ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေတွေ သိချင်နေမယ့် ဖြစ်ပါ့မလား..... များစွာ

နို့တိုက်မေမေတွေ မှာ မေးချင်နေမယ့် မေးခွန်းတွေက တစ်ခုမက အများကြီးရှိနေမယ်ဆိုတာ အသေအချာပါ။ ဘယ်လိုတွေနေထိုင်မှ ဘေဘီလေးကျန်းမာမလဲဆိုပြီး သိချင်နေတဲ့ မေးခွန်းလေးတွေရှိနေမယ်ဆိုတာက ပြောနေစရာတောင်မလိုအောင်ပါ။ ဒီမေးခွန်းလေးတွေကို အဖြေထုတ်ရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော် မေမေတို့ရေ..... နို့တိုက်မေမေတွေ မေးချင်နေမယ့် မေးခွန်းတွေရဲ့ အဖြေတွေ နို့တိုက်နေရတယ်။ အားဆေးသောက်လို့ ဖြစ်ပါ့မလား.... ရပါတယ်။ ဒါပေမယ့် ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသောက်ဖို့တော့ လိုမှာပေါ့။ အားဆေးလည်းသောက် အာဟာရလည်း ပြည့်ဝမျှတအောင်စားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။ ဖြည့်စွက်အားဆေးတွေ စားလို့ဖြစ်ပါ့မလား...... စားလို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်က သောက်သုံးခဲ့တဲ့ ဖြည့်စွက်အားဆေးတွေကို ကလေးမွေးပြီး ၆ လကြာတဲ့အထိ သောက်သုံးပေးလို့ရပါတယ်။ အသားအရေ၊ ဆံသား နဲ့ လက်သည်းခြေသည်းတွေအတွက် ဗီတာမင်အားဆေးသောက်လို့ ဖြစ်ပါ့မလား..... ဒါကတော့ မဖြစ်ဘူးလို့ပြောပါရစေ။  အကြောင်းကတော့ ဒီအားဆေးတွေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B အမျိုးအစားဖြစ်တဲ့ biotin ပါဝင်နေပါတယ်။ ဒီ biotin ပမာဏ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

မျက်လုံးတိမ်စွဲတဲ့ရောဂါ (Cataracts) ဟာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာသာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ၁ ဖက် ဒါမှမဟုတ် ၂ ဖက်စလုံး အမြင်အာရုံ ဆုံးရှုံးသွားလောက်အောင်ကို ဘေးအန္တရာယ်များပါတယ်။ မျက်လုံးတိမ်စွဲတယ်ဆိုတာက မျက်ဆံအနက်နဲ့ သူငယ်အိမ်တို့ရဲ့နောက်က မှန်ဘီလူး (Lens) မှာ တိမ်စွဲတာကို ဆိုလိုတာပါ။ ဒီလိုတိမ်စွဲတဲ့အခါမျိုးမှာ မျက်လုံးဟာ ကြည်လင်မှု လျော့ကျလာတာ ဒါမှမဟုတ် အမြင်နှစ်ထပ်ဖြစ်လာတာမျိုးတွေအပြင် မျက်လုံးရဲ့ အမြင်အာရုံဝေဝါးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို Cloudy Vision ဒါမှမဟုတ် Misty Vision လို့ ခေါ်ပါတယ်။ ပိုမိုဆိုးရွားလွန်းတဲ့ အခြေအနေမျိုးမှာ မျက်လုံးရဲ့ အမြင်အာရုံ လုံးဝဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်နဲ့ အများဆုံးသက်ဆိုင်ပြီး အသက်ကြီးရင့်သူတွေရဲ့ ၄၀% လောက်ဟာ မျက်စိတိမ်စွဲတဲ့ ရောဂါကို ခံစားကြရပါတယ်။ ဒါပေမယ့်လည်း အသက်ကြီးရင့်သူတွေသာမက ငယ်ရွယ်တဲ့ကလေးတွေမှာလည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား.....

