ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ

ကိုယ့်ရဲ့ ရင်နှစ်သည်းချာလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ဖြတ်ထိုးဉာဏ် ကောင်းကောင်း၊ ပေါင်းသင်းဆက်ဆံမှု ကောင်းကောင်းနဲ့ ထက်ထက်မြက်မြက် ကြီးပြင်းလာစေချင်တယ်ဟုတ်။ ဒါဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဂရုစိုက်ရမယ့် အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဘာများဖြစ်မလဲ ဆိုပြီး သိချင်နေပြီလား .... ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ သားသားမီးမီးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ပြောင်းလဲစေတဲ့အရာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေဖို့ ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ကလေးတွေဟာ အတုမြင် အတတ်သင်လွယ်ပြီး ငယ်စဉ်မှာ မြင်တွေ့သင်ယူခဲ့ရတဲ့အတိုင်း ကြီးပြင်း အရွယ်ရောက်လာတတ်ပါတယ်။ ကလေး အများစုဟာ သူတို့လေးတွေ ကြီးပြင်းမှု ဖြစ်စဉ်တလျှောက် သူတို့လေးနားမှာ ရှိတဲ့ အနီးဆုံးသူ ၅ ဦးရဲ့ အလေ့အကျင့်ကို ယူကြတာပါ။ ဒီလို အလေ့အကျင့်တွေကို အတုယူတဲ့အခါ ကောင်းတာတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သူစိမ်းကြောက် တတ်တဲ့ ကလေးကို ဘယ်လိုထိန်းကျောင်းမလဲ။

ကလေးက သူစိမ်းကြောက် တော့ ကောင်းတာပေါ့။ လူတကာခေါ်တိုင်းလိုက်နေရင် ကလေးပျောက်သွားမှာပေါ့လို့ တွေးနေတဲ့ မိဘတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးက ကြီးလာလေလေ မိဘအပြင် တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာပါ။ ဒီအချိန်ထိ လူစိမ်းကြောက်နေရင် ကလေးက ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ ခက်ခဲနေမှာပါ။ တချို့ကလေးတွေကျတော့ သူစိမ်းနဲ့ တွေ့တဲ့အခါ (ဥပမာ အနေဝေးတဲ့ အမျိုးတွေ၊ မိဘတွေရဲ့ မိတ်ဆွေတွေနဲ့) လွန်လွန်ကဲကဲ အော်ဟစ်ငိုယိုတာ၊ သောင်းကျန်းတာတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မူကြိုထားရင် အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်နေကြတဲ့ မေမေတွေလည်း ရှိမှာပါ။ ဒီတော့ သူစိမ်းကြောက်တဲ့ ကလေးကို ဘယ်လိုထိန်းကျောင်းရင် ကောင်းမလဲ။ ကလေးတွေ သူစိမ်းကြောက် တတ်တာ ပုံမှန်လား။ ဒါက ကလေးတွေရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ပြောရမယ်ဆိုရင် ကောင်းတဲ့အချက်ပါ။ ကလေးက သူ့ပတ်ဝန်းကျင်က သူ့ကို ထိန်းကျောင်းတဲ့သူတွေကို ချစ်လို့ တခြားသူတွေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ဘယ်လိုကလေးမျိုးတွေက Growing-up milk လိုအပ်သလဲ

ငယ်စဉ်ဘဝမှာ အာဟာရ ပြည့်ဝမှ ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာမှာပါ။ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ထက်ထက်မြက်မြက်ဖြစ်စေချင်တဲ့ ဆန္ဒက မိဘတိုင်းရဲ့ အမျှော်လင့်ဆုံး ဆန္ဒတစ်ခုဟုတ်။ ဒီဆန္ဒ ပြည့်ဝဖို့ ဒီနေ့ပဲ အကောင်အထည် ဖော်လိုက်ပါ။ ကိုယ့်ရဲ့ ရတနာလေးတွေကို ကျန်းမာထက်မြက်စေချင်တဲ့ ဆန္ဒပြည့်ဝဖို့ ဆုတောင်းနေစရာ မလိုပါဘူး။ မေမေရဲ့ အကောင်းဆုံးသော ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။ တိုးတက်လာတဲ့ ခေတ်နဲ့အညီ တိုးတက်လာတဲ့ သားသားမီးမီးတို့အတွက် အာဟာရ ခေတ်ကြီး တိုးတက်လာတာနဲ့ အမျှ ဆေးပညာတွေ တိုးတက်လာတယ်။ နည်းပညာတွေ တိုးတက်လာသလို သားသားမီးမီးတို့ရဲ့ အာဟာရ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ အာဟာရဖြည့် အရာတွေလည်း တိုးတက်လာပါတယ်။ သားသားမီးမီးတို့ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်စေဖို့အတွက် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

