ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း

လေပြွန်ရောင်ရမ်းတာက အရွယ်ရောက်ပြီးသူတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ လေပြွန်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ............... လေပြွန်ရောင်ရမ်းခြင်းဆိုတာ လေပြွန်လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းမှာပါဝင်နေတဲ့ လေပြွန်ရောင်ရမ်းတာပါ။ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတာက ပြင်းထန်တဲ့အမျိုးအစားပါ။ လေပြွန်ရောင်ရမ်းခြင်းကို ဘာကများဖြစ်စေတာလဲ......... ပြင်းထန်တဲ့ လေပြွန်ရောင်ရမ်းခြင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ များသောအားဖြင့်ကတော့ အဖျားဝင်ပြီးနောက်မှဖြစ်တာပါ။ ကလေးတွေကို လေပြွန်ရောင်စေနိုင်တဲ့အရာတွေကတော့ ဓာတ်မတည့်မှု ဖုန်မှုန့်တွေ ဆေးလိပ်ငွေ့ တို့လိုမျိုးအရာတွေက လေပြွန်ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ကြောင့်လည်း လေပြွန်ရောင်ရမ်းနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေရှိလဲ.............. လေပြွန်ရောင်တဲ့လက္ခဏာက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့ နှာစေးမယ် အဖျားငွေ့ငွေ့လေးရှိမယ် မအီမလည်ဖြစ်မယ် လည်ချောင်းနာမယ် ကြွက်သားတွေ နာကျင်ကိုက်ခဲမယ် ချောင်းဆိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးနိုင်သလို အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ချွဲတွေဖြစ်နိုင်ပါတယ်။ လေပြွန်မှာ ချွဲတွေပိတ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘေဘီလေးက အသက်ရှူရတာခက်နေမယ်။ အဖျားက တစ်ပတ်လောက်ကြာတဲ့အထိ မပျောက်ဘဲဖြစ်နေမယ်ဆိုရင်တော့ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ရင်သွေးငယ်လေး တုပ်ကွေးဝေဒနာ ခံစားနေရရင် ဘယ်လိုစောင့်ရှောက်မလဲ

ဟာ ကူးစက်လွယ်ပြီး ဖြစ်လွယ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မြန်မာပြည်မှာ အဓိကအားဖြင့်တော့ ရာသီအကူးအပြောင်းကာလတွေနဲ့ မိုးဦးကျ ကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တုပ်ကွေးဟာ ပိုးအမျိုးမျိုး အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပါတယ်။ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်၊ ဖျားမယ်နာမယ်စသဖြင့် ရောဂါလက္ခဏာတွေ ပြသလာပါလိမ့်မယ်။ ဒီကာလတွေမှာတော့ တရုတ်ပြည်က ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တုပ်ကွေးရန်ကို ပူပန်နေကြရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ ဘာအကြောင်းနဲ့မဆို ကိုယ့်ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ လက္ခဏာတွေပြသလာခဲ့ရင် ဂရုတစိုက်ရှိနေဖို့ အထူးတလည်လိုအပ်ပါတယ်။ အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပျမ်းမျှခြင်းအားဖြင့် ဝေဒနာခံစားရချိန်ဟာ ပျမ်းမျှတစ်ပတ်ဝန်းကျင်လောက်အထိ ကြာမြင့်တတ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကူးစက်လွယ်ပြီး ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့လေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေအတိုင်း ဂရုတစိုက် ပြုစုဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆရာဝန် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်

