ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ မေမေတို့အမေးများတဲ့မေးခွန်းလေးတွေထဲမှာ မိခင်နို့တိုက်ကျွေးချိန်နဲ့ ပတ်သက်တာတွေ ပါဝင်ပါတယ်။ ကလေးနို့တိုက်နေတဲ့မေမေတွေ ဟိုအသီးစားလို့ရလား၊ ဒီဆေးသောက်လို့ရလား စသည်ဖြင့် စုံလို့ပါပဲ။ တကယ်က မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့အာဟာရတွေ သဘာဝအတိုင်းပါဝင်ပြီးသားပါ။ ဒါပေမယ့် နို့ရည်မှာ ပါတဲ့ အာဟာရဓာတ်ပမာဏ လုံလောက်ဖို့ကတော့ မေမေစားတဲ့ အစားအသောက်တွေပေါ် အဓိက မူတည်ပါတယ်။ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီမှ၊ ရွေးချယ်မှုမှန်ကန်မှ မေမေနို့ရည်အာဟာရပြည့်မှာပါ။ တစ်နေ့ကို ကယ်လိုရီ ၅၀၀ အထိ ပိုစားပါ။ ကလေးနို့တိုက်နေရချိန်မှာ မေမေတို့ အားပြည့်နေဖို့အတွက် တစ်နေ့တာမှာ ပုံမှန်ထက် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ အထိ ပိုစားလို့ရပါတယ်။ စားလိုက်တဲ့ကယ်လိုရီတွေက အာဟာရပြည့်တဲ့ အရင်းအမြစ်တွေဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် နို့တိုက်နေရလို့ဆိုပြီး ကယ်လိုရီအလွန်အကျွံ ပိုမစားမိဖို့ သတိပြုပါနော်။ ပရိုတင်းကြွယ်ဝတာတွေ စားပါ။ အသား၊ ပဲနဲ့ ဥ တို့လို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အစာနင်တဲ့အခါ

အစာနင်တာ၊ သီးတာက အရွယ်မရွေးဖြစ်နိုင်သလို အသက်အန္တရာယ်အထိခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ လူကြီးတွေမှာတောင် အန္တရာယ်ရှိတယ်ဆိုရင် ငယ်ရွယ်သေးတဲ့ ကလေးတွေမှာဆိုရင် ပိုဆိုးတော့မပေါ့။ ဒီတော့ ဘေဘီလေးတွေ အစာနင်တဲ့အခါ ထိခိုက်မှုမဖြစ်စေဖို့ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေးတွေအစာနင်နေတာကို ဘယ်လိုသိနိုင်မလဲ..... ဘေဘီလေးတွေအနေနဲ့ နို့စို့ရင်း နို့သီးနိုင်သလို ရေသောက်ရင်း ရေသီးတာ၊ အစားစားရင်း အစားနင်တာ၊ အရုပ်လေးတွေနဲ့ဆော့ရင်း မတော်တဆပါးစပ်ထဲဝင်ပြီး နင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးမှာ အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ကလေးက ပြာနှမ်းလာမယ် အသက်ရှုရခက်နေမယ် (နံရိုးတွေ၊ ရင်ဘတ်တွေ ဖောင်းနေမယ်) သတိလစ်မယ် ချော့မရအောင်ငိုမယ် အသံမထွက်ဘဲဖြစ်နေမယ် အသက်ရှူသံက တရွှီရွှီမြည်နေမယ်။ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ....... ကလေးက အစာနင်နေချိန်မှာ ချောင်းအရမ်းဆိုးနေမယ်။ အရမ်းကိုငိုနေမယ်ဆိုရင်တော့ ဒီအဆင့်တွေကို မလုပ်ပါနဲ့။ အရမ်းငိုတာ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့ အရာတွေကို ထွက်သွားစေနိုင်တာကြောင့်ပါ။ တကယ်လို့ ကလေးက ချောင်းဆိုးနေတာ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေကို စမတ်ကျကျ ပြုစုပျိုးထောင်တတ်ဖို့

