ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ဝေဒနာအဖြစ်ပြောင်းလဲသွားတဲ့ မိဘတို့ရဲ့ချစ်ခြင်းမေတ္တာ

လောကကြီးမှာ အချစ်နိုင်ဆုံးသူတွေက မိဘတွေပါနော်။ အခြားသူကိုမကြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်နော်။ ခုချိန်ထိ ကိုယ့်အကြိုက်တွေကိုသိပြီး ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အလိုက်တသိကိုယ့်ကိုလုပ်ပေးနေတာက မေမေ၊ ကြိုက်တတ်တာလေးတွေကို ဝယ်လာပေးတတ်တာက ဖေဖေဟုတ်။ ပြောချင်တာက သားသမီးတွေအပေါ်မှာ မေတ္တာတရားအကြီးမားဆုံးက မိဘတွေဆိုတာပါ။ ငယ်စဉ်ကတည်းကစလို့ သားသမီးတွေကို လုပ်ပေးခဲ့သမျှတိုင်းဟာ မေတ္တာတရားအပြည့်နဲ့ပါ။ တကယ်လို့ ကလေးမှာ ထိခိုက်ခဲ့မယ်ဆိုရင်တောင် ဒါက စေတနာအမှားတွေလို့သာပြောပါရစေ။ ဝေဒနာအဖြစ်ပြောင်းသွားတဲ့ မိဘတို့ရဲ့ ချစ်ခြင်းမေတ္တာ မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီလိုချစ်တဲ့စိတ်ကြောင့်ပဲ သားသမီးတွေလိုသမျှကို ဘာမဆိုဖြည့်ဆည်းပေးမိကြတယ်လေ။ လိုချင်သမျှကိုဝယ်ပေးတယ်၊ စားချင်သမျှကိုဝယ်ကျွေးတယ်ဆိုတာမျိုးပေါ့။ ဒီလိုဝယ်ကျွေးလိုက်တဲ့အခါ ကလေးက ပျော်သွားရင် ရင်ထဲမှာ အတိုင်းမသိပီတိဖြစ်မိတယ်ဟုတ်။ ဒီပီတိက အဓွန့်ရှည်ဖို့ဆိုရင် ကလေးကို မုန့်ဝယ်ကျွေးတဲ့အခါ ကလေးနဲ့တည့်တာဖြစ်ဖို့ကိုလည်း ဂရုစိုက်ရပါမယ်။ ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အခုနောက်ပိုင်းဈေးကွက်ထဲမှာ ကလေးတွေကြိုက်အောင်လုပ်ထားတဲ့ အချိုကဲကဲ၊ အငန်ကဲကဲနဲ့ အရောင်အသွေးလှလှပပမုန့်တွေက ကလေးတွေကို လိုအပ်တဲ့အာဟာရတွေမရစေဘဲ အချိုများတာကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက်ကျန်းမာပြီး အာဟာရပြည့်ဝတဲ့စားစရာတစ်ခုဖြစ်ဖို့

အရွယ်ရောက်လာတဲ့အချိန်မှာ ကျန်းမာဖျတ်လတ်မှုအပြည့်နဲ့ တက်ကြွစွာလှုပ်ရှားနေကြတဲ့ လူငယ်တွေဟာ ငယ်ငယ်မှာ အာဟာရပြည့်ဝစွာ စားသုံးခွင့်ရခဲ့တဲ့သူတွေလို့ဆိုရပါမယ်။ အကြောင်းကတော့ ကလေးတွေဟာ မွေးစကနေ ၅ နှစ်အတွင်းမှာ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုရဲ့ ထက်ဝက်ကျော်ကိုတည်ဆောက်ခဲ့ကြတာမို့ပါ။ ဒါကြောင့် ငယ်စဉ်အရွယ်မှာကတည်းက ကလေးကို အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးဖို့က မိဘတိုင်းအတွက် မေ့ထားလို့မရတဲ့ အချက်တစ်ခုပေါ့။ ကျန်းမာပြီးအာဟာရပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်မလဲ............... ကျန်းမာပြီး အာဟာရနဲ့ပြည့်ဝတဲ့အစားအစာတစ်ခုဖြစ်စေဖို့အတွက် ဒီအချက်လေးတွေနဲ့ပြည့်စုံဖို့လိုအပ်ပါမယ်။ ပရိုတင်း ကြွက်သား နဲ့ ခန္ဓာကိုယ်ကတစ်ရှူးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကလေးကြီးထွားဖို့အတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် D ဖွံ့ဖြိုးမှု စတင်နေတဲ့ ကလေးတစ်ယောက်အတွက် အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ် အရိုး နဲ့ သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့အတွက် အရေးပါပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ (Omega - 3 Fatty Acid) အဆီဆိုတိုင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အာဟာရလည်းပြည့်ကလေးလည်းကြိုက်အောင်ဘယ်လိုပြင်ပေးမလဲ