ကျွန်တော်တို့နိုင်ငံမှာတော့ ကလေးကို ရိုက်ပြီးဆုံးမတာက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာကြတဲ့ ရိုးရာအမွေအနှစ် တစ်ခုလိုပါပဲ။ ရိုက်နှက်ဆုံးမခြင်းက ကလေးအတွက် ဘာအကျိုးမှမရှိဘူးလို့ ပြောပြန်ရင်လည်း ကျွန်တော်တို့၊ ကျွန်မတို့တုန်းက ဒီလိုပဲ ရိုက်နှက်ပြီး ကြီးပြင်းလာကြတာပဲလေ၊ ကျွန်မတို့ကလေးတွေလည်း အကုန် အကောင်းအတိုင်းပဲလေဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ ကောင်းစေချင်လို့ ရိုက်နှက်ဆုံးမလိုက်တဲ့ မိဘတွေရဲ့ အမှားတွေနဲ့ နောက်ဆက်တွဲ ကလေးမှာ တစ်ဘဝလုံးစာ ကျန်ခဲ့နိုင်တဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ၁။ ဘယ်အရာမဆို လက်ပါရင် ပြီးတယ်ဆိုတဲ့ အတွေးများဝင်လာခြင်း ကိုယ်က စံနမူနာလို့ သတ်မှတ်ထားတဲ့ မိဘက ကိုယ်အမှားတစ်ခုလုပ်တာနဲ့ လက်ပါပြီး ရိုက်နှက်ဆုံးမတယ်၊ အဲ့နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဘယ်သူမဆို မှားရင် ရိုက်နှက်ဆုံးမမှ နားလည်နိုင်တယ်ဆိုတဲ့ အသိက ဝင်သွားတော့တာပါပဲ။ မှားသည်၊ မှန်သည်ဆိုတာလည်း နားမလည်တော့ဘဲ ဒါကိုပဲ သူတို့ရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဝကစ် တကယ်ချစ်ဖို့ကောင်းသလား။

“အမလေး ကလေးလေးကချစ်ဖို့ကောင်းလိုက်တာ။ တုတ်ခဲနေတာပဲ”တဲ့။ အနှီးထုပ်ထဲက ကလေးလေးမှာလဲ သူ့အလေးချိန်နဲ့သူပါပဲ။ ကလေးဝကစ် ကချစ်ဖို့ကောင်းတာ မှန်ပေမယ့် တကယ်တမ်းကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား။ လမစေ့ပေါင်မပြည့်တဲ့ကလေးက အသက်အန္တရာယ်ရှိသလိုပဲ ပေါင်ချိန်ကျော်တဲ့ကလေးကလည်း အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဘယ်နှပတ်နဲ့ပဲမွေးမွေး ပေါင်ချိန်၈ပေါင်နဲ့ ၁၃အောင်စကျော်နေရင် ကလေးက ပေါင်ချိန်ကျော်နေတယ်လို့ပြောလို့ရပါတယ်။ ၉ပေါင် ၁၅အောင်စကျော်နေရင်တော့ ဒီကလေးဟာ နောက်ဆက်တွဲရောဂါတွေဖြစ်ဖို့အလားအလာများနေပါပြီ။ ကလေးပေါင်ချိန်များခြင်းက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိလို့ သတိထားသင့်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ ကလေးတွေရဲ့ ၉ရာခိုင်နှုန်းက ပေါင်ချိန်ကျော်ပြီးမွေးလာကြတာပါ။ ဖြစ်ရတဲ့အကြောင်းကတော့ ကလေးမှာ ဗီဇချို့ယွင်းချက်ရှိလို့ ဒါမှမဟုတ် အမေမှာ ရောဂါတစ်ခုခုရှိနေလို့ပါ။ တချို့ကျတော့လည်း ဘာအကြောင်းမှမရှိဘဲ ဖြစ်တတ်ပါသေးတယ်။ အောက်ကအချက်တွေရှိနေရင်တော့ ပိုဖြစ်နိုင်ပါတယ်။ အမေမှာဆီးချိုရှိတာ အမေက ကိုယ်ဝန်မဆောင်ခင်တည်းက ဆီးချိုရှိတာပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်တာပဲဖြစ်ဖြစ် ပေါင်ချိန်ကျော်တဲ့ ကလေးလေး မွေးလာတတ်ပါတယ်။ အမေဆီးချိုမထိန်းနိုင်လေလေ ကလေးပိုဝလေပါပဲ။ အရင်က ပေါင်ချိန်ကျော်ကလေးမွေးဖူးတာ အရင်ကလေးမွေးတုန်းက ပေါင်ချိန် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia)

