ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

ဘေဘီလေး က ၇ လ ကနေ ၉ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

ဘေဘီလေး က ၇ လလောက်ရောက်လာပြီဆိုရင် မေမေ့နို့အပြင် နို့ဘူးသောက်တာ၊ အစားစားတာတွေကို စလုပ်လာပါပြီ။ ချစ်စရာအမူအရာလေးတွေလည်းပိုလုပ်တတ်လာပါပြီ။ ဒီကာလမှာ ဘေဘီလေး က ကိုယ်အလေးချိန် - တစ်လကို ၁ ပေါင်စီလောက်တက်လာမယ်။ သားသားလေးတွေက မီးမီးလေးတွေထက် ပေါင်ချိန် ၀.၅ လောက်ပိုများနေမှာပါ။ အရပ်အမြင့် - တစ်လကို ၀.၅ လက်မတက်လာပါမယ်။ ဦးခေါင်းအရွယ်အစား -တစ်လကို ၀.၂၅ လက်မစီ တိုးလာပါမယ်။ ဒီအရွယ်မှာ ဘေဘီလေးက ဘာတွေလုပ်တတ်ပြီလဲ………… ဒီအသက်အပိုင်းအခြားကိုရောက်လာတဲ့ ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ ပိုများလာပြီဖြစ်သလို လုပ်ဆောင်နိုင်စွမ်းတွေကလည်း ပိုများလာပါပြီ။ ပထမဆုံးအကြိမ် လှုပ်ရှားမှုတွေစလုပ်နေပါပြီ။  ဒီအရွယ်မှာ ဘေဘီလေးက ပက်လက်ထားလည်း မှောက်နိုင်ပြီ။ မှောက်ရက်ထားလည်း ပက်လက်နေနိုင်ပါပြီ။ လက်ထောက်ထားရင်း ထိုင်တတ်ပြီ လူကြီးလက်ကို ကိုင်ပြီး ခုန်ဆွခုန်ဆွလုပ်တတ်ပြီ လကတွေခြေတွေ စလွှဲနိုင်ပြီ လေးဖက်စသွားပြီ အမှီတစ်ခုခုကို ကိုင်ပြီး မတ်တတ်စရပ်ဖို့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေး စိုက်ထူခဲ့တဲ့ milestone များ

ဘေဘီလေး တစ်ယောက်မွေးလာရင် ဖေဖေမေမေတိုင်း သိချင်မှာ ကိုယ့်ရဲ့ ဘေဘီလေးက ပုံမှန်ဖွံ့ဖြိုးမှုရှိရဲ့လားဆိုတဲ့ အချက်ဖြစ်မယ်ထင်ပါတယ်။ မွေးကာစမှာ အရမ်းငယ်သေးတော့ ချီရပွေ့ရ ပြုစုရတာတောင်ခက်ခဲနေတဲ့ အနေအထားမှာ ဘေဘီလေးက ကျန်းမာရဲ့လားဆိုတာကို သိဖို့ခက်မှာပါ။ ဒီအခက်အခဲအတွက် အတူတူဖြေရှင်းရအောင်လား……. မွေးကာစအရွယ် ကနေ ၃ လအထိကာလအတွင်း ဘေဘီလေး ပုံမှန်တိုးတက်မှုရှိရဲ့လား…. မွေးစအရွယ် ဘေဘီလေးတစ်ယောက် ကျန်းမာရဲ့လား၊ ပုံမှန်တိုးတက်မှုရှိရဲ့လား ဒီအချက်လေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်။ မွေးကာစ ဘေဘီလေးတစ်ယောက် ဘယ်လောက်ထိဖွံ့ဖြိုးနိုင်လဲ….. မွေးစမှာ ပေါင်ချိန်ပြည့်လား။ မွေးစမှာပေါင်ချိန်ပြည့်တာကလည်း ဘေဘီလေး ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ပြီးရင်တော့ ဆက်တိုက် ဖွံ့ဖြိုးဖို့လိုပါမယ်။ မွေးပြီးပြီးချင်း ပထမ ၂ ရက်ကနေ ၃ ရက်လောက်မှာတော့ ကိုယ်အလေးချိန်က မွေးစကိုယ်အလေးချိန်ထက် ၁၀ ရာခိုင်နှုန်းလောက် ကျသွားနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ရပ်ပေါ့။ မွေးပြီး ၂ ပတ်အကြာမှာ မွေးကာစ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၇ သွယ်

