ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အတန်းထဲမှာ ကိုယ့်ကလေးပဲ ပိန်ညှက်မနေအောင် ဒီလိုဂရုစိုက်ကြမယ်

ခုခေတ်ကလေး တော်တော်များများကို ကြည့်လိုက်ရင် ပိန်ပိန်သေးသေးလေးနဲ့ အားမရှိသလို ပုံလေးတွေ ဖြစ်နေတာ သတိထားမိမယ်ထင်တယ်နော်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ကလေးရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရတွေ မရတာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းလွန်းတာ၊ စာမှ စာ စာကိုပဲ ဂရုစိုက်ရင်း ထိုင်ခုံမှာပဲ တစ်နေ့တာ ကုန်ဆုံးနေရတာ၊ ကလေးက ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာချူချာတော့ ပိန်ချုံးလာတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပါပဲ။ ကလေးထွားစေဖို့ ဘယ်လိုအာဟာရတွေကို အဓိကကျွေးကြမလဲ။ တခြားကလေးတွေနဲ့ ယှဉ်လိုက်တိုင်း ကိုယ်ကလေးက ပိန်ပြီး ညှက်နေတာမျိုး မဖြစ်စေချင်ဘူးဆိုရင် မေမေတို့အနေနဲ့ ငယ်ငယ်ကတည်းက ပရိုတင်းဓာတ်ကို ပြည့်ဝစုံလင်စွာ ကျွေးထားဖို့ လိုပါတယ်။ ပရိုတင်းဓာတ် တစ်နည်းအားဖြင့် အသားဓာတ်က ကိုယ်ခန္ဓာမှာရှိနေတဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အလွယ်တကူ ဖျားနာခြင်းမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ကလေးရဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့

မိဘဆိုတာ ကိုယ်ချစ်တဲ့သားသမီးအတွက်ဆိုရင် အရာရာကို အကောင်းဆုံး ဖြစ်စေချင်ကြတာပါပဲ။ အဲ့တော့ ကလေးနဲ့ပတ်သက်သမျှ ကိစ္စတိုင်းအတွက် အမြဲတမ်းလိုလို တွေးပူနေရတာတော့ပေါ့။ အထူးသဖြင့် ကလေးရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအပိုင်းမှာ မိဘတွေအနေနဲ့ ဘာလုပ်သင့်လဲ၊ ဘာကျွေးသင့်လဲ၊ ကိုယ်လုပ်နေတာ၊ ကျွေးနေတာတွေက ကိုယ့်ကလေးအတွက်ရော မှန်ကန်နေရဲ့လား၊ ကိုယ့်ကလေးက ပိန်လွန်းနေလား ဒါမှမဟုတ် ဝလွန်းနေလား အစရှိသဖြင့် အမေးများနေတတ်ကြပါတယ်။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘာတွေက သက်ရောက်မှုရှိစေလဲ။ ကြီးထွားဖွံ့ဖြိုးခြင်းဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ရဲ့ အသက်နဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးစတာတွေ အဓိကပါဝင်ပါတယ်။ ဒီအရာတွေကို မိဘမျိုးရိုးဗီဇ • တစ်နေ့တာ ဘာတွေစားသုံးလဲ • အာဟာရပြည့်ဝမှုရှိခြင်း မရှိခြင်း • အိပ်ချိန်အပြည့်အဝ ရရဲ့လား • ကလေးက အထိုင်များနေလား။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရဲ့လား • အားကစားလိုက်စားလား • မကြာခဏ ဖျားနာနေတတ်လား • ရောဂါအခံ သို့မဟုတ် ကျန်းမာရေးပြဿနာ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကြယ်ပွင့်လေးရဲ့ ထူးချွန်ထက်မြက်မှုကို မေမေတို့ ဘယ်လိုအရောင်တင်ပေးမလဲ