Smart parentingဆိုတာ ထုံးတမ်းစဉ်လာ ကလေးပျိုးထောင်တဲ့ နည်းနဲ့ မတူတဲ့ parenting နည်းလမ်းတစ်ခုပါ။ သမားရိုးကျ ကလေးထိန်းနည်းမှာတော့ မိဘက သားသမီးကို အပေါ်စီးက အုပ်ချုပ်ရင် အုပ်ချုပ် ဒါမှမဟုတ် သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ လိုတာ ဖြည့်ပေးတဲ့နည်းရယ်ဆိုပြီး နည်းလမ်း နှစ်ခုရှိပါတယ်။ ဒါကြောင့် အချိန်ကြာလာနဲ့အမျှ မိဘကို ကြောက်ပြီး ဘာမှမပြောရဲ၊ ပတ်ဝန်းကျင်မှာလည်း လူကြောက်တဲ့ ကလေး ဖြစ်ချင်ဖြစ် ဒါမှမဟုတ် လိုတိုင်းတရနေတော့ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့ လူဆိုးလေး ဖြစ်ချင်ဖြစ်ပေါ့။ Smart parentingကျတော့ သားသမီးကိုပဲ ဗဟိုပြုတာ မဟုတ်တော့ပါဘူး။ သားသမီးကို ထိန်းရတဲ့ မိဘကိုပါ ထည့်သွင်းစဉ်းစားလာပါပြီ။ ဆိုလိုတာက အရင်က ကလေးထိန်းတဲ့အလုပ်ဟာ မိခင်တွေအလုပ်၊ ဒါကြောင့်ပဲ ကလေးမွေးပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဆိုပြီး အလုပ်ထွက်လိုက်တာတွေ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ သားသားမီးမီးကို DHA ပါဝင်တဲ့ အစားအစာလေးတွေ ဘယ်လိုကျွေးမလဲ

ပြည့်ဝတဲ့ အာဟာရက ပမာဏနဲ့မဆိုင်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာကို နည်းနည်းလေး စားရင်လည်း ခန္ဓာကိုယ်အတွက် အကျိုးရှိစေမှာပါ။ လူကြီးတွေက အစားတွေကို အများကြီး စားနိုင်သလို အစုံစားနိုင်တာကြောင့် အာဟာရကို အလွယ်တကူ ရနိုင်ပေမယ့် အစားအများကြီး မစားနိုင်သေးသလို အစားစုံ မစားတတ်သေးတဲ့ ကလေးတွေအတွက်ကတော့ နည်းနည်းနဲ့ အာဟာရပြည့်ပြည့် စီစဉ်ပေးနိုင်မှ သူတို့လေးတွေအတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှာပါ။ ဒီတော့ ကလေးတစ်ယောက်အတွက် အစားအသောက်ပြင်ဆင်တဲ့အခါ မေမေတွေအနေနဲ့ နည်းနည်းနဲ့ အာဟာရပြည့်ဖို့ စဉ်းစားရပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါ ကလေးက ပါးစပ်နားကို ခွံ့လိုက်တိုင်း အာ . . .ဆို ပါးစပ်ဟပြီး အားပါးတရ စားရင်တော်လေရဲ့။ ဒီလိုမဟုတ်ဘဲ ကျွေးသမျှ ဘူး.. လုပ်နေရင်တော့ မေမေ့အတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့်ကလေးကို အစိုးရိမ်လွန်ပြီး အကာအကွယ်ပေးနေမိပြီလား။

