ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........

ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ သိချင်နေတဲ့ မေမေတွေများ ရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဒါတွေကျွေးပါ ဘေဘီလေးကို ဉာဏ်ကောင်းစေဖို့ဆိုရင် အခွံမာသီးတွေ ပရိုတင်း၊ fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး ဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာဆိုရင် အာရုံကြောရဲ့ အပေါ်ယံအမြှေးပါးကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝ စွာ ပါဝင်နေပါတယ်။ သီရာမင်း ကလည်း ဦးနှောက် နဲ့ အာရုံကြော စနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဥအမျိုးမျိုး ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်း […]


မိခင်နို့တိုက်ကျွေးခြင်း

အသက် (၂) နှစ်နဲ့အထက် ကလေးတွေကို မိခင်နို့ ဆက်တိုက်ရဦးမလား

ပုံမှန်အားဖြင့်တော့ ကလေး မွေးကင်းစမှ အသက် ၆လ ပြည့်တဲ့အချိန်ထိကို မိခင်နို့ တစ်မျိုးတည်းသာ မဖြစ်မနေ တိုက်ရမှာပါ။ မိခင်နို့မှာ ကလေး ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန်ပါဝင်သလို ကလေးကိုလည်း ကျန်းမာစေနိုင်တယ်။ ၆လ မပြည့်သေးသ၍ မိခင်နို့ကလွဲပြီး ဘယ်လို အရာမှ ကျွေးလို့၊ တိုက်လို့ မရပါဘူး။ ရိုးရိုး ရေသန့်တောင် တိုက်လို့ မရပါဘူး။ ရေက မသန့်ရှင်းရင် ကလေးအတွက် ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ နေမကောင်းတာတွေ ဖြစ်စေနိုင်လို့ပါ။ မိခင်နို့ တိုက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာဖြစ်မလဲ။ ၁။ ကလေးအတွက် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ် အကုန်လုံးကို မိခင်နို့ရည်ကနေ ရရှိနိုင်တယ်။ ၂။ ကလေးကို ဉာဏ်ကောင်း ထူးချွန်စေမယ့် DHA ဓာတ်တွေ၊ အရိုးနဲ့ သွား ကြံ့ခိုင်စေဖို့ ကယ်လ်စီယမ်ဓာတ်တွေ၊ […]


ကလေးငယ်အာဟာရ

ကလေးရဲ့ ရက်တစ်ထောင်ဖွံ့ဖြိုးမှု ခရီးရှည် ဘယ်လိုအားဖြည့်ပေးမလဲ

မေမေ့ဗိုက်ထဲမှာတည်းက အစပြုခဲ့တဲ့ ကလေး ရဲ့ ဖွံ့ဖြိုးမှု လမ်းခရီးဟာ ရက် ၁၀၀၀ အတွင်း အရေးကြီးဆုံး ဆိုတာ သိပြီးကြပြီလား။ ဒီရက်တစ်ထောင်ဟာ ကိုယ့်ရဲ့ကလေး ဘယ်လိုဖွံ့ဖြိုးလာမလဲ၊ ဉာဏ်ရည်ဘယ်လောက်ထိရှိလာမလဲ၊ ဘယ်လောက်ထိ ကျန်းမာကြံ့ခိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ ဒီကာလ အတွင်းမှာ မှန်ကန်တဲ့ အာဟာရ ထောက်ပံ့မှုတွေ ရနိုင်မှ ကလေးက ထွားမယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမယ်၊ သင်ယူ လေ့လာနိုင်မယ်၊ မေမေတို့ ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးမှုတွေ အကုန် ရနိုင်မယ်လေ။ ဒီရွှေအိုရောင်အခွင့်အရေးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ်မျှော်မှန်းထားသလောက်မဖြစ်လာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဘာလို့ အရေးကြီးတာလဲ ကလေး ပြုစုစောင့်ရှောက်တဲ့ နေရာမှာ ပြုမူဆက်ဆံပုံတွေ၊ ထိန်းကျောင်းနည်းတွေ၊ စိတ်ပိုင်းဆိုင်ရာ အားပေး ပျိုးထောင်တာတွေ လည်း အရေးပါပေမယ့် ဒီလို ကလေးရဲ့ပထမဆုံး ရက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်နှစ်အောက် ကလေး ရုတ်တရက်သေဆုံး ခြင်း

ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ ခေါ်ပါတယ်။ တစ်နှစ်အောက် ကလေးတစ်ယောက် အကောင်းကြီးကနေ ရုတ်တရက် (အထူးသဖြင့် အိပ်နေချိန် အတွင်းမှာ) သေဆုံးသွားလို့ရှိရင် ဒီလိုခေါ်ပါတယ်။ ပုခက်တွင်း ရုတ်တရက်သေဆုံး ခြင်းလို့လဲ ခေါ်ပါတယ်။ အကြောင်းက တော်တော်များများကို ပုခက်ထဲမှာ သေလျက် အနေအထားနဲ့ တွေ့ရလို့ပါ။ သေရတဲ့ အကြောင်းရင်းကို မသိပေမယ့် ယူဆကြတာက ကလေးရဲ့ ဦးနှောက်မှာ အသက်ရှူတာနဲ့ ပြန်နိုးထတဲ့ အပိုင်းက မွေးရာပါ ချို့ယွင်းချက်ရှိနေလို့ပါတဲ့။ ဒီလို အခြေအနေမှာ တချို့သော အပြုအမူတွေက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ကလေးတွေ ရုတ်တရက်သေဆုံး ရတာလဲ။ ကလေးမှာရှိတဲ့ နဂိုရောဂါအခံ ရှိလို့ပဲဖြစ်ဖြစ်၊ အိပ်တဲ့ ပုံစံမမှန်လို့ပဲဖြစ်ဖြစ် ရုတ်တရက်သေဆုံး နိုင်ချေ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ

ဒစ်ဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ မကင်းနိုင်တဲ့ ဒီဘက်ခေတ်မှာ သူတို့ဆီက ကောင်းကျိုးရော ၊ ဆိုးကျိုးရော မတောင်းဆိုဘဲ ရနေမှာပါ။ နေရာတကာ အသုံးဝင်လှတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ အိမ်၊ ဒစ်ဂျစ်တယ်ပစ္စည်း မရှိတဲ့ ရုံးခန်းရယ်လို့ မရှိပါဘူး။ ဒီပစ္စည်းတွေက သိပ်အကျိုးပြု သလို လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ (၁) မျက်စိ ထိခိုက်မယ် အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့် ဖြစ်လာစေတဲ့ အဖြစ်များဆုံး ဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ (မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊ စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း) ရှိနေလောက်ပါတယ်။ မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

ခုနောက်ပိုင်းမှာ EQ ဆိုတဲ့ စကားက လူသုံးများလာပါပြီ။ အရှည်ကတော့ emotional quotient လို့ ခေါ်ပါတယ်။ အလွယ်ပြောရရင် စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်းပေါ့။ အရင်ကတော့ သူဘယ်လောက် "တော်" လဲပဲ စိတ်ဝင်စားကြတာပါ။ ခုတော့ သူဘယ်လောက် "ကောင်း"လဲ ကိုပါ စိတ်ဝင်စား လာကြပါပြီ။ ခုခေတ်မှာက အရင်ကထက် အပြိုင်အဆိုင်တွေ၊ စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။ ဒါတွေကို ကိုင်တွယ်ဖို့ စိတ်ကိုယ်ခံအား ကောင်းနေဖို့ လိုပါတယ်။ မြင်သာအောင် ပြောရရင် ဖေ့စ်ဘုတ်မှာ သတင်းတစ်ခု တက်လာပြီဆိုရင် အောက်က သေချာမသိဘဲ ဝိုင်းဆဲ ကြပါတယ်။ တကယ်ဆို သတင်းက အမှန်လား၊ ဒါဖြစ်နိုင်လား ဆိုတာတောင် မစဉ်းစားဘဲ ဝိုင်းဆဲကြပါတယ်။ တစ်ခါ အိမ်မှာ တစ်ခုခု အဆင်မပြေလာဘူးဆိုရင် ရုံးရောက်တဲ့အခါ သူများကို ပတ်ရမ်းပါတော့တယ်။ ဒီလူတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ

မိဘတွေတိုင်းမှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လိမ္မာယဉ်ကျေးသူတွေ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင် ပေါများသူတွေ ဖြစ်စေချင်တဲ့ စိတ်စေတနာမျိုး ရှိကြတာပါပဲ။ ဒါပေမယ့် ကလေးတိုင်းကတော့ အရွယ်ရောက်လာချိန်မှာ ဒီလို အရည်အသွေးမျိုးတွေ ပါရှိတဲ့သူတွေ ဖြစ်လာတတ်ကြတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးတွေကို ငယ်ရွယ်စဉ်မှာကတည်းက Social Skills တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက Social Skills ကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ခံထားရတဲ့ သားသား၊ မီးမီးတွေဟာ အနာဂတ်ကာလမှာလည်း မိဘတွေ မျှော်လင့်ထားသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင်ပေါများသူတွေ ဖြစ်လာနိုင်ခြေများတယ် မဟုတ်လား။ Social Skills ဆိုတာ ဘာလဲ ကလေးတွေကို Social Skills (လူမှုဆက်ဆံရေး အရည်အသွေး) ကောင်းမွန်အောင် ဘယ်လိုပျိုးထောင်မလဲဆိုတာကို ပြောခင် Social Skills ဆိုတာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား

ကိုယ့်ရဲ့ ရင်သွေးလေးကို အိမ်မှာ ပြုစုစောင့်ရှောက်ကြပြီဆိုတဲ့အခါမျိုးမှာ ဘေဘီလေး ဘေးအန္တရာယ်ကင်းကင်း၊ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ထားရှိနိုင်ဖို့က မိဘတိုင်းရဲ့ မျှော္လင့်ချက်ဖြစ်ပါတယ်။ ရင်သွေးလေးတွေဆိုတာလည်း အရာရာကို ပြည့်ပြည့်ဝဝနားမလည်နိုင်သေးကြသူတွေမို့ ပစ္စည်းတွေ ဆွဲချတာမျိုး၊ တွေ့ကရာကောက်ဝါးမိတာမျိုးတွေ မကြာခနပြုမူတတ်ကြတယ်လေ။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် ဘေဘီလေးတွေ တစ်စုံတစ်ရာ ထိခိုက်မိရင် အရင်ဆုံး ရင်ပူရ၊ စိတ်သောက ရောက်ရတာက မိဘတွေကိုယ်တိုင်၊ ကိုကို မမ၊ ဘိုးဘိုး ဘွားဘွားတွေ ကိုယ်တိုင်ပါပဲ။ မိမိရဲ့ နေအိမ်ထံမှာ ဘေဘီလေးတွေကို ထိခိုက်စေနိုင်တဲ့ နေရာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေ ရှိနေတာကို ကြိုတင်သတိပြမိထားမယ်ဆိုရင် ဒီပြဿနာကို အတော်များများ ဖြေရှင်းလို့ရနိုင်မှာဖြစ်သလို ရင်သွေးလေးကိုလည်း ကောင်းကောင်းကာကွယ်နိုင်မှာပါ။ ဒီတော့ ဘေဘီလေးတွေကို ဘေးအန္တရာယ်ဖြစ်စေနိုင်မယ့် နေရာတွေကို ကြိုတင်သိထားအောင် ပြောပြပေးချင်ပါတယ်။ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့ မိမိ အိမ်တွင်းက […]


ကလေးငယ်အာဟာရ

ဘေဘီလေး နဲ့ ကယ်လ်ဆီယမ်

ဘေဘီလေးတစ်ယောက် ကောင်းမွန်ကြီးပြင်းစွာ အရွယ်ရောက်လာ စေဖို့ဆိုရင် ငယ်စဉ်ကတည်းက လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုမှာပါ။ ဒီလိုပြည့်ဝဖို့ လိုအပ်တဲ့ အာဟာရတွေထဲကမှ အရိုးနဲ့ သွားတွေကို အကောင်းဆုံး သန်မာစေတယ်လို့ သိထားကြတဲ့ ကယ်လ်ဆီယမ် အကြောင်းလေး ပြောပြပေး ပါရစေနော်။ ဘေဘီလေး နဲ့ ကယ်လ်ဆီယမ် မွေးစမှာ ဘေဘီလေးတွေက လိုအပ်တဲ့  အာဟာရတွေကို မေမေ့နို့ကနေ အကုန်လုံး ရယူရပါတယ်။ ဒီလိုကနေ အရွယ်ရောက် လာတဲ့အခါ နေ့စဉ် စားသုံးမှုကနေတဆင့် ကယ်လ်ဆီယမ်ကို ရယူကြပါတယ်။ ဒီလို ရယူတဲ့အခါ ဖွံ့ဖြိုးဆဲ အချိန်မှာ အပြည့်အဝ ရရှိဖို့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ထိခိုက်တာ၊ အရွယ်ရောက်လာတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု အားနည်းတာ၊ အသက်အရွယ်ရလာတဲ့အခါ အရိုးပွတာ၊ အရိုးပါးတာလိုမျိုး ပြဿနာတွေ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးတွေ ဘက်စုံထူးချွန်အောင် ဘယ်လိုကူညီကြမလဲ။

ကလေးတွေ ရဲ့ အနာဂတ်က သင့်အပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကို သတိထားမိရဲ့လား။ ခုခေတ်က ကလေးတွေကို စောင့်ရှောက်တဲ့ နေရာမှာ အရင်လို ငါ့ကလေးတွေ ကောင်းကောင်းကြီးလာရင် ရပြီ။ ကျန်းမာနေရင် ရပြီဆိုတာနဲ့ ကျေနပ်နေလို့ မရပါတော့ဘူး။ ကိုယ့်ကျန်းမာရေးသာမကဘဲ စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ရမယ့် ခေတ်ရောက်နေပါပြီ။ အရင်ကတော့ ကိုယ်ကျန်းမာရင် ပြီးရောဆိုပြီး ကျေနပ်ကြပေမယ့် ခုချိန်မှတော့ သူတို့လေးတွေရဲ့ စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ရမှာပါ။ ဒါမှ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ လူငယ်တွေ အဖြစ် ကြီးပြင်းလာမှာပါ။ ဒါဆိုရင် ကလေးတွေရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာနေစေဖို့ မိဘတွေ အနေနဲ့ ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတာ ဆက်ကြည့်ရအောင်။ ကလေးတွေ ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အဓိက လုပ်ပေးရမှာက ကိုယ်လက်လှုပ်ရှားမှုပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း