ကိုယ်ပြင်ပေးတဲ့အစားအစာကို ကလေးက အားရပါးရစားရင် မေမေတွေအနေနဲ့ ပီတိဖြစ်တယ်ဟုတ်။ ဒီဆန္ဒကလည်း အမြဲပြည့်တယ်တော့မဟုတ်ဘူးလေ။ ဒီဆန္ဒပြည့်ဖို့ဆိုရင် မေမေတို့က အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကလေးအကြိုက်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမျိုးကလေးကို အာဟာရပြည့်ဝတဲ့အစားအစာတွေကို သူတို့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးဖို့ဆိုရင် မေမေတို့သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီလျှို့ဝှက်ချက်လေးတွေကို ဒီဆောင်းပါးထဲကနေပြောပြပေးမယ်နော်။ ကလေးတစ်ယောက်အာဟာရပြည့်ဝစေဖို့လိုအပ်မယ့်အာဟာရဓာတ်တွေကဘာတွေဖြစ်မလဲ.......... ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ပရိုတင်း ကာဗိုဟိုက်ဒရိတ် ဗီတာမင် C ဗီတာမင် D ဖောလိတ် အမျှင်ဓာတ် ကယ်လ်ဆီယမ် Omega-3 fatty acid အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) သံဓာတ် တို့ပြည့်စုံစွာပါဝင်နေဖို့လိုပါမယ်။ စားချင်စဖွယ် ပြင်ဆင်ကွယ် ကလေးက အစားအစာတွေကိုနှစ်ခြိုက်စွာစားသုံးဖို့ဆိုရင် အရသာအပြင် အပြင်အဆင်ကလည်း တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ ဒါကြောင့် ကလေးအကြိုက်တွေ့စေဖို့ အရသာကောင်းဖို့ရော၊ အပြင်အဆင်လေးကပါစားချင်စဖွယ်ဖြစ်နေအောင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒီတော့ ထမင်းကို အရုပ်ပုံလေးတွေလိုမျိုးပုံဖော်ပေးပါ - အခုနောက်ပိုင်းဆိုရင် ပုံဖော်တဲ့ ပုံစံခွက်လေးတွေကိုလည်း အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ထမင်းကို ကလေးကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံမျိုးလေးလုပ်ပေးတာက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား

ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ကျန်းမာတယ်၊ ထွားတယ်၊ ပျော်ရွှင်လန်းဆန်းနေတယ်ဆိုတာက မေမေတစ်ယောက်ကို စိတ်ချမ်းသာစေမယ့် အချက်တစ်ခုဆို မမှားလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာဖို့ဆိုရင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ကျန်းမာဖို့ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းတဲ့ သားသားမီးမီးဖြစ်ဖို့ပါ။ ကိုယ်ခံအားဆိုတာ ဘာလဲ...... ခန္ဓာကိုယ်ကျန်းမာဖို့ ကာကွယ်ပေးတဲ့ ခံတပ်တစ်ခုပါ။ လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှူးတွေ နဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့အရာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ.... ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ခံတပ်ကြီးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ကျန်းမာပျော်ရွှင်နေစေဖို့လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်က ရောဂါကင်းပြီး ကျန်းမာမှ ပျော်ရွှင်စွာနဲ့ ကြီးပြင်းနိုင်မှာပါ။ ကလေး နဲ့ ကိုယ်ခံအား ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားကအပြည့်အဝတော့မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာတစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ဆက်ထားတဲ့အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။ နောက်ပိုင်းကာလမှာတော့အရွယ်ရောက်လာတာနဲ့အမျှ […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်