ဘေဘီလေးတွေ လုပ်တတ်တဲ့အလေ့အထလေး တစ်ခုရှိတယ်။ ဒါကတော့ လက်မလေးစုပ်နေတတ်တာပါ။ တစ်ခါတလေ အိပ်နေရင်းဖြစ်ဖြစ်၊ တွေးနေရင်းဖြစ်ဖြစ် လက်ကလေးစုပ်နေတတ်ပါတယ်။ ဒီအလေ့အကျင့်လေးက ကောင်းလား၊ဆိုးလားဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ ဘေဘီလေး လက်စုပ်တာ ဘာကြောင့်လဲ....... ဘေဘီလေး တော်တော်များများက လက်မလေးတွေကို စုပ်တတ်ကြပါတယ်။ အချို့ကလေးလေးတွေဆိုရင် ထမင်းစားနေချိန်၊ နို့စို့ချိန်ကလွဲလို့ အချိန်တော်တော်များများကို လက်မလေးစုပ်နေတတ်ကြပြီး သူတို့ပါးစပ်ထဲကနေ လက်မလေးကိုထုတ်လိုက်တဲ့အခါတိုင်း ဒေါသထွက်ပြီး ချော့မရအောင်ငိုတာမျိုးတွေတောင် ရှိတတ်ကြပါတယ်။  ဒီတော့သူတို့လေးတွေ ဘာကြောင့် လက်မစုပ်ကြတာလဲဆုတာကို ကြည့်လိုက်ရအောင်လား မေမေတို့ရေ....... ဘေဘီလေးတွေ လက်စုပ်ရတဲ့ အကြောင်းအရင်း ဘေဘီလေးတွေ လက်စုပ်တာက မျက်နှာစိမ်းတွေကိုတွေ့တဲ့အခါ၊ ဆူညံသံတွေဖြစ်တဲ့အခါ ဒါမှမဟုတ် တစ်ခုခုအဆင်မပြေနေတဲ့အခါမျိုးမှာ ဒီကြုံတွေ့နေရတဲ့ အနေအထားကိုကျော်ဖြတ်ဖို့  လက်မလေးကို စုပ်တာပါ။  သူ့ကိုယ်သူဘေးကင်းပါတယ်။ ဘာမှမဖြစ်ဘူးလို့ အားပေးတဲ့ သဘောပေါ့။ ဗိုက်ဆာနေတဲ့အခါမျိုးမှာလည်း ဘေဘီလေးက လက်မစုပ်တတ်ကြပါတယ်။ သူတို့က မေမေ့နို့ကမှ နို့ထွက်တယ်ဆိုတာကို […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကိုထိခိုက်စေနိုင်တဲ့အချက်တွေ

အစားမတော် တစ်လုတ် ဆိုတဲ့စကားအတိုင်း နို့တိုက်မေမေတစ်ယောက်အနေနဲ့ အစားအစာတိုင်းကို စားဖို့က မသင့်တော်ပါဘူး။ နို့တိုက်နေရလို့ အာဟာရပြည့်အောင်စားရမယ်ဆိုပေမယ့် ဒီအစားအစာတွေကတော့ မေမေ့ရဲ့နို့ချိုထွက်ရှိမှု အပေါ်မှာ ထိခိုက်နိုင်တာကြောင့် နို့တိုက်နေရတဲ့ မေမေတို့အနေနဲ့ ရှောင်စေချင်ပါတယ်။ မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကို ထိခိုက်စေနိုင်တဲ့အချက်တွေက ဘာတွေများလဲ...... ဘေဘီလေးကို မိခင်နို့ချို ပြည့်ပြည့်ဝဝတိုက်ကျွေးချင်တဲ့ မေမေ့ရဲ့ ဆန္ဒလေးပြည့်ဝစေဖို့ ဒါလေးတွေကို ဂရုစိုက်ပါ။ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးနိုင်ဖို့ အစားများများစားဖို့လိုသလို အစားအစာ တစ်ခုချင်းစီတိုင်းကိုလည်း သေချာဂရုစိုက်ဖို့လိုပါမယ်။ မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးဖို့အတွက် တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၂၅၀၀၀ ကနေ ၃၀၀၀၀ လောက်လိုအပ်မှာပါ။ ဒီအတွက် အစားများများစားဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒါပေမယ့် အစားမတော်တလုတ်ကြောင့် နို့ချိုထွက်ရှိမှုကို မထိခိုက်စေဖို့အတွက် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ ဘာတွေရှောင်ရမလဲ...... နို့တိုက်နေရတယ်ဆိုရင် ဒါတွေကိုမစားပါနဲ့။ ပင်လယ်စာ ငါးက ပရိုတင်းကြွယ်ဝသလို omega-3 fatty acids […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

