီအသံပါနေတာ၊ အသက်ရှူသွင်း၊ရှူထုတ်ချိန် ရင်ဘတ်မှာ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတာ၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်နေတာ(အသက်ရှူမဝသလို) အားနည်း၊ မောပန်းနေတာတွေဖြစ်နေနိုင်တယ်ဆိုတော့ ဒီလက္ခဏာတွေ ကိုယ့်ကလေးမှာရှိနေလား သတိထားပြီး ကြည့်ပါနော်။ ပန်းနာရင်ကျပ်ရှိတဲ့ကလေးမှာ အောက်ပါအခြေအနေတွေကြောင့် ရောဂါပိုဆိုးနိုင်ပါတယ်။ အအေးမိခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေကူးစက်ခံရတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို ကောင်းမွန်ပျော်ရွှင်စွာ​ကြီးပြင်းစေဖို့

ရင်သွေးလေးကို ကောင်းကောင်းမွန်မွန်အရွယ်ရောက် ကြီးပြင်းစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါ။ ဒီဆန္ဒက ဆုတောင်းနေရုံနဲ့တော့ပြည့်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း တတ်နိုင်သမျှစွမ်းဆောင်ပေးဖို့လိုပါမယ်။ ဒီလိုစွမ်းဆောင်ပေးတဲ့နေရာမှာ အလေ့အထကောင်းလေးတွေနဲ့ ပြည့်ဝတဲ့ အာဟာရကို အချိုးကျကျပေါင်းစပ်မိဖို့လိုပါမယ်။ ဘေဘီလေးပျော်ရွှင်ထက်မြက်စွာနဲ့ကြီးပြင်းလာစေဖို့ ဘာတွေများကျွေးရမလဲ ဘေဘီလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေဖို့လိုပါမယ်။ ဒီတော့ လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင် ဘာတွေများကျွေးရမလလဲလို့များ စဉ်းစားနေပြီလား မေမေ.... ပြော​ပြပေးမှာမို့ တူတူဆက်ကြည့်ရအောင်နော်။ ငယ်တုန်းကတော့ မေမေကအာဟာရပြည့်ဝအောင်စားပြီး နို့ချိုတိုက်ကျွေးရင်ရပြီဆိုပေမယ့် တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာတော့ အာဟာရပြည့်ဝအောင် စီစဉ်ကျွေးမွေးဖို့က မေမေ့တာဝန်ဖြစ်လာပြီလေ။ ဒီတာဝန်ကိုကျေပွန်စေဖို့ဆိုရင်တော့ ပရိုတင်း- အရိုးနဲ့ကြွက်သားတွေ အကောင်းဆုံးသန်စွမ်းစေဖို့ အရေးပါပါတယ်။ ပရိုတင်းကြွယ်ဝစေဖို့ အဆီမပါတဲ့အနီရောင်အသား၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့တို့ကနေရရှိနိုင်ပါတယ်။ ကစီဓာတ် - ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်၊ ကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ ထမင်း ကန်စွန်းဥ၊ အာလူး၊ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။ ရေဓာတ် - ခန္ဓာကိုယ်က […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား

နှစ်စဉ်နှစ်တိုင်း ကလေးထောင်ပေါင်းများစွာဟာ ထိုင်ကွင်းသုံးခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ လှေကားပေါ်ကနေပြုတ်ကျပြီး အရေးပေါ်ဌာနကိုရောက်လာကြပါတယ်။ထိုင်ကွင်းလို့ခေါ်တဲ့ baby walker တွေထဲဝင်နေရတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ လုံခြုံရေးအကာအကွယ်တွေယူယူ ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ကွင်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာအရေအတွက်ဟာ တစ်ချိန်လုံးမြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ ထိုင်ကွင်းအသုံးပြုမှုကို လုံးဝတားမြစ်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၁၄ အတွင်း အသက်ဆယ့်ငါးလအောက် ကလေးပေါင်း နှစ်သိန်းသုံးသောင်းကျော် (၂၃၀၆၇၆)ယောက်ဟာ ထိုင်ကွင်းတွေကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကလေးတွေအများစုဟာ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ လှေကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ထိုင်ကွင်းဆိုတာ ထိုင်ကွင်းဆိုတာ ဘီးပါတဲ့ ထိုင်ခုံတွေဖြစ်ပြီး ခြေထောက်ချထားဖို့ အပေါက်လဲပါပါတယ်။ အဓိကအားဖြင့် အသက်ငါးလကနေ ဆယ့်ငါးလအတွင်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးတွေကို သူတို့ဖာသာသူတို့ သွားနိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတစ်ခုပါ။ ဝဝတုတ်တုတ်ခြေထောက်ကလေးတွေကို ကန်ပြီး အခန်းတစ်ခုထဲမှာ လျှောက်သွားနေတဲ့ကလေးလေးတစ်ယောက်ကို ကြည့်ရတာပျော်စရာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကိုယ့်ကလေးက အခြားကလေးတွေလောက်မထွားဘူးဆိုရင်