Paraben ဆိုတာ ဘာလဲ Paraben ဆိုတာ အလှကုန်နဲ့ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့ တာရှည်ခံပစ္စည်းတစ်မျိုးဖြစ်ပြီး ကလေးအသားအရေ အသုံးအဆောင်တွေမှာလည်း ပါဝင်လာတတ်ပါတယ်။ Paraben တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။methyl ၊ propyl နဲ့ butylparaben တို့က အလှကုန်တွေမှာ အသုံးများတဲ့ parabenအမျိုးအစားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့အထိ Paraben ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကလေးအသုံးအဆောင်တွေမှာ Paraben ပါဝင်မှု Paraben တွေဟာ စရိတ်သက်သာပြီး တာရှည်ခံနိုင်စွမ်းမြင့်မားတဲ့အတွက် ကလေးအရေပြားအသုံးအဆောင်ပစ္စည်းတွေမှာတော်တော်များများသုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ Paraben ကဟော်မုန်းစနစ်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို မွေးကင်းစနဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေပါဝင်ပြီးသားဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓါတ်နဲ့ အာဟာရဓါတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ ဘေးကင်းစိတ်ချရမှု၊ အာဟာရဓါတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။နောက်တစ်ချက်က မိခင်နို့သောက်သုံးနေကျ ကလေးတွေကို နို့ဗူးတိုက်လိုက်ရင် မိခင်နို့ပြန်တိုက်တဲ့အခါ သိပ်မစို့တော့ပါဘူး။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းက နို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းတစ်ခုက မိခင်နို့ကို ညှစ်ထုတ်သိမ်းဆည်းတဲ့နည်းပါ။ မိခင်နို့ကို ညှစ်ထုတ်ကြတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးဆံသားကို ထိန်းသိမ်းပေးနိုင်မယ့်နည်းလမ်းများ

ချစ်ဖို့ကောင်းပြီးချောမောလှပတဲ့ ကလေးငယ်လေးဖြစ်ဖို့ဆိုရင်ခေါင်းအစခြေအဆုံး ဂရုစိုက်ပေးဖို့လိုပါမယ်။ ခေါင်းပေါ်ကဆံသားကနေစလို့ခြေထောက်တွေအထိ အစစအရာရာကိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ဆံသားကျန်းမာလှပမှုကလည်း လူတစ်ယောက်ကို အလှတိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ရင်သွေးလေးမှာ ကျန်းမာသန်စွမ်းတဲ့ဆံသားပိုင်ဆိုင်ဖို့ဆိုရင် မိဘတွေက ငယ်ငယ်ကတည်းကသေချာဂရုစိုက်ဖို့လိုမှာပါ။ ကလေးငယ်ရဲ့ဆံသားနဲ့ပတ်သက်လို့သိထားသင့်တာတွေက ကလေးငယ်ဟာမွေးစထဲက ဆံပင်ခပ်ပါးပါးလေးပါလာတတ်ကြပါတယ်။ ဒီဆံသားလေးတွေက အရမ်းကိုနူးညံ့လွန်းပါတယ်။ မွေးစဆံပင်လေးတွေက ကလေးငယ်အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်။ ကလေးရဲ့ ဆံသားအခြေအနေက အသက်အရွယ်အလိုက်တဖြည်းဖြည်းချင်းပြောင်းလဲလာတာနဲ့အမျှ မိဘတွေအနေနဲ့ကလည်းသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဒါမှကလေးက ကျန်းမာသန်စွမ်းတဲ့ဆံသားကိုပိုင်ဆိုင်နိုင်မှာပါ။ ကလေးကို ဘယ်လောက်တစ်ကြိမ်ခေါင်းလျှော်ပေးမလဲ ၁ နှစ်ကနေ ၂ နှစ်အတွင်း - တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်လျှော်ပေးပါ။ ကလေးရဲ့ဦးရေပြားက အဆီပြန်တတ်တယ်ဆိုရင်ခေါင်းမလျှော်ခင်မှာ ကလေးရဲ့ ဦးရေပြားကိုသံလွင်ဆီ ဒါမှမဟုတ် Baby Oil လိမ်းပြီးဖြည်းညင်းစွာနှိပ်နယ်ပေးပြီး တစ်ပတ်ကို နှစ်ကြိမ် ကနေ ၃ ကြိမ်လောက်ခေါင်းလျှော်ပေးပါ။ ၂ နှစ် ကနေ ၄ နှစ် - တစ်ပတ်ကို ၃ ကြိမ်လောက်ခေါင်းလျှော်ပေးတာအကောင်းဆုံးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် Sport Toys တွေရဲ့ သက်ရောက်မှု