၂၀၂၀ခုနှစ်အတွက် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်အစီအစဉ်အသစ်ထွက်ရှိလာပြီ။ အရင်နှစ်တွေနဲ့ မတူဘဲ ထပ်တိုးလာတာ ၂မျိုးရှိပါတယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပါ။ ဒီနှစ်အတွက် ကာကွယ်ဆေးအစီအစဉ်ကို အသက်အလိုက် ပြန်ရှင်းပြပေးပါ့မယ်။ ၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ် မွေးစ (၁) ဘီစီဂျီ (BCG) ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ဖက်လက်မောင်းမှာထိုးပါတယ်။ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါက အသက်(၂)လ မတိုင်မီတွင်လည်းကောင်း၊ အသက်(၂)လတွင် အခြားကာကွယ်ဆေးများနှင့် အတူလည်းကောင်း ထိုးနှံရပါမယ်။ (ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။) (၂) အသည်းရောင်အသားဝါ (ဘီ) ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ပေးပါတယ်။ ပေါင်မှာထိုးပါတယ်။ သူကလည်း ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုပဲ ကာကွယ်ပေးတာပါ။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ (အသည်းရောင်အသားဝါအေပိုး၊ စီပိုး)ကို မကာကွယ်ပေးပါဘူး။ အသက် ၂လ (၁) […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။

ဒီ၂၀၂၀ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ရိုတာအစက်ချကာကွယ်ဆေးဆိုတာ ပါလာပါပြီ။ ဒီတော့ ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ကာကွယ်ဆေးတိုက်သင့်လား စသဖြင့် သိရအောင် ဆက်ကြည့်ကြည့်ရအောင်။ ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ရိုတာဗိုင်းရပ်စ်ဆိုတာ ကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရိုတာဗိုင်းရပ်စ်ကူးစက်ပြီး ဝမ်းလျှောလို့ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလည်း မနည်းပါဘူး။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် အမေရိကန်လိုနိုင်ငံမှာတောင် ကလေးတော်တော်များများက အသက်၅နှစ် လောက်ဆိုရင် တစ်ခါလောက်တော့ ရိုတာဗိုင်းရပ်စ် ကူးဖူးပြီးပါပြီ။ လက္ခဏာများ ရိုတာဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၂ရက်လောက်နေရင် လက္ခဏာစပြပါပြီ။ ဖျားမယ်၊ အန်မယ်၊ တစ်ပတ်​လောက်ဝမ်းတွေသွားမယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေကတော့ -ဝမ်းသွားတာ တစ်ရက်ကျော်သွားပြီ။ ​-မကြာမကြာလည်းအန်မယ်။ -ဝမ်းမည်းမည်းတွေသွားမယ်။ ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါမယ်။ -အဖျား 104Fကျော်မယ်။ -နုန်းမယ်၊ ဂျီကျမယ်၊ ဗိုက်နာမယ်။ -ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိမယ်။ ဥပမာ ပါးစပ်ခြောက်တာ၊ ငိုနေပေမယ့် မျက်ရည် မထွက်တာ၊ ဆီးနည်းတာ၊ မသွားတာ၊ […]


