ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ

မိဘရယ်လို့ ဖြစ်လာရင် ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ တွေးပူပြီး အမြဲတမ်းစောင့်ကြည့်လေ့လာနေရတတ်တာ သဘာဝပါပဲ။ ကလေးဆိုတာက လူကြီးတွေလိုမဟုတ်ဘဲ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်ကလည်း နုသေးတယ်။ ပြီးတော့ ဟိုဟာမစား ဒီဟာမစားနဲ့ ကြေးများတတ်တော့ ပိုဆိုးတာပေါ့။ အထူးသဖြင့် ဒီလိုမျိုး အစားရွေးတတ်တဲ့ကလေးတွေက တခြားကလေးတွေထက် ပိုပြီးပိန်ညှက်တတ်တယ်၊ ဖျားနာဖို့လည်း ပိုလွယ်ပါတယ်။ သင့်ကလေးရော ခဏခဏဖျားနေတတ်လား။ ပုံမှန်ဆိုရင်တော့ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၃-၄ကြိမ်ထိ ဖျားနာတတ်ပါတယ်။ လူကြီးတွေလည်း အဲ့ဒီအတိုင်းပါပဲ။ ဒီအကြိမ်ရေထက် ပိုများသွားပြီဆိုရင်တော့ ကလေးက ကိုယ်ခံအားနည်းနေလား၊ သူ့ကြည့်ရတာ အားမရှိသလို ပျော့ခွေနေလား၊ အစားရော ကောင်းကောင်းစားနိုင်ရဲ့လား၊ စတာတွေကို လေ့လာဖို့လိုတဲ့အပြင် ကလေးအထူးကုဆရာဝန်နဲ့လည်း သေချာပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ခဏခဏ ဖျားတတ်တဲ့ ကလေးကို ဘာကျွေးမလဲ။ အမြဲတမ်းလိုလို ဖျားနေတတ်တဲ့ ကလေးတစ်ယောက်က ကိုယ်ခံအားသိပ်မရှိဘဲ ပျော့ခွေပြီး နုံးနေသလို၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေးကို အဆိပ်အတောက်တွေ ကျွေးမိနေပြီလား

လောကမှာ ကိုယ်အချစ်ရဆုံးသော လူသားလေးတွေဖြစ်တဲ့ ကိုယ့်ရဲ့ရင်သွေးရတနာတွေကို အကောင်းဆုံးတွေပဲ ပေးချင်တာ၊ အကောင်းဆုံးပဲဖြစ်လာစေချင်တာ မိဘတိုင်းရဲ့မေတ္တာပါ။ ဒါပေမယ့် စားစေချင်လို့ ကျွေးနေတဲ့အရာတွေ၊ အာဟာရဖြစ်မယ်ထင်လို့ စီစဉ်ပေးတာတွေက ဘေးဖြစ်စေမယ်ဆိုရင် ရင်နာစရာပေါ့။ ဒါ့ကြောင့် ကိုယ့်ကလေးရဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ ပါဝင်နေသလားဆိုတာ အရင်ဆုံးပြန်ဆန်းစစ်ကြရအောင်။ ဟော့ဒေါ့ အကင်ဆိုင်လေးတွေ ဟိုမှာ ဒီမှာ တွေ့ရတတ်တော့ ဝယ်စားရလွယ်ကူတဲ့ သရေစာတစ်မျိုးပါပဲ။ ဟော့ဒေါ့ချောင်းလေးတွေကို အချဉ်လေး၊ အမှုန့်လေးသုတ်ပြီး စားရတာ ပူပူနွေးနွေးလေးပေါ့။ ဒါပေမယ့် ပူနွေးပေမယ့် ရောဂါပိုးတွေမကင်းနိုင်တာ ဒီအစားအသောက်တွေပါပဲ။ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးရဲ့အစာခြေစနစ်ထဲကို တာရှည်ခံပစ္စည်းတွေအပြည့်ပါတဲ့ ဒီအရာတွေဝင်ရောက်သွားမယ်ဆို တွေးကြည့်ပါ။ ဟော့ဒေါ့အပါအဝင် ဝက်အူချောင်း၊ကြက်အူချောင်းကင်၊ အသားပြားကင် တို့လို ယိုးဒယားကင်ဆိုတဲ့သရေစာတွေ ဟာ ပြုပြင်စီမံထားတဲ့ အစားအစာတွေချည်းပါပဲ။ ဒီအမျိုးအစားတွေက ကင်ဆာဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပြီးသားဖြစ်ပါတယ်။ ဆိုးဆေး အရောင်လှလှ သရေစာမုန့်တွေ၊ အရည်အသွေးမကောင်းတဲ့ အချိုရည်ဘူးတွေမှာ ပါနေတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နုနယ်တဲ့ ကလေးတို့ရဲ့ အရေပြားပေါ်က ပွေး

မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နို့ပွေးက မှိုပိုးကူးစက်မှုတစ်ခုပါပဲ။ ဒီမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ ကူးစက်ခံရနိုင်ပါတယ်။ နို့ပွေးဆိုတာ ကလေးအရေပြားပေါ်က ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန် အကွက်လေးတွေပါ။ နို့စို့ထားလို့ ပေနေတတ်တဲ့ ပါးစပ်တဝိုက်မှာဖြစ်တာမို့ နို့ပွေးလို့ ခေါ်ကြတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရေပြားပြဿနာက မျက်နှာတစ်ခုတည်းမှာ မဟုတ်ဘဲ ဦးရေပြား၊ လက်နဲ့ ခြေထောက်တွေအပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုကူးစက်နိုင်လဲ မေမေတို့လက်ကနေ သို့မဟုတ် မှိုပိုးရှိနေတဲ့ ဘယ်အရာနဲ့မဆို ထိတွေ့မှုတွေကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ၊ အခင်းပြားတွေ၊ အဝတ်အစားတွေ နဲ့ ဦးထုပ်တွေလို ကလေးအသုံးအဆောင်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ အများကူးတဲ့ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေ ကနေလည်း ကလေးတွေကို မှိုပိုးကူးစက်စေနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိတတ်လဲ နို့ပွေးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်

သားသားမီးမီးတွေ ကျန်းကျန်းမာမာနဲ့ ဉာဏ်ကောင်းပျော်ရွှင်ပြီး ကြီးပြင်းလာစေဖို့ဆိုတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလိုကြီးထွားလာဖို့ဆိုတာလည်း ကိုယ်ချစ်တဲ့ သားသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ငယ်စဉ်ကတည်းက သေချာကျွေးမွေးမှ ဖြစ်မှာနော်။ ကလေးဉာဏ်ကောင်းစေဖို့ အာဟာရဓာတ်က ဘာများလဲ။ ငါးကြီးဆီလို့လည်း ခေါ်တဲ့ အိုမီဂါ ၃ အဆီအနှစ် (Omega-3 fatty acid) ဟာ ကလေးတွေဉာဏ်ကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအာဟာရဓာတ်ပါပဲ။ အိုမီဂါ ၃ အဆီအနှစ်ဟာ ဦးနှောက်ကို ကြီးထွားဖွံ့ဖြိုးစေတယ်။ နှလုံးကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေလို့ အလွယ်တကူ ဖျားနာခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ အိုမီဂါ ၃ အဆီအနှစ်ကို ကိုယ်ခန္ဓာက သဘာဝအတိုင်း မထုတ်ပေးနိုင်တဲ့အတွက် အစားအစာတွေ၊ ဖြည့်စွက်စာတွေ၊ ကြီးထွားဖွံ့ဖြိုးစေဖို့ အာဟာရပြည့်နို့မှုန့်ကနေ တစ်ဆင့်ပဲ ရရှိနိုင်ပါတယ်။ အိုမီဂါ ၃ အဆီအနှစ်ထဲမှာ ALA (Alpha-linolenic acid) • […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