သားသားမီးမီးတို့ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးတာကို မလိုချင်တဲ့မိဘ မရှိလောက်ပါဘူး။ ဒီဆန္ဒလေးပြည့်ဖို့ ဆုတောင်းနေမိတဲ့ မေမေတွေဖေဖေတွေတောင်ရှိနိုင်ပါတယ်။ ဒီဆုတောင်းလေးပြည့်ဝဖို့ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်။ ဘယ်လိုများလုပ်ဆောင်ပေးရမလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကလေးတစ်ယောက် ကျန်းမာစေဖို့ အရေးကြီးတဲ့အချက် တစ်ချက် ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုက ပုံမှန်ကြီးဖွားဖွံ့ဖြိုးနေဖို့ပါ။ ဒီတော့ ဖေဖေမေမေတို့မှာ မေးစရာမေးခွန်းတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ဘာလဲဆိုတာပါ။ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ကလေးက အခြားရွယ်တူကလေးတွေထက် ညှက်မနေဘူး၊ အဝလွန်မနေဘူး။ အရပ်ပုနေတာမျိုးလည်း မရှိဘူး။ မကြာခဏဖျားနာနေတာမျိုးလည်း မရှိတာကို ပြောချင်တာပါ။ နောက်တစ်ခုက အာရုံစူစိုက်မှုနဲ့ သင်ယူနိုင်စွမ်းကလည်း အခြားရွယ်တူတွေထက် မသာရင်တောင် နောက်ကျကျန်နေတာမျိုး မရှိရပါဘူး။ ကလေးတစ်ယောက်က ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဂှိမှလည်း ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာနိုင်မှာပါ။ ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ ဘာတွေလိုအပ်မလဲ............ ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ဆိုရင် ဒီအချက်လေးတွေ ပြည့်စုံဖို့လိုအပ်မှာပါ။ အာဟာရပြည့်ဝရမယ် ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိရမယ် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရှိရမယ် မိဘတွေရဲ့ ဂရုစိုက်မှုရရမယ် […]


ကလေးငယ်အာဟာရ

ရင်သွေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးလာအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်ဆည်းပေးကြမလဲ

သင်ဟာ ရင်သွေးတွေကို ပျိုးထောင်ပေးနေရတဲ့ မိခင်တစ်ဦးဆိုပါစို့။ သားသားမီးမီးတွေရဲ့ အစားအသောက် စားသောက်ပုံနည်းလမ်းတွေအပေါ် သင့်ရဲ့ လွှမ်းမိုးမှုက သင်ထင်ထားတာထက် ပိုပါတယ်။ ရင်သွေးတွေကို သင့်ရဲ့ ကျွေးမွေးပြုစုပုံနည်းလမ်းဟာ ကလေးတို့ ကောင်းမွန်စွာ ဖွံ့ဖြိုးလာရေးမှာ ဘယ်လောက်တောင် အရေးပါလှသလဲဆိုတာကို သင် တွေးကြည့်မိဖူးရဲ့လား။ တကယ်တော့ သားသားမီးမီးတွေအတွက် အာဟာရဓာတ် (Nutrient) ဟာ မိဘတွေပေးတဲ့ အကောင်းဆုံး ခွန်အားဖြစ်ပါတယ်။ အာဟာရဓာတ်ဟာ ရင်သွေးတွေ ဖွံ့ဖြိုးလာဖို့အတွက် ရုပ်ပိုင်းဆိုင်ရာမှာသာမက စိတ်ပိုင်းဆိုင်ရာအရလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတွေဟာ အာဟာရပြည့်ဝတဲ့အစားအစာတွေထက် ပုံပန်းသဏ္ဍာန်အားဖြင့် နှစ်လိုဖွယ်အဆင်းရှိတဲ့ မုန့်တွေ၊ အဆာပြေအစားအစာတွေကို ပိုမိုနှစ်သက်တတ်ကြပါတယ်။ မိဘတွေအတွက်တော့ တစ်ခါတရံမှာ မိမိတို့ရဲ့ သားသားမီးမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတွေ ကျွေးမွေးရတာဟာ လေဆန်မှာ တောင်တက်ရသလိုပါပဲ။ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့ ဒါဟာ […]