ကိုယ့်သားသမီးတွေကို ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်လေးတွေဖြစ်လာစေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် ဒီလိုဖြစ်လာစေဖို့က သူတို့တွေရဲ့ဝါသနာနဲ့ စိတ်အားထက်သန်ရာ နယ်ပယ်တွေကို မိဘတွေဘက်က ကူညီပျိုးထောင်ပေးဖို့တော့ လိုပါတယ်။ အရင်ဆုံး - ကလေးက ဘယ်နေရာမှာ ထူးချွန်လဲ အတည်ပြုပါ ဆုတံဆိပ်တွေရနေမှ ထူးချွန်မှုမဟုတ်ပါဘူး။ ကလေးရဲ့ အားသန်ရာ၊ စိတ်အားထက်သန်မှုပြင်းပြရာ တစ်ခုခုကို ဆိုလိုပြီး ဒီအလုပ်တစ်ခုခုနဲ့ဆိုရင် ကလေးက ပျော်ရွှင်တက်ကြွနေပြီး ရလဒ်ကောင်းနေတတ်တာမျိုးပါ။ ဥပမာ ပန်းချီဆွဲတာ၊ ဂီတတူရိယာတစ်ခုခုတီးတာ၊ ဘောလုံးကန်တာ၊ သီချင်းဆိုတာ စတဲ့ ဝါသနာလေးတွေထဲက ကလေးရဲ့စိတ်အားထက်သန်မှုအပြင်းပြဆုံးကို သူ့ရဲ့ထူးချွန်မှုအဖြစ် မှတ်ယူပေးပါ။ ကလေးရဲ့ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးပါ အစကတော့ အရေးမလုပ်ဘဲ ဆုရမှ၊ ထူးချွန်လွန်းနေမှ ဂုဏ်ယူတာမျိုး မဖြစ်သင့်ပါဘူး။ အောင်မြင်မှု ရှိရှိ၊ မရှိရှိ ကလေးရဲ့ အားထုတ်မှုရလဒ်မှန်သမျှကို အသိအမှတ်ပြုပေးပါ။ အားပေးချီးမြှောက်ပါ။ သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်တဲ့ မိဘရဲ့ ချီးကျူးမှုကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက် ကောင်းမွန်စွာကြီးပြင်းလာစေဖို့ ဘယ်လိုဂရုစိုက်မလဲ

ပြောတော့သာလွယ်တာပါနော်။ ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ရတာ အတော်လေးဂရုစိုက်ရပါတယ်။ ကလေးက ကျန်းမာဖွံ့ဖြိုးရမယ့်အပြင် သွက်လက်ပျော်ရွှင်နေဖို့ကိုလည်း ဦးစားပေးရပါလိမ့်မယ်။ ကနေ့ခေတ် ထူးချွန်ထက်မြက်တဲ့ သားသမီးတွေကို မွေးထုတ်ပေးနိုင်တဲ့ မိဘတွေက ဒီအကျိုးရလဒ်ကို လွယ်လွယ်နဲ့ရခဲ့တယ်ထင်ပါသလား။ ကလေးကို စားချင်တာဝယ်ကျွေး၊ လိုချင်တာဝယ်ပေးပြီး စိတ်ချမ်းသာအောင် အလိုလိုက်ထားရုံနဲ့ ကျန်းမာပျော်ရွှင်စေမှာလား ဒါမှမဟုတ် စည်းကမ်းကောင်းကောင်း ကြပ်မတ်ထားရုံနဲ့ ထူးချွန်ထက်မြက်စေမှာတဲ့လား… ဒီလိုဆို မိဘတွေက ဘယ်လိုဂရုစိုက်ပေးရမှာလဲ၊ ဘယ်လိုပျိုးထောင်ပေးရမှာလဲ။ ဒီမေးခွန်းကို အဓိကအဖြေကတော့ နေ့စဉ်ဘဝမှာ ကလေးရဲ့အာဟာရနဲ့ လှုပ်ရှားမှုအလေ့အကျင့်‌တွေပဲဖြစ်ပါတယ်။ ကိုယ့်ကလေး နေ့တိုင်းစားသောက်နေတဲ့အာဟာရထဲမှာ သူ့ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်နေတဲ့ဓာတ်တွေ ပါနေရဲ့လား၊ သွက်လက်ထက်မြက်မှုကို အားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေရဲ့လား သိဖို့ အရေးကြီးပါတယ်။ ဖေဖေမေမေတို့ကို အကြံပေးချင်တာကတော့ - (၁) ကလေးကို အကြိုက်ဆော့ခွင့်ပေးပါ အမြဲအလိုလိုက်ပြီး မျောက်ရှုံးအောင် ဆော့ခွင့်ပေးထားဖို့ကို မဆိုလိုပါဘူးနော်။ အချိန်နဲ့နေရာ သတ်သတ်မှတ်မှတ်ဆော့ကစားခွင့်ပေးပါ။ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း