ကလေးတွေ ထိခိုက်နစ်နာမှာ၊ တစ်ခုခုလွဲချော်သွားမှာကို မိဘသဘာဝ စိုးရိမ်တတ်တာ ထုံးစံပါ။ ဒါကြောင့် ကလေးတစ်ခုခု ထိခိုက်နစ်နာမယ့် ကိစ္စဆို မိဘတွေက ကြိုမြင်ပြီး ကြိုကာပေးတာပေါ့။ အတိုင်းအတာတစ်ခုထိဆိုရင်တော့ ကောင်းပေမယ့် လွန်လွန်ကဲကဲတွေ ဖြစ်လာရင်တော့ ကလေးကို ချစ်တာထက် နှစ်တဲ့ဘက်ကို ပိုရောက်သွားပါလိမ့်မယ်။ ဒီလိုမိဘမျိုးတွေကိုတော့ overprotective မိဘတွေလို့ ခေါ်ပြီး ဒီလိုထိန်းကျောင်းပုံကိုတော့ helicoptering လုပ်တယ်၊ နောက်ကနေ တကောက်ကောက် လိုက်ကြည့်နေတယ်လို့ ခေါ်ပါတယ်။ သင်က သင့်ကလေးကို အလွန်အကျွံ ကာကွယ်ပေးနေပြီလား။ ကလေးကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်တာနဲ့ အလွန်အကျူး ကာကွယ်ပေးတာက မတူပါဘူး။ အလွန်အကျူး ကာကွယ်ပေးနေတယ်ဆိုတာက အသေးစိတ်ကအစ ဝင်စွက်ဖက်မယ်။ ဒီနေ့ ဘာအရောင်ဝတ်သင့်တယ်ကစလို့ ဘယ်သူငယ်ချင်းနဲ့ မပေါင်းရဘူးဆိုတာအထိပေါ့။ ကလေး ရှုံးတာကို မလိုချင်ဘူး။ ဘဝဆိုတာကတော့ အနိုင်အရှုံးဆိုတာ ရှိတာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို […]


ကလေးအရေပြားပြဿနာများ

ကလေးဝက်ခြံ ကို ဘယ်လိုဂရုစိုက်ပေးရမလဲ

ကလေးဝက်ခြံ ဆိုတာမွေးကင်းစ ရက်သားအရွယ်ကနေ လသားအရွယ်အတွင်းမှာဖြစ်လေ့ရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးဝက်ခြံကဖြစ်တတ်တဲ့သဘာဝတစ်ခုဖြစ်သလိုပျောက်ကင်းဖို့မြန်တာကြောင့် ကုသနည်းဆိုပြီးအထူးတလည်မလိုအပ်ပါဘူးလို့ ကလေးအထူးကုဆရာဝန်တွေကပြောကြပါတယ်။ ဒါပေမယ့် ကလေးရဲ့မျက်နှာအသားအရေက အရေးကြီးတာကြောင့်ပေါ့ဆဖို့လည်း မသင့်ပါဘူး။ ဝက်ခြံက ပါးမှာအဖြစ်များပေမယ့် နဖူး၊မေးစေ့နဲ့ကျောမှာလည်းဖြစ်လေ့ရှိပါတယ်။ ကလေးက ပူအိုက်လာတဲ့အခါ ပိုသိသာလာတတ်ပြီး ကလေးရဲ့သွားရည်ကြောင့်ပိုဆိုးလာတတ်ပါတယ်။ နို့ရည်ပေသွားတဲ့အခါ ဒါမှမဟုတ် အဝတ်အထည်ကကြမ်းတာ၊ ဆပ်ပြာအပြင်းစားနဲ့လျှော်ထားတာမျိုးဆိုရင်လည်း အရေပြားမှာ လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ ကလေးဝက်ခြံက လအတော်ကြာတဲ့အခါသူ့အလိုလိုပျောက်သွားလေ့ရှိတာကြောင့်ဆေးကုသစရာမလိုပေမယ့် ပုံမှန်ထက်ပိုတာရှည်နေပြီဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် အလွယ်ဝယ်မသုံးပါနဲ့။ ကလေးရဲ့အရေပြားနုနုလေးကို ထိခိုက်မှုကြီးမားစေနိုင်လို့ပါ။ ကလေးဝက်ခြံ ဖြစ်လာရင် ကလေးရဲ့အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာတော့ သိထားသင့်ပါတယ်။ ဒါမှဆေးကုစရာ၊ ဆရာဝန်ပြစရာမလိုဘဲ အိမ်မှာပဲ အလိုလိုပျောက်ကင်းသွားမှာပါ။ ကလေးရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ ကလေးဆပ်ပြာအပျော့စား၊ ရေနွေးနွေးလေးနဲ့နေ့တိုင်းမျက်နှာသစ်ပေးပါ။ တစ်နေ့တစ်ကြိမ်ထက်တော့ ပိုမသစ်ပါနဲ့။ မျက်နှာသစ်တာများလွန်းရင် အခြေအနေပိုဆိုးစေနိုင်ပြီး အဆီဂလင်းတွေ ပိုအလုပ်လုပ်ကာ ဝက်ခြံပိုဖြစ်စေနိုင်လို့ပါ။ မျက်နှာကို ညင်ညင်သာသာရေသုတ်ပါ ကလေးရဲ့အရေပြားကိုခြောက်သွေ့အောင် အဝတ်နုနုနဲ့တို့သုတ်ပါ။ မပွတ်သုတ်မိဖို့ သတိထားပါ။ ဝက်ခြံကို မဆိတ်ဆွပါနဲ့၊မပွတ်တိုက်ပါနဲ့ ဒီလိုလုပ်ရင် အခြေအနေပိုဆိုးစေနိုင်တဲ့အပြင်ရောဂါပိုးပါဝင်စေနိုင်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မယ်