ကလေးငယ်အာဟာရ

အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ

ဘေဘီလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာ နဲ့ အရွယ်ရောက်လာစေဖို့ အရေးပါတဲ့အချက်တစ်ခုက ဘာလို့ထင်လဲ။ သူတို့ ဝမ်းဗိုက်လေး ကျန်းမာနေစေဖို့ပါ။ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့လိုအပ်တာက ကျန်းမာတဲ့အစာခြေစနစ်ပိုင်ဆိုင်ဖို့ပါ။ အစာခြေစနစ်ကျန်းမာပြီဆိုတာနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အကောင်းဆုံးဖြစ်လာမှာပါ။ အရပ်အမောင်းကစလို့  ဉာဏ်ရည်ဖွံ့ဖြိုးတာအထိ အကုန်လုံးက မေမေတို့ဆန္ဒရှိတဲ့အတိုင်း အကောင်းဆုံးဖြစ်လာမှာပါ။ အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ......... ရှေ့က အကျိုးပြုဆိုတဲ့စကားလုံးထက် ဘက်တီးရီးယားဆိုတဲ့ စကားလုံးကို အရင်တွေးမိတယ်ဟုတ်။ ဘက်တီးရီးယားဆိုတာကို အမြဲလိုလို သိထားခဲ့တာက ကူးစက်တတ်တယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ပေါ့။ ဒီနေရာမှာ ပြောပြပေးချင်တာက ဘက်တီးရီးယားတိုင်း ဆိုးတာမဟုတ်ပါဘူး။ အခုပြောတဲ့ အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးမယ့် ဘက်တီးရီယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ ဘေဘီလေးတွေအတွက် အကျိုးပြုဘက်တီးရီးယား တွေကဘာလုပ်ပေးလဲ.......... အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီ​လေးတွေအတွက် အကျိုးဖြစ်တာအများကြီးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဘေဘီလေးကျန်းမာစေဖို့ အစစအရာရာတာဝန်ယူပေးပါတယ်။ ဘာတွေများဖြစ်မလဲ […]


ကလေးငယ်အာဟာရ

မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ပြောတဲ့အခါတိုင်း ကျွေးချင်တယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံသိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်လို့မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား........ အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ……… ဘေဘီလေးတွေရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ အကျိုးပြုဘက်တီးရီးယား ဘယ်နှမျိုးရှိလဲ....... Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက - Lactobacillus -ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။ Bifidobacterium - […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ

ကလေးတစ်ယောက်ရဲ့ဖခင်ဖြစ်လာပြီဆိုရင် အရင်ကထက် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်ကပိုကြီးလာပြီ။ လူဖြစ်ပြီကွ လို့ပျော်နေရုံနဲ့မပြီးသေးပါဘူး။ အရင်လိုပေါ့ပေါ့ပါးပါးနေတာတွေ၊ အပေါင်းအသင်းတွေနဲ့အသွားအလာများတာတွေလျှော့ပြီး ကိုယ့်ရဲ့မိသားစုကို ပိုဂရုစိုက်ရပါမယ်။ မိသားစုဝင်အသစ်လေးကို ကြိုဆိုရမယ်လေ။ ကိုယ့်ရင်သွေးလေးကို ဇနီးဖြစ်သူက ကိုးလလွယ်ပြီးမွေးပေးခဲ့ပြီဆိုတော့ ဖခင်ဖြစ်တဲ့ကိုယ်ကလည်း ကူညီစောင့်ရှောက်ပေးမှ မိသားစုလေးပျော်စရာကောင်းမှာပါ။ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးပြင်းတဲ့အချိန်အထိ ကလေးရဲ့ဖွံ့ဖြိုးမှု၊အသိဉာဏ်ပညာနဲ့ အရည်အချင်း စတာတွေအတွက်က မိဘနှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ယောကျာ်းကစီးပွားရှာ၊ မိန်းမက အိမ်ထောင့်ကိစ္စ၊ကလေးကိစ္စအကုန်တာဝန်ယူရမယ်ဆိုပြီး တာဝန်ခွဲဝေသတ်မှတ်ထားတဲ့အတွေးအခါ်မျိုးက မိသားစုစိတ်ဓာတ်အပြည့်အဝမပေးနိုင်ပါဘူး။ သူ့တာဝန် ကိုယ့်တာဝန်မခွဲဘဲ ချစ်ခြင်းမေတ္တာနဲ့သာ ကိုယ့်မိသားစုကိုစောင့်ရှောက်မှ လူအများပြောပြောနေကြတဲ့ သီရိဂေဟာလေးဖြစ်လာမှာပါ။ ဒီလိုပြောလို့ အိမ်ထောင်ဦးစီးက အိမ်ကိစ္စတွေအမြဲဝင်လုပ်နေရမှာလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေးချစ်ခင်စောင့်ရှောက်ပေးဖို့ပဲလိုတာပါ။ ကလေးရဲ့ဝေယျာဝစ္စတွေမှာ ဇနီးကိုဝင်ကူညီပေးတာကလည်း ကလေးနဲ့ ကိုယ်နဲ့ကြားက ရင်းနှီးမှုက အမေဖြစ်သူထက် မလျော့တော့ဘူးပေါ့။ ဥပမာ ဇနီးက အဝတ်လျှော်နေချိန် ကလေးကူထိန်းပေးတာ၊ ချော့မြှူပေးတာမျိုး၊ ကလေးသိပ်ပေးတာမျိုး၊ ကလေးသေးဝတ်လဲပေးတာမျိုးတွေဖြစ်ပါတယ်။ ကလေးရှိတဲ့ […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေ အတွက် အုန်းဆီရဲ့အသုံးဝင်ပုံ (၂၁) ချက်

