ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

အရင်က ဘေဘီလေးတွေက ဆလတ်ရွက် စားလို့ရတယ် မရဘူးဆိုတာကို သိပ်အရေးစိုက်စရာ မလိုဘဲ အခုနောက်ပိုင်း ဘေဘီလေးတွေက ဆူရှီတွေ ရေဘဝဲလုံးကြော်လို စားစရာမျိုးတွေကို စားတတ်လာချိန်မှာတော့ ဘေဘီလေးကို ဆလတ်ရွက် ကျွေးလို့ရလားဆိုတာက မေမေတိုင်း သိချင်မယ့် မေးခွန်းလေး တစ်ခု ဖြစ်တာပြီ ထင်ပါတယ်။ ဆလတ်ရွက်က ဘာဂါ၊ ထမင်းလိပ်တွေ ထဲမှာ အများဆုံးပါတတ်ပြီး ဘေဘီလေးတွေ  အကြိုက်ဖြစ်တဲ့ မရောနိစ်လေးနဲ့ တို့စားရင် အတော်လေး စားလို့ ကောင်းပါတယ်။ ဒါကြောင့် ဘေဘီလေးနဲ့ ဆလတ်ရွက်က တည့်လား.... ဘေဘီလေးက ဘယ်အရွယ်ရောက်ရင် ဆလတ်ရွက် စားလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ဆလတ်ရွက် ဆိုတာ ဆလတ်ရွက်ဆိုတာ အရွက် အနားတွန့်ဖားဖားလေးနဲ့ အစိမ်းနုရောင် အရွက်လေးပါ။ ရိုးတံလေးက ဖြူုဖြူကြွပ်ကြွပ်လေးပါ။ စားရင် နည်းနည်းလေး ခါးသက်သက်ဖြစ်ပေမယ့် မယောနိစ်လေးနဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေ သံဓာတ် ပြည့်ဝစေချင်

သံဓာတ် အရင်က မရင်းနှီးပေမယ့် အခုနောက်ပိုင်းတော့ သံဓာတ် ဆိုတဲ့ စကားလုံးလေးတွေက လူတိုင်းနဲ့ ရင်းနှီးလာခဲ့ပါတယ်။ သံဓာတ်ပြည့်အောင် ဘာစားရမလဲ မသိပေမယ့် သံဓာတ်ချို့တဲ့ရင် မူးမောတာတွေဖြစ်သလို သွေးအားနည်းတာဖြစ်စေမယ်။ ဘေဘီလေးတွေမှာဆိုရင် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းမယ်ဆိုတာတွေကိုတော့ ကျန်းမာရေး အသိပေးမှုတွေကနေတဆင့် လူတိုင်းလိုလို သိလာကြပါတယ်။ သံဓာတ်ဆိုတာ ဘာလဲ။ သံဓာတ်ဆိုတာက ဘေဘီလေးတွေ သန္ဓေသားအရွယ် ကစလို့ အရွယ်ရောက်တဲ့အချိန်အထိ ကောင်းကောင်း ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ သန္ဓေသားဘဝ၊ မွေးဖွားပြီး ၂၈ ရက်အကြာနဲ့ မွေးကင်းစဘေဘီ၊ လမ်းလျှောက်တတ်စ ဘေဘီလေးတွေအကုန်လုံးမှာ သွေးနီဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့၊ ကြွက်သားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်က သံဓာတ်ပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးသောက်ရတဲ့အားဆေးက ဖောလစ်အက်စစ်နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့နဲ့ လိုင်ဆင်းဓာတ် (Lysine)

လိုင်ဆင်းဓာတ် (Lysine) ဆိုတဲ့ စကားလုံးကို TV ကြော်ငြာတွေကနေတဆင့်တော့ မေမေတိုင်းလိုလို ရင်းနှီးနေနိုင်ပါတယ်။ ဒီရင်းနှီးပြီးသား စကားလုံးလေးဖြစ်တဲ့ လိုင်ဆင်း (Lysine) လေးကဘာလဲ။ သားသားမီးမီးတွေအတွက် ဘယ်လို အကျိုးပြုပေးလဲ။ ဘယ်အရွယ်တွေဆို သောက်လို့ ရပြီလဲဆိုတာတွေကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား ..... လိုင်ဆင်းဓာတ် (Lysine) ဆိုတာ ဘာလဲ။ လိုင်ဆင်း (Lysine) ဆိုတာက အမိုင်နိုအက်ဆစ် တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကနေဆင့် ရယူနေရတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ လိုင်ဆင်းက အစားစားချင်စိတ်ကို တိုးစေနိုင်ပြီး သားသားမီးမီးတို့ကို အစားများများ စားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေအပြင် လိုင်ဆင်းက အူတွေရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ကောင်းမွန်စေပြီး အရိုးတွေ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးတို့အတွက် Hib Vaccine

ဘေဘီလေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေရေးမှာ အဓိကကျတဲ့ အချက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို ကာကွယ်ဆေးတွေ ပြည့်စုံ လုံလောက်အောင် ထိုးနှံတာပါ။ ဘေဘီလေးကို ငယ်စဉ်ကတည်းက လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ပြည့်စုံအောင် ထိုးပေးမှ ရောဂါဆိုးတွေကြောင့် ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်စေမှာပါ။ ဒီတစ်ခေါက်လည်း ဘေဘီလေးတွေကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေရေးမှာ အရေးပါတဲ့ ကာကွယ်ဆေး တစ်မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ Hib ကာကွယ်ဆေး ထိုးနှံပေးတာပါ။ Hib ကာကွယ်ဆေးက ဘာလဲ။ ဘေဘီလေးကို ဘယ်လို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား မေမေဖေဖေတို့ရေ။ Hib ဆိုတာ ဘာလဲ။ Hib ဆိုတာက Haemophilus influenzae type B ကို ဆိုလိုတာပါ။ ဘက်တီးရီးယား ကူးစက်မှု […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။

ဘေဘီလေးကို ရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့အရာက ကာကွယ်ဆေးတွေပါ။ ဒါကြောင့်လည်း ဘေဘီလေးကို မွေးဖွားလာချိန်ကစပြီး အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးနေရတာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ တစ်ကြိမ်တည်းနဲ့ လုံလောက်တဲ့ ကာကွယ်မှုကို ပေးစွမ်းနိုင်တာမျိုး ရှိသလို ၂ ကြိမ် ၃ ကြိမ်ထိုးပြီးမှ လုံလောက်တဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့ ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် မထိုးရသေးတဲ့ ဘေဘီလေးတွေကို ကြောက်စရာ ရောဂါဆိုးကြီးတွေကနေ အကောင်းဆုံး ကာကွယ်နိုင်စေဖို့အတွက် ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးသင့်တဲ့ အကြောင်းအရင်း ကာကွယ်ဆေးတွေ အကြိမ်ရေ ပြည့်အောင်နဲ့ ကာကွယ်ဆေး စုံအောင် ထိုးနှံပေးခြင်းက ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား

ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား ဆိုပြီး ခေါင်းထဲမှာ တွေးပူနေပြီလား....... ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။ ...... မေမေတွေက ဘေဘီလေး အိပ်ရင်းနဲ့ အိပ်မက်ဆိုးမက်ပြီး လန့်နေမှာကိုတောင် တွေးကြောက်နေတတ်တဲ့ သက်ရှိတွေပါ။ ဒါကြောင့်လည်း မိခင်မေတ္တာ ကြီးမားတာ်လို့ ဆိုကြတာပါ။ ဘေဘီလေးအတွက် တစ်ခုခု ဝယ်တော့မယ်၊ ဘေဘီလေးကို တစ်ခုခု ကျွေးတော့မယ်ဆိုတိုင်း ဘေဘီလေး အဆင်ပြေပါ့မလား. .... တစ်ခုခုများ ဘေဘီလေးမှာ ထိခိုက်မိသွားမလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ ဒီတစ်ခေါက်လည်း မေမေတွေ စိုးရိမ်မိတတ်တဲ့ အချက်တွေထဲက တစ်ခုဖြစ်တဲ့ ဘေဘီလေးက ကာကွယ်ဆေး ထိုးခါနီးဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေး ထိုးလိုက်တာကြောင့် ဘေဘီလေးကိုများ ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေအတွက် အဖြေလေး ပြောပြပေးချင်ပါတယ်။ ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အသင့်စား ကြက်အူချောင်းစားပြီး ကလေးများ ပြာနှမ်း ခြင်း

ခုတလောနဲ့ အသင့်စား ကြက်အူချောင်းတွေ စားပြီး ကလေးတွေ ရုတ်တရက် ပြာနှမ်း တာကို တွေ့ရပါတယ်။ တချို့ဆို အသက်ပါ ဆုံးရှုံးတယ်လို့ ကြားသိကြပါတယ်။ ဒါက ကြက်အူချောင်းမှာပါတဲ့ နိုက်ထရိတ်ဓာတ်ကြောင့်လို့လည်း ပြောကြပါတယ်။ ဘယ်လိုများ ဖြစ်တာပါလိမ့်။ နိုက်ထရိတ်ပါလို့ ပြာနှမ်း တာလား။ တကယ်တော့ နိုက်ထရိတ်ဆိုတာ ကြက်အူချောင်းအပါအဝင် အသားတွေမှာ ဘက်တီးရီးယားတွေ မပေါက်ပွားအောင်၊ ကြာရှည်ခံအောင် ထည့်တဲ့ ဓာတုပစ္စည်းပါ။ FDAက သတ်မှတ်ထားတဲ့ အန္တရာယ်ကင်းတဲ့ ပမာဏလောက်ဆို ပြဿနာမရှိပေမယ့် ပါဝင်မှုများနေမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ နိုက်ထရိတ်က ဘယ်လို ပြာနှမ်း စေတာလဲ။ နိုက်ထရိတ်က သွေးထဲကို ရောက်တဲ့အခါ သွေးနီဥထဲမှာ ရှိတဲ့ သံဓာတ်ကို ဓာတ်တိုးလိုက်ပါတယ်။ ဒါကြောင့် Fe2+ကနေ  Fe3+ ဖြစ်သွားပါတယ်။ ဓာတ်တိုးသွားတဲ့ သွေးနီဥက ပုံမှန်သွေးနီဥတွေလို အောက်ဆီဂျင် မသယ်နိုင်တော့ပါဘူး။ […]


ကလေးငယ်အာဟာရ

ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား .....