ဈေးကွက်မှာ ရနိုင်တဲ့ဘေဘီရှန်ပူတွေက အများကြီးရယ်။ ကိုယ့်ဘေဘီအတွက် ဘာလေးနဲ့ကောင်းမလဲ စဉ်းစားရတာမေမေတွေမှာခေါင်းကိုခြောက်ရော။ ကိုယ်သုံးနေတဲ့ခေါင်းလျှော်ရည်တွေ၊ဆပ်ပြာတွေလည်း ကလေးကို သုံးပေးလို့မရတော့ သူ့အတွက် သီးသန့်ဝယ်ရမှာပေါ့။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ကို ဘယ်လိုရွေးချယ်ကြမလဲ။ ဘယ်လိုကောင်းကြောင်း၊ ဘာအတွက်ကောင်းကြောင်း တီဗီကြော်ငြာ၊ အွန်လိုင်းကြော်ငြာတွေရဲ့ အာမခံချက်တွေကို မျက်စိစံမှိတ် ယုံကြည်လိုက်တော့မှာလား၊ ဒါမှမဟုတ် အမှတ်တံဆိပ်များစွာထဲကမှ ကိုယ်တိုင်သေချာရွေးဝယ်မလား ဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။ အမှန်တော့ ကလေးငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းမှန်သမျှဟာ ကလေးရဲ့လိုအပ်ချက်ကို မူတည်ပြီးရွေးချယ်တာ အကောင်းဆုံးပါပဲ။ တချို့ကလေးတွေဆိုရင် ဆပ်ပြာတွေနဲ့ဓါတ်မတည့်ဖြစ်တတ်တယ်။ တစ်ခါတရံ အရေပြားမှာ အနီကွက်တွေဖြစ်တတ်တယ်။ ဒါ့ကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းရေးအသုံးအဆောင်တွေဝယ်ရင် ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြရပါတယ်။ အဆိပ်သင့် ဓာတုပစ္စည်း ပထမဆုံး ကလေးခေါင်းလျှော်ရည်ဟာ အဆိပ်အတောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေမပါရှိတာ သေချာပါစေ။ Sulfates၊ phthalates နဲ့ parabens တွေက ကလေးခေါင်းလျှော်ရည်နဲ့လိုးရှင်းတွေမှာ တာရှည်ခံဓါတုပစ္စည်းအဖြစ်နဲ့ပါတတ်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ

ဘေဘီလေး တွေရဲ့ ဦးနှောက်ဟာ မွေးစကနေ ၃ နှစ်တာအတွင်းမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု က ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်​ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ ကလေးတစ်ယောက်ဟာ မွေးစကနေ ၃ နှစ်အတွင်းမှာ အဓိကဖွံ့ဖြိုးမှု ၄ ရပ်ရှိနေဖို့လိုပါမယ်။ ဒါကတော့ လှုပ်ရှားသွားလာနိုင်မှု (ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု)၊ ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု၊ သိမြင်မှုစွမ်းရည်ပိုင်းတွေမှာ တိုးတက်မှုတွေရှိနေဖို့လိုပါမယ်။ သိမြင်မှုစွမ်းရည်ဆိုတဲ့အထဲမှာ ဘေဘီလေး ရဲ့ တွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေပါဝင်နေပါတယ်။ ဘေဘီလေး ကို ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်နေတဲ့မွေးစက နေ ၃ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးမယ့် လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အကောင်းဆုံးသောနည်းလမ်းတွေက ဘာတွေဖြစ်မလဲ........ ဘေဘီလေး ကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို […]


ကလေးအရေပြားပြဿနာများ

ကလေး ရဲ့အသားအရေအတွက် အကောင်းဆုံးအစားအစာများ

ကလေးငယ်လေးတွေဆိုတာ ခန္ဓာကိုယ်က ဆက်လက်ဖွံ့ဖြိုးကြီးထွားရမှာဖြစ်လို့ အပေါ်ယံအရေပြားရဲ့ကျန်းမာရေးကလည်းအရေးကြီးပါတယ်။ ကလေး ရဲ့ကျန်းမာရေးအတွက် အရာရာဂရုစိုက်ဖို့လိုသလို အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ ပြည့်ဝနေဖို့ လိုပါတယ်။ ဒါ့ကြောင့် သားသားမီးမီးတို့ကို ဘာကျွေးရမလဲရွေးချယ်တဲ့နေရာမှာ အထောက်အကူဖြစ်အောင် ကလေးအသားအရေအတွက် အကောင်းဆုံးအစားအစာတချို့ကို အကြံပြုပေးလိုက်ပါတယ်။ ကလေး က ထမင်းစားတတ်ကာစအရွယ်ဆိုရင် ထမင်းထဲထည့်ကြိတ်လို့ရမယ့် အစားအစာတွေပါဝင်တာကြောင့်ဘေဘီလေးတွေ အသက်အရွယ်မရွေး စားလို့ရမယ့်အစားအစာတွေပါ။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း lycopene က အရေပြားကိုနေလောင်ခြင်းနဲ့ရောင်ခြည်ထိတွေ့မှုကနေ သဘာဝအလျောက်အကာအကွယ်ဖန်တီးပေးပါတယ်။ ထမင်းစစားတဲ့အရွယ်ဖြစ်နေပြီဆိုရင် ထမင်းကျိုတဲ့အထဲ ခရမ်းချဉ်သီးလေး နည်းနည်းထည့်ကျွေးလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီးဖျော်ရည်ကလည်း မိသားစုတစ်စုလုံးအတွက် ခန္ဓါကိုယ်လိုအပ်တဲ့ဓါတ်တွေကိုပြည့်စုံစေမှာပါ။ မုန်လာဥနီ beta-carotene ကြောင့် ခရမ်းချဉ်သီးလိုပဲ မုန်လာဥနီကလည်း အရေပြားကိုအကာအကွယ်ပေးတဲ့အပြင် မျက်စိကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်တွေအတွက် အဓိကကျတဲ့နေရာကထောက်ပံ့ပေးပါတယ်။ မုန်လာဥနီကို ကလေးရဲ့ထမင်းထဲထည့်ကျွေးတာအပြင် ရေစင်အောင်ဆေးပြီး ကလေးလက်ထဲထည့်ပေးထားရင်လည်းဆော့ရင်းစားရင်း အာဟာရဖြစ်စေနိုင်ပါတယ်။ ကိုက်လန် ကိုက်လန်က lutein နဲ့zeaxanthin အပြင် (အရေပြားအတွက် အရေးပါတဲ့) ဗီတာမင်အေနဲ့ စီတို့ကြွယ်ဝပါတယ်။ […]


