ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ရဲ့ အရေပြားပြဿနာတွေ ဘယ်လိုဖြေရှင်းပေးရမလဲ

ဘေဘီလေး တွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေဟာ အန္တရာယ်မရှိတာများပါတယ်။ ကလေးရဲ့အသားအရေကိုဂရုစိုက်ပေးရတာက မလွယ်ဘူးဆိုပေမယ့် ဒီအချက်သုံးချက်ကိုပဲအရင်ဆုံးကြည့်ဖို့လိုတာပါ။ အိမ်မှာကုသဂရုစိုက်ပေးလို့ရနိုင်မယ့်အမျိုးအစားလား ဆေးခန်းပြဖို့လိုသလား ဘယ်လိုဂရုစိုက်ပေးရမလဲ အရေပြားပြဿနာဆိုတာ အဖုလေးတွေဖြစ်တာ၊ အနီကွက်ဖြစ်တာ၊ အင်ပျဉ်တွေထွက်တာ၊အရေခွံကွာတာ စတာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။မွေးကင်းစကလေးတွေမှာ နုနယ်လွန်းတဲ့အရေပြားက ပတ်ဝန်းကျင်အသစ်ကိုထိတွေ့ရကာစအချိန်ဖြစ်တာကြောင့် ဒီလိုအသေးစားအရေပြားပြဿနာလေးတွေကရှိတတ်တာ သဘာဝပါပဲ။ လက္ခဏာအများစုကတော့သူ့အလိုလိုပျောက်ကင်းသွားလေ့ရှိပါတယ်။ ဘေဘီလေး တွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများနဲ့ ကုသစောင့်ရှောက်နည်း သေးခံလောင်ခြင်း(ဒိုင်ပါဝတ်တဲ့နေရာတဝိုက်လောင်ခြင်း) ကလေးငယ်တွေမှာအဖြစ်များဆုံးပြဿနာကသေးခံလောင်ခြင်းဖြစ်ပါတယ်။သေးခံလောင်တယ်ဆိုတာ စွတ်စိုထိုင်းမှိုင်းခြင်း၊ဆီးနဲ့ဝမ်းတွေကြောင့် အရေပြားမှာလောင်တာပါ။ ဒိုင်ပါဝတ်တဲ့ကလေးအတော်များများမှာ ဒီလက္ခဏာဖြစ်တတ်ပါတယ်။ သေးခံလောင်တာဖြစ်လာရင် အဲဒီနေရာတဝိုက်ကိုခြောက်သွေ့အောင်ထားပါ။ ဒိုင်ပါတွေ စိုတာနဲ့ တတ်နိုင်သလောက်မြန်မြန်လဲပေးပါ။ ကလေးရဲ့အရေပြားကိုလေသလပ်ပြီးခြောက်သွေ့အောင်လုပ်ပါ။ မပွတ်သုတ်ရပါ။ ကလေးကိုသန့်ရှင်းရေးလုပ်ပေးတဲ့အခါ အယ်ကိုဟောပါတဲ့ wipesတွေမသုံးမိဖို့သတိထားပါ။ အဆီနဲ့ခရင်မ်တွေက ပွတ်တိုက်မိတာ၊ ပွန်းတာတွေကိုသက်သာစေပြီး ကလေးအရေပြားနီမြန်းရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မိတ် သို့မဟုတ် အပူဖု ချွေးဂလင်းတွေရဲ့ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာတာပါ။ မိတ်ပျောက်ဖို့ပေါင်ဒါလေးတွေလူးပေးကြပေမယ့် ကလေးရဲ့အသက်ရှူလမ်းကြောင်းကိုပေါင်ဒါမှုန့်တွေမဝင်ရောက်စေဖို့သတိထားပါ။ အဆီတွေ၊ ခရင်မ်တွေမလိမ်းပေးရပါဘူးနော်။ အသားကိုပူစေပြီးချွေးပေါက်တွေပိတ်စေနိုင်ပါတယ်။ ကလေးဝက်ခြံ ကလေးရဲ့မျက်နှာမှာ အလယ်မှာအဖြူဆံလေးနဲ့အနီဖုလေးတွေတွေ့ရတတ်ပါတယ်။ ကလေးအသက် ၂ ပတ်နဲ့ ၄ ပတ်ကြားမှာ ဝက်ခြံအဖြစ်များဖြစ်ပြီး […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေး တွေ ဆောင်းတွင်းမှာ အဖြစ်များတဲ့ Rota Virus