ကလေးတွေမှာ အတွေ့များတဲ့ သင်ကြားရေးပိုင်းဆိုင်ရာ အခက်အခဲတွေထဲက Dyscalculia အကြောင်းကို ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ Dyscalculia ဆိုတာကတော့ သင်္ချာနဲ့ ပတ်သက်တဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကို သင်ယူတဲ့နေရာမှာ ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းပြဿနာတစ်ခုပါ။ ကျက်စာတွေမှာ တော်သလောက် အတွက်အချက်မှာ တခြားသူတွေထက် အားနည်းတဲ့ ကလေးတွေမှာ ဒီပြဿနာကို အများဆုံးတွေ့ရပြီး လူကြီးအရွယ်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ အဓိက အတွက်အချက်တွေ၊ ပေါင်းနုတ်မြှောက်စား၊ ဂဏန်းတွေကို အလွတ်ကျက်မှတ်တဲ့အခါ၊ စိတ်ဖြင့် တွက်ချက်ခြင်း၊ ပုံသေနည်းနဲ့ သင်္ချာရဲ့ အခြေခံသဘောတရားတွေကို သင်ယူရတာလည်း ပိုခက်သလို အချိန်လည်း ပိုပေးရတတ်ပါတယ်။ သင့်ကလေးမှာ ဒီပြဿနာရှိလား။ ပုံမှန်အားဖြင့်တော့ Dyscalculia ရှိတဲ့ကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေက • အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ အပိုင်းကိန်း စတာတွေကို မကြာခဏလွဲမှားခြင်း၊ အမြင်အာရုံထဲ ရှုပ်နေတတ်ခြင်း၊ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ဒေါင်းရောဂါ နဲ့ မွေးဖွားလာတဲ့ ကိုယ့်ကလေးကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲ

မွေးဖွားလာတဲ့ ကိုယ့်ရဲ့ကလေးမှာ ဒေါင်းရောဂါ ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဘယ်သူမဆို စိတ်မကောင်းဖြစ်၊ တုန်လှုပ်သွားကြမှာပါပဲ။ တချိန်တည်းမှာပဲ ဒီကလေးအတွက် ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ မေတ္တာပေးနိုင်ဖို့ ကရုဏာပိုမိမှာ သေချာပါတယ်။ ဒေါင်းရောဂါစု (Down syndrome) ဆိုတာ သန္ဓေစတည်ချိန်မှာ မူမမှန်တဲ့ ဆဲလ်ကွဲပွားမှုကြောင့် ဖြစ်လာတာပါ။ ဒေါင်းရောဂါရှိတဲ့ ကလေးအများစုဟာ မျက်နှာပြားခြင်း၊ နားရွက်နဲ့ ပါးစပ်သေးခြင်း စတဲ့ လက္ခဏာတွေ မွေးတည်းက ပါလာတတ်ပါတယ်။ ကြွက်သားပျော့တာ၊ အားနည်းတာတွေရှိနိုင်ပြီး အရွယ်နည်းနည်းကြီးလာတဲ့အခါမှ ကြွက်သားသန်မာလာတတ်ပါတယ်။ သူတို့မှာ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနိုင်ပြီး တခြားကလေးတွေထက် သင်ယူလေ့လာနိုင်တဲ့နှုန်း ပိုနှေးပါတယ်။ ဒေါင်းရောဂါ က ကုသပျောက်ကင်းနိုင်မှာမဟုတ်တဲ့ မွေးရာပါရောဂါဖြစ်ပေမယ့် ဝေဒနာရှင်အများစုက ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ကြပါတယ်။ ဖွံ့ဖြိုးမှုမပြည့်စုံသေးတဲ့ ကလေးဘဝမှာတည်းက မိဘရဲ့မှန်ကန်ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုရှိဖို့ပဲ အရေးကြီးပါတယ်။ ဘာတွေ သတိထားရမလဲ ငယ်သေးတဲ့ အရွယ်တော့ မိဘက […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးအစာခြေစနစ် အတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics)