ပတ်ဝန်းကျင်မှာ အရမ်းဉာဏ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုကလေးတွေရဲ့ ဘဝကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ပင်ကိုယ်သဘာဝကိုက ကြိုးစားချင်စိတ်ရှိတယ်၊ မိဘတွေကလည်း နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်တဲ့အပြင် သားသမီးနဲ့ မိဘကြားမှာ အဆင်ပြေပြေ စကားပြောဆိုဆက်ဆံလို့ရတဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတတ်ပါတယ်။ ကိုယ့်သားသမီးကိုလည်း သူတို့လိုမျိုး ဉာဏ်ရည်ထက်မြက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ စေတနာ မေတ္တာပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကလေးကို ဘယ်လိုထူးချွန်ထက်မြက်အောင် ပုံသွင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။ ၁။ ကိုယ်ဝန်ဆောင်နေစဉ် ကာလသည် ပထမခြေလှမ်းပါ။ မေမေတွေ ကိုယ်ဝန်ရှိနေတဲ့အချိန် စားလိုက်သမျှ အစားအစာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေ၊ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားမှုရှိမရှိ စတဲ့အချက်တွေက ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြားအရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။ ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက – ဆီး ၊ ဝမ်း သွားပြီးတိုင်း ပေါင်ကြားကို သေချာမသန့်စင်ပေးတာ သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာ အချိန်ကြာသွားတာ သေးခံ နဲ့ ပွတ်တိုက်မိလို့ ပွန်းတာ မှိုပိုးဝင်တာ ဘက်တီးရီးယားပိုးဝင်တာ သေးခံနဲ့ ဓါတ်မတည့်တာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အချိုရည်စွဲနေတဲ့ ကလေးကို ဘယ်လိုဖျောင်းဖျဆွဲဆောင်မလဲ

အအေးသောက်မယ်၊ အချိုရည်သောက်မယ် တကဲကဲနဲ့ ပူဆာနေတတ်တဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတာလား။ ကလေးကျေနပ်ရင်ပြီးရော အချိုရည်လေးဝယ်တိုက်လိုက်တာပဲ ဆိုရင်တော့ မေမေတို့ မှားနေပါပြီနော်။ အချိုရည်သောက်တာများရင် ချောင်းဆိုးရင်ကျပ်အတွက်ပဲ ပြဿနာရှိတာမဟုတ်လို့ပါပဲ။ အချိုကဲတဲ့ အစားနဲ့ အသောက်တွေက ကလေးတွေကို ကိုယ်အလေးချိန်တက်စေနိုင်(အဝလွန်စေနိုင်)တယ်၊ နှလုံးရောဂါ၊ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း၊ သွားပိုးစားခြင်းစတဲ့ ကျန်းမာရေးအန္တရာယ်တွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရ ကလေးတွေဟာ တစ်ပတ်ကို အချိုရည် ၈ အောင်စလောက်ပဲ သောက်သင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုံမှန်အချိုရည်သံဘူးတစ်ဘူးစာထက် ပိုနည်းတဲ့ပမာဏပါ။ ကလေးတွေ အချိုရည်သောက်တာများရင် - (၁) သွားပိုးစားမယ်၊ သွားတွေ ပျက်စီးလာမယ် (၂) အဝလွန်လာမယ် (၃) အခြားကလေးတွေနဲ့ယှဉ်ရင် အာဟာရချို့တဲ့လာမယ် (၄) ကိုယ်ခံအားနည်းပြီး ရောဂါတွေ ဝင်လွယ်လာမယ် (၅) အချိုကို စွဲလန်းလာတယ် (၆) မှတ်ဉာဏ်တွေကို ထိခိုက်စေတယ် (၇) ချောင်းဆိုး၊ ရင်ကြပ်စေတယ် ဒါ့ကြောင့် အချိုရည်လုံးဝမသောက်ရဘူးလို့ တားမြစ်လို့လည်းမဖြစ်ပြန်ပါဘူး။ ကလေးဆိုတာမျိုးက မလုပ်နဲ့ဆိုမှ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

ကလေးဆိုတဲ့အရွယ်ကို အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိပြီး အတုမြင်အတတ်သင်ကြမယ့် အရွယ်ကောင်းတစ်ခုပါပဲ။ ပြောရမယ်ဆိုရင် လူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်လျှောက်လှမ်းဖို့ ပထမဆုံး ခြေလှမ်းစတင်ရမယ့် အရွယ်ပဲပေါ့။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ ဘယ်လိုဝါသနာတွေ ရှိလဲ၊ ဘယ်လိုနေရာမှာ ထက်မြက်လဲ၊ သူတို့လေးတွေရဲ့ အရည်အချင်းကို ဘယ်လိုသွေးပေးရမလဲဆိုတာ သိမှပဲ ကလေးရဲ့ ကောင်းမွန်စွာ ကြီးပြင်းလာနိုင်မှုမှာ အထောက်အကူဖြစ်မှာပါ။ ဝါသနာတွေဟာ ကလေးတွေရဲ့ ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်လဲ။ ကလေးတစ်ယောက် ကိုယ်သဘောကျတာကို လုပ်နေရတဲ့အချိန်ဟာ သူတို့လေးတွေအတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။ ဒါ့အပြင် ဝါသနာဆိုတာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူချင်စိတ် ရှိစေတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာနိုင်သလို သူတို့တွေ ကြိုးစားရင် ဘာမဆိုဖြစ်အောင် လုပ်နိုင်တဲ့စိတ်ကို ပုံသွင်းပေးတယ်။ ဒီတော့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ

ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတာမှာ နို့စို့အရွယ်က သိပ်ပြဿနာမရှိပေမယ့် တခြားအစားအစာတွေ စားတတ်လာပြီဆိုတာနဲ့ အလုပ်က စပါပြီ။ ဘာလေးကျွေးရမလဲ၊ ဘာလေးတွေက ကလေးအတွက်ကောင်းမလဲ၊ ဒါက ကလေးနဲ့တည့်ပါ့မလား၊ ကလေးကို မကျွေးသင့်တာတွေ ဘာတွေဖြစ်မလဲ မေးခွန်းပေါင်းများစွာနဲ့ မေမေတို့ခေါင်းစားရပါတော့တယ်။ လမ်းလျှောက်တတ်စအရွယ်ရောက်တဲ့အထိ ဒီလိုဂရုစိုက်လာခဲ့ပေမယ့် သရေစာတွေ စစားတတ်တဲ့ ဒီအရွယ်မှာ လူကြီးစားသမျှအကုန်မိတ်ဆက်ကျွေးလိုက်လို့တော့ မဖြစ်သေးဘူးနော်။ နောက်တစ်ချက်က စျေးကွက်မှာရှိသမျှ အစားအသောက်တွေ ကလေးကို အကုန်မကျွေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ မေမေတို့ သိပ်သတိမထားမိကြတဲ့ အန္တရာယ်တွေရှိနေနိုင်လို့ပါပဲ။ မေမေတို့မသိသေးတဲ့ ကလေးတို့အတွက် အန္တရာယ် ကလေးတို့ရဲ့ကျန်းမာတဲ့ဖွံ့ဖြိုးမှုအတွက် အားပေးမယ့် အစားအသောက်ဖြစ်စေဖို့က ထမင်းအပြင် သရေစာတွေကလည်း သက်ရောက်မှုများပါတယ်။ ကလေးကို ကျွေးတဲ့သရေစာမုန့်နဲ့ သောက်စရာတွေက ဘေးကင်းစိတ်ချရမှုမရှိဘူးဆိုရင် ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ကလေးအဝလွန်၊ ကလေးဆီးချို စတဲ့ ကြောက်စရာရောဂါတွေအထိ ဖြစ်လာနိုင်ပါတယ်။ အသင့်သောက် ဘူးလေးတွေ အားရှိတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်ထက်မြက်စေတယ်လို့ အာဟာရဖြည့်စွက်ထားတဲ့ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

အခုတလော ဆေးခန်းမှာ ကလေး မိဘတွေ ဗျာများနေတဲ့ ရောဂါတခု ရှိပါတယ်။ ကလေး ခြေဖဝါး လက်ဖဝါးတွေ မှာ အရည်ကြည်ဖုလေးတွေ စထွက်လာမယ်။ ယားမယ်။ နာမယ်။ ပါးစပ်ထဲ မှာပါပေါက်မယ်။ ကလေး ဖျားမယ်။ အီမယ်။ နို့ကောင်းကောင်းမစို့တော့ဘူး။ ကလေးပါးစပ်က သွားရည်တွေ ကျနေမယ်။ ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အစိုးရိမ်လွန်လို့ ဆေးခန်းကို အရေးတကြီး လာပြတတ်ကြပါတယ်။ Hand foot mouth disease ဆိုတာဘာလဲ။ HFMDလို့ အတိုကောက်ခေါ်တဲ့ ရောဂါ ဆိုတာ Coxsackie virus A16 အမျိုးအစားကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဘယ်သူတွေ မှာအဖြစ်များလဲ။ HFMD ရောဂါဟာ ကျောင်းနေအရွယ်မတိုင်မီ အသက် ၁၀ နှစ်အောက် ကလေး တွေ မှာအဖြစ်များပါတယ်။ အလွယ်တကူ ကူးစက် နိုင်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း