အွန်လိုင်းကနေ ကလေးကို စာသင် ပေးမယ်ဆိုရင်

ကိုဗစ်ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့အခါကျတော့ ကလေးတွေကို အရင်လို ကျောင်းပို့ဖို့ ခက်လာပါတယ်။ ဒါပေမယ့် ကလေးရဲ့ ပညာရေးကလည်း အရေးကြီးတဲ့အတွက် လူကြီးတွေ Work from home လုပ်သလို ကလေးတွေကိုလည်း အွန်လိုင်းကနေ စာသင်ပေးလာကြပါတယ်။ နွေရာသီ ပန်းချီသင်တန်းတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ စသဖြင့် ကလေးတွေကို အပြင်မှာ သင်သလိုမျိုး သင်နိုင်အောင် စီစဉ်လာကြပါတယ်။ ဒီလိုမျိုး အွန်လိုင်းကနေ ကလေးကို စာသင် ပေးတဲ့အခါ မိဘတွေရော ကလေးတွေပါ အသားမကျသေးဘဲ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အိမ်ကနေ စာသင်တဲ့ ကလေးကို ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အွန်လိုင်းကနေ ကလေးကို စာသင်ပေးတဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲတွေ အွန်လိုင်းကနေ ကလေးကို စာသင် ပေးရတာက ကျောင်းသွားပို့လိုက်တာနဲ့ နည်းနည်းတော့ ကွာပါတယ်။ အွန်လိုင်းကနေ သင်တဲ့အခါ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ....

မျှစ်ဆိုတာက သားသားမီးမီးတို့နဲ့ နီးစပ်တဲ့ အစားအစာ မဟုတ်ဘူးဆိုပေမယ့် သားသားမီးမီးတို့က ပဲပြုတ်ကြိုက်လို့ ပဲပြုတ်နဲ့မျှစ်ရောကြော်ထားတာလေးကို စားချင်တယ်ဆိုပြီး ဂျီကျနေလို့ ကျွေးလို့ ရပါ့မလား။ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ တည့်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ ဖွားဖွားတို့ တီတီတို့ အဖွားလေးတို့ မေမေတို့ ရှိကြလား ....... ဒါဆိုရင်တော့ ပဲပြုတ် နဲ့ မျှစ်ကြော် စားချင်ပေမယ့် ကလေးက မစားရလို့ဆိုပြီး ငိုမှာစိုးလို့ဆိုပြီး စိတ်မပူခင် ဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ........ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ......... ဆိုတော့ ရပါတယ်။ ကလေးက ကောင်းကောင်းဝါးနိုင်ပြီ၊ မနင်အောင် သေချာမျိုချနိုင်ပြီဆိုရင်တော့ သေချာချက်ပြုတ်ထားတဲ့ မျှစ်ကို ပြင်ဆင်ကျွေးမွေးလို့ ရပါပြီ။ ဒီနေရာမှာ သတိထားရမှက မျှစ်က အစိမ်း မဖြစ်နေစေဖို့ ဆေးဆိုးထားတာမျိုး မဖြစ်ဖို့ ဆေးစိမ်ထားတာမျိုး […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများနဲ့ သွေးချိုအတိုင်းအတာ