ကလေးငယ်အာဟာရ

ဘေဘီတို့အတွက် အရေးကြီးလွန်းတဲ့ အသားဓာတ်

ပရိုတင်းလို့ပဲခေါ်ခေါ်၊ အသားဓာတ် လို့ပဲ ပြောပြော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဆိုတာ မေမေတို့သိထားပြီးသားဖြစ်မှာပါ။ ဘာလို့ဆို ပရိုတင်းက သားသားမီးမီးတို့ရဲ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါပဲ။ ဘယ်လို အရေးပါနေတာလဲ ကိုယ့်ကလေးက သူများတန်းတူ ကြီးထွားလာဖို့၊ သန်စွမ်းကျန်းမာဖို့၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းဖွံ့ဖြိုးလာဖို့အတွက် ပရိုတင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အဓိကအားဖြင့် ပရိုတင်းရဲ့အရေးပါတဲ့ ဖွံ့ဖြိုးမှုအပိုင်းတွေက - ကြွက်သားတည်ဆောက်မှုကို အားဖြည့်တယ် ကလေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတစ်ရှူးတွေ တည်ဆောက်မှု၊ ထိန်းသိမ်းမှုနဲ့ အစားထိုးဖြစ်ပေါ်မှုတွေမှာ အားဖြည့်ကူညီပေးနိုင်တာ ပရိုတင်းဓာတ်ပါ။ ကြွက်သားတည်ဆောက်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ပရိုတင်းက အရေးကြီးဆုံးပါပဲ။ ဆဲလ်တွေဖွံ့ဖြိုးမှုမှာ ကူညီပေးတယ် အရေပြား၊ လက်သည်း၊ ခြေသည်းနဲ့ ဆံပင် တို့အတွက် ဆဲလ်တွေဖွံ့ဖြိုးမှုနဲ့ ပြန်လည်ဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပါတယ်။ အနာကျက်မြန်တာ၊ ဆံပင်သန်တာ၊ လက်သည်းခြေသည်းကျန်းမာတာက အသားဓာတ် ရဲ့ အကျိုးကျေးဇူးတွေပါ။ ကိုယ်ခံအား ကောင်းစေတယ် ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း၊ ဟော်မုန်းတွေဖြစ်တည်လာဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား

ကလေး ဆိုတဲ့အမျိုးက မလုပ်နဲ့ဆို လုပ်ကြည့်ချင်တယ်၊ တား‌လေ လုပ်လေ၊ စူးစမ်းလေပါပဲ။ ကလေးကို မလုပ်ရဘူး၊ မသွားရဘူး ဆိုတဲ့ တားမြစ်ချက်တွေထုတ်ဖို့၊ ကလေးကြောက်စေမယ့်နည်းတွေကို အရင်စဉ်းစားကြတယ်မဟုတ်လား။ ပြောနေရင် နားထောင်နော်၊ ပြောမရရင် ဒီမှာ တုတ်‌ တွေ့လား၊ ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာနော် ဆိုတဲ့ ခြိမ်းခြောက်မှုတွေက တကယ်ရော အသုံးဝင်ရဲ့လား။ ပြောစကားနားမထောင်တဲ့ကလေး ကို ရိုက်ဆုံးမလိုက်ရင် လိမ္မာသွားမှာလား ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်တစ်ခုအနေနဲ့ ကလေးက သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ အကြောက်တရားနဲ့ ထိန်းချုပ်တဲ့နည်းက ရေရှည်အတွက် မထိရောက်နိုင်သလို ဖွံ့ဖြိုးသွက်လက်မှုမှာ ထိခိုက်စေနိုင်ပါတယ်။ ပြောစကားနားမထောင်လို့ ကလေးကို မရိုက်သင့်တဲ့အကြောင်းရင်းက လူကြီးပြောတိုင်း နားထောင်ခိုင်းတဲ့အကျင့်ကို ဖြစ်စေပါတယ်။ ကလေးရဲ့အတွေးနဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲအောင် လေ့ကျင့်ပေးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ ငရုတ်သီးစားရင် ဘာဖြစ်မလဲ....