၉ လလွယ် ၁၀ လဖွားထားတဲ့ကလေးတစ်ယောက် ပျော်ရွှင်စွာနဲ့ကြီးပြင်းလာဖို့က မေမေတိုင်းရဲ့ မျှော်လင့်ချက်တစ်ခု ဟုတ်။ မမွေးခင်က အစားအသောက်ဂရုစိုက်သလို နို့တိုက်နေချိန်မှာလည်း ကလေးကို ထိခိုက်မယ်ဆိုတာနဲ့ နှစ်ခါမစဉ်းစားဘဲ ရှောင်လိုက်တာ မေမေတိုင်းရဲ့ ကြီးမားတဲ့မေတ္တာပါ။ ဒီလိုကနေ အရွယ်ရောက်လို့ အစားစစားချိန်မှာ အာဟာရပြည့်ဝအောင် ပါဝင်စေဖို့ကိုလည်း မေမေက အကောင်းဆုံးစီစဉ်ပေးတတ်ပါသေးတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းစေဖို့ ဘာတွေများလိုအပ်မလဲ....... ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင် အာဟာရပြည့်ဝပြီး ကျန်းမာဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ ကျန်းမာဖို့က အဓိက အာဟာရပြည့်ဝဖို့က ပထမဆိုပါတော့။ အာဟာရပြည့်ဝမှ ကျန်းမာမှာပါ။ ကျန်းမာမှလည်း ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းနိုင်တော့မှာပေါ့။ ဒီတော့ အာဟာရပြည့်ဝစေဖို့ ဘာတွေများပြင်ဆင်ပေးဖို့လိုမလဲ။ ကလေးအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရ ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် အရေးပါတဲ့ ဇာတ်လိုက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့ ပရိုတင်း - ခန္ဓာကိုယ် ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အရေးပါ ပါတယ်။ ကြွက်သားတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကိုယ့်ကလေး ငယ်ရွယ်စဉ်မှာ စိတ်ဒဏ်ရာမရအောင် ဘယ်လိုစောင့်ရှောက်မလဲ

မိဘရယ်လို့ဖြစ်လာရင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို စောင့်ရှောက်ကာကွယ်ပေးရလေ့ရှိပါတယ်။ ဒါဆို ဘာကြောင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုရော မစောင့်ရှောက်ရမှာလဲ၊ ကာကွယ်ပေးနိုင်ဖို့ မကြိုးစားရမှာလဲ။ စက်ဘီးစီးချိန်မှာ ဦးထုပ်ဆောင်းပေးလို့ဖို့ သတိရဖို့လိုသလို သူတို့တွေရဲ့ ဦးနှောက်လေးထဲက စိတ်ခံစားချက်တွေကိုလည်း ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လေ။ ကလေးတွေဟာ နုနယ်တဲ့ စိတ်ထားမျိုးနဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်မျိုးတွေပိုင်ဆိုင်ထားသလို အရာရာကို မိဘ၊ ညီအကိုမောင်နှမနဲ့ ကျောင်းလို အနီးပတ်ဝန်းကျင်ကနေ လေ့လာနေကြတဲ့ အရွယ်တွေဖြစ်ပါတယ်။ ဒီအချိန်မှာ ပတ်ဝန်းကျင်ရဲ့ အပြုအမူ၊ အနေအထိုင်၊ အခြေအနေတွေက သူတို့ကို ပုံသွင်းသွားမှာဖြစ်ပြီးတော့ ဒီအချိန်မျိုးမှာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သူတို့ကို ထိန်းကျောင်းခဲ့မယ်ဆိုရင် စိတ်ဒါဏ်ရာတွေ စိတ်အားငယ်မှုတွေ တစ်ဘဝလုံး စွဲထင်သွားပါလိမ့်မယ်။ ကိုယ့်ကလေးရဲ့ စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စွာကြီးပြင်းနိုင်စေဖို့ဆိုရင် ဖေဖေ မေမေတွေ အနေနဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ စိတ်ခွန်အားဖြစ်စေမယ့် […]


ကလေးငယ်ပထမနှစ်

ဘေဘီလေး ၄ လ ကနေ ၆ လအတွင်းမှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးမလဲ………….