မိုးအကုန် ဆောင်းအကူး ကာလတွေမှာဆိုရင် ကလေး အများစု ဝမ်းပျက်တတ်ကြတယ်နော်။ ဝမ်းဝါဝါ အရည်ကျဲကျဲတွေ အများကြီး သွားနေတတ်တာမျိုးပေါ့။ ဒီလို အခါမျိုးမှာ ကိုယ့်ကလေးကို အဓိက သတိထားကြည့်ရမယ့် အချက် (၁၀) ချက်ရှိပါတယ်။ တစ်နေ့ကို ဘယ်နှခါသွားလဲ တစ်ခါသွားရင် ဘယ်လောက်များလဲ ဝမ်း အရောင်က ဘယ်လိုနေလဲ ဝမ်းအပြင် ဘာတွေပါလဲ လန်းလန်းဆန်းဆန်း ရှိရဲ့လား ကလေးက နို့/အစာ ဝင်ရဲ့လား မျက်တွင်းကျတာ... မျက်နှာချောင်တာ...နှုတ်ခမ်းအသားတွေခြောက်တာ စတဲ့ ရေဓာတ်ခမ်းနေတဲ့ လက္ခဏာတွေရှိနေပြီလား ဝမ်းမသွားခင် ထိုးအန်သေးလား ကိုယ်ပူသေးလား ဒီအချက်တွေကို သိထားမှ ဆရာဝန်က မေးတဲ့အခါ အလွယ်တကူဖြေနိုင်မှာဖြစ်ပြီး ရောဂါအမျိုးအစား သတ်မှတ်တဲ့နေရာမှာလည်း အများကြီး အထောက်အကူပေးနိုင်တော့ ရောဂါ မြန်မြန် သက်သာတာပေါ့။ ခုလိုရာသီမှာတော့ Rota virus လို့ခေါ်တဲ့ တုပ်ကွေးပိုးတစ်မျိုးကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးမလဲ

ဘေဘီလေး တစ်ယောက် မွေးဖွားလာရင် သေးသေးကွေးကွေးလေးတွေကို ဘယ်လောက်ပဲ အသည်းယားတယ်ပြောပြော ကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားထားတဲ့အတွက် ပြုစုစောင့်ရှောက်ပေးမှုကို ကိုယ်တိုင်ပဲလုပ်မိဖို့ကများပါတယ်။ ဖွားဖွားတွေရှိတယ်ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ကဘေးကနေ အမြဲလိုကူညီပေးနေရမှာ အသေအချာပါ။ ဒီလိုလုပ်ဆောင်ပေးရတဲ့အထဲမှာ ဘေဘီပိစိလေးရဲ့ ချက်ကြိုးနဲ့ ချက် ကို သန့်ရှင်းပေးရတာကလည်း မပါမဖြစ်ပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် အသုံးတည့်စေမယ့် ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးရမလဲဆိုတာလေးနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။ ချက်ကြိုးနဲ့ ချက်ကို နေ့တိုင်းသန့်စင်ဖို့လိုမလား................. အရင်တုန်းကတော့ ကျွမ်းကျင်သူတွေက ကလေးကို သေးခံလဲပေးတဲ့အခါတိုင်း ချက်ကြိုးနဲ့ ချက်နေရာကို ဂွမ်းစလေးမှာ အရက်ပြန်ဆွတ်ပြီး သန့်စင်ပေးပါ။ပြီးရင် ခြောက်သွေ့အောင်သုတ်ပါလို့ပြောခဲ့ဖူးကြပါတယ်။ တကယ်တော့သေးခံလဲတိုင်းလုပ်စရာမလိုပါဘူး။ တစ်နေ့ကို နှစ်ကြိမ်လောက် သန့်စင်ပေးရင်ကို လုံလောက်ပါပြီ။ ဘေဘီလေးရဲ့သေး ဒါမှမဟုတ်ရေစိုသွားတဲ့အခါမှာတော့ ချက်ကြိုးကိုသေချာလေး သုတ်ပေးဖို့လိုပါမယ်။ ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်မလဲ.......... ဘေဘီလေးရဲ့ ချက်ကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်တွေအတိုင်းလိုက်လုပ်ကြည့်ဖို့လိုပါမယ်။ လိုအပ်တာတွေကိုပြင်ဆင်ပါ ဘေဘီလေးကို ချက်မသန့်စင်ပေးခင်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေပေးတဲ့ သဘာဝခြုံလွှာ