အစပ်မပါရင်မစားတတ်ဘူးဆိုပေမယ့် ဘေဘီလေးကို နို့တိုက်နေရချိန်မှာတော့ မေမေ့အနေနဲ့ အစပ်မစားတာက အကောင်းဆုံးဖြစ်မှာပါ။ နည်းနည်းစားရင်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး အစပ်စားမယ်လို့ စိတ်ကူးနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ပါလို့ ပြောပါရစေလား။ နို့တိုက်မေမေ အနေနဲ့ အစပ်မစားတာက မေမေ့အတွက်ရော ဘေဘီလေးအတွက်ပါ အဆင်ပြေစေမှာပါ။ အစပ်ဆိုတဲ့နေရာမှာ အစပ်ဆိုတဲ့နေရာမှာ ပူစပ်တဲ့အရာတွေအားလုံးပါဝင်နေပါတယ်။ ငရုတ်သီးစိမ်း ဟင်းချက်တဲ့ ငရုတ်အနှစ် ငရုတ်သီးမှုန့် စတာတွေ အားလုံးက နို့တိုက်မေမေတိုင်း ရှောင်သင့်တဲ့ အရာတွေပါ။ နို့တိုက်နေရတယ် အစပ်တွေစားလို့ရမလား........ ဒါဆိုရင် နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ အစပ်ကို လုံးဝမစားရတာလားဆိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးပါ။ ဒါပေမယ့် နည်းနည်းလောက်ကတော့ ရပါတယ်။ အများကြီးစားမိရင်တော့ မိခင်နို့ကနေတဆင့် ဘေဘီလေးဆီရောက်သွားနိုင်လို့ပါ။ ဒါကြောင့် နို့တိုက်နေရချိန်မှာ အစပ်ကိုရှောင်စားတာက အကောင်းဆုံးပါ။ မရှောင်နိုင်ရင်တောင် နည်းနည်းလောက်ပဲစားပါ။ နို့တိုက်မေမေ အစပ်စားတဲ့အခါ ဘာတွေဖြစ်နိုင်မလဲ............ နို့တိုက်နေရချိန်မှာ မေမေက အစပ်ကိုစားမိမယ်ဆိုရင် စားတဲ့ပမာဏက များလေလေ ဘေဘီလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေး နဲ့ ကဖင်း

ဘေဘီလေး က ရေနွေးကြမ်း သောက်ရင်လည်း ပါးစပ်ပြင်နေတယ်၊ ကော်ဖီသောက်သောက် လက်ဖက်ရည်သောက်သောက် သောက်ချင်တဲ့ပုံပေါက်နေတယ်။ လက်ဖက်သုပ်ဆိုလည်း စားချင်နေသလိုပဲ။ ကျွေးလို့ရမလား။ ရေနွေးကြမ်းလောက်တော့ တိုက်လို့ရမယ်ထင်တယ်နော်ဆိုတဲ့ မေမေဖေဖေတွေရှိလား။ ဒါဆိုရင် တော့ ဘေဘီလေး ကို ကဖင်းပါတာတွေ မကျွေးခင်မှာ ဒီဆောင်းပါး​လေးကို ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေး က ကဖင်းနဲ့မတည့်ဘူးလား...... ကဖင်းက စိတ်ကို လန်းဆန်းစေတာမှန်ပေမယ့် ဦးနှောက် နဲ့ အာရုံကြော ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေး အတွက်တော့ မသင့်တော်ပါဘူး။ ကဖင်းက အရမ်းများလာရင် ကလေး မပြောနဲ့ လူကြီးတွေကိုတောင်ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စွာကြီးပြင်းလာစေချင်တယ်ဆိုရင် အသက် ၁၂ နှစ်မပြည့်မချင်း ကော်ဖီ အပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေကို မတိုက်သင့်ပါဘူး။ ကဖင်းပါတဲ့အရာတွေက ဘာတွေများလဲ....... ကဖင်းပါတဲ့အရာတွေက အများကြီးရှိနိုင်ပါတယ်။ လက်ဖက်ရည် ကော်ဖီ […]