ဆောင်းတွင်းလို အေးတဲ့ရာသီမျိုးမှာ ရင်ကြပ်တာတွေ အအေးမိဖျားနာတာတွေ ကင်းပြီး တုပ်ကွေးဖြစ်တာမျိုး ကင်းဝေးစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့အတွက် မုန်လာဥဖြူ ကို ချဉ်ဟင်းချက်စားတာ၊ ကြက်သားနဲ့ စွပ်ပြုတ် လုပ်သောက်ကြတာတွေ ရှိပါတယ်။ ဒီလို ချက်စားဖြစ်တဲ့အခါ ဘေဘီလေးကိုလည်း ကိုယ်ခံအား ကောင်းအောင် မုန်လာဥဖြူလေးများ ကျွေးလို့ ရမလားဆိုပြီး တွေးနေတဲ့ မေမေတွေ ရှိလား ...... ဒါဆိုရင်တော့ အဖြေလေး ထွက်သွားအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား ....... ဒီမေးခွန်းအတွက် အဖြေကတော့ ဟုတ် ..... စားလို့ ရပါတယ်။ ဘယ်အရွယ်မှာ စားလို့ ရမလဲဆိုတော့ အသက် ၆ လပြည့်ပြီဆိုရင် စားလို့ ရပါပြီ။ သေချာ နူးအိအောင် ကြိတ်ခြေပြီး ပြင်ဆင်ပေးဖို့တော့ လိုပါမယ်။ အသက် ၁၂ လပြည့်ပြီဆိုရင်တော့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ

စပါးလင် က အနံ့မွှေးသလို ခံတွင်းရှင်းစေနိုင်တဲ့ ပူရှိန်းရှိန်း အရသာ ရှိပါတယ်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများပါတယ်။ ဒီတစ်ခေါက်တော့ စပါးလင်ပါတဲ့ ဟင်းရည်တွေ၊ စပါးလင်နိုင်နိုင်နဲ့ ချက်ထားတဲ့​ ဟင်းတွေကို ဘေဘီလေးတွေ စားလို့ ရမလား .... ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား ...... ဘေဘီလေး ဘယ်အရွယ်ဆို စပါးလင်ကျွေးလို့ရမလဲ ....... ဘေဘီလေးက အသက် ၆ လဆိုရင် အစာမာတွေကို စစားနိုင်မှာ ဆိုပေမယ့် ဘေဘီလေးက အသက် ၁၂ လ (၁ နှစ်) ပြည့်မှ စပါးလင်ကို နည်းနည်း ချင်း စကျွေးလို့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့ကို ဖျားနာစေတဲ့ အရာတွေက ဘာတွေဖြစ်မလဲ။

မေမေတစ်ယောက် အတွက် စိတ်အညစ်ရဆုံးနဲ့ အပင်ပန်းဆုံး ကိစ္စက ၉ လလွယ်လို့ ၁၀ လဖွားထားရတဲ့ သားသားမီးမီးလေးတွေ ဖျားနာတဲ့အချိန်ပါ။ ကလေးက တအားဆော့လို့ ပင်ပန်းတယ်ဆိုတာက ကလေးဖျားလို့ ပင်ပန်း စိတ်ညစ်တာကို နည်းနည်းလေးမှ မမီပါဘူး။ ဒီတော့ မေမေတိုင်းရဲ့ ဆန္ဒဖြစ်တဲ့ ဘေဘီလေး ဖျားနာမှု ကင်းစေဖို့အတွက် ဘေဘီလေးကို ဖျားနာမှုကနေ ကာကွယ်ပေးနိုင်စေဖို့အတွက် သိထားဖို့ လိုမယ့် အချက်လေးကို ပြောပြပေးချင်ပါတယ်။ ဘယ်လို အခြေအနေကို ဖျားတယ်လို့ ဆိုနိုင်လဲ ..... ဖျားတယ်ဆိုတာက အလွယ်ပြောရရင် ကိုယ်ပူတာပါ။ ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန် တက်လာတာကို ကိုယ်ပူတယ်လို့ ပြောတာပါ။ ဒီလို ခန္ဓာကိုယ် အပူချိန် မြင့်တက်လာတာကို ဖျားတယ်လို့ အဓိပ္ပါယ်ဖွင့်ကြတာပါ။ သာမိုမီတာနဲ့ တိုင်းလိုက်လို့ အခုလို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း