ကလေးလေးတွေရဲ့ အရေပြားလေးတွေဟာ နှင်းဆီပွင့်ဖတ်လေးလို သိပ်ကိုနူးညံ့တယ်။ တိမ်မျှင်စလေးလို ဖြူစင်လွန်းတယ်။ မိဘတွေအဖို့ ချစ်ခင်နှစ်လိုဖွယ်အပြည့်။ မထိရက်ထိရက်စရာ ‌မွှေးပျံ့နူးညံ့လွန်းတဲ့ အလွှာလေး။ အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေမှာ အပေါ်ယံအရေပြားက လူကြီးတွေထက် ၃၀% လောက် ပိုပါးလွှာတာမို့ သတိထားစရာအချက်တွေ များလှပါတယ်။ သိပ်နူးညံ့တာကြောင့် အရေပြားပြဿနာတွေ အလွယ်တကူဖြစ်နိုင်တာမို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ မိဘတွေအဖို့ ဒီနူးညံလွန်းတဲ့ အသားအရေလေးအတွက် ဘာတွေသတိထားရမယ် ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာ သေချာမသိထားရင် စိတ်ဖိစီးပြီး မလိုအပ်ဘဲစိတ်ပူပန်တတ်ကြရတာမို့ ကလေးအ‌ရေပြားနဲ့ပတ်သက်လို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။ ပထမဆုံး ကလေးငယ်တွေရဲ့အရေပြားလေး ဘာအလုပ်တွေ လုပ်ကြရတယ်ဆိုတာ ပြောပြချင်ပါတယ်။ ၁။ အကာအကွယ်ပေးတဲ့တံတိုင်းလေး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့အရာတွေ မဝင်အောင် ကာကွယ်ရတဲ့အလွှာလေးဖြစ်ပါတယ်။ မွေးပြီးပထမသုံးလအတွင်း ကလေးရဲ့အရေပြားမှာ အက်စစ်ဓာတ်ကဲနေ‌အောင် သဘာဝက ဖန်တီးပေးထားလို့ ရောဂါပိုးမွှားတွေနဲ့ Allergen လို့ခေါ်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပစ္စည်းတွေ၊ Irritant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးဘဝမှာကတည်းက ကျန်းမာပျော်ရွှင်နေစေဖို့ သကြားလျှော့ကျွေး ပါ

ကိုယ့်ရဲ့ကလေး အကောင်းဆုံးကြီးထွားလာစေဖို့ တာဝန်ကို အဓိကယူထားသူတွေက မေမေနဲ့ ဖေဖေပေါ့။ ကိုးလလွယ်လို့ဆယ်လဖွားထားရတဲ့ကလေးကို အကောင်းဆုံးရှင်သန်ကြီးပြင်းဖို့ မေမေတိုင်းလုပ်ပေးချင်မှာပါ။ ဒါဆိုရင်ဘာလုပ်မလဲ ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုအလေ့အထကို ပျိုးထောင်ပေးရုံပေါ့။ ဒီထဲမှာ အရေးကြီးတာကတော့ ကလေးကို သကြားလျှော့ကျွေး ဖို့ပါ။ ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းစေဖို့ သကြားလျှော့ကျွေး စို့ ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးမွေးတာအပြင် ငယ်စဉ်ကတည်းက သကြားလျှော့ကျွေး ဖို့လည်း လိုပါမယ်။ ခန္ဓာကိုယ်အတွက် အချိုဓာတ်က လိုတယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ကလေးရဲ့ လက်ရှိကျန်းမာရေးအခြေအနေပေါ်မှာရော၊ ရေရှည်ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ သကြားဆိုတာက သကြားဆိုတာက များသောအားဖြင့် အစားအစာတွေနဲ့ သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ ကော်ဖီနဲ့ အခြားသော မြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကို တွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကြောက်စရာဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့ သကြား