ကလေးငယ်အာဟာရ

ဘေဘီတို့ရဲ့ ဝမ်းချုပ်ပြဿနာ အဖြေရှာ

မေမေတို့မှာလည်း ကိုယ့်သားသားမီးမီးလေးတွေကို ချစ်လိုက်ရတာ အရိပ်တကြည့်ကြည့်နဲ့ပါပဲ။ ကလေး က နေလို့ကောင်းရဲ့လား၊ သူများနည်းတူကြီးထွားလာရဲ့လား၊ ဖွံ့ဖြိုးတိုးတက်လာရဲ့လား၊ ဉာဏ်ရည်ရော ထက်မြက်ရဲ့လား စတဲ့ မေးခွန်းတွေနဲ့ သေချာစောင့်ကြည့်၊ ဂရုစိုက်လိုက်ရတာ အမော။ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေကိုရဖို့ဆိုရင် ကလေး အာဟာရ က အရေးပါဆုံးဆိုတာ မေမေတို့ သိပြီးသားဖြစ်မှာပါ။ ဒီလိုအရေးပါတဲ့အာဟာရတွေကို အစားအသောက်ထဲကနေ ခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့၊ ထိထိရောက်ရောက်အသုံးချနိုင်ဖို့ ကလေးရဲ့အစာခြေစနစ်လေး ကျန်းမာဖို့ကလည်း အဓိကကျနေပါတယ်နော်။ ဘယ်လောက်ကောင်းတာကျွေးကျွေး ကလေးရဲ့အစာခြေစနစ် မကျန်းမာရင် ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက်ဖြစ်မယ်၊ အာဟာရ တွေကို ကောင်းကောင်းမစုပ်ယူနိုင်တာမျိုးရှိမယ်။ ကဲ… မေမေတို့ဖြစ်စေချင်သလို ဘယ်လိုလုပ် ဖွံ့ဖြိုးထက်မြက်နိုင်ပါတော့မလဲ။ အစာခြေစနစ်မကျန်းမာတဲ့ သားသားမီးမီးလေးတွေအဖြစ်များတဲ့ ပြဿနာတစ်ခုက ဝမ်းချုပ်တာပါပဲ။ ကိုယ်တွေငယ်ငယ်တုန်းက ဝမ်းချုပ်လို့ ငိုခဲ့ရတာ၊ ဝမ်းချူခဲ့ရတာတွေ အမှတ်တရအဖြစ် မေမေတို့ မှတ်မိကောင်း မှတ်မိနေဦးမှာပါ။ ဒါပေမယ့် အခုလို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ မဖြစ်မနေလိုအပ်မယ့် ဗီတာမင်တွေ

နို့တိုက်မေမေ တစ်ယောက်အနေနဲ့ ဘေဘီလေးကို ကောင်းစွာကြီးပြင်းလာစေဖို့ဆိုရင် အာဟာရပြည့်ဝဖို့လိုအပ်မှာပါ။ မေမေက လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝမှ ဘေဘီလေးက ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်မှာပေါ့။ အကြောင်းကတော့ ဘေဘီလေးက မွေးပြီးစကနေ အသက် ၆ လအထိ မေ့မေ့နို့တစ်ခုတည်းကိုပဲ အားကိုးထားရတာလေ။ ဒီတော့ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ နို့တိုက်မေမေ အနေနဲ့ ဘယ်လိုဗီတာမင်တွေ ပြည့်ဝအောင်စားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ နို့တိုက်မေမေ ပြည့်ဝနေဖို့ လိုအပ်မယ့် ဗီတာမင်တွေက ဘာတွေများလဲ...... မေမေရော ဘေဘီလေးပါ ကျန်းမာနေစေဖို့ နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဒီဗီတာမင်တွေ ပြည့်ဝဖို့ လိုအပ်ပါမယ်။ ဗီတာမင် A ဘေဘီလေး အမြင်အာရုံဖွံ့ဖြိုးစေဖို့၊ အရောင်တွေကိုကွဲပြားစွာသိမြင်နိုင်စေဖို့နဲ့ ကြက်မျက်သင့်တာမျိုးမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြား နဲ့ ဆံသား တစ်ရှူးတွေကို ဖြစ်ပေါ်စေပြီး ကိုယ်ခံအားကောင်းဖို့ ထောက်ပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာတွေက - ငါး၊ ဥအမျိုးမျိုး၊ အသည်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း