ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီမှာ ဘေဘီလေးတွေကျန်းမာနေစေဖို့

ဆောင်းရာသီက ကဗျာသမား၊ စာသမားတွေအတွက် စိတ်ကူးယဉ်စရာ လွမ်းမောဖွယ်ရာ ရာသီဆိုပေမယ့် ဖေဖေမေမေတို့အတွက်တော့ စိတ်ပူစရာကောင်းတဲ့ရာသီပေါ့။ အကြောင်းကတော့ ဆောင်းရာသီမှာ ဘေဘီလေးတွေ အလွယ်တကူဖျားနာ နိုင်တာကြောင့်ပါ။ စိတ်ကူးယဉ်ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆောင်းရာသီအေးအေးလေးကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းကုန်ဆုံးချင်တဲ့ ဖေဖေမေမေတို့အတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းလေးပါးပါရစေ။ ဗီတာမင်တွေက အအေးမိဖျားနာတာကို ကာကွယ်ပေးနိုင်လား ဆောင်းရာသီလိုမျိုး အလွယ်တကူဖျားနာနိုင်တဲ့ ရာသီမှာဘေဘီလေးတွေကို ကျန်းမာစေချင်တယ်ဆိုရင်နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို အာဟာရမျှတအောင်စားသုံးဖို့လိုပါမယ်။ ဒီနေရာမှာမေးစရာတစ်ခုရှိလာပါပြီ အာဟာရြပည့်ဝအောင်စားရုံနဲ့ အအေးမိဖျားနာတာတွေကို ကာကွယ်နိုင်မှာလားဆိုတာပါ။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရတွေပြည့်ဝအောင်စားသုံးမယ်ဆိုရင်ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D၊ဗီတာမင် E၊ Omega - 3၊ဖောလစ်အက်ဆစ်၊ သံဓါတ်နဲ့ အခြားသောအာဟာရနဲ့ဗီတာမင်တွေပါဝင်ဖို့လိုအပ်မှာပါ။ ဗီတာမင်တွေကို တကူးတကပြင်ဆင်ပေးဖို့မလိုပါဘူး။နေ့စဉ်စားသုံးတဲ့အစာအစာလေးတွေထဲမှာ ထည့်သွင်းပြီးပြင်ဆင်ပေးရုံနဲ့ဘေဘီလေးတွေကိုဆောင်းရာသီမှာ အအေးဒဏ်ကြောင့် နာမကျန်းမှုဖြစ်မှုတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဆောင်းအအေးဒဏ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အေးမြတဲ့ဆောင်းတွင်းမှာ ဘေဘီလေးတွေကျန်းမာစေမယ့်နည်းလမ်းများ