မင်္ဂလာပါ Hello ဆရာဝန်ကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးတွေ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်း‌လျှော ရောဂါအကြောင်းပါ ။   ၀မ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus - ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာပါ ။ တခြားသော ဘက်တီးရီးယား ၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ် ။ ၀မ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တဆင့်ကူးစက်တာ ဖြစ်ပါတယ်။   ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ၀မ်းသွားတာအပြင် ပျို့အန်ခြင်း ၊ မျက်တွင်းကျခြင်း ၊ ရေငတ်ခြင်း ၊ ရေမသောက်နိုင်ခြင်း ၊ ဆီးထွက်နည်းခြင်း နဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ၀မ်းလျှောတာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။

မီးဖွားခွင့် ကုန်သွားလို့ ကလေး နို့စို့အရွယ်လေးမှာတင် အလုပ်ခွင်ပြန်ဝင်ရတာ ဖြစ်ဖြစ်၊ အပြင်သွားစရာရှိလို့ ကလေးနို့ဆာတဲ့အချိန်တိုင်း နို့မတိုက်နိုင်တာ ဖြစ်ဖြစ် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းခဲ့ကြတယ်မလား။ တချို့ အပြင်မှာ သိမ်းခဲ့တာကို သဘောကျပေမယ့်လည်း တချို့ လတ်လတ်ဆတ်ဆတ် ကလေးကို နို့တိုက်လိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ မိခင်နို့ တိုက်ကျွေးတာက ပြဿနာ မဟုတ်ပေမယ့် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းထားရင်တော့ သိထားဖို့လိုမယ့် ကိစ္စလေးတွေ ရှိလာပြီလေ။ ဘယ်လိုစနစ်တကျသိမ်းရမလဲ၊ ညှစ်ပြီးသား မိခင်နို့က အပြင်မှာ ဘယ်လောက်ခံမလဲ စတဲ့ မေးခွန်းတွေ မေမေတို့ခေါင်းထဲ တန်းစီနေမှာပေါ့ အရေးအကြီးဆုံးဖြစ်တဲ့ညှစ်ပြီးသား မိခင်နို့တွေကို ဘာနဲ့သိမ်းကြမလဲ။ ညှစ်ပြီးသားမိခင်နို့ကို ဘာနဲ့ထည့်သိမ်းကြမလဲဆိုတာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ ထည့်လို့ရတဲ့ တွေ့ရာ ပစ္စည်းတစ်ခုခုနဲ့ သိမ်းလို့မရတဲ့အတွက် မိခင်နို့သိမ်းဖို့ ဆိုပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေ အိပ်ပါစေ…

ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အစားအစာ နှင့် လုံခြုံစွာနေထိုင်ရမှုထက်မနည်း အရေးကြီးပါတယ်။ အကြောင်းကတော့ အိပ်စက်ခြင်းဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာသာမက ကိုယ်ကာယဖွံ့ဖြိုးမှုအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိနေလို့ပါပဲ။ ဒါပေမယ့် အိပ်ချိန်တစ်ခုပဲ အရေးကြီးတာတော့ မဟုတ်ပါဘူး။ အိပ်စက်တဲ့အချိန်အတွင်းမှာလည်း အနှောင့်အယှက်ကင်းကင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့နဲ့ နေ့လည်နေ့ခင်းလိုအချိန်တွေမှာ တစ်မှေးအိပ်စက်ခြင်းတွေဟာဆိုရင်လည်း အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် မွေးကင်းစအရွယ်မှ ၃ လ ကလေးငယ်များဟာ တစ်နေ့ကို စုစုပေါင်း ၁၀.၅ နာရီ မှ ၁၈ နာရီကြာအောင် အိပ်တတ်ကြပြီး တစ်ဆက်တည်း အိပ်တာမျိုးမဟုတ်ဘဲ ကြားထဲမှာ (၁ နာရီ မှ ၃နာရီ‌လောက်အထိ) နိုးထနေမှုများလည်း ရှိတတ်ပါတယ်။ အသက် ၄ လ မှ ၁၁လ ကလေးငယ်များဟာ ညအိပ်ချိန်ကို ၉နာရီမှ ၁၂နာရီခန့် ယူလေ့ရှိကြပြီး မိနစ် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို အနုပညာတစ်ခုခု သင်ပေးပါ

ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို စောစီးစွာ အနုပညာတစ်ခုခု သင်ကြားပေးခြင်းဟာဆိုရင် ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာ ဖြစ်စေတာကို တွေ့ရှိရပါတယ်။ အနုပညာလို့ပြောတဲ့အခါမှာ ဂီတ၊ အက၊ ပန်းချီ တို့အပြင် လက်မှုပညာများ၊ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးမှုများလည်း ပါဝင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ သက်ရောက်စေနိုင်သလဲဆိုရင်… (၁) လှုပ်ရှားမှုအတွက် အထောက်အကူပြုပါတယ် ကလေးတွေအဖို့ တူရိယာတစ်ခုခု တီးခတ်မယ်၊ ရွှံစေးနဲ့ အရုပ်ကလေးတွေ ပုံဖော်မယ်၊ စုတ်တံကို အသုံးပြုကာ ပန်းချီဆွဲမယ်… အစရှိတဲ့ နည်းလမ်းများဟာ ကလေးတွေရဲ့ လက်လှုပ်ရှားမှုလေးများဖြင့် ပြုလုပ်ရတာကြောင့် ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို တိကျစေတယ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းကိုလည်း သန်မာစေပါတယ်။ (၂) ဂဏန်းသင်္ချာသင်ကြားရာမှာ အထောက်အကူပြုတယ် ကလေးတွေဟာ ဖန်တီးမှုတစ်ခုခုလုပ်တယ်ဆိုကြပါစို့။ ဥပမာ - ဆွဲကြိုလေးတစ်ကုံးသီကြတယ်ဆိုရင်.. crystal လေးတွေတော့ ဘယ်နှလုံး သုံးရမယ် စသည်ဖြင့် ရွေးချယ်ရတာကြောင့် သူတို့လေးတွေရဲ့ ဂဏန်းသင်္ချာသင်ကြားမှုမှာ လွယ်ကူ ပျော်ရွှင်စွာနဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း

ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။ ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများ ဝမ်းလျှောတဲ့အခါ

ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဒါဆိုရင်  ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ ။ အရင်ဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ရေဓါတ်ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ်မဆုံးရှုံးရင် အိမ်မှာပဲ ကုသလို့ရပြီး ၊ ရေဓါတ်ဆုံးရှုံးမှုများရင် ဆေးရုံတက်ကုသရမှာပါ ။ ရေဓါတ်ဆုံးရှုံးမှုမရှိရင် ကလေးတွေ လန်းလန်းဆန်းဆန်းရှိနေမှာဖြစ်ပါတယ် ။ ရေငတ်ခြင်း မရှိသလို ဆီးလည်းသွားနေရင် စိုးရိမ်စရာမရှိပါဘူး ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းအတွက် အဓိကကုထုံးက ဝမ်းချက်ချင်းရပ်ဖို့မဟုတ်ဘဲ ရေဓါတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပါ ။ ရေဓါတ်‌တွေ ပြန်လည်ဖြည့်တင်းပြီး ‌ထွက်သွားတဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှသာ ဝမ်းလျှောတာ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ် ။ ဝမ်းလျှောတဲ့ ကလေးကို ရနိုင်သမျှ အရည် (အချိုရည်များမပါ) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း