သကြားလုံးစားမယ်......ဂျယ်လီစားမယ်ဆိုပြီး ငိုနေတိုင်း ကလေးငြိမ်ရင်ပြီးရောဆိုပြီး ကျွေးလိုက်ဖို့များစဉ်းစားနေလား။ ဒါက ကောင်းမွန်မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ လတ်တလောအဆင်ပြေသွားနိုင်ပေမယ့် ရေရှည်မှာ ကလေးမှာရော အုပ်ထိန်းသူမိဘတွေမှာပါ ထိခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ကလေးဆိုတာကတော့ အချိုကြိုက်မှာပါပဲ။ မေမေ့ဗိုက်ထဲက ထွက်လာကတည်းက မေမေ့နို့ချိုချိုကိုသောက်ပြီး အာဟာရဖြည့်တင်းခဲ့တဲ့ ကလေးတစ်ယောက်အဖို့ ပထမဆုံးသူခံစားမိတဲ့ အချိုအရသာကိုကြိုက်တာ အဆန်းတကြယ်တော့မဟုတ်ဘူးပေါ့။ ပထမဆုံးသူခံစားမိခဲ့တဲ့ မေမေ့နို့ချိုက သဘာဝအချိုတစ်ခုဖြစ်ပြီး ကလေးကအရွယ်ရောက်လာတ့အခါ သူ့စိတ်ကြိုက်စားမိတာတွေက ပြုပြင်ထားတဲ့အချိုတွေဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ကျန်းမာရေးကိုထိခိုက်လာနိုင်စေတယ်ဆိုတဲ့စကားက ပြောတော့သာဘာမှမဟုတ်တယ် ဒီနောက်ဆက်တွဲကို နဖူးတွေ့ဒူးတွေ့ခံစားရတဲ့အခါ တော်တော်လေးတော့ မလွယ်ကူလှပါဘူး။ သကြားစားတိုင်းကောင်းရဲ့လား........ အချိုဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တာမှန်ပေမယ့် အများကြီးစားမိရင်မကောင်းတာအမှန်ပါ။ နောက်တစ်ခုက သကြားက စွဲလမ်းစေတတ်တဲ့အရာတစ်ခုဖြစ်နေတာကြောင့်လည်းပါပါတယ်။ အချိုစားတဲ့အခါ စားပြီးရင်းစားချင်လို့ အတောမသတ်တော့တာသာကြည့်တော့လေ။ အချိုရည်သောက်တာ၊ သကြားလုံး၊ဂျယ်လီ၊ ကွတ်ကီး၊ Malted Drink တွေကနေစလို့ အခွံလှလှလေးတွေနဲ့ ထုပ်ပိုးထားတဲ့ ကလေးကြိုက်မုန့်တော်တော်များများက အချိုပါဝင်မှုမနည်းကြပါဘူး။ ဒီစားစရာတွေကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

မုန့်ဈေးတန်းမှာ ကလေးထင်ရာတွေမစားစေဖို့ မေမေတို့ ဘာတွေပြင်ဆင်ပေးမလဲ

ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မွေးစကနေစလို့ ဘွဲ့ရတဲ့အထိ မေမေအတွက်တော့ ကိုးလလွယ် ဆယ်လဖွားထားရတဲ့ ကလေးက အရွယ်ကိုရောက်မလာဘူးနော်။ မေမေတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကြီးပြင်းလာတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့နိုင်မှုရလဒ်ကို မှတ်ကျောက်တင်ပေးနိုင်တာက ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာခြင်းပါ။ ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းလာစေဖို့ မေမေတို့ ကျော်ဖြတ်ခဲ့ရတဲ့ အခိုက်အတန့် ကိုးလလွယ် ဆယ်လဖွားရတဲ့ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းလာဖို့ မေမေ့အနေနဲ့ အခုလိုအဆင့်လေးတွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့တာပါ။ မွေးစကနေ မူကြိုတက်ချိန် မူကြိုတက်ချိန် ကနေ မူလတန်းစတက်ချိန် မူလတန်း ကနေ အလယ်တန်းရောက်ချိန် အလယ်တန်း ကနေ အထက်တန်း အထက်တန်း ကနေ ဘွဲ့ရချိန်အထိပါ။ အလုပ်ခွင်ဝင်ချိန်မှာတော့ ဘေးကနေ ဖေးမပေးရုံလောက်ပဲလုပ်ပေးရတော့တာပေါ့။ မွေးစကနေ မူကြိုမတက်ခင်အထိကတော့ မနက်ကနေ ညအထိ ရင်အုပ်မကွာစောင့်ရှောက်ပေးရင်း အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ်တိုင်ပြင်ဆင်ပြီးကျွေးမွေးပျိုးထောင်ပေးနေချိန်ပေါ့။ ကလေးမတည့်တာတွေစားမိမှာကို သိပ်စိုးရိမ်စရာမလိုသလို ထိခိုက်မှုတစ်ခုခုမဖြစ်အောင်လည်း မေမေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ပိုအရေးကြီးတဲ့အရာ