အေးအေးချမ်းချမ်းနဲ့ နှစ်တစ်နှစ်ကုန်ဆုံးခါနီးအချိန်မှာ အားလုံးကပျော်နေမှာ အသေအချာပဲပေါ့။ ဒါပေမယ့် အပြည့်အဝမပျော်နိုင်တဲ့သူတွေတော့ရှိနေပါတယ်။ ဒါကတော့ ပူပူနွေးနွေးဘေဘီပိစိကွေးလေးပိုင်ဆိုင်ထားတဲ့ဖေဖေမေမေတွေပေါ့။ အသစ်စက်စက် မိဘဖြစ်သူတွေမှာ ပိုဆိုးမှာအသေအချာပါ။သေးသေးကွေးကွေး ကလေးလေးကိုနွေနွေးထွေးထွေးဖြစ်စေဖု့ိနဲ့ ဖျားနာမှုတွေမဖြစ်စေဖို့အတွက် အရမ်းကို ဂရုတစိုက်လုပ်နေရတဲ့အချိန်ပေါ့။ ကလေးက ငယ်လွန်းတာကြောင့် အရမ်းနုနယ်သေးသလို ပတ်ဝန်းကျင်ကဒဏ်တွေကို ထိခိုက်ခံနိုင်စွမ်းကလည်း အရမ်းကိုနည်းပါတယ်။ ဒါကြောင့်ဆောင်းတွင်းလိုအေးတဲ့ ရာသီဥတုအခြေအနေမှာ ကလေးငယ်လေးတွေကို အသေအချာဂရုစိုက်နိုင်မှတော်ကာကျမှပါ။ ဒီလိုမျိုးအေးလွန်းတဲ့ရာသီမှာ အိမ်ရဲ့ဆည်းလည်းဘေဘီပေါက်စလေးတွေကို ဘယ်လိုဂရုစိုက်ပေးရမှန်းမသိတဲ့ဖေဖေမေမေတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေ။ ဆောင်းရာသီမှာ ဘေဘီလေးတွေကို ကျန်းမာစေမယ့်နည်းလမ်းတွေက ကလေးကိုနွေးနွေးထွေးထွေးထားပါ - ကလေးလေးတွေကသေးတစွတ်စွတ်ပေါက်တတ်တဲ့အရွယ်ဖြစ်တာကြောင့် ကလေးကိုသေးစိုနေလား၊ အဝတ်အစားတွေစိုနေလားဆိုတာကို အမြဲမပြတ်ဂရုစိုက်ပြီး စိုနေတာတွေ့တာနဲ့ချက်ချင်းလဲပေးပါ။ ကလေးကို အအေးမခံပါစေနဲ့။နွေးနွေးထွေးထွေးဖြစ်စေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။ ကလေးကို အာဟာရမျှတအောင်ကျွေးမွေးပါ - ကလေးက နို့စို့အရွယ်ဆိုရင်တော့ မိခင်က အာဟာရပြည့်ဝအောင်စားသုံးပြီး ကလေးကို နို့ကနေတဆင့် အာဟာရပြည့်ပြည့်ဝဝရရှိအောင်လုပ်ဆောင်ပေးပါ။ ကလေးက အစားစားနိုင်ပြီဆိုရင်တော့ ကလေးကို အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကျွေးမွေးပေးပါ။ […]


ကလေးငယ်အာဟာရ

ကလေးဆံသားကျန်းမာစေဖို့ ဘယ်လိုအစားအစာတွေကျွေးဖို့လိုမလဲ

ကလေးငယ်လေးတွေဟာ မမွေးဖွားခင်မိခင်ဝမ်းထဲမှာနေစဉ် ကိုယ်ဝန် ၅ လလောက်မှာကတည်းက ဆံပင်တွေက စထွက်လာနေတာပါ။ ကလေးမွေးဖို့ ၄ ပတ်လောက်အလိုမှာကတည်းက ကလေးဆံသားတွေကတော်တော့်ကိုထူထူထဲထဲဖြစ်နေပါပြီ။ ကလေးကမွေးစကနေ ၆ လအရွယ်လောက်ရောက်လာတဲ့အခါ မှာဆံပင်ကျွတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကဖြစ်နေကျမို့ စိုးရိမ်စရာမရှိပါဘူး။ ကလေးကအမြဲ အိပ်နေရတာ၊ ပက်လက်အနေအထားနေရတာတွေကြောင့် ဆံပင်ကျွတ်တာက မလွဲမသွေဖြစ်မှာပါပဲ။ ဆံသားကျန်းမာလှပတာက အလှတိုးစေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို ငယ်စဉ်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ မီးမီးလေးတွေဆိုရင်တော့ ဆံသားလှပဖို့ ပိုလိုအပ်မှာသေချာပါပဲ။ ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်း အစားအသောက်တွေကို မျှတအောင်ကျွေးမယ်ဆိုရင် ကျန်းမာလှပတဲ့ ဆံသားပိုင်ရှင်ဘေဘီလေးတွေအဖြစ်ကြီးပြင်းလာမှာပါ။ ဘယ်လိုအစားအစာတွေကျွေးရင်ဘေဘီလေးတွေရဲ့ ဆံသားကျန်းမာလှပစေမှာလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ဆံသားလှပဖို့ အရေးကြီးဆုံးက ဘာများလဲ ဆံသားလှပစေဖို့ အရေးအကြီးဆုံးအချက်က အာဟာရပြည့်ဝအောင်ကျွေးမွေးတာပါ။ အာဟာရမျှတအောင်စားသုံးမှုက ခန္ဓါကိုယ်အစိတ်အပိုင်းအားလုံး ကျန်းမာစေဖို့အတွက်တော်တော့်ကိုအရေးပါပါတယ်။ ဒါပေမယ့် လူတော်တော်များများက အာဟာရပြည့်ဝအောင်စားသုံးရမယ်ဆိုတဲ့ အချက်ကိုမေ့နေတတ် ကြပါတယ်။ ကလေးတွေအတွက်အာဟာရပြည့်ဝစေမယ့် အကောင်းဆုံးအစားအသောက်တွေကတော့ အိမ်မှာပြင်ဆင်ချက်ပြုတ်ထားတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ

ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးရတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာကိုဘေဘီလေးတွေရဲ့ မိဘတိုင်းသိကြမှာပါ။ ကလေးတွေက ခေါင်းလျှော်တဲ့အခါခေါင်းပေါ်ကနေရေလောင်းချတာကြောင့် မျက်လုံးဖွင့်မရတဲ့ ခံစားချက်နဲ့ ရေမွန်းတာကိုတော်တော်လေးကြောက်ကြပါတယ်။ အချို့ကလေးလေးတွေဆိုခေါင်းလျှော်ပေးရင် အော်ငိုတာ၊လျှောက်ပတ်ပြေးနေတာမျိုးတွေတောင်ရှိတတ်ပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရခက်တဲ့ဘေဘီလေးတွေကိုခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတဲ့ နည်းလေးလမ်းညွှန်ပေးချင်ပါတယ်။ အချို့ကလေးလေးတွေက မွေးကင်းစအရွယ်မှာကတည်းက ဆံပင်ပါလာတတ်ပေမယ့် အချို့ကလေးငယ်လေးတွေကတော့ ဆံပင်မပါဘဲမွေးဖွားလာတာမျိုးရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ခေါင်းကတော့လျှော်ပေးရမှာပါပဲ။ ဆံပင်ရှိရင် ဆံပင်ကိုလျှော်ပေးရမှာဖြစ်ပြီး ဆံပင်မရှိရင် ဦးရေပြားကိုလျှော်ပေးရမှာဖြစ်ပါတယ်။ ကလေးကို ခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတာကို အသေးစိတ်လေးဆက်ကြည့်လိုက်ရအောင်ပါ။ ကလေးကို ဘယ်လိုခေါင်းလျှော်ပေးမယ် ၁) ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး ကလေးရဲ့ ဆံပင်ကိုနေ့တိုင်းလျှော်ပေးဖို့ မလိုဘူးဆိုတာကိုတော့သိထားဖို့လိုပါမယ်။ ကလေးငယ်လေးတွေက လေ့ကျင့်ခန်းမလုပ်ကြသလို လူကြီးတွေလိုမျိုး ညစ်ပေတာမျိုးလည်းမရှိဘူးဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ ကလေးငယ်လေးတွေရဲ့ ဆံပင်က သာမန်အားဖြင့်တော့ လူကြီးတွေထက်သန့်ရှင်းပါတယ်။ ကလေးဆံပင်က အရမ်းညစ်ပတ်နေရင်တော့ လျှော်ပေးရပါမယ်။ ၂) ကလေးအတွက် အပျော့စားခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပေးပါ ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေရဲ့အသားအရေထက် ပိုပြီး ဓာတ်ပြုတုံ့ပြန်လွယ်တာကြောင့် အရမ်းပြင်းထန်တဲ့ခေါင်းလျှော်ရည်တွေကို အသုံးမပြုသင့်ပါဘူး။ […]