အရိပ်တကြည့်ကြည့်စောင့်ကြည့်ခဲ့ရတဲ့ ကလေးကို အကောင်းဆုံးကြီးပြင်းစေချင်တဲ့ဆန္ဒ မေမေဖေဖေတိုင်းမှာရှိမှာပါ။ ဒီဆန္ဒက ပြည့်မြောက်ရင်တော့ တပြုံးပြုံး တပျော်ပျော်ဆိုပေမယ့် မပြည့်မြောက်ခဲ့ရင်တော့ လိုအပ်ချက်ရှိနေတယ်လို့ ခံစားမိတယ်ဟုတ်။ ဒီစိတ်နဲ့ကိုယ့်ကိုကိုယ် တစ်ချိန်လုံးအပြစ်တင်နေတာမမျိုးမဖြစ်စေဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။ ကလေး ရွယ်တူတွေထဲမှာ မညှက်စေဖို့ ကလေးကို အခြားကလေးတွေနည်းတူ ကျန်းမာဖွံ့ဖြိုးစေချင်ပေမယ့် ကလေးက အခြားကလေးတွေလောက် မကျန်းမာဘူး။ ညှက်နေတယ်ဆိုတာမျိုး မဖြစ်စေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာ အသေအချာပါ။ ဘာတွေလုပ်ပေးရမလဲဆိုတာကို တူတူကြည့်လိုက်ရအောင်နော်။ ပြည့်ဝတဲ့ အိပ်စက်ချိန်ထားပါ - အိပ်ချိန်ပြည့်ဝတာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကလေးအရွယ်ကနေစပြီး အရွယ်ရောက်လာတဲ့အထိ ကလေးကို တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီရှိအောင်ထားပေးပါ။ အာဟာရပြည့်ဝအောင်ကျွေးပါ - ကလေးကို နေ့တိုင်း အစားအစာပြင်ဆင်ပေးတဲ့အခါ အာဟာရပြည့်ဝအောင်ဂရုစိုက်ပါ။ ထမင်း၊ အသား၊ ငါး၊ အသီးအရွက်တွေကို လုံလောက်ပြည့်ဝအောင် ပြင်ဆင်ပေးပါ။ ဒီလိုပြင်ဆင်ပေးတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ

ကလေးမှာ မွေးရာပါအမှတ်လေး ပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီ အမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ မွေးရာပါအမှတ်တွေ အကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ တွေကတော့ မွေးရာပါအမှတ်ဆိုတာဘာများလဲ........... မွေးရာပါအမှတ်တွေ ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။ ဘာကြောင့်အမှတ်ဖြစ်ရတာလဲ...... အခုချိန်ထိ မွေးရာပါအမှတ် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေ ရှိနေပေမယ့်လည်း […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့တိုက်နေစဉ်မှာ မိခင်တွေအနေနဲ့ အရက် ဘီယာ ရှောင်ရမှာလား

ဖြစ်နိုင်ရင်တော့ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အရက် ဘီယာ လုံးဝမသောက်ဘဲနေတာဟာ ကလေးငယ်အတွက် အကောင်းဆုံး စိတ်အချရဆုံးရွေးချယ်မှုပါပဲ။ ဒါပေမယ့် လေ့လာမှုတွေအရ one drink လို့ခေါ်တဲ့ အသင့်အတင့်ပမာဏကိုသောက်တာကတော့ ကလေးအတွက်ဆိုးကျိုးမရှိဘူးလို့သိရပါတယ်။ အသင့်အတင့် One drink ဆိုတာဘယ်လောက်လဲ အမေရိကန်နိုင်ငံအစားအသောက်လမ်းညွှန်ချက် DGA အရ အမျိူးသမီးတစ်ယောက်ဟာ တစ်နေ့ကို standard one drink သောက်တာဟာ မိခင်နဲ့ ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ သက်သေပြချက်မရှိသေးပါဘူး။ အထူးသဖြင့် အရက်သောက်ပြီး ၂နာရီလောက်ခြားပြီးမှ နို့တိုက်ရင်ပေါ့။  One drink ဆိုတာ အများကြီးတော့ မဟုတ်ပါဘူး။ 5% ဘီယာဆိုရင် ဆယ့်နှစ်အောင်စ (ဒါဟာ ရိုးရိုးဘီယာ သံဘူးတစ်ဘူးနဲ့ ယေဘူယျအားဖြင့် ညီမျှပါတယ်။) ၊ 12% ဝိုင်ဆိုရင် ငါးအောင်စနဲ့ 40% အရက်ပါဝင်နှုန်းရှိတဲ့သောက်စရာဆိုရင်တော့ 1.5 အောင်စလောက်ပါပဲ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ဦးရေပြားနဲ့ မျက်နှာပေါ်က အဆီဖုလေးတွေ