ကလေးကို အကောင်းဆုံးသောအရာတွေပေးစွမ်းနိုင်တဲ့အချိန်နဲ့ သူတို့စိတ်ကြိုက်ပြင်ဆင်ပေးလိုက်လို့ သူတို့လေးတွေပျော်သွားတဲ့အချိန်က မေမေတိုင်းအတွက်  ပီတိအဖြစ်ရဆုံးပါ။ ဒီအခိုက်အတန့်လေးကို ကျေနပ်တာတစ်ခုတည်းနဲ့ သားသားမီးမီးတို့အကြိုက်ဖြစ်ရင်ပြီးရောဆိုပြီး မုန့်တွေဝယ်တဲ့အခါ သူတို့သဘောတွေ့စေမယ့် အပြင်အဆင်လှလှပပ အရောင်အသွေးလှလှပပလေးဖြစ်ရင်ရောဆိုပြီး မဝယ်လိုက်ပါနဲ့။ ကလေးကျန်းမာရေးအတွက်သင့်တော်ရဲ့လားဆိုတာကိုပါ စဉ်းစားပေးပါ။ ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ဂရုစိုက်သင့်တဲ့အချက်က ဘာများလဲ.......... ကလေးအတွက်မုန့်ဝယ်တဲ့အခါ သူတို့ကြိုက်တဲ့အရသာဖြစ်မယ်။ သူတို့ကြိုက်မယ့် အသွင်အပြင်ထုတ်ပိုးမှုလှလှလေးဖြစ်ရုံနဲ့ မပြီးပါဘူး။ ကလေးကို တကယ်ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုရင် သူတို့ကို ကျန်းမာအာဟာရပြည့်စေဖို့ပါ ဂရုစိုက်ဖို့လိုပါမယ်။ ကလေးအများစုကတော့ မုန့်စားတဲ့အခါ အရသာချိုချိုလေး ဖြစ်နေတာကို သဘောကျကြတာများပါတယ်။ အသွင်အပြင်ဆိုရင်လည်း ချစ်ဖို့ကောင်းနေတာမျိုး ဒါမှမဟုတ် တောက်တောက်ပပနဲ့ စွဲဆောင်မှုရှိနေတာမျိုးကို အရမ်းသဘောကျတတ်ကြပါတယ်။ အချို့သော စားစရာတွေက အသွင်အပြင်လှပအောင်လုပ်ထားတတ်ပေမယ့် အရသာပြည့်စုံမှုအားနည်းတတ်ာကပါတယ်။ ဒိလိုမျမဟုတ်ရင်လည်း ကလေးတွေအရမ်းကြိုက်အောင် အချိုတွေ အငန်တွေကဲထားတတ်ကြပါတယ်။ ဒီလိုအစားအစာတွေက ကလေးကိုရေရှည်မှာ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီအစားအစာတွေက အာဟာရပါဝင်မှုနည်းနေတယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အာဟာရပါဝင်မှုထက် စားကောင်းစေဖို့နဲ့ […]