ပထမ ၃ လကထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ၄ လ ကနေ ၆ လအရွယ် ဘေဘီလေး အနေနဲ့ ကိုယ်အလေးချိန်က - တစ်လကို ၁ ပေါင်ကျော်ကျော်လောက်တက်ရမှာဖြစ်ပြီး ၄ လ ကနေ ၅ လအတွင်းမှာတော့ ဒီထက် ၂ ဆတက်ရပါမယ်။ အရပ်အမြင့် က - တစ်လကို လက်မဝက် ဒါမှမဟုတ် ၁ လက်မလောက်တက်လာရပါမယ်။ ဦးခေါင်းအရွယ်အစား - တစ်လကို လက်မဝက်လောက် လုံးပတ်တက်လာရပါမယ်။ ဘေဘီလေးက ဒီအရွယ်မှာ ဘာတွေလုပ်တတ်ပြီလဲ………….. ဘေဘီလေးက ဒီအရွယ်မှာ အရင်ကထက် ပိုပြီးသန်မာလာပြီဖြစ်သလို လုပ်ချင်တာတွေကလည်း များလာပါပြီ။ အရင်ကထက်လည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်မှာ စိုက်ထူမယ့် milestone တွေက အရင်ကထက်ပိုများလာပါပြီ။ • အလိုလျောက်ဖြစ်နေတဲ့ လှုပ်ရှားမှုလေးတွေ လုံးဝကိုမရှိတော့ဘူး • ခေါင်းကို ကောင်းကောင်းထိန်းတတ်ပြီ • အကူအညီနဲ့ ထိုင်တတ်ပြီ • […]


ကလေးငယ်ပထမနှစ်

ဘေဘီလေး က ၁ လ ကနေ ၃ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

ဒီအချိန်မှာ ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အရင်ကအပတ်တွေကနဲ့ မတူတော့တာ အမှန်ပါပဲ။ ဒီကာလမှာ ဘေဘီလေး က ကိုယ်အလေးချိန် - ပျမ်းမျှအားဖြင့် တစ်လကို ၁ ပေါင်ခွဲခန့်တက်လာပါမယ်။ အရပ်အမြင့် - တစ်လကို ၁ လက်မစီတိုးရပါမယ်။ ဦးခေါင်းအရွယ်အစား - တစ်လကို လက်မဝက်စီလောက် တိုးလာရပါမယ်။ ဒါက ဘေဘီလေး တစ်ယောက်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှု ဖြစ်စဉ်ပါ။ ဒီအရွယ်မှာ ဘေဘီလေး က ဘာတွေလုပ်တတ်ပြီလဲ………… ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ် စတင်နေပါပြီ။ ဒီကာလကစပြီး မေမေဖဖေတို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဘေဘီလေးရဲက တိုးတက်မှုတွေကို မြင်တွေ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ကြွက်သားတွေက အရင်ကထက် သန်မာလာပြီး လှုပ်ရှားမှုတွေပိုလုပ်နိုင်လာပါပြီ။ ခြေလက်တွေကိုလည်း အရင်ကထက် ကွေးနိုင်ဆန့်နိုင်လာပါပြီ။ ဒီကာလ အပိုင်းအခြားမှာ ဘေဘီလေးက • အရင်မွေးစကလို အမှုမဲ့ အမှတ်မဲ့လှုပ်ရှားမှုမျိုးတွေ သိပ်မရှိတော့ဘူး • လည်ပင်းကကြွက်သားတွေ သန်မာလာပြီ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း