ဆီးချို လူကြီးတွေမှာပဲ အဖြစ်များတာပါ။ ကလေးတွေမှာ မဖြစ်လောက်ပါဘူးလို့ ယူဆနေတုန်းလား။ အမျိုးအစား - ၁ ဆီးချိုကတော့ မွေးရာပါဆီးချိုမို့လို့ ကလေးတွေမှာ အဖြစ်များတယ်။  အမျိုးအစား -၂ ဆီးချိုကတော့ အသက် ၄၀ ကျော်လောက်မှ ဖြစ်နိုင်တယ်လို့ ယူဆနေတုန်းလား ....... ဒါဆိုရင်တော့ မေမေဖေဖေတို့ သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကလေးတွေရဲ့ သွေးချိုအတိုင်းအတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ ကလေးများနဲ့ သွေးချိုအတိုင်းအတာ ဂလူးကို့စ်လို့ သိကြတဲ့ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ အဓိကအရင်းအမြစ် တစ်ရပ်ပါ။ အရေးပါတဲ့ဓာတ် တစ်ခုဆိုပေမယ့် အရမ်းများရင်တော့ မကောင်းတာ အမှန်ပါ။ ဆီးချိုရှိနေတဲ့သူတွေမှာဆိုရင် သွေးတွင်းသကြားဓာတ်က ကျန်းမာတဲ့ အတိုင်းအတာထဲမှာ မရှိနေတာ များပါတယ်။ လူကြီးတွေရော ကလေးတွေပါ ကျန်းမာနေစေဖို့အတွက် ကျန်းမာတဲ့ သွေးတွင်းသကြားဓာတ် ပမာဏ ရှိနေဖို့ လိုအပ်ပါမယ်။ ကလေးတို့အတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေးတွေအိပ်နေရင်း ရုတ်တရက်သေဆုံး ရတဲ့အကြောင်းကို ပညာရှင်များတွေ့ရှိ

မွေးစကလေးတွေ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အကြောင်းအရင်းမရှိဘဲ ရုတ်တရက်သေဆုံး သွားတယ်ဆိုတာကို ကြားဖူးကြမှာပါ၊၊ ရောဂါရယ်လို့လည်း မရှိဘဲနဲ့ အကောင်းကြီးကနေ အိပ်နေရင်း ဆုံးသွားကြတာပါ၊၊ ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ခေါ်ပါတယ်၊၊ အမေရိကမှာ ၂၀၁၉တုန်းက ကလေးပေါင်း ၁,၂၅၀ လောက်က SIDSနဲ့ ဆုံးပါးသွားကြတာပါတဲ့၊၊ အရင်တုန်းကတော့ SIDS ဘာကြောင့် ဖြစ်လဲဆိုတာကို သေချာမသိကြပါဘူး၊၊ ခုလေ့လာမှု အသစ်မှာတော့ SIDSကို ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့ အကြောင်းရင်းတစ်ရပ်ကို တွေ့ရှိလာပါပြီ၊၊ ကလေးတွေ ရုတ်တရက်သေဆုံး ရတဲ့အကြောင်းရင်းကို အရင်တုန်းက ဒီလိုထင်ခဲ့ကြတာပါ၊၊ အရင်တုန်းကတော့ မွေးစကလေးတွေ အိပ်နေရင်း ရုတ်တရက်သေဆုံး ရတာက ကလေးတွေရဲ့ အသက်ရှူတာနဲ့ နိုးထမှုကို ထိန်းချုပ်ထားတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ချို့ယွင်းချက်ရှိနေတာကြောင့်လို့ ယူဆခဲ့ပါတယ်၊၊ ပုံမှန်ဆို ကလေးက အိပ်နေရင်း […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သာမန်နို့တွေနဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာဖော်မြူလာနို့တွေ ဘာကွာခြားသလဲ၊၊