ကလေးငယ်အာဟာရ

လက်ဦးဆရာ ပီသပါစေ

ကလေးတစ်ယောက်ရဲ့ လက်ဦးဆရာတွေကဘယ်သူများလဲ.... လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့စကားအတိုင်း ကလေးတစ်ယောက်အတွက် လက်ဦးဆရာတွေက မိဘနှစ်ပါးပါ။ လက်ဦးဆရာဆိုတာက အမည်နာမနဲ့ညီအောင် လက်ဦးဆရာပီသဖို့လည်း လိုပါမယ်။ ဒီလိုလက်ဦးဆရာပီသအောင်လုပ်ဆောင်တဲ့နေရာမှာ ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ လိုသလို သူတို့လေးတွေရဲ့ ပြင်းပြနေတဲ့ ဖြစ်ချင်တဲ့ဆန္ဒကို အကောင်းဆုံးပျိုးထောင်ပေးတတ်ဖို့လည်း လိုပါမယ်။ လက်ဦးဆရာ ပီသစေဖို့ ကလေးတစ်ယောက်ကို ကိုးလလွယ် ဆယ်လဖွားရုံနဲ့ တာဝန်ကျေတာမဟုတ်ပါဘူး။ အကောင်းဆုံးကြီးပြင်းအရွယ်ရောက်လာအောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းစေဖို့က အာဟာရပြည့်ဝစေဖို့လိုသလို ကောင်းမွန်တဲ့အလေ့အကျင့်အနေအထိုင်တွေဖြစ်ပေါ်လာအောင် အကောင်းဆုံးပျိုးထောင်ပေးဖို့လိုပါမယ်။ ကလေးဆိုတာမျိုးက ဖယောင်းလေးတွေလိုပါပဲ လိုသလိုပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာကတည်းက အကောင်းဆုံးပျိုးထောင်ပေးမှ အရွယ်ရောက်လာတဲ့အခါ ထူးချွန်ပြီးအရည်အသွေးပြည့်ဝသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်အကောင်းဆုံး ကြီးပြင်းလာစေဖို့က ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ပြည့်စုံအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင်ကျွေးမယ် ကလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော ဉာဏ်ရည်ဉာဏ်သွေးပါထူးချွန်ထက်မြက်သူအနေနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် ကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက ပရိုတင်း - ကလေးရဲ့ ခန္ဓာကိုယ်ဆဲလ်တွေဖြစ်ပေါ်စေဖို့၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးသူဖြစ်လာစေဖို့

ကျန်းမာရေးကောင်းဖို့ အရေးအကြီးဆုံးအချက်က ဘာများဖြစ်မလဲ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေထိုင်ဖို့ပါ။ ဒါဆို ကိုယ်တိုင်ရောကျန်းမာရေးနဲ့ညီ​ညွတ်အောင်စားသုံးမိနေရဲ့လား။ ဒါကအရေးကြီးတယ်နော်။ ကိုယ်တိုင်အသက်ရှည်ဖို့ရော ကိုယ့်ကိုယ်ပွားလေး ကျန်းမာအသက်ရှည်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်တဲ့အလေ့အကျင့်က မဖြစ်မနေမွေးမြူသင့်တာပါ။ ကဲ..ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်သူဖြစ်လာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ တွေးနေလား။ တွေးမနေပါနဲ့။ အခုပဲ ဒီဆောင်းပါးလေးကိုဖတ်ပြီး အကောင်းဆုံးလုပ်ဆောင်လိုက်ကြရအောင်လား....... ကလေးတစ်ယောက်ရဲ့ အလေ့အထတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးသူတွေက ဘယ်သူတွေများလဲ........ ကလေးတစ်ယောက်ရဲ့ အလေ့အထတွေက သူငယ်စဉ်ကလက်ပွန်းတတီးရှိခဲ့တဲ့ လူကြီးတွေဆီက သင်ယူထားတာပါ။ ဒါကြောင့် လူကြီးတွေက စံပြဖြစ်နေဖို့လိုပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့ ကလေးကို ငယ်စဉ် အစားအစာတွေစတင်မိတ်ဆက်ချိန်ကတည်းက အသီးအနှံ၊ သား၊ငါး၊ ပဲ၊ ဥအမျိုးမျိုးတို့ကို အချိုးအစားကျကျကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှလည်း ကလေးက အစားမရွေးဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးအနေနဲ့ အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ကလေးက အရွယ်ရောက်လာတဲ့အခါ ထမင်းဝိုင်းမျာအတူတူထိုင်ရင်း ဟင်းကိုထည့်ပေးပြီး ဒါလေးစားပါလား။ အသားအရေအတွက်ကောင်းတယ်။ ဒါလေးထည့်စားနော် ဝမ်းမှန်တယ်၊ ဒါကတော့ အမြင်အာရုံကောင်းတယ်။ ဒါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း