ကလေးငယ်အာဟာရ

ရင်သွေးလေးနဲ့အတူ အစားအစာပြင်ဆင်ခြင်း

ဘေဘီလေးအရွယ်ရောက်လာတဲ့အခါမေမေဖွားဖွားတို့နဲ့အတူ မီးဖိုခန်းထဲဝင်ပြီးပြင်ဆင်ချက်ပြုတ်တာက အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ ဒီလိုချက်ပြုတ်မှုကပဲ မိသားစုရဲ့ ဟင်းချက်မှုပုံစံ၊ သုံးစွဲတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို မျိုးဆက်တစ်ဆက်စီကနေ တစ်ဆက်စီကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ဘေဘီလေးကို ကိုယ်နဲ့အတူ ဟင်းလျာတွေပြင်ဆင်တာကဘေဘီလေးကို အစားကောင်းကောင်းစားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဘေဘီလေးနဲ့အတူ အစားအသောက်တွေပြင်ဆင်တော့မယ်ဆိုရင် ဘေဘီလေးနဲ့အတူ အစားအသောက်တွေကိုပြင်ဆင်တော့မယ်ဆိုရင် ဒီအချက်တွေက အသုံးတည့်မှာပါ။ ဘာတွေချက်မလဲပြင်ဆင်ပါ ဘေဘီလေးကို ချက်ပြုတ်ဖို့အတွက် ဟင်းလျာတွေ စီစဉ်တဲ့အခါ ပါဝင်ဆွေးနွေးခိုင်းပါ။ ဒီလိုလုပ်တာက ကလေးကို ကျန်းမာတဲ့အစားအစာတွေစားသုံးတတ်သူဖြစ်လာအောင် ပျိုးထောင်ပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် ကလေးကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အနည်းဆုံး ဟင်းလျာစီစဉ်သူဖြစ်ခွင့်ပေးလိုက်ပါ။ အတူတူဈေးဝယ်ထွက်ပါ ကလေးကို ကိုယ်နဲ့အတူဈေးဝယ်ခေါ်သွားပါ။ ဒီလိုလုပ်ပေးတာက ကလေးကို မိသားစုတွေအတွက် ဟင်းလျာပြင်ဆင်ရာမှာ အကောင်းဆုံးကူညီပေးနိုင်သူအဖြစ် သူ့ကိုယ်သူမြင်လာစေပြီး သူ့ကိုယ်သူအရေးပါတဲ့သူအဖြစ် အသိအမှတ်ပြုလာစေပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကလေးနဲ့အတူတူဈေးဝယ်ထွက်တဲ့အခါ ကလေးကို အထုတ်တွေစစ်ခိုင်းတာ ဝယ်ရမယ့်ပစ္စည်းတွစုံရဲ့လား စစ်ခိုင်းတာမျိုးလုပ်ပေးပါ။ ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်သင့်တာတွေကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေဖို့ ငယ်စဉ်အရွယ်ကတည်းက အစားအစာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးမှုက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဒီတော့ဘေဘီလေးကို စိတ်ရောကိုယ်ပါကျန်းမာသူဖြစ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ရအောင်လား........... ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုးကဘာလဲ (၁) နို့ အရိုးတွေကိုသန်မာစေနိုငိတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလိုဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးက နို့ကို မကြိုက်ဘူးဆိုရင်တောင်မှ နို့မှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးမျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။ (၂) ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ

အရာရာဖွံ့ဖြိုးဖို့အားယူနေဆဲ ကလေးအရွယ်မှာ နေ့စဉ်အစားအသောက်တွေထဲ အာဟာရဖြစ်မယ့်အရာတွေချည်း ပါနေသင့်တဲ့အပြင် ဆိုးကျိုးဖြစ်စေမယ့်အရာတွေ ကင်းနေမှဖြစ်မှာပါ။ ဖေဖေမေမေတို့ကတော့ အာဟာရပြည့်စေဖို့၊ ဖွံ့ဖြိုးမှုမြန်စေဖို့၊ ကလေးစိတ်ကျေနပ်စေဖို့ အန္တရာယ်ကင်းမယ့် အကောင်းဆုံးတွေကို ရွေးချယ်ပေးကြမှာပါပဲ။ ဒါပေမယ့် တချို့သော ကလေးအစားအသောက်တွေရဲ့ နောက်ကွယ်မှာ အသံတိတ်အန္တရာယ်တစ်ခု ရှိနေခဲ့တာ သတိပေးပါရစေ။ အဲဒါကတော့ သကြားဓာတ်များနေတဲ့ အစားအသောက်တွေပါပဲ။ ကိုယ့်ကလေးစားမိနေတဲ့ အစားအသောက်တွေထဲ အချိုဓာတ်များတာတွေ ပါဝင်နေနိုင်တာကို မိဘတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ မေမေတို့ သတိထားလို့ရအောင်လို့ သကြားဓာတ်များနေနိုင်တဲ့ ကလေးကြိုက်အစားအသောက်တွေကို ဥပမာ ဖော်ပြပေးလိုက်ပါတယ် - သကြားလုံးနဲ့ ဂျယ်လီ ဒါတော့ အသိသာဆုံးပါနော်။ သကြားလုံးကတော့ အရွယ်ကြီးတဲ့အထိ ကလေးတိုင်း ကြိုက်တဲ့ထဲ ထိပ်ဆုံးကပေါ့။ သကြားလုံးနဲ့ ဂျယ်လီတွေမှာ ကလေးအတွက်လိုအပ်တဲ့ဓာတ်တွေ ဘာတစ်ခုမှမပေးတဲ့ အပြင် ကယ်လိုရီလည်း မပါရှိပါဘူး။ အဆိုးဆုံးက သူတို့ကို စားတာများရင် ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးပျိုးထောင်ရာမှာ ပြုလုပ်တတ်တဲ့ မိဘတွေရဲ့ စေတနာအမှားများ

မိဘရယ်လို့ ဖြစ်လာရင် ကိုယ်ချစ်တဲ့သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ကြတယ်။ တခြားကလေးတွေထက်လည်း ဉာဏ်ကောင်းထက်မြက်ပြီး ထူးချွန်စေကြတယ်မလား။ အဲ့လိုမျိုး ကိုယ့်ကလေးအနာဂတ်အတွက် ဖြစ်စေချင်တဲ့ စေတနာတွေ၊ ဆန္ဒတွေ များလွန်းတဲ့အခါ တစ်ခါတလေ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ထူးချွန်ထက်မြက်မှုကို အဟန့်အတားဖြစ်သွားစေနိုင်တဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒီတော့ ကိုယ့်ကလေးကို ထူးချွန်စေချင်ကြတဲ့ မိဘတွေတိုင်း သိထားသင့်တဲ့ မလုပ်သင့်ဆုံးအမှားလေးတွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။ ၁။ ကလေးဘာလုပ်နေလဲဆိုတာ မျက်စိဒေါက်ထောက် လိုက်ကြည့်နေခြင်း မိဘဆိုတာကတော့ ကိုယ့်ကလေးကို စိုးရိမ်ပူပန်တဲ့စိတ်နဲ့ သူတို့ဘာလုပ်နေလဲ၊ ဘာစားနေလဲ၊ စာမှလိုက်နိုင်ရဲ့လား အစရှိသဖြင့် အချိန်ပြည့် လိုက်ကြည့်တတ်ပါတယ်။ အဲ့ဒီအခါ ကလေးတွေအနေနဲ့ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့သလို သူတို့ ဘာလုပ်လုပ် အနောက်ကနေ စောင့်ကြည့်နေမယ့်၊ အပြစ်တင်နေမယ့်၊ ဝေဖန်နေမယ့် မိဘတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း