ကလေးအရေပြားပြဿနာများ

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

ကလေးငယ်တွေရဲ့အသားအရေက နုနယ်လွန်းလို့ ဆောင်းရာသီ ရဲ့လေအေးတွေနဲ့ ထိတွေ့တဲ့အခါ ခြောက်သွေ့မှုဒဏ်အတော်ခံစားရတတ်ပါတယ်။ အရေပြားခြောက်သွေ့မှုက ကလေးတွေအတွက် နောက်ဆက်တွဲပြဿနာများစေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ဆောင်းရာသီမှာ ကလေးတွေအဖြစ်များတဲ့ အရေပြားပြဿနာတွေကို ဂရုစိုက်ပြီး ကာကွယ်သင့်တာကာကွယ်၊ ကုသသင့်တာကုသမှရောဂါကင်းစင်ပြီး အသားအရေကြည်လင်လှပတဲ့ သားသမီးရတနာလေးတွေဖြစ်စေမှာပါ။ ဆောင်းရာသီမှာ အဖြစ်များတဲ့ ကလေးတွေရဲ့အရေပြားပြဿနာတွေက - အပူကန်တဲ့ မိတ်ထွက်ခြင်း မိတ်ထွက်တယ်ဆိုတာနွေရာသီမှာပဲဖြစ်တာမဟုတ်ပါဘူး။ ရာသီဥတုအေးတယ်ဆိုပြီး ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတာများနေရင်လည်း ချွေးပေါက်လေးတွေပိတ်ပြီး မိတ်ဖုလေးတွေထွက်စေတတ်ပါတယ်။ ကလေးကိုရေဖတ်တိုက်ပေးတာ၊ကြက်သီးနွေး ရေနဲ့ရေချိုးပေးတာက အသားအေးစေပြီး အရေပြားကို ချွေးပေါက်ပွင့်စေနိုင်တာကြောင့်မိတ်ယားသက်သာစေမှာပါ။ မိတ်ဖုတွေပေါ်ကို လိုးရှင်းတွေလိမ်းတာက အကူအညီမဖြစ်စေတဲ့အပြင် ချွေးပေါက်တွေပိတ်စေလို့ ပိုဆိုးစေနိုင်ပါတယ်။ ကလေးကို ပိတ်လှောင်နေအောင် အထပ်ထပ်မဝတ်ပေးပါနဲ့၊ ပူအိုက်နေပုံရရင် အနွေးထည်တွေချွတ်ပေးပါ။ အသားပပ်ခြင်း ဆောင်းရာသီမှာဖြစ်တဲ့ အသားပပ်ခြင်းက အရေပြားခြောက်သွေ့၊နီရဲပြီး အရေခွံကွာတာဖြစ်ပြီး ကလေးငယ်တွေမှာဆို မျက်နှာနဲ့လက်တွေမှာဖြစ်တတ်ပါတယ်။ နှုတ်ခမ်းလေးတွေခြောက်သွေ့အက်ကွဲတာ၊ ပါးမှာ အသားပပ်တာတွေဖြစ်တတ်ပါတယ်။ ကလေးတွေက နှုတ်ခမ်းခြောက်တဲ့အခါ လျှာလေးထုတ်၊နှုတ်ခမ်းသပ်တတ်ကြတဲ့အခါ တံထွေးကနှုတ်ခမ်းပိုခြောက်စေပါတယ်။ ဒါ့ကြောင့် အစိုဓါတ်ထိန်းဖို့ အမွှေးနံ့မပါတဲ့hypoallergenic […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း