ရွေးချယ်စရာတွေ များလာတာက ကောင်းပေမယ့် အမှားလည်း များနိုင်သလို အရွေးရခက်စေပါတယ်။ ဒီလို ရွေးချယ်စရာ များတာကြောင့် ဘာရွေးလို့ ရွေးရမှန်းမသိဖြစ်ရတဲ့အထဲမှာ သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်ကို ဖြည့်ပေးမယ့် နို့ရွေးချယ်ရတာကလည်း တစ်ခု အပါအဝင်ပါပဲ။ အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသားမီးမီးအတွက် အာဟာရပြည့်အောင် နို့တစ်မျိုးမျိုး ဒါမှမဟုတ် ဖြည့်စွက်အာဟာရတစ်မျိုးမျိုး တိုက်ချင်ပေမယ့် ဘာရွေးလို့ ရွေးရမှန်း မသိလို့ စိတ်ညစ်နေပြီလား မေမေဖေဖေ၊ ဖွားဖွား တီတီတို့ရေ ............ ဒီရွေးရခက်နေတဲ့ စိတ်ရှုပ်ထွေးစရာကိစ္စလေးကို ဖြေရှင်းနိုင်မယ့် အကြံကောင်းလေး မျှဝေချင်ပါတယ်။ သားသားမီးမီးတို့ကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်တာက မိဘတိုင်း ဖိုးဖိုးဖွားဖွားတိုင်း တီတီတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို စိတ်ရှုပ်ထွေးမှု မရှိစေဘဲ ဖြည့်ပေးနိုင်ဖို့ ဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။ သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့အရာ ကလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာစေဖို့ဆိုရင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကို ကားထဲမှာ ဘာကြောင့် တစ်ယောက်တည်းမထားခဲ့သင့်တာလဲ၊၊

ယူအက်စ်မှာ တစ်နှစ်ကို ကလေး ၃၈ယောက်လောက်က ကားထဲမှာ အပူလျှပ်ပြီး သေဆုံးကြရပါတယ်၊၊ အများစုက ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားရာက စတာပါ၊၊ ဒါကြောင့် ယူအက်စ်က ပြည်နယ်တွေ တော်တော်များများနဲ့ တချို့နိုင်ငံတွေမှာ ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားတာကို ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်၊၊ ဆိုလိုတာက ကလေးငယ်ငယ်လေးတွေ အထူးသဖြင့် ၆နှစ်အောက်ကလေးတွေကို ကားထဲမှာ တစ်ယောက်တည်း ရှိနေတာကို တစ်ယောက်ယောက်က တွေ့လို့ တိုင်လိုက်ရင် အရေးယူခံရပါတယ်၊၊ ကလေးကို ကားထဲမှာ တစ်ယောက်တည်း ထားခဲ့တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မထိန်းကျောင်းတတ်တဲ့ ကလေးနဲ့ အတူထားတာက အန္တရာယ်များပါတယ်၊၊ အသက်အန္တရာယ်ထိခိုက်တဲ့အထိ  ဖြစ်နိုင်တာကြောင့် ဥပဒေနဲ့ ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်၊၊ ကလေးတွေ ကားထဲကို ဘယ်လိုရောက် တမင်ထားခဲ့တာလည်း ရှိသလို မတော်တဆ မေ့ခဲ့တာလည်း ရှိပါတယ်၊၊ ဥပမာ ကလေးက […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ် ဖြစ်စေဖို့

ဆယ်ကျော်သက်အရွယ် ဆိုတာက ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အသက်အရွယ် အပိုင်းအခြား တစ်ခုပါ။ ဒါပေမယ့် ဆယ်ကျော်သက်တိုင်းကရော ပျော်ရွှင်နေရဲ့လား။ ဆယ်ကျော်သက်အရွယ်မှာ မပျော်ရွှင်ခဲ့ရလို့ဆိုပြီး အသက်ကြီးမှ နောင်တရနေတာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာ ပျော်ရွှင်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘဝရဲ့ အပိုင်းအခြားလေးတစ်ခုဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်လေးတွေဖြစ်စေဖို့အတွက် မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုကို မလိုလားသူ မရှိပါဘူး လူသားတိုင်းက ပျော်ရွှင်မှုကို လိုလားပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာက လူသားတွေ ကိုယ်ဆိုင် ဖန်တီးယူဖို့ ထိန်းချုပ်ဖို့ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူးလို့ တော်တော်များများက လက်ခံယူဆထားကြပါတယ်။ တကယ်က ပျော်ရွှင်မှုက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီလို တစ်နေ့တာ တွေ့ကြုံရမယ့် ကိစ္စတွေထဲမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း