ကလေးတစ်ယောက်အတွက် လူကြီးတွေလို လုပ်စရာတာဝန်တွေက များများစားစားမရှိပါဘူး။ များသောအားဖြင့် သူတို့လုပ်တဲ့နေကျအလုပ်တွေက အိပ်မယ်၊ စားမယ်၊ ကစားမယ်ပေါ့။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးကို လူမှုဆက်ဆံရေး၊ အသိဉာဏ်ပညာဆိုင်ရာ၊ ဘာသာစကားစွမ်းရည်နဲ့ပြဿနာြေဖရှင်းနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ အရုပ်လေးတွေနဲ့ပေးကစားတာက ကလေးရဲ့ ကြွက်သားတွေကို သန်စွမ်းစေနိုင်သလို ကလေးငယ်ကို ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေပါတယ်။ အရုပ်တွေနဲ့ လွတ်လပ်စွာပေးဆော့တာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘိုးလင်းလိုမျိုး အားကစားပစ္စည်းတွေနဲ့ပေးဆော့တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကိုတော်တော်လေးထိရောက်မှုရှိစေပါတယ်။ ဒီကစားစရာတွေက ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်သလို စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းကောင်းမွန်စေပြီး ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးလေးတွေကို ၃ နှစ်အရွယ်လောက်ကတည်းကဘောလုံးပေးဆော့တာမျိုးလုပ်လို့ရပါတယ်။ ၅နှစ် ကနေ ၁၄ အရွယ်ကလေးလေးတွေကိုတော့ စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောကစားတာ၊ဘောလုံးကန်တာ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ပေးကစားသင့်တဲ့ အရုပ်လေးတွေက

ကစားစရာ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့နေရာကနေပါဝင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကစားစရာတွေကပေးစွမ်းနိုင်ပါတယ်။ ကလေးလေးတွေရဲ့ အပျော်ရွှင်ဆုံးအချိန်က ကစားစရာ အသစ်လေးတွေရတဲ့အချိန်ပါ။ ကလေးဘဝတုန်းက ကစားစရာအသစ်လေးတွေရဖို့က အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ခဲ့ကြဖူးတယ်ဟုတ်။ ဒါကြောင့် ကိုယ်တိုင်က မိဘအရာရောက်လာတဲ့အခါ ရင်သွေးလေးကို သူတို့အသက်အရွယ်နဲ့လိုက်ဖက်မယ့် အရုပ်လေးတွေကို ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။ အရုပ်တွေက ကလေးကိုပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်သလို ကလေးရဲ့ အာရုံခံစားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးလေးတွေကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ဆိုရင်ကလေးလေးတွေဖွံ့ဖြိုးလာတဲ့အလျောက် လိုက်ဖက်ညီမယ့် အရုပ်လေးတွေကိုရွေးချယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ကဲ ကလေးလေးတွေကို ဘယ်လိုအရုပ်လေးတွေနဲ့ပေးဆော့မှာလဲ။ ကလေးလေးတွေကို အသက်အရွယ်အလိုက် သင့်တော်မယ့်အရုပ်လေးတွေနဲ့ပေးကစားရင် ရရှိလာမှာတွေက ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိစေတယ်။ သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာမယ်။ ကလေးရဲ့ အာရုံစူးစိုက်မှုကိုကောင်းမွန်လာစေမယ်။ အရောင်တွေကိုခွဲခြားသိမြင်လာမယ်။ မျက်လုံးနဲ့လက်လှုပ်ရှားမှုကို ချိတ်ဆက်မိလာမယ်။ ကြွက်သားလှုပ်ရှားမှုတွေကောင်းမွန်လာမယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းလာမယ်။ အသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက ကလေးအသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက မွေးကင်းစ ကနေ အသက် ၈ လအထိ ဒီအရွယ်မှာတော့ ကလေးကိုသေးသေးကွေးကွေးလေးတွေပေးဆော့မယ့်အစား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ

ခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင်းထထွက်သွားလည်း ပြင်ဆင်စရာသိပ်မလိုဘူးလေ။ တစ်ယောက်တည်းမဟုတ်ဘဲ ကလေးနဲ့ ၊ မိသားစုနဲ့သွားရတော့မယ်ဆိုရင်တော့ မတူတော့ပါဘူး။ ဘာတွေလိုအပ်နိုင်မလဲ ကြိုပြင်ဆင်ရတာက အနည်းဆုံးတစ်ပတ်လောက်အလိုတည်းက အလုပ်ရှုပ်ပါတော့တယ်။ မိသားစုဆိုတာထက် ကလေးပါပါလာရင် ပိုဂရုစိုက်ရပါတယ်။ သေးသေးဖွဲဖွဲဂရုစိုက်ရတဲ့ ကလေးဝေယျာဝစ္စနဲ့ အသုံးအဆောင်တွေက နည်းမှာမှမဟုတ်ဘဲ။ ကလေးနဲ့ခရီးသွားရပြီဆိုတာ ကိုယ်ကပြည့်စုံအောင်ပြင်ဆင်လာမှ လမ်းခရီးမှာအဆင်ပြေနိုင်မှာပါ။ သေချာမပြင်ဆင်လာတဲ့အခါ ကားနဲ့သွားရင် လမ်းမှာလိုတာဆင်းဝယ်လို့ရရင်ရနိုင်ပေမယ့်လေယာဉ်နဲ့ဆိုဘယ်လိုလုပ်မလဲ။ ဒါ့ကြောင့် လေယာဉ်ခရီးစဉ်မှာ ကလေးနဲ့အတူလိုက်ပါမယ်ဆိုရင် ဒါလေးတွေတော့ပြင်ဆင်သင့်ပါတယ်။ ကလေးနဲ့ အဆင်ပြေနိုင်မယ့် လေယာဉ်ချိန်ကို ရွေးပါ ကလေးရဲ့နေ့စဉ်လုပ်နေကျပုံမှန်အချိန်ဇယားကို မပျက်ရအောင် တတ်နိုင်သလောက်ကြိုးစားတာက အပြောင်းအလဲမှာ စိတ်မကြည်ဘဲ ဂျီကျငိုယိုမယ့်အလားအလာ ပိုနည်းစေပါလိမ့်မယ်။ တချို့ကလေးတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းလေယာဉ်ချိန်ကိုရှောင်တာ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ အဲဒီအချိန်ကမှ အဆင်ပြေဆုံးဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ကလေးရဲ့အိပ်ချိန် ကမောက်ကမဖြစ်ခဲ့ရင် ဂျီကျတာ၊ ငိုယိုနေတာတွေကြောင့် ထိန်းရခက်၊ချော့ရခက်ပြီး ခရီးစဉ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဝတ်အစားအပို၊ သေးခံအပိုတွေပါပါစေ ကလေးကို နွေးထွေးလုံခြုံအောင် ဝတ်စားပေးပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း