မေမေတို့ရေ... ကလေးတို့ရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် အာဟာရမလုံလောက်မှာ ဒါမှမဟုတ် အစားအသောက်ကနေ ဘေးဖြစ်စေမှာ စိုးရိမ်ရတာနဲ့ ရင်မောနေရောပေါ့။ ကိုယ့်ရဲ့တန်ဖိုးအထားရဆုံး ရင်သွေးရတနာတွေ အတွက် အစားအသောက်ရွေးချယ်ရာမှာ မေမေတို့ သတိထားသင့်တဲ့ အချက်တစ်ခုကို အခုပဲ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ကလေးအတွက် အစားအသောက်တွေမဝယ်ခင် သူ့ရဲ့ပါကင်ဘူး သို့မဟုတ် အထုပ်မှာပါတဲ့ Label (ပါဝင်မှုအညွှန်း) ကို အရင်ဖတ်ဖို့ပါပဲ။ Label ဖတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ Label ဆိုတာ ဒီအစားအသောက်ထုတ်ကုန်မှာ ဒါတွေ ပါဝင်ပါတယ်လို့ ထင်သာမြင်သာ ဖော်ပြပေးထားတဲ့ ပါဝင်မှုအညွှန်းဖြစ်ပြီး သူတို့ရဲ့ အချိုးအစားပမာဏကိုလည်း နှုန်းအတိအကျ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးဗိုက်ထဲ ဝင်မယ့် အစားအသောက်တွေကို မဝယ်ခင် သေချာစစ်ဆေးနိုင်တယ်၊ ရွေးချယ်နိုင်တယ်၊  ကျန်းမာရေးအတွက် မသင့်တော်တာ ပါနေပြီဆို ရွေးချယ်မှုစာရင်းက ချက်ချင်းဖယ်လိုက်လို့ရတယ်။ ဒီတော့ Label ကို ဘယ်လိုကြည့်ကြမလဲ တစ်ခါစားပမာဏအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရမှာ ထည့်သွင်းပေးဖို့ မေမေတို့ မေ့နေတတ်တာ ဘာဖြစ်မလဲ

ကလေးကို ဘာအားဆေးလေးတိုက်ရမလဲ၊ ဉာဏ်ရည်ထက်အောင် ဘာကျွေးရမလဲ ဆိုတဲ့ မေးခွန်းတွေက မေမေတို့အတွေးမှာ စိုးမိုးထားလေ့ရှိပါတယ်။ ကလေးအတွက် စီစဉ်သမျှတွေထဲမှာ အမြင်အာရုံဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးမှုတို့အတွက် ဦးစားပေးကြတယ်။ အစားအသောက်၊ ကစားနည်း၊ အားဆေး၊ ဖြည့်စွက်အာဟာရ စတဲ့ အသွင်ပုံစံအမျိုးမျိုးနဲ့ ဒီဖွံ့ဖြိုးမှုတွေကို အားဖြည့်ပံ့ပိုးကြတယ်လေ။ ဒါပေမယ့် ကလေးရဲ့အလုံးစုံကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခုကို မေ့နေတတ်တာကို သတိပေးချင်ပါတယ်။ အဲဒါကတော့ ကလေးရဲ့အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အစာခြေစနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာမှု၊ ဖွံ့ဖြိုးမှု၊ ထိန်းသိမ်းကုသနိုင်မှု၊ ရောဂါကာကွယ်နိုင်မှုတို့ အားလုံးအတွက် အဓိကအရေးပါနေပါတယ်။ ဘာလို့ဆို စားသမျှ၊ သောက်သမျှတွေဆီက အာဟာရဓာတ်တွေကို သူကပဲစုပ်ယူပြီး လိုအပ်သလိုစီမံပေးတာမို့ပါပဲ။ အစာခြေစနစ် မကျန်းမာရင် အားဆေးဘယ်လောက်တိုက်တိုက်၊ အစားဘယ်လောက်ကျွေးကျွေး ကလေးရဲ့ကျန်းမာရေးအတွက် အရာရောက်မှာ မဟုတ်ပါဘူး။ ကလေးက ချူချာပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း