နုနုရွရွ ကလေးပေါက်စလေးတစ်ယောက် မွေးဖွားလာတယ်ဆို မထိရဲမကိုင်ရဲ အသည်းယားနေမှာ အသစ်စက်စက်မိဘတိုင်းပါပဲ။ ဒါပေမယ့် ဒီအရွယ်မှာ ကလေးရဲ့အရေပြားကို ဂရုစိုက်ဖို့ အရေးပါတာမို့ မထိမကိုင်လို့မဖြစ်ပါဘူး။ ကိုယ့်ဘေဘီလေးရဲ့ မျက်နှာ ဒါမှမဟုတ် နဖူးအစပ်လေး၊ ဦးရေပြားလေးမှာ အဆီဖုလေးတွေလိုလို တွေ့ရရင် မစိုးရိမ်ပါနဲ့။ ကလေးငယ်တွေမှာအဖြစ်များကြတဲ့ အဖုလေးတွေပါ။ ကလေးရဲ့အရေပြားမှာ အဆီနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး အဖြူ သို့မဟုတ် အရည်ကြည်ဖုလို အဖုလေးတွေဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ မွေးကင်းစအရွယ်မှာဖြစ်ကြတဲ့ ဒီအဖုလေးတွေရဲ့ အကြောင်းရင်းကိုတော့မသိရပေမယ့် မေမေတို့စားတဲ့ အစားအသောက်တွေကြောင့်တော့ မဟုတ်ပါဘူးနော်။ တစ်ခုရှိတာက ဒီအဖုလေးတွေကို မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်တဲ့ ကလေးဝက်ခြံနဲ့မှား တတ်ကြတာပါပဲ။ ကလေးဝက်ခြံနဲ့မတူတာက ဒီအဆီဖုလေးတွေက ရောင်ရမ်းတာ မရှိလာနိုင်ပါဘူး။ အဆီဖုလေးတွေက မွေးတည်းကပါလာတတ်ပေမယ့် ကလေးဝက်ခြံကတော့ မွေးပြီး ၂ ပတ်ကနေ ၄ ပတ်လောက်မှာ ဖြစ်တတ်တာပါ။ ဘယ်လိုလုပ်ပေးရမလဲ ဘာမှလုပ်ပေးဖို့မလိုပါဘူးတဲ့။ အများအားဖြင့်တော့ အချိန်တန်ရင် သူ့အလိုလိုချပ်ရပ်ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် Screen time အန္တရာယ်

ကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ်လောကကြီး ဖြစ်လာတာနဲ့အညီ စခရင်တွေဟာလည်း သယ်ဆောင်ရပိုလွယ်လာပြီး လက်လှမ်းလဲမီလာပါတယ်။ အိမ်တိုင်းလိုလိုမှာ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ တီဗွီတွေရှိလာကြပါတယ်။ ငယ်ရွယ်တဲ့ ကလေး တွေမှာ စခရင်ကြည့်ချိန် သတ်မှတ်တာထက်ပိုများခဲ့ရင် ဆိုတဲ့လေ့လာမှုတွေဟာ ခုထိလုပ်နေဆဲပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သေချာနေတာကတော့ ဒါဟာ သိမှုဆိုင်ရာ၊ ဘာသာစကားသင်ကြားမှုဆိုင်ရာ၊ စာသင်ကြားမှုဆိုင်ရာတွေကို ထိခိုက်စေပြီး နောက်ပိုင်းကြီးပြင်းလာတဲ့အခါတွေမှာလည်း စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ပိုဆိုးစေတယ် ဆိုပါတယ်။ ဒါကြောင့် အမေရိကန်ကလေးကျန်းမာရေးဆိုင်ရာအကယ်ဒမီက ကလေးတွေရဲ့ စခရင်ချိန်နဲ့ပတ်သက်လို့ guideline ကို ၂၀၁၆ ခုနှစ်မှာ ချမှတ်ပေးခဲ့ပါတယ်။ ဒီ guideline ထဲမှာ ပါဝင်တာကတော့ (၁) အသက်တစ်နှစ်ခွဲအောက်ဆိုရင် video chatting ကလွဲလို့ စခရင်ချိန်လုံးဝမရှိစေရပါ။  (၂) တစ်နှစ်ခွဲကနေ နှစ်နှစ်အတွင်း မှာတော့ ကလေးတွေအတွက် အကျိုးရှိစေတဲ့ digital program တွေဖြစ်တဲ့ PBS Kids […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း