ကလေးတွေရဲ့အသားအရေက နူးညံ့လွန်းတာကြောင့် သူတို့လေးတွေအတွက် အသုံးအဆောင်ပစ္စည်းရွေးချယ်ရတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေဆို ရွေးရပိုခက်ပါတယ်။ ထုတ်ကုန်ထဲမှာ ဘာတွေပါမလဲ၊ ဓာတုပစ္စည်းတွေပါနေမလား၊ ကလေးနဲ့တည့်ပါ့မလား စိုးရိမ်နေရတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ကလေးက တုံ့ပြန်လွယ်အသားအရေဖြစ်ရင် သဘာဝပစ္စည်းတွေကို သုံးတာကောင်းပါတယ်။ သဘာဝပစ္စည်းတွေက ကုန်ကျစရိတ်သက်သာသလို စီမံပြုပြင်ထားတဲ့ကုန်ပစ္စည်းတွေထက် ကလေးအသားအရေ အတွက် ထိခိုက်မှု၊ဘေးထွက်ဆိုးကျိုးနည်းစေမှာပါ။ အုန်းဆီဟာ အသားအရေအတွက်ရော၊ ဆံသားအတွက်ပါ အကျိုးကျေးဇူးများတဲ့သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာ အရောင်ကျစေခြင်း၊ ဘက်တီးရီးယားကို သေစေခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်အဝရှိနေပါတယ်။ သင့်ကလေးအတွက် သုံးနိုင်မယ့်ဘေးအကင်းဆုံးအဆီတစ်မျိုးဆိုတာ သံသယမရှိပါနဲ့။ ခရင်မ်တွေ၊ လိုးရှင်းတွေအများစုက အရေပြားအပေါ်ယံတစ်ရှူးတွေအတွက်ပဲထောက်ပံ့ဖို့ စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် အုန်းဆီကတော့ ပိုနက်ရှိုင်းတဲ့အလွှာအထိ တာရှည်ခံအာနိသင်ပေးနိုင်ပါတယ်။ အုန်းဆီရဲ့မော်လီကျူးဖွဲ့စည်းပုံကြောင့် အရေပြားမှာ စုပ်ယူရပိုလွယ်စေတာလည်းဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့အသားအရေအတွက် အုန်းဆီက စွယ်စုံကိုအသုံးဝင်တာပါ။ ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတာအောက်မှာဖော်ပြပေးလိုက်ပါတယ်။ (၁) ဓာတ်မတည့်ခြင်း/ ဝတ်မှုန်ကြောင့်ဖျားခြင်း(Hay Fever) ဖြစ်လာရင် နှာခေါင်းပေါက်အဝနားလေးမှာ အုန်းဆီနည်းနည်းပွတ်ပေးလိုက်ပါ။ ဓာတ်မတည့်ဖြစ်နေတဲ့အမှုန် သို့မဟုတ် ဝတ်မှုန်တွေကပ်ပါလာပါလိမ့်မယ်။ (၂) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း